Tuesday, September 28, 2010

ရသ






အရင် ပို့ စ်လေးဖတ်ပြီး..အပူဟပ်တာတွေ အပူကူးတာတွေ မဲပူကြီးဖြစ်တာတွေ ပေါ့ပါးစေဘို့ ..ဟိုတလောက ဆွဲထားတဲ့ ပန်းချီကားလေးတင်ပေးလိုက်ပါတယ်..။ မှီငြမ်းပုံပါ..တရုပ်ပြည်က မပြည့်စုံတဲ့ မောင်နှမ၃ယောက်ရဲ့ ဘ၀လေးကို ခံစားမိလို့ ပါ..။
ရှားရဲမီး အပူဟပ်တာနဲ့ စာရင် နဲနဲ သက်သာမယ်ထင်ပါတယ်..။
ပေါက်ရဲ့ ဆီက အုန်းထမင်းနဲ့ ဂျိုးကင်စားရင်း ဒီိကလေး၃ယောက်ကို စိတ်ကူးလေးနဲ့ ကျွေးကြည့်ပေါ့..။

9 comments:

  1. ပုံအရင်ကြည့်မိတော့ ကျနော်တို့ မောင်နှမ ငယ်တုန်းကပုံတွေကို
    အမှတ်ရမိတယ်..။

    အုန်းထမင်းလား..
    ကျွေးမှာပေါ့..။
    ဂျိုးမကျွေးပါဘူး..။
    ဂျိုးမကပ်အောင်ချက်မှာပါ...။

    ReplyDelete
  2. ဂျိုးကင်ရေးတာကို ဂျိုးကပ်ဖတ်မိတယ်..။
    ဟားဟား။။

    ဂျိုးကင်မစားရဲပါဘူးတော်..။

    ReplyDelete
  3. ပုံလေးတွေက ကောင်းမြဲ ကောင်းလျက်ပါ။ မည်းမည်းကြီး မဟုတ်တော့တာ ၀မ်းသာတယ် (ဘလော့ နောက်ခံ အရောင်ကို ပြောတာပါ၊ တလွဲ မတွေးစေချင်ပါ)။ ပေါက် ပြောတာကိုတော့ ရီမိသွားပြီ။

    ReplyDelete
  4. ကော်မန့်မရေးပေမဲ့ အမြဲဖတ်နေသူပါ။
    တမ်းပလိတ်အသစ်လေး ကဗျာဆန်ဆန်နဲ့ လှတယ်။
    စာတွေ ကဗျာတွေ ဆက်ရေးပါဦး။

    ReplyDelete
  5. နောက်ခံ မမဲတော့တာ ကျေးဇူးတင်ပါတယ်..
    မဟုတ်ရင် မျက်စိ မနည်း အားစိုက်ရတာ ..
    ချိုးကင်မစားရဲဘူး...၊
    အုန်းထမင်းက ချဉ်ပေါင်ကြော်နဲ့မှလိုက်တာ...။

    ဘယ်..ဘယ်ကိုဖြတ်... ကိုင်းကိုဖြတ်လို့
    ဘယ်..ဘယ်ကိုခူး..အရွက်ကိုခူးလို့
    ရှားမီးခဲပေါ်
    ရဲရဲငယ်ကြော်

    ReplyDelete
  6. ပုံကလေးကြိုက်တယ်... ကလေးပုံဆို ပိုကြိုက်တယ်...။

    ReplyDelete
  7. ကိုဆူးရေ... ပန်းချီလေးတွေ စာလေးတွေ ဆက်တင်ပါ။း)
    ရှားမီးခဲအပူတွေ ပျောက်ပါစေ။
    နောက်ခံအမဲ မဟုတ်တော့တာလည်း ကျေးဇူးပဲ။ နို့မို့ မျက်စိကျိန်းလို့ကြာကြာမကြည့်နိုင်ဘူး။း)

    ReplyDelete
  8. ပုံလေးဆွဲထားတာ ကောင်းလိုက်တာ၊
    ဘလော့နောက်ခံအရောင်လေး လဲ ကောင်းတယ်၊
    အပူကင်းပါစေ၊ ပျော်ရွှင်ချမ်းမြေ့ပါစေ :)

    ReplyDelete
  9. မောင်နှမ ၃ ယောက် ပုံလေး လာကြည့်တယ် ကိုဆူး...
    နောက်ထပ် ပန်းချီပုံလေးတွေ တင်ပါအုံး...

    နောက်ခံ အရောင် ပြောင်းသွားတာ ကျေးဇူးတင်ပါတယ်...
    ကျွန်တော်က အသက်ကြီးပြီဆိုတော့ မျက်စေ့မကောင်းဘူးဗျ...း))

    ReplyDelete