
ပုံတူပန်းချီလေးတွေကို တင်ပေးရန် အစီအစဉ်ရှိပေမယ့် ....လောလောဆယ်တင်ဘို့ ရည်ရွယ်ထားတာမဟုတ်သေးပါဘူး....
ဒါပေမယ့် ခင်မင်မိတဲ့ မောင်နှမ သူငယ်ချင်းတွေ တောင်းဆို တဲ့ အတွက် ၊ ရှိတဲ့  ပုံလေးတွေ တင်ပေးလိုက်ပါတယ်..။
ဒေါ်အောင်ဆန်းစုပုံတူကို ကျနော်ခဲမှုန့် ကို အသုံးပြုပြီး ဆွဲခဲ့ပါတယ်....ကျနော်တို့ မြို့ လေးမှာ ငြိမ်းချမ်းရေးအတွက် စွန့် လွှတ် စွန့့် စားသူတွေ၇ဲ့ ပုံတူတွေချိတ်ဆွဲပြီး...ငြိမ်းချမ်းရေးပြပွဲလေးတစ်ခု လုပ်ဖြစ်ခဲ့ ပါတယ်..။ မြို့ နယ် တာဝန်ရှိသူတွေက မြန်မာပြည်ရဲ့ 
ငြိမ်းချမ်းရေးအတွက် ကျိုးစားနေသူ ဒေါ်အောင်ဆန်းစုကြည်ပုံတူရှိရင် ကူညီပေးပါ..ဌားရမ်းပေးပါလို့ အကူအညီတောင်းလာပါတယ်..
ကျနော့် မှာလည်း အဆင်သင့် မရှိသေးတဲ့ အတွက် အချိန်လုပြီး အသင့် ဘောင်ကျက်ပြီးသား ကင်းဗတ်စ လိုက်ဝယ်ယူရပါတယ်...။
ဒီပန်းချီကားက ၃.၅ပေx ၅ပေ နီးပါးအရွယ်အစား ရှိပါတယ်..။
ကျနော်စတင်ရေးဆွဲတော့ ည ၉ နာရီရှိနေပါပြီ...ပန်းချီကားကို မနက်၎း၃၀ မှာ အပြီးရေးဆွဲခဲ့ပါတယ်...နောက်မနက်ဆိုရင်ငြိမ်းချမ်းရေးပြပွဲပါ..။အချိန်မှီခဲ့ ပါတယ်...။ မိုးလင်းတာနဲ့  ပြပွဲ တာဝန်ရှိသူတွေကို ဖုန်းဆက်ပြီး ပန်းချီကားပေးလိုက်ပါတယ်..။ လူကတော့ နည်းနည်း ပင်ပန်းပါတယ်..။ ငွေကြေးလည်း မယူပါဘူး...။
တိုက်တိုက်ဆိုင်ဆိုင် ပေါ့ အဲဒီအချိန်က မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဒါဏ်ကြောင့် ပြည်သူပြည်သားတွေဘ၀ ကြေမွနေတဲ့ အချိန်ပေါ့..။
ပြပွဲဖွင့်တဲ့ ညနေမှာဘဲ ဖုန်းဝင်လာပါတယ်...ပန်းချီကားကို ခရိုနာ.၅၀၀၀ နဲ့  လာဝယ်နေပါတယ်တဲ့ ..။
အမှန်ဆိုရင် ကျနော်က ရောင်းဘို့ မရည်ရွယ်ခဲ့ ပါဘူး..။ ဒါပေမယ့် ကျနော်ရောင်းလိုက်ပါတယ်...။
ပြီးတာနဲ့ နော်ဝေ မြန်မာ အသင်းကတစ်ဆင့် မြန်မာပြည်မုန်တိုင်းအတွက် ခရိုနာ ၅၀၀၀ ကို ချက်ခြင်း လှုလိုက်ပါတယ်...။
ကျနော်ရဲ့ လုပ်ရပ်နဲ့ ကူညီမှုလေးက မကြီးကျယ်ပါဘူး...သဲတစ်ပွင့် လောက်ပါ...။
ဒါပေမယ့် ကျနော် ကျေနပ်ပါတယ်၊ ဘာဖြစ်လို့ လည်းဆိုတော့ ကျနော် တစ်နေ့  အသက်သေဆုံးကာနီး အချိန်မှာ ကျနော့် လက်၂ ဘက်ကို ကျနော်ရဲရဲ ၀ံ့ဝံ့ ကြည့်ရဲမယ့် အလုပ်တစ်ခု လုပ်ခဲ့ တာလေ..။.......
ဒီပုံလေးက အီတလီက လာအပ်တဲ့  မောင်နှမ ၂ယောက်ပုံလေးပါ...။

ဒီရယ်မောနေတာက လုပ်ဖေါ်ကိုင်ဖက် နော်ဝေ အမျိုးသမီးပုံပါ...အတူတူ ထိုင်နေကြယင်း ကွန်ပြူတာမှာ PHOTOSHOP CS2 နဲ့ ဆွဲထားတာလေးပါ..။

ဒါကတော့ ပုံကိုတွေ့ တိုင်း မိတ်ဆွေတွေနဲ့ ခဏခဏငြင်းရပါတယ်...ဂျိုလီရဲ့ ပုံကို PHOTOSHPO CS2 နဲ့ ရေးဆွဲထားတာပါ...။
WACOM TABLE ပေါ်နေတာကို ကျနော်မသိပါဘူး ..မောက်စ် ကိုဘဲ အသုံးပြုပြီး ဆွဲခဲ့ ပါတယ်..တော်တော် လက်ဝင်ပါတယ်..
မောက်စ် နဲ့  ဆွဲဘူးရင်သိပါတယ်..တစ်ချို့ ကကျနော်ဆွဲထားတယ်ဆိုတာ မယုံပါဘူး..။

ဒီမှာပုံတူတွေ အများကြီးဆွဲရပေမယ့် ကျနော်အမှတ်တယ ဓါတ်ပုံတွေ ရိုက်မထားပါဘူး...
မ၉၉စနေ ပုံတူလေးတော့ ရှာမတွေ့ သေးလို့  နောက်မှ ထပ်တင်ပြပေးပါဦးမယ်....။
ဒီလို ပန်းချီပုံလေးတွေ တင်ရင်း ပန်းချီသမားဘ၀အတွေ့ အကြုံလေးတွေလည်း ကြုံရင် ရေးပါဦးမယ်...။
ဒီပုံလေးတွေ တင်ပေးတာကတော့ တစ်ခြားကြောင့် မဟုတ်ပါဘူး.....ပန်းချီသိုက်ထဲက မောင်နှမ ညီအကိုတွေ ဆုံတွေ့ ကြရအောင်ပါ.....။
ပုံနဲ့  စာတွေလွဲနေပါတယ်...နားလည်ခွင့်လွှတ်ပေးပါ..။
သစ်နက်ဆူး