Saturday, January 26, 2013

ဖန်ဆင်းခြင်း

အရာရာ ကြွေကျနေတဲ့ စင်္ကြာဝဠာ မြေကမ္ဘာ ရင်ကွဲနာကျနေပေမယ့် လျှို့ ဝှက်အပ်သော နေရာမှာ စပယ်ဖြူတွေ ပွင့်ခဲ့တယ်......။ ........... ........... ပိန်းနက် အက်ရှတဲ့ ညဥ့်တွေထဲ မျက်ရည်နဲ့  အိပ်စက် ပင့်သက်တွေ အလီတွက်ရင်း... ခံစားခြင့် မဲ့တဲ့ ဘ၀.... ................. ညဥ့်တညရဲ့ တစ်ခဏ စပယ်ရနံ့ တွေ သင်းခဲ့တဲ့နောက်.... ............. မာယာတို့ ရေ.... မင်းတို့ ပြောသလို ကမ္ဘာပျက်ခြင်လဲ ပျက်ပါစေတော့..... ငါကတော့............... စပယ်ရနံ့ တွေ ရှုရှိုက်ရင်း..... ဘ၀ ခန္ဒာအသစ်နဲ့  အသက်ရှင်ခြင်းကို ထပ်မံပိုင်ဆိုင်။ ။ သစ်နက်ဆူး

2 comments:

  1. အလည်လာသွားပါတယ် ဒကာကြီးရေ။ သက်ရှည်ကျန်းမာစိတ်ချမ်းသာစွာဖြင့် မိမိအကျိုး သူတစ်ပါးအကျိုး လောကအကျိုး သာသနာ့အကျိုး ဆထက်တိုးပြီး ဆောင်ရွတ်နိုင်ပါစေ။

    ReplyDelete
  2. www.wiradhamma.com/ က ဦးဇင်းရဲ့ ဘလော့လေးပါ။

    ReplyDelete