ကျနော့် ဘလော့ဂ်လေးကို ကျနော်ပြန်ကြည့်မိတိုင်း ခြောက်သွေ့ စွာနဲ့ အထီးကျန်ခြင်းကို ခံစားရသည်.။ ကိုယ့်ရဲ့  စိတ်အပန်းဖြေရာ..ပညာရှာရာ...ဗဟုသုတလေ့လာရာ..ရင်ဖွင့်ရာနဲ့  ကိုယ်ခင်မင်တွယ်တာသော ရပ်ဝန်းလေးဖြစ်ပေမယ့်
ကိုယ်တိုင်ပင် ၀င်မလည်ချင်အောင်ဖြစ်နေရသည်.။
ငယ်စဉ်ကတည်းက စာနဲ့ မျက်နှာ မခွာနိုင်ဘဲ စာဖတ်ခြင်းကို နှစ်သက်တဲ့ ကိုယ်..
မိဘတွေ ဖွင့်ထားတဲ့ စာအုပ်ဖြန့် ချီရေးဆိုင်ကြီးမှာ အမြဲ လာတတ်ကြသော စာရေးဆရာတချို့ ..။ သူတို့ ဘ၀တွေ ရဲ့ မပြေလည်မှု၊ မလောက်ငှမှုနဲ့ စာပေကိုချစ်တတ်သော...လစဉ်ထုတ်မဂ္ဂဇင်းကို လစဉ်ပုံမှန်ဝယ်နေကြပေမယ့် ..ပိုက်ဆံပုံမှန်မချေနိုင်သော သူတို့ ဘ၀တွေကို ပိုသိလာလေ...သူတို့ ရေးတဲ့ စာတွေကို ပိုမိုတန်ဘိုးထားဖတ်တတ်လေဖြစ်ခဲ့ တဲ့ကိုယ်..။
စာအုပ်ငှားဖတ်လို့ ရက်ပိုကြေးတွေများနေလျှင်...ပြောရခက်သော ခံစားမှုတွေနဲ့ သူတို့ မျက်နှာတွေ ..မိဘတွေ လစ်ပြီဆိုတာနဲ့  ရက်ပိုကြေးလုံးဝ မယူသော ကိုယ့်ကိုလဲ သူတို့ ပိုခင်မင်ခဲ့ ကြ..။
သူတို့ သိသော ပန်းချီဆရာအကြောင်းတွေ ပြောပြ...ကိုယ်ကမေး... သူတို့ သိသလောက် ဆက်သွယ်ပေးရင်း...
ကိုယ်က ပန်းချီဆွဲ...စာအုပ်ဖတ် ကဗျာရေး...။
တစ်ကယ်တော့ ကိုယ်က စာလဲ ရေးချင်...စာလဲဖတ်ချင်ပါ..။
ပန်းချီလဲဆွဲတယ်..။ ပန်းပုလဲ ထုတယ်..။ နောက် ရုပ်ရှင်တည်းဖြတ်တာတွေ..ဘာညာ ပရိုဂရမ်တွေ ကလဲ လေ့လာ ဆိုတော့...။
တစ်ယောက်တည်းနဲ့  အချိန်တွေက မလောက်တော့ဘူး..။
ကိုယ့်ဘလော့ဂ်မှာ ပို့ စ်တင်မယ် ဆို ကွန်ပြူတာလေးဖွင့်လိုက်တာနဲ့ သူများ( ဘလော့ဂ်မိတ်ဆွေ) တွေ ရေးတဲ့ စာကို အရင် ဖတ်ရမှ..။
ဖတ်ရင်လဲ အမျှင်က မပြတ်တော့လူး...လင့်ခ်တွေ တခုပြီးတခု ၀င်သွား လိုက်တာ...၀င်္ကဘာထဲ ရောက်သလိုဘဲ..။
နောက်ဆုံးတော့ စာကမရေးဖြစ်တော့ဘူး...မနက်လဲ အလုပ်သွားရတာ ၆ နာရီဆို အိပ်ယာထ...ဆိုတော့ကာ....
သစ်နက်ဆူးဆိုတာ စိတ်တခု ကိုယ်တခုထဲမဟုတ်တာ ပြသနာဘဲပေါ့...။
ဘလော့ဂ်ဘဲ ဖျက်ပစ်ရကောင်းနိုးနိုး( စိတ်ကူးလိုက်တိုင်း စိတ်ထဲမှာ စိတ်မကောင်းဖြစ်နေမိတာ..ဆိုးတယ်)
ပန်းချီဘဲ ဆွဲရနိုးနိုး...( ပန်းချီကတော့ မဆွဲလို့ မရဘူး...ဆွဲရမှာ..)
.........
ဘာဘဲပြောပြောလေ...
ကိုယ်မရေးလဲ သူများတွေ ရေးနေတာဘဲ..။
ဘလော့၈ါ ယဉ်ကျေးမှုဆိုတာ စာရေးနေယုံလေးနဲ့ မှ မရတာ..
ဧည့်သည်ကို အိမ်ရှင်က ကြိုဆိုဧည့်ခံသလို ...
ကိုယ်ကလဲ ဧည့်သည်လုပ်ပြီး လည်နိုင်မှ...။
ကိုယ်က တာဝန်မကျေနိုင်တာပါ...။
အခုတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကို အကျေအလည် ဆွေးနွေးနေတာဘဲ...။
ဘလော့ဂ်လေးကို ဘယ်လိုသဘောထားမလဲ ဆိုတာပေါ့..။
သေချာတာတခုကတော့ ငယ်စဉ်ကတည်းက ...ကိုယ်တိုင်ရေးတာထက်
သူများစာတွေကို မြတ်မြတ်နိုးနိုး ဖတ်တတ်တာဆိုတာပါဘဲ..။
ကိုယ့်ရဲ့ ပို့ စ် အသစ်တွေ ထင်ထင်လင်းလင်း မတင်ပြပေမယ့်...
သူများရေးတဲ့ စာတွေကို တိတ်တိတ်လေးဖတ်နေရရင်လဲ...ကိုယ်က ကြည်နူးနေတာပါဘဲ...။
ကိုယ့်ကိုကိုယ်ချစ်ဘ့ို( ကိုယ့်ကို လူသိဘို့ ထက်) သူများရေးတဲ့ စာလေးတွေကို စွဲလန်းစွာဖတ်နေရရင် ကျေနပ်ပြီ..။
သစ်နက်ဆူး
တိုက်တိုက်ဆိုင်ဆိုင် ညနေက ကိုသစ်နက်ဆူး လင့်ကို နှိပ်ကြည့်သေးတယ်။
ReplyDeleteလင့် ရှာမတွေ့ဘူးလို့ ပြောတယ်။
ညကျတော့ အသစ်တင်တာတွေ့တာပဲ ။
ဘလော့တော့ မဖျက်ပါနဲ့ ။ အားတဲ့အခါရေးတာပေါ့၊ ကိုယ်က သွားလည်မှ သူများက လာလည်မယ်လို့လည်း သဘောမထားပါနဲ့လေ။ ကိုယ့်မှာမှ မသွားနိုင်ပဲ ။
ဘလော့၈ါ ယဉ်ကျေးမှုဆိုတာ စာရေးနေယုံလေးနဲ့ မှ မရတာ..
ReplyDeleteဧည့်သည်ကို အိမ်ရှင်က ကြိုဆိုဧည့်ခံသလို ...
ကိုယ်ကလဲ ဧည့်သည်လုပ်ပြီး လည်နိုင်မှ...။
ကိုယ်က တာဝန်မကျေနိုင်တာပါ...။
အဲဒီယဉ်ကျေးမှု အတိုင်းအတာတစ်ခုအထိ အမှန်တစ်ခုဖြစ်နေပါတယ်။
ပန်ဒိုရာလည်း အခုနောက်ပိုင်း အဲဒီတာဝန် မကျေနိုင်တော့ဘူးလေ.. ကိုဆူးရယ်။ ဒါပေမယ့် အချိန်က ရှားပါးတော့ မတတ်နိုင်ဘူးပေါ့နော်။ တခြားဘလော့ဂ်တွေကိုလည်း တိတ်တိတ်ပဲ ဖတ်ဖြစ်တာ များတယ်။ ရေးတာလေးကိုတော့ ၀ါသနာ ပါလွန်းလို့ စိတ်ရတိုင်း ရေးနေတာပါပဲ။
ရောက်တယ် ကိုဆူး၊ အဆင်ပြေသလို ဘလော့ရေးပါ အကို၊ ဖျက်တော့ မဖျက်လိုက်ပါနဲ့၊ နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ။
ReplyDeleteကိုသစ်နက်ဆူးရေ..
ReplyDeleteဘလော့ဂ်ကို မဖျက်ပါနဲ့။။
ရေးချင်တဲ့အခါမှ ရေးပါ။။
နှစ်သစ်မှာပျော်ရွှင်ပါစေ။။
ကိုဆူးရေ မသီတာ စိတ်ရောကိုယ်ပါ လာလည်တယ်ဗျ...။
ReplyDeleteမသီတာတို့လည်း ဘလော့အိမ်တံခါးကြီးဖွင့်ထားခဲ့ပြီး တလလောက် ပျောက်သွားလိုက်တာ...။ သည်ရပ်ဝန်းလေးက နွေးထွေးပါတယ်...။ အိမ်ရှင်မရှိလည်း လာလည်ကြ...စားစရာအသစ်မရှိလည်း ရှိတာလေးတွေ စားသွားကြတာပါပဲ။ အိမ်ပိုင်ရှင် ပြန်ရောက်လာတော့လည်း ဧည့်သည်တွေအတွက် မမေ့မလျော့ သတိတရ စားစရာတွေ ၀ယ်လာတာပေါ့ဗျာ။ အိမ်ရှင် ဧည့်သည်ရယ်လို့တောင် ကွဲပြားမနေတော့ပါဘူး... အတူတူ စားစား...သွားသွား...
ကိုဆူး
ReplyDeleteအလုပ်များတယ်ဆိုတာ နားလည်ပါတယ်။ ရေးချင်တဲ့ အချိန်ရေး၊ ဆွဲချင်တဲ့ အချိန် ဆွဲ၊ ထု ချင်တဲ့ အချိန် ထု (ပန်းပု ပြောပါတယ်) စိတ်လိုလက်ရမှ လုပ်ပါလေ။
ကိုဆူးလို စွယ်စုံတတ်တဲ့ လူ ဘာလုပ်လုပ် ချိုသင်းတို့က လာဖတ်၊ လာခံစားနေမှာပါ။
Happy New Year နော် ကိုဆူး။ မိသားစုနဲ့အတူ ပျော်ရွှင် ကျန်းမာစွာ ပြည့်စုံပါစေ။
ဘလော့ဂါအလွမ်းနာလို့ ခေါ်လေမလားဗျာ ။
ReplyDeleteကိုယ့်ကိုလူသိဘို့ထက် သူတပါးရေးသောစာကို မြတ်နိုးစွာ တတ်သော စိတ်ကိုမွေးမြူခြင်းကိုတော့ အတုယူရပေလိမ့်မယ် ။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေဗျာ ။
ခင်လျက်
မင်းဒင်
ဘလော့ဂါအလွမ်းနာလို့ ခေါ်လေမလားဗျာ ။
ReplyDeleteကိုယ့်ကိုလူသိဘို့ထက် သူတပါးရေးသောစာကို မြတ်နိုးစွာ တတ်သော စိတ်ကိုမွေးမြူခြင်းကိုတော့ အတုယူရပေလိမ့်မယ် ။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေဗျာ ။
ခင်လျက်
မင်းဒင်
တချို့တွေကျတော့ စာကိုသေသေချာချာလာဖတ်တာတက် သူ့ဘလော့ဂ်ကို လူသိများအောင် ဟိုဝင်ဒီထွက်လုပ်တတ်သူတွေလည်း ရှိကြတယ်နော်။ သတိထားကြည့်ရင်တွေ့နိုင်တယ်။
အကိုရေ.. ရောက်တယ် မမန့်ဖြစ်တာပါ။ မိသားစုလဲ နေကောင်းတယ်မှတ်လား.. ဘလော့က ဘာတွေဖြစ်နေလို့လဲ.. တနေရာမှာ မန့်တာတွေ့လို့..
ReplyDeleteလုပ်ပါဦးထူးဆန်းတာလေးတွေရေးပါဦး
မျှော်နေတယ်..
စကားမစပ် ..စာအုပ်ကောင်းတွေစာအုပ်ဟောင်းတွေ ဖတ်ချင်ရင် အမရွှေစင်ဦးရေးနေတဲ့စာအုပ်တွေ တအားဖတ်ကောင်းတယ်.. ဖတ်ချင်တာလေးတွေလဲ သွားပူဆာလို့ရတယ်..။ အကိုရေ ကြော်ငြာတာမဟုတ်ဘူး..စာချစ်သူကို သတင်းကောင်းပေးတာပါ