Saturday, January 1, 2011

တစ်ကြောင်းဆွဲမျဉ်းရဲ့ ခရီး



စာမရေးဖြစ်ခဲ့ တာ တော်တော်ကို ကြာနေခဲ့ ပြီ။ ကြားထဲမှာ ကြိုးကြားရေးနေသော်လည်း ကိုယ်တိုင်စိတ်တိုင်းမကျသော
ဝတ်ကျေတန်းကျေ သဘောလေးတွေပါဘဲ..။ သူများစာတွေကိုတော့ မက်မက်မောမောဖတ်နေခဲ့ ပေမယ့် ကိုယ်တိုင်က မရေးချင်။
ဒါပေမယ့်တခုခုကိုတော့ ရေးချင်နေခဲ့ သည်..။ ဒါကြောင့်လည်း တစ်ကြောင်းဆွဲမျဉ်းဆိုတဲ့ ခေါင်းစဉ်လေးကို ရွေးချယ်ခဲ့ ပြီ.။
တစ်ကြောင်းဆွဲမျဉ်းဆိုတာ ပန်းချီသဘောအရ
စမှတ်တခုကနေ စတင်ဆွဲလိုက်သော ...ကိုယ်ဆုးံချင်သည့်အခါ အဆုံးသတ်နိုင်သော မျဉ်း.။
ဖြောင့်ချင်ဖြောင့်မည်...ကောက်ချင် ကောက်မည်...။ တနေရာထဲ မပြီးနိုင်အောင် ရစ်ချင် ရစ်နေဦးမည်..။ ဒါက....
လူတစ်ယောက်က ရေးသားစရာ ဥပမာ စက္ကူတစ်ရွက်ပေါ်မှာ ရေးသော မျဉ်း...တစ်ကြောင်းဆွဲမျဉ်းပင်..။
လူတစ်ယောက် ..သို့ မဟုတ် သတ္တ၀ါတစ်ကောင်၏ ဘ၀ကို
စမှတ်တစ်နေ၇ာမှ စတင်ရေးဆွဲလိုက်သည် ဆိုပါစို့ ..။
စက္ကူပေါ်မှာ မဟုတ်..သံသရာ ပေါ်မှာ..။ သို့ ဆိုလျှင် မျဉ်းတစ်ကြောင်း၏ သဘောအရ
ကောက်ချင်ကောက်မည် ၊ ဖြောင့်ချင် ဖြောင့်မည်..
ရှုပ်ထွေးနက်နဲသော ခက်ခဲသော မျဉ်းတစ်ကြောင်း၏
စမှတ်ကို မည်သူစတင်ရေးဆွဲတာလဲ..။
ဘယ်အချိန်မှာ အဆုံးသတ်မှာလဲ။
မျဉ်းတစ်ကြောင်း၏ဖြစ်စဉ်သည်...နည်းနည်းတော့ စဉ်းစားလာ၇ပေပြီ..။
ကိုယ်သည် မျဉ်းတစ်ကြောင်းဆိုပါဆို့ ..။
ကိုယ်သည် သံသရာ ပေရွက်ပေါ်ဝယ် ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါများ တစ်ကြောင်းဆွဲမျဉ်းတကြောင်းအဖြစ်
စ လိုက် ဆုံးလိုက် ဖြစ်ခဲ့ ပါသလဲ..။
့ မျဉ်းတစ်ကြောင်းအဖြစ် ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ စလိုက်ဆုံးလိုက် ဖြစ်ခဲ့ တာကို
ကိုယ်တိုင် မသိပေမယ့်ကြိုးကိုင်ချယ်လှယ်မှုတခုနှင့် ကိုယ့်ကို မျဉ်းတစ်ကြောင်းအဖြစ် ၀င်စားစြေ့ပီး
ရှုပ်ထွေး ပင်ပန်းဆင်းရဲစေသော
ခြယ်လှယ်သူကိုတော့ ကိုယ် သိနေပြီ..။
ကိုယ့်ရဲ့ စမှတ်ကလေးကို ပြန်ကြည့်...ကိုယ် တစ်ကြောင်းဆွဲမျဉ်းအဖြစ် ဖြတ်သန်းခဲ့ ၇တာတွေကို
သုံးသပ်ခြင်း မျက်လုံးများနဲ့ ပြန်ကြည့်မိတဲ့ အခါ....................
..............................................
..............................................။
ဘ၀..
မေတ္တာတရား
သံယောဇဉ်
သေခြင်းတရား
ထူးဆန်းသော အကြောင်းအရာ
နာမ်လောက
မမြင်နိုင်သော ဆက်သွယ်မှုများ
နားမလည်နိုင်သော ဖြစ်စဉ်များ
ဆရာသခင်များ...
........
အကြောင်းအရာပေါင်းသိပ်မများပေမယ့် အဖြစ်အပျက်ပေါင်းများစွာကို ကြုံတွေ့ ရတာတွေ မြင်လာမိသည်..။
တစ်ကြောင်းဆွဲမျဉ်း ကိုယ်သည် ဘာမျှ မခမ်းနား မကြီးကျယ်..
သို့ သော် ကိုယ့်ဒိုင်ယာရီလေးတခုတော့ ဖြစ်နေလိမ့် မည်.....
ဒိုင်ယာယီလေးကို ကိုယ်ရေးပါမည်...
မည်သူတဦးတယောက်မျှ ၀င်ရောက်စွတ်ဖက်ပိုင်ခွင့်မရှိသော ဒိုင်ယာယီ မဟုတ်ပါ...
မည်သူမဆို နွေးထွေးစွာ အကြံပေးနိုင် ဝေဖန်ပေးနိုင်သော အကူအညီိပေးနိုင်သော ဒိုင်ယာယီ(သို့ မဟုတ်)
တစ်ကြောင်းဆွဲမျဉ်း၏ ခရီး
(သို့ မဟုတ်) တစ်ကြောင်းဆွဲမျဉ်း၏ ပုစ္ဆာသာဖြစ်ပါသည်..။

ဆက်လက်ရေးသားပါဦးမည်..။
သစ်နက်ဆူး

5 comments:

  1. This comment has been removed by a blog administrator.

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
  3. ကိုဆူးရေ...
    မင်္ဂလာ နှစ်သစ်ပါ...
    တကြောင်းဆွဲမျဉ်းလေး ကျန်းမာ ချမ်းသာစွာ ခရီးရှည် ဆက်နိုင်ပါစေ...

    စာတွေ ဆက်ရေးမယ် ဆိုလို့ ဝမ်းသာသွားတယ်...း))

    ReplyDelete
  4. လွန်ခဲ့တဲ့ ၂ ရက်လောက်က ဂီတပညာရှင် မိုးဇက် အကြောင်းရုပ်ရှင် ရိုက်ထားတာ ကြည့်လိုက်ရတယ်။ အနုပညာရှင်တွေရဲ့ ဘ၀က စိတ်ဝင်စားဖို့တော့ ကောင်းသား။

    ReplyDelete
  5. တစ်ကြောင်းမျဉ်း ခေါင်းစဉ် သိပ်လှတယ် အကိုရေ..။

    ReplyDelete