Friday, August 28, 2009

ရနံ့ ပျယ် ကြေမွတိမ်တိုက်


http://thitnetsue-tns.blogspot.com/
ကျနော်....ဒီဘလော့ဂ်လိပ်စာသစ်လေးမှာဘဲ ပို့ စ်အသစ်တော့ တင်တော့မှာပါ...။
မိတ်ဆွေတွေအနေနဲ့  ဒီလင့်ခ် အသစ်လေးကို ပြောင်းချိတ်ထားရင် ပိုကောင်းမှာပေါ့...။

ရနံ့ ပျယ် ကြေမွတိမ်တိုက်



မှိုင်းညှင်းညှင်း မြူလေနွေးကပင် ကိုယ့်ကို ဆွဲပတ်ရစ်ပွေ့ ပြီး အလွမ်းလှိုင်းထဲဆွဲသွင်းလိုက်သလို
မောဟိုက်ဟိုက်နှင့်နီးရာ ကျောက်စွန်းလေးမှာ ကိုယ်ထိုင်ချလိုက်ရသည်..။
နွမ်းနေသောစိတ်နှင့်ပင် ဝေးနိုင်သမျှဝေးဝေးသို့ အကြည့်ကိုပို့ ထားလိုက်သည်။ ပြာလွလွ အငွေ့ များကြားတွင်မှ လူမသိသူမသိကြွေကျဆဲ သစ်ရွက်လေးတွေ...ကြွေနေဆဲ သစ်ရွက်လေးတွေက မြေမှာ အပြန့် သား...။
မိမိမှီတွယ်ရာမှ ခွဲခွာကြွေလွင့်ခဲ့ ရသော သစ်ရွက် ပန်းပွင့် သံယောဇဉ်ကို နက်နက်နဲနဲ မဝေခွဲတတ်ပေမယ့်..
ကိုယ်ချင်းစာစိတ်နှင့် နီးရာ သစ်ရွက်လေးကို ကောက်ယူကြည့်မိသည်...။
သစ်ရွက်ပေါ်မှ နှင်းရည်စိုစိုတို့ သည်ပင် သစ်ရွက်လေးရဲ့ မျက်ရည်များလား...။
သစ်ရွက်ပေါ်မှ နှင်းရည်တို့ သည်ပင် သစ်ရွက်လေးရဲ့ ခွဲခွာခြင်းမျက်ရည်ဆိုလျှင်...
ကိုယ့်တကိုယ်လုံး စွတ်စိုနေတဲ့ နှင်းရည်တွေကရော..ကိုယ့်မျက်ရည်တွေလား...။ နာနာကျင်ကျင်ပင် ပြုံးလိုက်ကာမှ မျက်ရည်စက ခိုတွဲလာသလို ။
အိတ်ထဲက ဆေးလိပ်ဗူးကို ဆွဲထုတ်ရင်းဆေးလိပ်ကို မီးညှိလိုက်ရင်း တချက် ရှိုက်သွင်းရင်း...
“ ညီညီ...မင်းလွမ်းတာတွေ ပျောက်အောင် ဆေးလိပ်သောက်ကြည့်ပါလား...အလွမ်းပြေတယ်ကွ”
စိုးငယ်..မင်းပြောသလို ဆေးလိပ်ကို အလွမ်းပြေမလားအထင်နဲ့ သောက်လာတာ...ဆေးလိပ်တောင် ဖြတ်ဘို့ မလွယ်ပါဘူးသူငယ်ချင်း..။
အလွမ်းတွေကလျှော့သွားသလား ဆိုရင်ကော...။
သေရာပါ ဒဏ်ချက်တွေ.....၊ ဆေးလိပ်ငွေ့ က ဖျက်နိုင်ပါ့မလား သူငယ်ချင်းရယ်..။
ဟောဒီ သစ်ပင်ထက်မှာ မှီတွယ်ခဲ့ တဲ့  သစ်ရွက်တွေ...
မြေပြင်အနှံ့ ကြွေနေတယ် သူငယ်ချင်း..။
ပြန်ဆက်လို့ မရတဲ့ ခွဲခွာခြင်း..ဝေးကွာမှု..။
ကြွေကျတဲ့သစ်၇ွက်နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ သစ်ရွက်တခုအတွက်...
ဒါမှမဟုတ်..ဝေးဝေးမှာကြွေလွင့်ပေးမှ ဆက်လက်တင့်တယ်လှပမယ့် အပင်အတွက်..။
ဝေးဝေးမှာ ကြွေပေးတာက ပိုကောင်းမှာပါ သူငယ်ချင်း..။
...........
...........
လွမ်းချင်ပေမယ့် မလွမ်းသင့်တော့တဲ့ အနေအထားပါ..။
ဒါပေမယ့် လွမ်းမိတယ်..။
.....
.....
“ ”
“ ဒီမြို့ ကျဉ်းကျဉ်းလေးလောက်ကို ဘ၀အဆုံး ကမ္ဘာ အဆုံးထင်နေတဲ့  ခင်ဗျားကို ၊ လောကကြီး ဘယ်လောက်ကျယ်တယ်ဆိုတာ.. ကျနော် လက်တွေ့ ပြမယ်...ခင်ဗျား ကွယ်ရာကနေကျနော့်ကို ဘယ်တော့မှ ကြည့်ခွင့်မရအောင်..လက်တွေ့ ပြမယ်..ရှင်းရှင်းပြောရရင်..ခင်ဗျား ကျနော့်ကိုအလွမ်းပြေ ကြည့်ခွင့်မရှိအောင်ကို နေပြမယ်..”
ညီညီ

“ မောင်...အဗ္မပ္ပါလီ ကို သိတယ် မဟုတ်လား...တိုင်းပြည်က ပြည့်တန်ဆာလို့ သတ်မှတ်ထားတဲ့ သူလေ..
သူက ပြည့်တန်ဆာဖြစ်ပေမယ့် ဘုရားရှင် ကိုယ်တော်မြတ်ကြီး သီတင်းသုံးဘို့  သူပိုင်မြေသရက်ခြံကို လှုပြီး ကောင်းမှုတခုလုပ်ခဲ့ တယ်မောင်...
ပါတ်ဝန်းကျင်ဆိုတာသိပ်ကြောက်စရာကောင်းတယ်..သူတို့ ထင်သလိုလူတယောက်ကို သတ်မှတ်ကြတယ်၊
မ...ဘာမှ မရှင်းချင်ဘူးမောင်..ယုံကြမှာလဲ မဟုတ်ဘူး..
သူတို့ ထင်သလို မ..ဟာပြည့်တန်ဆာ ဖြစ်ခဲ့ ရင်တောင် ..အဗ္မပ္ပါလီလို ကောင်းမှုတခုတော့ လုပ်ခဲ့ပါတယ် မောင်..အဲဒါက ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ချင်တဲ့  မောင့်ကို ကူညီနိုင်ခဲ့ တယ်..”
မော်မော်

..
..
ဘာမှ အဆင်မပြေတတ်တဲ့ ကောင်လေးတစ်ယောက်အတွက် ပြသနာနဲ့ ဝမ်းနည်းမှုက တန်းစီနေတတ်သည်..။ အယူအဆ ၊စိတ်ဓါတ် ၊ ယုံကြည်မှုတွေ ကပင် ကိုယ့်ကို လမ်းခွဲစေတာလားတော့ မပြောတတ်..။ ဒါပေမယ့် ကိစ္စမရှိ..။ ကိုယ့်အတွက်ကတော့ တိတ်တိတ်လေး ကျိတ်မှိတ်ခံစားခြင်းက အကျင့်ပင် ဖြစ်နေပြီ..။
ကိုယ့်သင်္ကေတ ကတော့ အမြဲ မျက်မှောင်ကုတ်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားခြင်းက အဖော်ပင်..။
မိဘတွေမှာ ဘက်လိုက်တတ်တဲ့ စိတ်ဓါတ်မရှိပါဘူးလို့  ပြောသူများရှိခဲ့ လျှင် ကိုယ်ပြုံးပြလိုက်ချင်ပါတယ်...
နှုတ်ခမ်းတင်းတင်းစေ့ထားသော အပြုံးနဲ့ ပေါ့..။
ပန်းချီပညာမှာ အရောင်တွေကို အုပ်စု ၃စုခွဲထားသည်..။
အအေးရောင်အုပ်စု၊
အနွေးရောင်အုပ်စု၊
အပူရောင်အုပ်စု....။
မိဘတွေကများ သားသမီးတွေကို အရောင်အုပ်စု ခွဲမည်ဆိုရင် ကိုယ်ကတော့ အပူရောင် အုပ်စုမှာ
ထိပ်ဆုံးက ဖြစ်လိမ့် မည်..။
အပူရောင်တောင်မှ အီကွေတာ အပူ..။
ကိုယ်ကလဲ ပြတ်သားခွဲထွက်စေတတ်သော အပူရောင်ကို နှစ်သက်သည်..
အလင်းပြတ်ပြတ်
အနားစွန်းအလင်း..
ကိုယ်ပြချင်သော ပြကွက်တခုကို ဖျတ်ကနည်း ထိခတ်ပြတတ်သော အလင်းမျိုး။။
.....
ကိုယ်နှစ်သက်တတ်သော အလင်းပြချက်လေးတစ်ချက်ကြောင့်ပင် မွေးရပ်မြေ တခုကို တစ်သက်လုံးနီးပါး
စွန့် ခွာစေခဲ့သော ..အဖြစ်။
အံ့သြစရာကောင်းသည်က ဘ၀တခုလုံး ပျက်လွင့်ကြေမွစေခဲ့ သော လျှပ်တပျက် အလင်းရိုက်ချက်
မြင်ကွင်းက ဘယ်တော့မှ ဖျောက်မရ...။ မေ့မရ..။

ဆက်ပါဦးမယ်
သစ်နက်ဆူး
( ဘယ်သူ့ ကိုမှ ရင်ဖွင့်ခွင့်မရတော့တဲ့ ဇာတ်လမ်းလေးအတွက် သိမ်းထားစရာ နေရာလေးတခု...ရင်ဖွင့်စရာ နေရာလေးတခု တွေ့ ခဲ့ ပြီ မ..ရေ..၊ သေခြင်းတရားဆိုတာ ဘယ်အချိန်ဘယ်အခါ လာမယ်ဆိုတာ မသိပါဘူး...မောင်...သေသွားခဲ့ ရင်တောင်..ဟောဒီစာမျက်နှာလေးတွေမှာ မှတ်တမ်းလေးထားခဲ့ တယ်..မ
မောင့် ခံစားချက်တွေကို ဖြေခွင့်ပေးပါ..)

Sunday, August 23, 2009

ခုတလော.........

ခုတလော...

တွေးနေမိတာက...
ကမ္ဘာ မြေမှာ လူအဖြစ်မွေးဖွားလာခြင်းနဲ့ လူသားတဦး ကပြထမ်းဆောင်ရမယ့် ဇာတ်ရုပ်..။

ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက.....
ပြာတမှုန်မျှသာ......။

ကျန်းမာရေး..........
ရင်ထဲမှာ နေလို့ မကောင်း...။

ဖတ်ဖြစ်တဲ့  စာတွေက..
ခံစားမှုတွေ သက်သာစေမယ့် မိတ်ဆွေတွေရဲ့ ဘလော့ဂ်ပို့ စ်များ..။

ရောက်ဖြစ်နေတာက..
အငှားခန္ဒာရဲ့ အပြင်ဘက်...။

ရေးဖြစ်နေတာက...
နာကျင်မှုတချို့ ...။

နားထောင်ဖြစ်တာက..
အလွမ်းသီချင်းများ နဲ့ ပေါက်ကွဲသံစဉ်...။

ရွတ်နေမိတဲ့ ကဗျာ..
သူတည်းတယောက် ကောင်းဘို့ ရောက်မူ..သူတယောက်မှာ ပျက်လင့်ကာတည်း...။

ဖြစ်ချင်နေတာက...
ခံစားမှု မဲ့ တဲ့ လူတစ်ယောက်...။

စားဖြစ်နေတာတွေက...
အစွဲအလမ်းမထား...ကြုံသလို..။

သနားမိတာက ..
မှန်ထဲက သတ္တ၀ါ...။

လွမ်းနေမိတာက..
အညာ....မွေးရပ်မြေ...။

မေ့လျော့ပစ်နေမိတာက..
နာကျင်ခြင်း....။

ခါးသက်နေမိတာက..
သံယောဇဉ်နဲ့ စွဲလမ်းစိတ်....။

တမ်းတနေမိတာက...
တိတ်ဆိတ်သော တယောက်ထဲ ဘ၀...။

ကြိတ်ပြီးချီးကျူးမိတာက..
ပိပိရိရိ နှစ်ရှည်လများ လိမ်နိုင်သူ....။

ကြိတ်ပြီးအထင်သေးမိတာက...
ကိုယ့်ကိုကိုယ်....။

ဆန္ဒမရှိတဲ့ နေရာ..
ဟန်ဆောင်ပါတ်ဝန်းကျင်...........။

ဆန္ဒရှိနေတဲ့ နေရာ..
တိတ်ဆိတ် မှောင်မိုက်သော နေရာလေးတခု...။

စွဲလန်းနေမိတာက..
ဆေးလိပ်။

လိုအပ်နေတာက..
တိတ်တိတ်လေးမျှဝေခံစားမယ့်သူ...(သို့ မဟုတ်) ကျောက်ဂူတလုံး...။

တောင့်တနေမိတဲ့ ဆု..
ချုပ်ငြိမ်းခြင်း...။

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက..
မအော်ပါဘူး...ရင်ထဲမှာဘဲ ကြိတ်မှိတ်ခံစားပါတယ်..။

ဝန်ခံချင်တာက..
ကျနော် ညံ့ခဲ့တယ်...။



မြတ်နိုးရေ...ညီမ တက်ဂ်ထားတဲ စာကြွေးလေးရေးဖြစ်ခဲ့ ပါပြီ..။

နေရာသစ်

http://thitnetsue-tns.blogspot.com/

ရောက်လာခဲ့ ရင်တော့ ဒီဘက်ကို လာလည်ပါ...။
တိတ်ဆိတ်ပြီး မှောင်မိုက်တဲ့ နေရာလေးတခုမှာ.... ကျနော် ကြေကွဲနေချင်တယ်..။

အဖြည့်ခံ

ကမ်းခြေ...
ငါ့မျက်ရည်တွေ ခဏသိမ်းပေးထားပါ
နောက်ကျောက ဓါးကိုစမ်းမိကာမှ
ဟန်ဆောင်ခြင်းတရားတွေ ကြား
အနှစ်၂၀လောက်က အမှားတခုအတွက်
တိတ်တိတ်လေးကြေ.....။

Thursday, August 20, 2009

သက်ပြင်းလေးတစ်ချက်လောက်တော့ ချလိုက်ဦးမှ......

သာသနသုခ ဘုန်းတော်ကြီးကျောင်းရံပုံငွေပွဲအတွက် ရုန်းလိုက်ရတာ....
ကလေးတွေက သင်္ကြန်အက လောက်ဘဲ က”ဘူးတာဆိုတော့ ..အခြေခံက စသင်ပြီး ၃ပါတ်လောက် လေ့ကျင့်ပြီးတာနဲ့  ပရိတ်သတ်ရှေ့ မှာ ရုံဝင်လက်မှတ်ရောင်းပြီး ကပြရမှာဆိုတော့ ကိုယ့်အတွက် မပူရပေမယ့် သူတို့ လေးတွေအတွက် စိတ်ပူနေရတာ ..။
အခုကပြချိန်မှာတော့ အားလုံးရဲ့ လက်ခုပ်သံတွေ ချီးကျူးသံတွေကြားမှာ....
ကျနော်သက်ပြင်းတစ်ချက်တော့ ချနိုင်ပါပြီ..။
ကပြချိန် ၃နာရီကို အချိန်ကိုက်လုပ်ထားပေမယ့် တစ်ကယ်စင်ပေါ်မှာ ကပြတဲ့ အခါ အ၀တ်အစားလဲလှယ်ချိန်တွေနဲ့  ကြားက အစာဖြည့် ပြောချိန်တွေ အားလုံးပေါင်းလိုက်တော့ နှစ်ပါးသွားက ၂၅မိနစ်ဘဲ ကပြချိန်ရှိတော့တယ်..။
ကျနော့် မင်းသားမင်းသမီးလေးတွေကတော့ အပြင်းအထန်လေ့ကျင့်ထားပြီး ၀အောင်မက”ရလို့ စိတ်တွေဆိုးကြတယ်..။
ကျနော်လဲ ကလေးတွေအတွက် စိတ်မကောင်းဖြစ်ရပေါ့...။
နော်နော်ကလဲ ပြန်လာတော့ ကားပေါ်မှာ စိတ်တွေတိုပြီး ကျနော့်ကိုဘဲ ပြသနာရှာနေလေရဲ့ ...။
ကျနော် နောက်ထပ် ကလေးတွေအတွက် ရုန်းရဦးမှာ...။
အခု ရင်ထဲမှာ ပီတိဖြစ်ရတာက သာသနာအတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်တာရယ်..
ကလေးတွေရဲ့ ရင်ထဲကို မြန်မာ့ အကပညာထည့်ပေးနိုင်တာရယ်...
နေရာမရွေး မြန်မာ့အနုပညာကို ချပြရဲတဲ့ သတ္တိစိတ်ကို သူတို့ နှလုံးသားထဲ ထည့်ပေးနိုင်ခဲ့ တာရယ်တွေကိုပေါ့...။
ကျနော့်အတွက်ကတော့ သူတို့ က”တာလေးတွေကို လက်ခုပ်သံမစဲ အားပေးတာကို ကြည့်ပြီး ကြည်နူးရတဲ့  ပီတိပေါ့ဗျာ...။


မင်းသမီးလေးတွေ ၀ိုင်းရံခလို့ .....နော်နော့် ရဲ့  နှစ်ပါးခွင်









လွမ်းမွန် ( မဒမ်ဆူး ) ရဲ့ အငြိမ့်ခန်း


နှင်းနန္ဒာ ရဲ့ အငြိမ့်

ယောကျာင်္းဘသား..အဖေတူသားဟေ့..

နည်းနည်းပါးပါး ခွဲကြစို့ ......

Tuesday, July 28, 2009

ဘယ်ပျောက်နေလဲ.....မောင်ရေခဲ



ကျနော် ပျောက်နေတာ...ကြာပြီ..။
ဘာတွေ အလုပ်များနေလဲဆို..ဒီမှာရောက်နေတဲ့ ကလေးတွေကို မြန်မာ အကတွေ အခြေခံက စပြီးသင်ပေးနေတာ..။
ပြီးတော့ သာသန သုခ ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရှာဖွေဘို့  ကျနော်တို့ ဇာတ်ကမယ်လေ..
သြဂုတ်လ ၁၅ ရက်နေ့ မှာပေါ့..အော်စလိုမှာ...
နောက်..ဆက်သွယ်ထားတဲ့ ပွဲတွေလဲ ဆက်ကဘို့  ရှိနေပါတယ်...
ပင်ပန်းတယ်...
ဒါပေမယ့်...သာသနာရေးမို့ ..မမောနိုင်ပါဘူး.....။
မိတ်ဆွေတွေဆီကို..နောက်တော့ လာလည်ပါ့မယ်...။
နည်းနည်းပါးပါး...အားပေးမယ်ဆို..ကျေနပ်ပါပြီ..။
မင်းသားတွေက ချောတယ်နော်....၀ှီးးးးးးး ခွပ်...။
အာာာာာာာာာာာာာာာာာာာာာာာာာာာာာား ။

(မှတ်ချက်)...ဒီနိုင်ငံမှာမို့ ကခွင့်၇တာ...ပြည်တွင်းမှာဆို မလွယ်ဘူးး၊ ခေါင်းဆောင်မင်းသား၊မင်းသမီး အစ..ယိမ်းမင်းသမီး
လူရွှင်တော်...ဂီတ..မီးတာဝန်ခံ၊ကားဆွဲအဆုံး....အကုန်လုံး သူပုန်တွေ...ဟေးဟေး။

Wednesday, June 24, 2009

သော့ ...နောက်ဆက်တွဲ


kr.8000.
ဒီနေ့ ပြခန်းက သတင်းကြားတယ်..ဒီကားလေးရောင်းထွက်သွားတယ်..kr.8000 နဲ့ ပါ..။
မနေ့ က ပအို့ တောင်ပေါ်ဈေး ( ၇.ရက်ဈေး) ဒုတိယ ကားလဲ kr.5000 နဲ့ ရောင်းထွက်သွားပါတယ်..အဲဒီ ပအို့ ဈေးကို ဓါတ်ပုံရိုက်မထားလိုက်ရလို့ တွဲပြီးမတင်နိုင်ပါဘူး...နောက်မှပေါ့..။

အားပေးတဲ့ မိတ်ဆွေတွေကို ကျေးဇူးအထူးပါ..။

Saturday, June 20, 2009

နယ်မြေသစ်ကို ဖွင့်တဲ့  သော့


ပအို့ ပန်းဈေး.....kr.8000.00

ဆေးတံသောက်ဖက်.. kr.20000.00
ဒီနေ့  ကျနော်တို့ ပန်းချီပြပွဲဖွင့်တဲ့ နေ့ ပါ...
ဒီပြပွဲမှာ...အားပြိုင်မှုတွေ အများကြီး ရှိနေပါတယ်..။ မတူညီတဲ့ အယူအဆ၊အရောင်၊ဖွဲ့ စည်းမှုတွေကို ပထမဆုံး ပြပွဲမှာ ချပြရတာပါ...။နော်ဝေ သဘာဝရှုခင်းတွေကလွဲရင် ဘယ်ကားမှ လူတွေ စိတ်မ၀င်စားဘူး...မ၀ယ်ကြဘူးလို့ ပြောနေတဲ့ ကြားထဲက ကိုယ်တင်ပြချင်တာကို အနုပညာစိတ်တခုထဲနဲ့ 
အားတင်းပြီး ၀င်တိုးရတာပါ...။
ပြပွဲဖွင့်လိုက်တာနဲ့  အားပေးမှု ချီးကျူးမှုတွေက အားဖြစ်စေပါတယ်...
နောက်ဝမ်းသာရတာက ဒီပြပွဲမှာ ဈေးအကြီးဆုံးက ကျနော့်ရဲ့ ပန်းချီကားပါ...။
ဒီဆေးတံသောက်နေတဲ့ အဘွားကြီး ၂ယောက်ပုံကို ခရိုနာ ၂၀၀၀၀..တင်ထားတာပါ...။
ပြပွဲဖွင့်လိုက်တာနဲ့  ဒီပန်းချီကားနဲ့  ပအို့ ဝ် ပန်းဈေးကား၂ကားရောင်းထွက်သွားပါတယ်..ပအို့ ဝ်ပန်းဈေးက ခရိုနာ ၈၀၀၀ နဲ့ ပါ..။

ကျနော် ပန်းချီဆွဲနေတဲ့ ရက်တွေမှာ အားပေးခဲ့ ကြတဲ့  ဘလော့ဂါမောင်နှမတွေ ပီတိဖြစ်စေဘို့ 
လက်တို့ လိုက်တာပါ...။

“ ပန်းတပွင့်ရဲ့ ရာဇ၀င် ”

“ ပန်းတပွင့်ရဲ့ ရာဇ၀င် ”

အသွေးအရောင် ကောင်းကောင်းနဲ့
ဓါးတစ်ချောင်းရဲ့ပန်းပွင့်
ခွေးလေခွေးလွင့်တွေ ၀ိုင်းကိုက်တယ်...။
ပန်းတစ်ပွင့်ကတော့..
မြင့်သထက်မြင့်လို့
တင့်တယ်ခြင်းတွေ
ခညောင်းညွှတ်ဆင်း
ခွေးအိုကြီးတွေအတွက်
ကြောက်လန့်ခြင်းကိုဖြစ်စေတယ်.....။

မန္တလေးကြိုးကြီးချိတ်နဲ့
ပန်းတစ်ပွင့်ကို
သေနတ်ခါးချိတ်တဲ့လူတွေ
အသေကြောက်တယ်......။
သူမ.......
လှပတယ်
ရဲရင့်တယ်
တင့်တယ်တယ်
မြင့်မြတ်တယ်
နူးညံ့စွာ မာကြောလှတယ်...။
ပန်းတစ်ပွင့်မှာ...
ရန်သူတွေများတယ်...
သူတို့က
ရာဇ၀င်တစ်ခုကို
အကျဉ်းချထားရင် ရလိမ့်မယ်လို့
ဥာဏ်နုံ့စွာနဲ့ယုံကြည်တယ်
ဒါကြောင့်လည်း.....
မျက်မမြင်ပုဏ္ဏားတွေ အခါပေးသမျှ
တိုင်းပြည်တစ်ခုလုံး ချေမွခံခဲ့ရတယ်...။
ပန်းတစ်ပွင့်က...
စာတတ်တယ်....
ကမ္ဘာ့စာပေတွေဖတ်တယ်
ပြည်သူတွေရဲ့ရင်ဘတ်ကိုဖတ်တယ်..
သူတို့က...
ရှေ့ဖြစ်နောက်ဖြစ်ဖတ်တယ်
ဗေဒင်ဖတ်တယ်....
ပန်းတစ်ပွင့်က..
ပညာဥာဏ်ကို အခြေပြုတယ်
သူတို့က ယတြာကို လု`ချေနေကြတယ် ....
ဒါနဲ့များ...
တိုင်းပြည်ကောင်းစားအောင်
သူတို့မှဘဲ လုပ်နိုင်မတဲ့လေ....။
ပန်းတစ်ပွင့်......
ပန်းတစ်ပွင့်ရဲ့တင့်တယ်ခြင်း
ကျေနပ်ခြင်းများနဲ့လက်ခံပါတယ်
ပြည်သူတွေ အတွေးနဲ့
အားလုံးရဲ့ရှေ့ရေးမှာ
လေးသိန်းကျော် လူ့အန္တတွေရဲ့ဦးခေါင်းထက်
ပန်းတစ်ပွင့်က နေရာယူထားလျှက်ပါ....။
ပန်းတစ်ပွင့်...
ရဲရင့်စွာ ပွင်းလန်းသမျှလည်း
ကမ္ဘာက လက်ခံတယ်.....။
..........
ပန်းတစ်ပွင့်ပါ
မျိုးရိုးမှန်တယ်
မျိုးရိုးကောင်းတယ်....
အသွေးမှန်တယ်
အရောင်ကောင်းတယ်.....
ဒါကြောင့်......
မြန်မာပြည် ရာဇ၀င်မှာ....
သွေးရဲရဲနဲ့ပွင့်ခဲ့တယ်...။ ။

သစ်နက်ဆူး
အမေ့ မွေးနေ့  အမှတ်တယ