Thursday, February 26, 2009

“ ပြည်တွင်းဖြစ် ”

ကျောက်စိမ်းအိမ်တော်ကြီးနှင့် အဆင်အပြင်ကွာခြားပြီး ပူစပ်စပ်ဖြစ်နေသော ဒီငရဲခန်းမကိုရောက်နေရပေမယ့် ချူပ်ချူပ်ကြီး
မျက်နှာက မာသယောင်ယောင်တော့ ရှိနေသေးတာ..။ မာနိုင်သေးတာပေါ့ အခုလာတာက မကျန်းမမာဖြစ်နေချိန်မို့ ကြိုတင်ပြီးစနည်းနာ
ဘို့ ရောက်ခဲ့ တာလေ...။
မဲမဲလုံးလုံးကြီးနဲ့  လူရုပ်ပင်မပီချင်တော့သော ချုပ်ချုပ်ကို စေ့စေ့ မကြည့်ချင်ပေမယ့် ဟန် ကိုယ့်ဖို့ ဆိုတဲ့ စကားအတိုင်း..
ငရဲမင်းကြီးက ချောင်းတစ်ချက်ဟန့် ရင်းးးးး စကားမေးစလိုက်သည်..
“ အဟမ်းးးးးးးမောင်ရွှေ ...မင်းက မကောင်းမှုတွေ တော်တော်လုပ်ခဲ့ တာဘဲ...”
“ ထင်လို့ ပါ...ဒီလောက်ကြီး မဟုတ်ပါဘူး”
“ မောင်မင်း...ခိုးနည်းမျိုးစုံ...ကျူးလွန်တယ်...နောက်ပြီး၊ နိုင်ငံရေးလုပ်သူတွေနဲ့  ကျောင်းသူ ကျောင်းသား ပြည်သူတွေကို မတရားနှိပ်စက်တယ်၊ ထောင်ချတယ်...သတ်ဖြတ်တယ်....ဘာကြောင့်လဲ ”
“ မှန်ပါ....သူတို့ က ပြည်ပအားကိုးပုဆိန်ရိုး တွေမို့ ပါ...”
“ မောင်မင်းက ပြောစရာစကားမရှိရင်....ဒီပြည်ပအားကိုး ပုဆိန်ရိုးဘဲ ပြောနေတာဘဲ”
“ မှန်တာပြောတာပါ.....”
“ ကဲ...ဒါဖြင့်...သံဃာတော်ရဟန်းတော်တွေ မြို့ ရွာတိုင်းပြည်အေးချမ်းအောင် မေတ္တာသုတ်ရွတ်ဖတ်တာကိုရော...ဘာလို့ ဖမ်းဆီးထောင်ချ သတ်ဖြတ်လဲ...”
“ သူတို့ တွေလဲ ပြည်ပအားကိုးပုဆိန်ရိုးတွေပါဘဲ ....”
“ ဟေ....ရဟန်းသံဃာတွေက ပြည်ပအားကိုးပုဆိန်ရိုးတွေ ...ဟုတ်စ”
“ သိပ်မှန်တာပေါ့...သူတို့ လဲ ပြည်ပအားကိုးတွေဘဲ...”
“ ဘာကြောင့် မောင်မင်း ဒီလိုပြောရဲတာလဲ”
“ သိပ်ပြောရဲတာပေါ့......သူတို့ လဲ နီပေါမှာမွေးတဲ့  ဂေါတမ ဘုရားကို ကိုးကွယ်ပြီး မေတ္တာသုတ်လှည့်ရွတ်တာ...ဘုရားဂေါတမလဲ နိုင်ငံခြားသားဘဲလေ....ဂေါတမဘုရားအားကိုးနဲ့ ဒီလိုရွတ်ဆိုပြီး လှည့်ရဲတာ...ပြည်ပအားကိုးပုဆိန်ရိုးတွေမို့ လို့ ပေါ့...”
“ မြတ်စွာဘုရား.....ဒါဖြင့်မောင်မင်းကော...ဗုဒ္ဓဘုရားကိုးကွယ်သူဘဲ မဟုတ်ဘူးလား...ဟေ”
“ ဟင့်အင်း...ကျုပ်က ပြည်ပအားကိုးမဟုတ်ဘူး...”
“ ဒါဖြင့် မောင်မင်းက ဘာကို ကိုးကွယ်လဲ..”
“ ကျုပ်က မြန်မာပြည်ဖွား...အောက်လမ်းဆရာ၊နတ်ဆရာ၊ ယတြာဆရာ၊ ဘိုးတော်နဲ့ နတ်ကတော်တွေဘဲ ကိုးကွယ်တာ...”
“ အော်...ဒါဆို မောင်မင်းက “ပြည်တွင်းအားကိုး ခွေးသူခိုး..ပေါ့”
“ ရက်စ်...”
အင်း...ဒါဆိုလဲ ပြည်တွင်းအားကိုး ခွေးသူခိုးကြီးရေ...ငရဲအိုးကြီးရှိရာကိုဘဲ..လမ်းပြမြေပုံ(၇)ချက်နဲ့ သွားပေတော့..”

..............................................။...................................................
မောင်ဆူးရဲ့ ကြိုတင်လက်ဆောင်...

5 comments:

  1. ကိုဆူးရဲ့ ပြဇာတ်ကတော့ ရှယ်ဘဲဗျာ။

    ReplyDelete
  2. ပြည်တွင်းဖြစ်ဆိုတာ ဂလိုကိုး...း)

    ReplyDelete
  3. ကောင်းပါ့ဗျား ကိုဆူးရေဆက်သာလုပ်ဗျာ အားပေးနေပါတယ်

    ReplyDelete
  4. ထိတယ်ကွာ.... ဟီး

    ReplyDelete
  5. ပြည်တွင်း ယတြာ အားကိုးလို့ ဒီနှစ် အမျိုးသမီးတွေ စင်ပေါ်မတက်ရဆိုလို့ မင်းသမီးအကယ်ဒမီတောင် မပေးဘူးဆိုလား သတင်းကြားတယ်။ ဖြစ်မှ ဖြစ်ရလေ..

    ReplyDelete