Sunday, January 2, 2011

တစ်ကြောင်းဆွဲမျဉ်းရဲ့ ငယ်ဘ၀ ။ ၁



ကလေးတစ်ယောက်ရဲ့ အသိဥာဏ်ဘယ်အချိန်မှာစတင်သလဲဆိုတာ ဆရာဝန်တွေလောက် ကျနော်မသိပါ။
ကျနော် မှတ်မိတာက ကျနော်တို့ မောင်နှမတွေ အိမ်ရှေ့ ကွပ်ပျစ်လေးမှာ နေပူဆာ လှုံရင်း မာမီ ဈေးက ပြန်လာ
တာစောင့်တာလေးကို ကျနော် သတိယတယ်..။
တစ်ကယ်တော့ မိုးလင်းပြီိဆိုကတည်းက အိမ်မှာ ထမင်းကြော်နဲ့ လဘက်ရည်က အဆင်သင့်ပါ။
ဒါက အိမ်ကမနက်ခင်းအစာလို့ ဘဲ သတ်မှတ်ပြီး မာမီဈေးက ၀ယ်လာပေးတဲ့ မုန့် တွေကို မောင်နှမတွေ
စောင့်နေတာပါဘဲ...။
ခြံတခါးဝမှာ ဈေးဆွဲခြင်းလေးဆွဲပြီး ၀င်လာတဲ့ ပြုံးနေတဲ့ မာမီ့ကို တွေရင်...မောင်နှမတွေသံပြိုင်အော်ဟစ်ပြီး
မာမီ့ကို ၀ိုင်းဖက်ထားတတ်ကြတာ ပျော်စရာကောင်းတယ်..။
ကျနော်တို့ မှာ အားလုံးမောင်နှမ ၇ ယောက်ရှိတာလေ..ဒါပေမယ့် အဲဒီိတုန်းက ညီအငယ်ဆုံးလေး
မမွေးသေးဘူးဆိုတော့ ကျနော့်အောက်က ညီမငယ် တစ်ယောက်ဘဲ ရှိသေးတာ..။
ကျနော်က အငယ်ဆုံးလိုဖြစ်နေတာပါဘဲ..။
ကျနော်တို့ ခြံကြီးထဲမှာ အိမ်နှစ်လုံးရှိတယ် ..။ အဘိုးနဲ့  အဘွား နဲ့ သားနဲ့ သမီးက တစ်အိမ် ကျနော်တို့ 
့မိသားစုက တစ်အိမ်ပေါ့.။
မာမီဆိုတာက တဦးတည်းသောသမီး.. မာမီ့ မှာ မိခင်မရှိတော့ဘူး။ မာမီရဲ့ မိခင်က တောင်ငူရှမ်းစစ်စစ်ပါ။
အဘိုးကပါကစ္စတန်နိုင်ငံသား၊ အစ္စလာမ် ဘာသာဝင်၊ ကြူလီယာအနွယ်။
အဘိုးက တောင်ငူမှာစီးပွားရေးလုပ်ငန်းတွေအများကြီးပိုင်ပါတယ်..မာမီ့ဆီမှာ ခဏလာနေတာပါ.
ခုနကပြောတဲ့ အဘွားဆိုတာ အဘိုးရဲ့ ဒုတိယအိမ်ထောင်..ကရင်အမျိုးသမီးကြီးပါ
ဒေါ်လယ်တဲ့ ။ အရမ်း၇ိုးသားတာဘဲ ၊ကွမ်းအမြဲစားတယ်.။ ကျနော်က သူ့ ကို ချစ်တယ်..သူ့မှာက အဘိုးနဲ
့ရထားတဲ့ ရင်သွေးနှစ်ယောက်ရှိတယ်..မာမီနဲ့ ဆို အဖေတူ အမေကွဲပေါ့..။
သူတို့ ကိုကျနော်ချစ်တယ်..သနားတယ်လို့ ဘဲ ပြောပြပါစေ...။
ကျနော်ငယ်ကလေးတည်းက နည်းနည်းခွဲခြားနေတယ်လို့ ခံစား၇တယ်။ သူတို့ ခွဲခြားခံနေရတယ်ဆိုတာ ကျနော
်သိနေသလို ဖြစ်ပေမယ့် ဘာကြောင့်လဲဆိုတာ ကျနော် သေချာမသိခဲ့ပါဘူး...။
သူတို့ နာမည်တွေက မြန်မာလို ကိုထွန်းထွန်း...အစ္စလာမ်နာမည်က ဆမ်မ်ဆူသင်း...တဲ့ ။ သူ့ ညီမလေးက
မယ်ဒယာန် လို့ ဘဲ ကျနော် သိတာ။ အခုထိ အဒေါ်( အဒေါ်သာပြောတာ ကျနော့်စိတ်မှာက မောင်နှမလိုဘဲ
အခုထိစွဲနေတုန်း) ရဲ့ မြန်မာနာမည်ကိုကျနော် မသိပါဘူးး)။
ကိုဆမ်မ်ဆူသင်းက ကျနော့်ကို အရမ်းအလိုလိုက်တာ...အမြဲတမ်းလို ကျောပိုးထားတတ်တယ်..။
ညီညီ ...ဆိုတာ ပါးစပ်ကမချအောင်ကို ချစ်တာ..။
စကားတွေ ဟိုရောက်ဒီယောက်နဲ့ နော်..။
ပြောချင်တာက မာမီဈေးက ပြန်လာတိုင်း သူတို့ အတွက် ဘယ်တော့မှ မုန့် မပါလာပါဘူး..။ အဲဒီအခါမျိုးဆို
သူတို့ မောင်နှမက လှမ်းကြည့်နေတာလေ..။ သူတို့ ကြည့်တာ ကျနော်က ဘာလို့ သိလဲမေးရင်
ဘာစားစရာလေးရရ ကျနော်က သူတို့ ဘက်ကို လှမ်းကြည့်တာကိုး..။
ကျနော့်မှာ စားစရာတခုရတိုင်း သူတို့ နဲ့ အတူစားပါတယ်..။
ကျနော်တို့ ခြံက အကျယ်ကြီးဆိုတော့ နေ့ လည်ဘက်ဆိဲုခြံအနီးအနားက သူငယ်ချင်းတွေ လာကစားကြတာ
ဆူညံနေတာဘဲ..။ရွယ်တူရော ရွယ်မတူတာတွေရော..။
ကစားတဲ့ အချိန်မှာတော့ ကိုဆမ်မ်ဆူသင်းတို့ တွေလဲ ကစားကြတာပါဘဲ။
ကျနော် အသက်ဘယ်လောက်ရှိပြီဆိုတာ ကျနော် မမှတ်မိပေမယ့် ဗိုလ်အုန်းသီးစက်ဘီးလေးကို ကိုယ်တိုင်စီး
တတ်နေပြီ။
တနေ့ အိမ်မှာ အားလုံးကစားနေကြရင်း အရုပ်လေးတွေ ညှပ်ပြီး နေရာင်ထိုးလို့  ရုပ်ရှင်ပြတမ်းကစားကြတယ်..။
ဟိုတုန်းကလေ..။ တုတ်ချွန်လေးနှစ်ခုကို ၁ပေလောက်ခွာပြီးမြေမှာစိုက်ထား။ တုတ်ချောင်းလေးထိပ်မျာ
ပနယ်စလင် ပုလင်းသေးသေးလေးတွေ စွပ်..။ပြီးတော့ သားရေကွင်း ၂ကွင်းကို ဟိုဘက်ပုလင်း ဒီဘက်ပုလင်း
လှမ်းစွပ်ပြီး..သားရေကွင်း ကြားမာ ညှပ်ထားတဲ့ အရုပ်လေးတွေြှပ့်ထား ပုလင်းကို လက်နဲ့ လှည့် ..
အရုပ်လေးတွေသွားတာ..
ရှေ့ မှာ ကျောင်းသုံးဗလာစာရွက်ထောင်းထားပြီးနေရောင်ထိုးပြီး ရပ်ရှင်ပြတာပေါ့လေ။
ကြည့်မယ့်သူက ဟိုဘက် အရိပ်ထင်တဲ့ ဘက်က ကြည့်ပေါ့..။ ဒီဘက်တော့ လာမကြည့်နဲ့  စက်ခန်း...း)။
အဲလို ရုပ်ရှင်ပြဘို့ လုပ်နေကြရင်း အရုပ်လေးတွေ ညှပ်ဘို့  ကပ်ကြေး လိုလာရော။ အဲဒီိတော့ ကျနော့်ကို
ဗိုလ်လင်္ကျာကကပ်ကြေးသွားယူခိုင်းတယ်.. ။
ဗိုလ်င်္ကျာဆိုတာ သူများခေါ်ကြတာ မွေးကတည်းက ညာဘက်လက်က သိမ်သိမ်လေး မသန်ဘူး..ကျနော်က
အထွန်းလို့ ဘဲခေါ်တာ၊ ကျနော့်ထက်တော့ ၁၀နှစ်လောက်ကြီးမယ်ထင်တယ်..။ ကျနော်က ဟိုဖက်အုပ်စုဆီက
ကပ်ကြေးကို သွားယူတော့ ဟိုဘက်အုပ်စုထဲက ကျနော့်အထက်ကအကိုက လိုက်ပြီိးလုတယ်..အထွန်းက
မြန်မြန်ပြေးလာဆိုတော့ ကပ်ကြေးကိုကိုင်ရင်းပြေးလာတာပေါ့..။ ကပ်ကြေးဆိုတာ ဆေးရုံသုံ့းကပ်ကြေးနော်..
၈လက်မလောက်ရှည်ပြီး ထိပ်က ချွန်နေတာဘဲ..။
နောက်က အတင်းလိုက်တော့ အတင်းပြေးရင်းေ၇ပိုက်ခွေကြီးကို တိုက်ပြီိး ကျနော် မှောက်ရက် လဲကျတာ..။
ကျနော် ပြန်ကုန်းထချိန်မှာ အထွန်းက ထအော်တော့တာဘဲ..။
ကျနော့်လက်ထဲမှာ ကပ်ကြေးမရှိတော့ပါဘူး..။
ကြမ်းပြင်ကို ကြည့်လိုက်တော့ သွေးစက်တွေ ကျနေတာ... ကပ်ကြေးက ကျနော့် ပါးမှာ စိုက်ဝင်နေတာ
ညာဘက်ပါး အလယ်လောက်ကနေ စ၀င်သွားတာ ...အဖျားက နားအထက်ဘက်က နားထင်ထဲမှာ။
ကျနော် ငို၇မှန်းမသိဘူး ။..ကြောင်ငေးနေတာပါ..အော်သံတွေကြားမှ မာမီရောက်လာပြီး ကျနော့်ကို
ရိုက်တော့တာဘဲ..။နာလိုက်တာလို့ ကျနော် မပြောပါဘူး..။ ဒါပေမယ့် ကျနော် အသံထွက်ပြီး ငိုခဲ့ ပါတယ်..။
ကျနော် မျက်ရည်တွေ ကြားက ၀ိုးတ၀ါးမြင်လိုက်တာက ကျနော့်ကို ကြည့်ရင်း မူးမေ့လဲသွားတဲ့ အဘွားဒေါ်လယ်
..ငိုနေတဲ့ မယ်ဒယာန်..ပြုံးနေတဲ့ ကျနော့်အကို ။
ကျနော့်ကို ပွေ့ချီလိုက်တဲ့ အကိုဆမ်မ်ဆူသင်း...နောက်ဝိုင်းကြည့်နေကြတဲ့ သူငယ်ချင်းတွေ........။
အဖေရောက်လာပြိး အကျိုးအကြောင်းမေးပြီးစိတ်ဆိုးနေတဲ့ ကျနော့်အဖ..။
“ နင့်ဘာသာဖြစ်တာ....ဆေးရုံကိုနင့်ဘာသာသွား” လို့ ပြောတဲ့ မာမီ့စကားကြောင့်.။
ဗိုလ်အုန်းသီး စက်ဘီိးလေးကို ကိုယ်တိုင်နင်းပြီး ဆေးရုံကို ထွက်လာခဲ့ တာပေါ့..။ ညာလက်က ပါးကဒါဏ်ရာက
ိုအုပ်ကိုင်ထား၇င်းဘယ်လက်က လက်ကိုင်ကိုကိုင်ပြီးစက်ဘီးနင်းတယ်..။
ဆေးရုံက မြို့ အနောက်ဘက်အစွန်မှာဆိုတော့ မိုင်ဝက်လောက်နီးပါးရှိမလားမသိဘူး။
လမ်းမှာ လှည်းမောင်းလာတဲ့ လှည်းသမားတွေက သွေးတွေနဲ့ စက်ဘီးနင်းလာတဲ့ ကလေးဆိုတော့ မေးတာပေါ့..
ဘာဖြစ်တာလဲ..မိဘတွေမပါဘူးလားပေါ့..။
မေးသမျှဖြေနေရတာပါဘဲ..။ သူတို့ ရဲ့ ကြင်နာမှုလေးကို ကျနော် မမေ့ပါဘူး..။ လယ်သမားတွေဆိုပေမယ့်
မေးနေတဲ့ သူတို့ အသံတွေထဲမှာ ကြင်နာမှုတွေပါတယ်..။
နောက်မှ ဆေးရုံရောက်ပြီးမှ အပါနဲ့ မာမီ ရောက်လာတယ်...။
အညာနွေကပူတာနဲ့  ထွက်လိုက်တဲ့ သွေးတွေ..။
ဆရာဝန်ကြီးက ဂရုစိုက်ပါတယ်..နာမည်က ဦးအောင်ထွဋ်ပါ..။ ကျနော့်ကို ကူညီပေးတဲ့ ဆေးရုံအကူ
အဒေါ်ကြီးက ဒေါ်ညိုတဲ့ .။
ဆေးရုံမှာက ထုံဆေးရော မေ့ဆေးရော လုံးဝမရှိချိန်ဖြစ်နေပါတယ်..။
နောက်ဆုံးဆရာဝန်က ကျနော့်ကို မေးပါတယ်။။
“ သား...ဘာဆေးမှမသုံးဘဲ အစိမ်းချူပ်တာ ခံနိုင်မလားတဲ့ ..ရွှေဘို ဆေးရုံက ဝေးတယ်..ဟိုမှာတော့
ဆေးစုံပါတယ်တဲ့ ..
ဒါပေမယ့် သွေးထွက်များနေတယ်..၁၀မိုင်ကျော်ခရီးကို သားသွားမယ်ဆို မကောင်းဘူးတဲ့”
တစ်ကယ်လို့ သာ အရှန်နည်းနည်းပြင်းမယ်ဆိုရင် နားထင်က တစ်ဆင့် ဦးခေါင်းခွံကို ထိုးဖောက်လို့ 
ကပ်ကြေးဖျားသာ ဦးနှောက်ထဲ ၀င်ခဲ့ မယ်ဆိုရင်...သားအခုဆို အသက်တောင် မရှင်နိုင်တော့ဘူးတဲ့ ”
ကျနော်မှတ်မိသလောက် ပြန်တွေးပြီးရေးတာပါ..။
နောက်ဆရာမတွေနဲ့ သူ အင်္ဂလိပ်လို အကြာကြီးပြောနေပြီး အစိမ်းချုပ် ချုပ်ဘို့ စတင်တော့တာပါဘဲ။
(၇)ချက်ချုပ်ရတယ်..နာတယ်..။ ဒေါ်ညိုက မျက်လုံ့းကို မမြင်၇အောင် လက်ဝါးနဲ့ ကာပေးထားတယ်..။
ကျနော်က မသိမသာလေး ချောင်းကြည့်၇င် အပ်ကောက်ကြီးက မျက်လုံးနားဝဲ၀ဲလာမှ မျက်စေ့ကိုမှိတ်ထား
လိုက်တာ။
ဆရာဝန်ကြီးက ချုပ်နေရင်းနဲ့ နောက်မျ ရောက်လာတဲ့ ဆရာမကို ဘီရိုထဲက အာတာပူစီမုန့် ယူလာခိုင်းပြီး
ကျနော့်ကို ကျွေးတယ်..။ ပန်းရောင်လေး.. စားလဲစား ချုပ်လည်းအချုပ်ခံပေါ့..။
အခုထိ ကျနော့်ပါးမှာ ကပ်ကြေးထိုးမိတဲ့ ဒါဏ်၇ာက မပျောက်ပါဘူး..။ရေးရေးလေးရှိသေးတယ်..။
ဒါပေမယ့် ကျနော့်နှလုံးသားထဲမှာတော့ ပါးက အမာရွတ်ထက် ပိုပြီးအရာထင်ခဲ့ တဲ့ အမာရွတ် ကျန်နေဆဲပါဘဲ..။
ကျနော်ကလေးပါ...ကလေးတိုင်းဆော့တတ်ပါတယ်..
မိဘတိုင်းကလဲ သားသမီးတွေအတွက် စိတ်ပူမယ်ဆိုတာ နားလည်ပါတယ်..။
ဒါပေမယ့်......
ငယ်ကတည်းက တစ်ကြောင်းဆွဲမျဉ်းရဲ့ ရင်ထဲမှာ နာခဲ့ ရပါတယ်..။
သေခြင်းတရားက အဲဒီအချိန်ကတည်းက ကျနော့်ကို နားရွက်လေးတောက်သွားတယ်..။

ဆက်လက်ရေးပါဦးမယ်...
သစ်နက်ဆူး
(ကလေးဓါတ်ပုံလေးကို Google မှ ယူသုံးထားပါတယ်)

13 comments:

  1. လူတွေကို ခွဲခြားဆက်ဆံတာ သဘောမကျပါဘူး.။

    ဒီလောက်ဖြစ်တာ မိဘတယောက်မှ လိုက်မလာဘူးဆိုတာ
    မယုံကြည်နိုင်ဘူး။

    ဆက်ရေးပါအုန်း။

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ကိုဆူးရဲ့ ရင်ခတ်သံတွေ မဖတ်ရတာ ကြာပေါ့....
    စောင့်ဖတ်မယ်ဗျာ....
    ပေါက်ရေ... ဒီလိုမိဘတွေ ရှိတယ်ဆိုတာ မြင်ဘူးတွေ့ဘူးလို့ မယုံမရှိနဲ့ဗျ...... :D

    ReplyDelete
  4. မင်္ဂလာပါ ကိုမင်းသားရေ...

    စာတွေပြန်ရေးတာတွေ့ လို့ ဝမ်းသာလိုက်တာဗျာ...

    ဒါပေမယ့် နှလုံးသွေးနဲ့ ရေးနေတယ်လို့ ဖတ်ရင်းခံစားနေရတယ်။

    ဆန်းကြယ်လှတဲ့ ကံကြမ္မာတရားတွေပေါ့ ဗျာ...

    ReplyDelete
  5. This comment has been removed by a blog administrator.

    ReplyDelete
  6. ကလေးဘဝသာဆိုတယ် အဖြစ်တွေဟာ မယုံနိုင်စရာကောင်းလောက်အောင် နာကျင်စရာ…
    ကိုဆူးရေးပြလို့သာ ဒါတွေဟာ တကယ့်အဖြစ်တွေပါလားလို့ ယုံရတယ်…
    ဆက်ရန်တွေ ဖတ်ဖို့ စောင့်နေပါ့မယ်…

    ReplyDelete
  7. အပ်ကြောက်၊ ဓါးကြောက်သူမို့ ပါးကို အစိမ်းချူပ် အချူပ်ခံရတာကိုတွေးပြီး ကျောစိမ့်မိပါရဲ့ ကိုဆူးရေ။ ကျမသာဆို နေရာမှာတင် မူးမေ့ပြီး လဲသွားမှာ သေချာတယ်။ စောင့်ဖတ်နေတယ်၊ ဆက်ပါဦး....

    ReplyDelete
  8. ကလေးဘ၀ နုနယ်သေးတဲ့ နုလုံးသား၊ အသိဉာဏ် ဦးနှောက်မှာ မိဘဆိုတာ ဒီလိုဖြစ်ရမှာ မဟုတ်ဘူးလား...ဘယ်လိုကြီးလဲ... ဒါပေမဲ့ မိဘလေ...အဲ့လို conflictတွေ လွန်ဆွဲလွန်းခဲ့ရရင်...

    ဆက်ရေးရင်လည်း ဖတ်ပါ့မယ်လေ

    ReplyDelete
  9. ကိုဆူးရဲ့ ငယ်ဘ၀ တချို့အကြောင်းတွေကို ဟိုးရှေ့က ပို့စ်တွေမှာ ဖတ်ဖူးနေလို့ သိခဲ့တယ်လေ။
    ဘယ်လိုပဲဖြစ်ဖြစ် အတောင်ပံတွေမာလာဖို့ တိုက်သွေးပေးတဲ့လေပြင်းတွေပဲ ပေါ့။ ဆက်ဖတ်နေပါတယ်။

    ReplyDelete
  10. ကိုဆူးရေ
    စာတွေ ပြန်ရေးလို့ ၀မ်းသာမိတယ်။ ကိုယ်တွေ့တွေလို့ ခံစားလို့ရနေပါတယ်။ ဒါမျိုးရှိတတ်ပါလားလို့ တခြားကမ္ဘာကို ကြည့်ရသလိုပါပဲ။ ဆက်ဖတ်အုံးမယ်။

    ReplyDelete
  11. ........................

    ReplyDelete
  12. အမလေးကြောက်စရာပါလား အကိုရ..။
    မသေကောင်းမပြောက်ကောင်းပါပဲ။

    ReplyDelete
  13. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete