Saturday, January 31, 2009

သိန်းမြင့်ဦး



သိန်းမြင့်ဦးဆိုတာ ကျနော်ငယ်တုန်းက သူငယ်ချင်း...။ ငယ်ငယ်လေးက ခင်ရတာတော့မဟုတ်ပါဘူး..။၆တန်းလောက်ကမှ သိတာ...သူကကျောင်းမနေဘူး...။သူနဲ့ ခင်ရတာကလဲ အဖေနဲ့ ပါတ်သက်လို့ ပါ..။ ကျနော့်အဖေက စစ်ထွက်..သူ့ အဖေလည်းစစ်ထွက်...။
စစ်မှုထမ်းဟောင်းတွေ တစ်ခေတ်ထတော့မှ အဖေတို့ တွေက အလုပ်တူလုပ်ရင်းတွဲကြတာ..။ အဖေ့အထက်မှာ ရာထူးကြီးတာဆိုလို့ 
စစ်ဗိုလ်တဦးဘဲရှိတာ...။
စစ်မှုထမ်းတွေ ငါးကန်ကြီးတွေနဲ့ ငါးမွေးမြူရေးနဲ့ သားငါးရေင်းဆိုင်တွေဖွင့်တော့ ကျန်တဲ့ သူတွေက အဖေ့လက်အောက်ကချည်းဘဲ...။
လုပ်ငန်းသဘောတွေမသိပေမယ့် အဖေခိုင်းသမျှကို လုပ်ရပြီး ဆရာချင်းထပ်နေအောင်ကြားရတယ်။ အဖေက သူတို့ လုပ်ငန်းမှာ ဆရာဆိုတော့ သူတို့ သားသမီးတွေကပါ အလိုလိုနေရင်း ကျနော်တို့ အိမ်မှာ ကူဖော်လောင်ဖက် လက်တိုလက်တောင်းခိုင်းတဲ့ ကလေးတွေ ဖြစ်လာတော့တာဘဲ..။ မဆလ လမ်းပေါ့...။
အဖေက လက်တိုလက်တောင်းခိုင်းပေမယ့် ကျနော်တို့ နဲ့ သိပ်မခွဲခြားပါဘူး...လုပ်လည်းအတူတူစားလည်းတူတူပါဘဲ...။
သူနဲ့ လုပ်ဖော်ကိုဘက်တွေ လက်အောက်ကလူတွေနဲ့ ကလည်း မိတ်ဆွေရဲဘော်တွေလိုပေါင်းသင်းဆက်ဆံတော့ လူချစ်လူခင်တော့ပေါတယ်...။ သူ့ မိတ်ဆွေတွေကိုယ်တိုင်က အဖေ့ကို ကူညီဘို့ သူတို့ ကလေးတွေကို အဖေ့ဆီလွှတ်ပေးတာပါ..။

သိန်းမြင့်ဦးက ခင်ဘို့ ကောင်းတယ်..သူ့ ကိုတွေ့ ရင် ကျနော်က ၇ယ်ချင်တာ..။ သူ့ မှာ အားနည်းချက်က မျက်လုံးတစ်ဖက်တိမ်စွဲနေတာရယ်...စိတ်က သိပ်မပြည့်တာရယ်ပါ...။ ရိုင်းပျစွာ ရေးရရင်တော့ နည်းနည်းဂေါက်နေတာပေါ့...။
ဂေါက်တာက စစ်ဂေါက် ဂေါက်နေတာ...။
အမြဲတမ်းစစ်အကျီင်္နဲ့  စစ်ဦးထုပ်ဆောင်းထားတယ်...။
အဖေက တစ်ခုခုခိုင်းဘို့ (သို့ မဟုတ်) အလုပ်တစ်ခုလုပ်စရာရှိရင် ကျနော့်ကို သွားခေါ်ခိုင်းတာ...။သူ့ အိမ်ကဝေးတော့ ကျနော်က စက်ဘီးနဲ့ သွားတာ...။ဟိုရောက်လို့ သူ့ ကိုတွေ့ ရင် အဖေခေါ်နေတယ်လာကွ ဆိုပြီး...ခေါ်ရင် စက်ဘီးကို နောက်က တက်မစီးဘဲ
ပြေးလိုက်တာ...။ ကျနော်က အားနာတယ်..သူကျနော်တို့ ကျွန်မဟုတ်ဘူး...မင်းအဲလိုမလုပ်နဲ့ ကွာ စက်ဘီးပေါ်တက်ဆိုလည်း မတက်ဘူး...ကိုယ်ကပါအားနာပြီး စက်ဘီးမနင်းဘဲ လမ်းအတူလျှောက်ရော....
ဟော..အိမ်ရောက်တော့ သွားတာလာတာ ကြာတော့ ကျနော်က ဆူခံရရော....။
သိန်းမြင့်ဦးကတော့ အိမ်ရောက်လို့ အဖေ့တွေ့ တာနဲ့  သတိအနေအထားနဲ့ ဆလု ရိုက်တော့တာဘဲ...။
သတင်းက ပို့ သေးတယ်...
“ သိန်းမြင့်ဦး...ရောက်ပါပြီ ဆရာကြီး အပါကြီး” တဲ့ ...။
“အေး...သက်သက်သာသာနေပါ..ရဲဘော်သိန်းမြင့်ဦး” တဲ့ ...ကြည့်ဦး။ သူတို့ ကတော့ ကိုက်နေတာဘဲ..။
ကိုယ်ဘဲ ကြားက ဆူခံထိတာ...။
အဖေခိုင်းတာကလည်း ပင်ပင်ပန်းပန်းတွေ မဟုတ်ပါဘူး...။ သစ်ပင်စားပင်စိုက်ဘို့ ကျင်းတွေ မြောင်းတွေ တူးတာ...။တူးရင်လဲ အဖေပါကိုယ်တိုင်တူးတာပါ...။
တစ်ခါတစ်လေတော့ စစ်မှုထမ်းဟောင်းတွေဖွင့်ထားတဲ့ ဆိုင်တွေကိုလွှတ်ပြီး စာပို့ ခိုင်းတာတို့ မနက်အတွက် အစီိအစဉ်ပြောခိုင်းတာတို့ ပါ...။ ကျနော်တို့ ခိုင်းလည်းရပေမယ့်...သူ့ ကိုခေါ်ထားပြီး သူ့ အတွေအကြုံနဲ့  စစ်အကြောင်းတွေ ပြောကြတာပါဘဲ..။
သိန်းမြင့်ဦးကလည်း စစ်သားတွေအကြောင်း မေးမှမေး...။ပြောမှပြော...။
သူက စစ်သားသိပ်ဖြစ်ချင်တာကိုး....။ ကျနော်ကတော့ သူတို့ နဲ့ အလုပ်အတူလုပ်လည်း ခပ်ခွာခွာဘဲ...။ ငယ်တုန်းကတော့ အဖေကစစ်သားဖြစ်ခဲ့ တာကို သိပ်အားကျတာ...။ ကျနော်စိတ်က တစ်မျိုးဘဲ...စကားမစပ်ပြောရမယ်ဆို ကျနော်တို့ မြို့ မှာ သတင်းရုပ်ရှင်တို့ ဗဟိုရုပ်ရှင်တို့ လာပြတတ်တယ်...။ အဲဒီမှာ ဘာကြည့်ရလဲဆိုတော့ ဦးနေ၀င်း နိုင်ငံခြားသွားတာတွေ ဧည့်ခံပွဲတွေ မှတ်တမ်းအဖြစ်ပြတတ်တယ်...အဲဒီမှာ ဦးနေ၀င်းကြီးက အရက်ခွက်ကိုင်ပြီး ပါတိတ်အကျီနဲ့ ကနေတာကို တွေ့ ကတည်းက စိတ်ထဲမှာ
တစ်မျိုးကြီးဖြစ်သွားတာဗျ...။ကျနော်သိတာက ပါတိတ်အပွင့်တွေကို အမျိုးသမီးတွေ ထမီအဖြစ်ဝတ်တာဘဲတွေ့ ဘူးတာကိုး...။
တစ်ဖက်ကလည်း သခင်သန်းထွန်းစာအုပ်ကို ဖတ်နေပြီဆိုတော့.....။ ထားပါ..ပြောချင်တာက သိန်းမြင့်ဦးပါ..။
သူက စစ်သားဖြစ်ချင်တာများနေပေမယ့် သူ့ စိတ်က မပြည့်တော့ စစ်ထဲဝင်ဘို့ မလွယ်ဘူးထင်တာဘဲ..။
နောက်နှစ်တွေမှာလည်း သိန်းမြင့်ဦးက စစ်သားဘ၀ကိုဘဲ အိမ်မက်နေဆဲပါဘဲ...။
စစ်အကျီနဲ့ စစ်ဦးထုပ်လေးနဲ့ ပါဘဲ...။
နောက်ပိုင်း ကိုယ်ယုံကြည်ရာအတွက် မိဘတွေအရိပ်ကနေ ထွက်ခွာပြီးတဲ့ နောက်.....အားလုံးကို သတင်းပြတ်နေခဲ့ တာပါ...။
၁၇ နှစ်ကြာမှ မိဘရင်ခွင်ကို ပထမဆုံးအကြိမ်ပြန်ရောက်ခဲ့ တယ်...။
ငယ်သူငယ်ချင်းတွေကလည်း သူတို့ ဘ၀တွေနဲ့ ရုန်းကန်နေကြတာပါဘဲ...။ သူငယ်ချင်းတွေဆီ လိုက်လည် နုတ်ဆက်ရင်းနဲ့  ကျနော် သိန်းမြင့်ဦးကို သတိရတာပါ...။
ကျနော်မေးမှ သူငယ်ချင်းတွေက ပြန်ပြောပြတယ်...။
သိန်းမြင့်ဦးက နောက်ပိုင်းပိုဆိုးလာတဲ့ အကြောင်းပေါ့...။
ပါတ်ဝန်းကျင်ကလဲ မကောင်းဘူး....။ စတာနောက်တာလွန်တယ်...။
နဂိုကမှစစ်သားဖြစ်ချင်နေတဲ့ သူ့ ကိုတွေ့ ရင် ဆလုရိုက်ပြီး...
“ ဗိုလ်ကြီး သိန်းမြင့်ဦး ဘယ်သွားမလို့ လဲခင်ဗျား” ဘာညာလုပ်ကြတာ...။
အဲဒီလိုလုပ်တာကြာတော့ သိန်းမြင့်ဦးက သူ့ ကိုယ်သူ တစ်ကယ့်စစ်သားစစ်ဗိုလ်ထင်လာတော့တာပါဘဲ...။
နောက်ပိုင်း ဘယ်လောက်ဖြစ်လာလဲဆို လ္ဘက်ရည်ဆိုင်ကိုသူဝင်သွားလို့ ဆိုင်မှာ ထိုင်နေသူတွေက သူ့ ကို နုတ်မဆက် ဆလုမရိုက် အလေးမပြုရင်...
“ ဟေ့ကောင် မင်းကဘာလဲ...ငါလာတာမသိဘူးလား” ဘာညာလုပ်တတ်လာတယ်...။
သီးမခံတတ်တဲ့ လူ၊ အကြောင်းမသိသူတွေနဲ့ တွေ့ တဲ့ အခါ ထိုးပွဲတွေ ဘာတွေတောင် ဖြစ်လာတယ် ဆိုဘဲ...။
တစ်ချို့ ကလည်း အရင်က နားလည်ပေးပြီး သနားကြပေမယ့် သိပ်လွန်လာတော့ ကြည့်မရကြတော့ဘူး...။
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တယ်ဘဲ ပြောရတော့မယ်...။
ကျပ်မပြည့်သူကိုမှ ဘုံမြှောက်လိုက်တာကိုး....။
သူကလည်းလွန်လာတယ်...။ သူလာတာလှည့်မကြည့်ဘဲ ထိုင်နေရင် သူလာတာမသိရကောင်းလား၊ အရေးတစ်ယူမလုပ်ရကောင်းလား
ဆိုပြီး နားရင်းဝင်ရိုက်တာတွေဘာတွေ လုပ်လာတာ...။
လူတိုင်းက ဘယ်လုပ်နိုင်မလည်းဗျာ...။
သူက အစစ်အမှန်မှမဟုတ်တာ...ဘယ်နေရာပေး ဆက်ဆံချင်ပါ့မလဲ..။
ဒါကိုသူက စိတ်ဆိုးသေးတာ..။
ခက်တော့ခက်တာဘဲ..
သူ့ မိဘမျက်နှာနဲ့  သနားပြီး အရေးတစ်ယူ ဆက်ဆံခဲ့ ကြတာကိုး..။
မကောင်းတာက သူ့ ကို တစ်ကယ့်စစ်သားလို့ ထင်လာအောင် ဘေးက မြှောက်ပေးတဲ့ သူတွေဘဲ။
ပြဿနာတွေ တက်လာတော့ ဘယ်သူမှ ၀င်မတားနိုင်ဘူး...သိန်းမြင့်ဦးကိုလည်း တားမနိုင်တော့ဘူး..။
ပိုဆိုးတာက ရွှေရောင်ငွေရောင် ရွှေစက္ကူတွေကို ကြယ်ပုံတွေ ကပ်ကြီးနဲ့ ညှပ်ပြီး စစ်အကျီရဲ့ လက်မောင်းတွေ ရင်ဘတ်တွေမှာ နေရာအနှံ့ ကပ်တော့တာ...။ပြီးတော့ အကျီကိုမချွတ်တမ်းဝတ်ထားတာ...လျှော်လဲ မလျှော်၊ လဲလှယ်ဝတ်တာလဲ မလုပ်တော့ သူ့ တစ်ကိုယ်လုံးက နံစော်နေတာပေါ့...လူတောထဲတိုးဝင်ရင်လူတွေက နှာခေါင်းရှုံ့ ပြီး သူ့ ကို သိပ်အကပ်မခံတော့ဘူး...။
သူကလဲပိုရိုင်းလာတယ်..။
ကိုယ်ကလည်း သူ့ အကြောင်းကြားပေမယ့် ဘယ်လို လုပ်ရမှန်းတောင်မသိပါဘူး...။
ငယ်တုန်းက ချစ်ခင်စိတ်နဲ့ သူ့ ကိုတွေ့ ပြီး ကူညီမယ်ဆိုတောင် မလွယ်ပါဘူး...။
စိတ်ကိုကုဘို့ နေနေသာသာ ရေချိုးဘို့ တောင်နားဝင်အောင်ပြောဘို့ မလွယ်ဘူး...။
ဘာလို့ လဲ ဆိုတော့ ရွှေရောင်တံဆိပ်တွေကပ်ထားတဲ့ စစ်အကျီကိုချွှတ်ဘို့ ပြောရင်တောင် သူက ရန်ရှာချင်တာတဲ့ ...။
ကျနော်က စာရေးမကောင်းလို့ ပါ...ဖတ်လို့ တော့ ကောင်းမှာ မဟုတ်ပါဘူး..။
အခုရေးတာကတော့ တစ်ကယ့်ကို သိန်းမြင့်ဦး အကြောင်းရေးတာပါ..။
ဘယ်သူ့ အကြောင်းမှ ရေးတာမဟုတ်ပါဘူး...ကျနော်ပြောတာမယုံရင် အခုရေးထားတဲ့ စာဖတ်ပြီး မျက်စေ့ ထဲ မြင်ကြည့်လိုက်ပေါ့..။
တွေ့ ပါလိမ့် မယ်...သိန်းမြင့်ဦးတွေ .....တစ်ပြုံကြီး။

သစ်နက်ဆူး

Sunday, January 25, 2009

မြန်မာအက အမှတ်တယ


နော်ဝေနိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံခြားတိုင်းပြည်က လူမျိုးခြားတွေ နှစ်သစ်တွေ့ ဆုံပွဲည လေးကို ဒီညလေးမှာ ကျင်းပခဲ့ သလို တခြားတိုင်းပြည်ကလူမျိုးများရဲ့ အနုပညာကိုပါပြသခြင်းဖြစ်တဲ့ အတွက် ....
မြန်မာ့အက အနုပညာကို မဒမ်ဆူးနဲ့ တွဲဖက်ပြီး ကပြပေးခဲ့ ရပါတယ်...။
မိမိလူမျိုး မိမိတိုင်းပြည်ရဲ့ အနုပညာကို တင်ပြခွင့် ကပြခွင့်ရခဲ့ လို့  ပျော်ရွှင်ကြည်နူးမိသလို ကိုယ့်လူမျိုးရဲ့ အနုပညာကလဲ လေးနက်လှပတဲ့ အတွက်
ချီးကျူး ဂုဏ်ယူခံခဲ့ရပါတယ်...။
ဒါ ကျနော်တို့ တိုင်းပြည်ရဲ့ အနုပညာပါ...
မြန်မာတို့ ရဲ့ အနုပညာပါ...။
မျှဝေခံစားပေးပါဦးစို့ လား...။

Sunday, January 18, 2009

% ဇာတ်လမ်း %



ဒီရက်ပိုင်းလေးမှာ နှစ်ပေါင်း ၅၀ လောက်ငြိမ်သက်နေတဲ့ ကျနော်နေထိုင်တဲ့ မြို့ ငယ်လေးမှာ မြို့ ပေါ်မှာ နေထိုင်သူတွေတင်မကဘဲ အနီးအနားကမြို့ တွေပါထိတ်လန့် သွားခဲ့ တဲ့ ၊ ခြောက်ခြားဘွယ်ရာ ပြဇာတ်ဆန်တဲ့ အမှုတစ်ခုဖြစ်သွားခဲ့ တယ်....။
နှစ်သစ်ရဲ့ ယမ်းဖောက်သံတွေ မစဲတစဲမှာ သေနတ်သံက မသဲမကွဲပေါ်နေပေမယ့်......ဘယ်သူမှ သတိမထားခဲ့ ကြပါဘူး...။
ဒါပေမယ့် ကြုံတွေ့ ခဲ့ တဲ့ ဒီဇာတ်လမ်းရဲ့ အဓိက လူနှစ်ယောက်က ရဲစခန်းကို ကိုယ်တိုင်ဖုံးဆက်ခဲ့ ကြတယ်...။
ငယ်ကတည်းက လည်ပင်းဖက်ပေါင်းသင်းလာတဲ့ သူငယ်ချင်း ၂ယောက်....။
တစ်ယောက်က လုပ်ငန်းရှင်...
တစ်ယောက်က အလုပ်မလုပ်ဘဲ ချမ်းသာသမျှ ထိုင်ဖြုန်းနေသူ...။ မူးယစ်သောက်စား အချိန်ပြည့်ပေါ့..။
လုပ်ငန်းရှင်ဖြစ်တဲ့  သူငယ်ချင်းက လွန်ခဲ့ တဲ့ ရက်ပိုင်းလေးကတင်ဘဲ မူးယစ်နေတဲ့ သူငယ်ချင်းကို လျှော့သောက်ဘို့ ၊ ကျန်းမာရေးကိုပြန်လိုက်စားဘို့ ပြောရင်း...သိပ်ချစ်တဲ့ သူငယ်ချင်းကို သုံးစွဲဘို့  ဘဏ်စာရင်းထဲကို ငွေထည့်ပေးလိုက်သေးတယ်..။
၆.၁.၀၉ ညနေ ၆း၀၀ နာရီလောက်မှာတော့ အလုပ်ရှင်သူငယ်ချင်းရှိရာကို တောလိုက်သေနတ်ကြီးကိုင်ပြီး အမြဲမူးနေတဲ့ သူငယ်ချင်းရောက်လာတယ်..။
အပေါ်ထပ်အထိတက်လာပြီး ဂျွန်( လုပ်ငန်းရှင်) ကို လိုက်ရှာတယ်...မတွေ့ ဘူး...။
ဂျွန်က တော့ ရုံးခန်းထဲမှာ စာရေးမနဲ့ စာရင်းလုပ်နေရာက လှမ်းတွေ့ တော့ အားရ၀မ်းသာ လှမ်းခေါ်လိုက်တယ်...။
ခေါ်သံကြားမှ လှည့်ကြည့်ပြီး တစ်ရှိန်ထိုး အခန်းထဲ ၀င်လာပြီး ဂျွန်ကို တောလိုက်သေနတ်နဲ့ ပစ်ချလိုက်တယ်...။အုတ်နံရံမှာ ကျည်ဆန်အရှိန်ကြောင့် ဖွာလန်ကြဲသွားခဲ့ တယ်...။
မထင်မှတ်ထားတဲ့ အပြုအမူကို အံ့အားသင့်နေပေမယ့် လျှင်မြန်စွာနဲ့  ဂျွန်က ခုံတွေကြားကို လှဲချပစ်လိုက်နိုင်တယ်...။
မူးမူးနဲ့ လိုက်ရှာပြီး တွေ့ တဲ့ ခြေထောက်တစ်စုံကို နောက်တစ်ချက်ပစ်ချလိုက်တယ်..။
ဒူးခေါင်းနေရာတစ်ဝိုက်ကတော့ ရစရာမရှိအောင်ကို စုတ်ပြတ်သွားတာပေါ့....။
သေနတ်နဲ့ ပစ်ပြီးတာနဲ့ တစ်ချက်တည်း ...သူငယ်ချင်းဖြစ်သူပြန်ထွက်သွားခဲ့ တယ်...။
ဂျွန်က ပုလိပ်ဌာနကို ဖုံးဆက်နိုင်ခဲ့ တယ်...။ အရေးပေါ်ကားတွေ ရောက်လာပြီးသယ်ယူနေတုန်းမှာ.....
ရဲစခန်းကို ဆူညံတဲ့ ဖုန်းသံက အထိတ်တစ်လန့်  ၀င်လာတယ်...။
အခင်းဖြစ်တဲ့ အလုပ်နဲ့ သိပ်မဝေးတဲ့ တောင်ကုန်းထိပ်က အိပ်ခန်းထဲမှာ လူတစ်ယောက် အိမ်ခန်းကိုမီးတင်ရှို့ ပြီးသူ့ ကိုယ်သူ
တောလိုက်သေနတ်နဲ့ ပစ်လို့ အဆုံးစီရင်လိုက်တဲ့ အကြောင်း...။
ရဲတွေကအံ့အားသင့်သွားတယ်...အမှု၂ခုက တစ်ပြိုင်တည်းလိုဘဲ...။ ဒါပေမယ့် တစ်ခြားစီလို့ ထင်ခဲ့ တယ်..။
မူးနေတဲ့  သူက ဘာတွေစိတ်ကူးပြီး လုပ်ခဲ့ တာတော့ မသိပါဘူး...။
တစ်မြိုးလု့းကို ထိတ်လန့် စေခဲ့ တာ...။
သေချာကွင်းဆက်လိုက်မှ မူးနေတဲ့ သူက သူငယ်ချင်းကို သေနတ်နဲ့ သွားပစ်တယ်...ပြီးတော့ အိမ်ပြန်လာပြီး...သူ့ အိမ်ခန်းကို မီးတင်ရှို့ တယ်...။
ရဲကို ဖုန်းဆက်...။
ပြီးတာနဲ့ သေနတ်မောင်းကို ဖြုတ်ချပြီးသူ့ ကို သူ အဆုံးစီရင်သွားခဲ့ တယ်...။
အင်တာနက်မှာ သတင်းက အရေးပေါ်ပါလာတာနဲ့ ..အလုပ်ခန်းနေရာလိပ်စာကို တွေ့ တဲ့အခါ ပူပန်စိတ်နဲ့ ကျနော့် အလုပ်ရှင်ကို ဖုန်းခေါ်တယ်...။ ဖုန်းအဆက်အသွယ် လုံးဝမရတော့ စိတ်ပူလာတယ်...။
နောက်ထပ်ခေါ်လို့ လဲ မရတဲ့ အခါ ပိုပြီး စိတ်ပူလာတယ်...။
အင်တာနက်မှာ နောက်ထပ်သတင်းတက်လာတဲ့ အခါတော့ သေချာသိလိုက်ရတယ်...။
ကျနော့်အလုပ်ရှင် သေနတ်ထိသွားတယ်...။
အော်စလိုဆေးရုံမှာ ဒူးခေါင်းနဲ့ ခြေအစုံမှာ ၀င်နေတဲ့ ကျည်စတွေကို သေချာခွဲထုတ်ယူနေတုန်းပါဘဲ...။
သူမရှိတော့ ကျနော် မနား၇တော့ပါဘူး...။ သေလောက်အောင်မဖြစ်တော့ ဆေးရုံကနေဘဲ ဖုန်းနဲ့  အလုပ်ကိစ္စတွေ ဆက်လုပ်နေရတယ်...ရက်ချိန်းတိကျစွာလပ်ရတဲ့ အလုပ်မို့  အမှားမခံနိုင်ပါဘူး...။
အားလုံးကို သိမ်းကြုံးလုပ်နေချိန်မှာ ကျနော်တပည့်ကောင်လေးကလဲ ပန်းချီပန်းပုကျောင်းကို ၀င်ခွင့်ရဘို့ ပန်းပုပညာကို အားခြင်းသင်ပေးဘို့ ...တောင်းဆိုလာခဲ့တယ်....။
ကိုယ်မတက်ရပေမယ့် သူတက်နိုင်ဘို့ ပညာပါရမီကလဲ ဖြည့်နေရတယ်...။
ကြားထဲ အထိမ်းအမှတ်နေ့ တစ်ခုမှာ...ကပြပေးဘို့ တောင်းဆိုလာတော့ နန္ဒာကို ကပြဘို့ စီစဉ်ပေးပေမယ့် မရဘူး...။
ကျနော်ကပေးပါလို့ တောင်းဆိုလာတော့....။
အရင်မင်းသားအကျီကနည်းနည်းကျပ်နေပြီ....။ ကဲ...မောင်ဆူး...စက်ချုပ်ဆရာလုပ်စေ...။
မင်းသားခါးတောင်အကျီကို ကိုယ်တိုင်ချုပ်နေရတယ်...ပြီးသွားပါပြီ...။မဒမ်ဆူးကိုပါ အတင်းကခိုင်းနေတော့ ခါတော်မှီ ကကွက်တွေ
သင်တန်းမောင်းနေရတယ်...။
၂၂.၁.၀၉မှာ ကရမှာ....။ ဟူးးးးးးးးးး
ဘယ်မှလဲ စာသွားမဖတ်နိုင်...။စာလဲမရေးနိုင်...။ လာလည်သူတွေကိုလဲ နုတ်မဆက်ရတော့ အားနာတယ်...။
တော်ကြာမအားလို့ မရေးဖြစ်တာကို ....အကယ်ဒမီနတ်ကိုင်ထားလို့ မစားနိုင်မရေးနိုင်ဖြစ်နေတယ်ထင်မှာလဲ စိုး၇သေး...ဟိ။
ခုချိန်မှာတော့ အကယ်ဒမီမလိုချင်ဘူး...ဖြစ်နိုင်မယ်ဆိုရင်............
လက်တွေအများကြီးပါတဲ့  ကာလီမာန်မယ်တော်ဘဲဖြစ်ချင်တယ်...။

သစ်နက်ဆူး

Friday, January 9, 2009

“ ကလေးတို့ အဖေ ”



ကျနော့်အလှည့်ကိုရှောင်တာတော့ မဟုတ်ပါဘူးဗျာ...အသံဖိုင်တွေ ပုံတွေ အသင့်မရှိလို့ ပါ...။
၂၀၀၆ခုမှာ သမီးကြီးနဲ့ ကပြတုန်းက ပုံလေးဘဲ ရှိတာ.။ ကိုယ်က ကင်မရာမဲန်လုပ်နေတော့ ကိုယ့်ပုံက ရှားနေတာလေ..။
ရှိတာလေးဘဲ တင်ပေးလိုက်ပါတယ်...။ နောက်မှ တင်စရာလေးတွေ ရှိတာ ထပ်တင်ပေးပါဦးမယ်..။
ဒီမှာ အထင်ကရကပွဲတွေ လုပ်တုန်းက မှတ်တမ်းတွေ ရိုက်ထားပေမယ့် ဗီဒီယိုကွာလတီမကောင်းဘူးဗျ..။
ကောင်းတဲ့ ခွေက သတင်းဌာနတွေကယူသွားတာ...ပြန်လိုက်ဘို့ မလွယ်ဘူး..။ နောက်မှ နော်နော်နဲ့ အစီအစဉ်လေးတွေ လာပါဦးမယ်..။
ကျနော့်သီချင်းလေးတွေနဲ့ အိပ်ငိုက်နိုင်ကြပါစေ..။

ဆောင်းနတ်မယ်
ပွင့်ဦး
ဗျာဒိတ်တော်အညီ
လိပ်ပြာငယ်ကလေး (ကျနော်နဲ့ သမီးမိုး)

သစ်နက်ဆူး

Wednesday, January 7, 2009

“ ကျနော်လေးစားတဲ့ မိသားစု ”

ကျနော်တို့ မိသားစုလေးရဲ့ အနုပညာကို မိတ်ဆွေတွေက ခင်မင်စွာ အားပေးတဲ့အခါ ပီတိဖြစ်မိသလို ကျနော်သိပ်အားကျတဲ့ 

အနုပညာမိသားစုလေးကိုလဲ ဝေမျှပေးချင်ပါတယ်...။

သူတို့ မိသားစုကို ကျနော်အရမ်းလေးစားတယ်...သူတို့ ဖန်တီးတဲ့ ဂီတနဲ့ ဝတ်စားဆင်ယင်မှုတွေကိုလဲ သဘောကျတယ်..။

KELLY FAMILY လို့ အမည်ရပါတယ်..မိခင်တိုင်းပြည်က ဂျာမနီပါ...အဖေကိုယ်တိုင်ကလဲ သီချင်းဆိုတယ်..သားသမီး ၉ယောက်

လုံးလဲ သီချင်းဆိုတယ်...သားအငယ်ဆုံး အိန်ဂျယ်လို တစ်နှစ်သားလောက်ကတည်းက မိခင်ဖြစ်သူကွယ်လွန်သွားခဲ့ တယ်..။

ဖခင်ဖြစ်သူကဘဲ ကလေး၉ယောက်လုံးကို ရင်အုပ်မကွာ ပြုစုပျိုးထောင်ခဲ့ တယ်..ဂီတကို အမွေပေးခဲ့ တယ်..။

တမိသားစုထဲဖြစ်ပေမယ့် ၀ါသနာတူတာ တော်တော်ရှားပါတယ်...။

နားဆင်ခံစားကြည့်ပါဦး..











Monday, January 5, 2009

“ မဒမ်ဆူး မိတ်ဆက် ”


မဒမ်ဆူး မိတ်ဆက်လေးပေါ့ဗျာ...။ အားနာလို့ မြှောက်ပေးနေမှန်း မသိ၊ဘာမှန်း ဘာမသိ ကျနော်ကလဲ
ဇွတ်ကိုမိတ်ဆက်နေတာဘဲ....။ ကျနော့်ရင်ထဲက စပိန်နွားရိုင်းကြီးကို အလဲဖြိုလိုက်တာ သူလေးပေါ့..။
ကျနော့်ရဲ့ ပါရမီဖြည့်ဘက်လေးပေါ့...ခုလဲ သီချင်းလေးဆိုပေးပြီး ပါရမီဖြည့်ပေးရှာပါတယ်..။
ကြားထဲကနေ စိုးစန္ဒာထွန်းတောင် ဘလော့ဂ် လာလည်သူတွေကို အားနာပြီး ကျေးဇူးတင်ပါတယ်ရှင် ဆိုပြီး ခဏခဏ
ဝင်ပြောပေးနေရသေးတယ်...။သိပ်တော့ မပြောရဲဘူး...ကိုဒူကဘာက ကြားကနေ ကွိစိ ကွစ ၀င်ပြောရင် သိပ်မကြည်ဘူး...
နားဆင်ပေးလိုက်ပါဦးဗျာ..။
လွမ်းငွေ့ ဝေေ၀
မေတ္တာစေကျွန်
မိုးယံမှသည် ချစ်သူဆီသို့ 
မေတ္တာစေကျွန်

Sunday, January 4, 2009

“ အဂ္ဂိရတ်ဖိုထိုးတဲ့ ကောင်မလေး”



အဂ္ဂိရတ်ဖိုထိုးတဲ့ကောင်မလေးဆိုရင်တော့ သိလောက်ပါတယ်...။ ကျနော့်ရဲ့ သမီးကြီးပေါ့...။
တစ်ချို့ သူငယ်ချင်းမိတ်ဆွေတွေက လူမှားနေကြတယ်....နှင်းနန္ဒာက ကပြတဲ့ သမီးငယ်ပါ...အသက်က ၁၃နှစ်..။
သမီးကြီး...“ မိုး ” က ၁၉ နှစ်။ အကပညာတော့ သိပ်မရဘူး..သူက သီိချင်းလိုင်း။
သူက ဆေးတက္ကသိုလ်တက်နေတယ်....၊ သမီးက ၂ယောက်ရှိတာလေ...။
သူ့ ပုံလေးနဲ့ သူ့ အသံလေးကို တင်ပေးလိုက်တယ်နော်...
ဒါတောင်ရှက်နေလို့ ..မနည်း ချော့၇တယ်...ဓါတ်ပုံနဲ့ မိတ်ကပ်ကတော့...မာမီဆူး...အဲ ကိုဆူးပေါ့ဗျာ..။
မာမီဆူး...ဆိုတာ မဒမ်ဆူး...လေ။ အမြင်မမှားသင့်ဘူးနော်..။

ပိုလာဘာလီ

အရိပ်ပမာ မခွဲခွာ

Saturday, January 3, 2009

Myanmar dance HninNanDar


ညကတည်းက တစ်ဆက်တည်းတင်မလို့ ပါဘဲ...နည်းနည်းခက်နေလို့ ....။
သမီးကတော့ ၀မ်းသာပီတိတွေနဲ့ ကွန်မန့် တွေ အိမ်မက်ပြီး အိပ်နေလေရဲ့ .....။

“ မျိုးဆက်..သမီးငယ် ”


youtube မှာ တင်ပေးထားတဲ့ သမီးငယ်ရဲ့ ပညာအမွေဆက်ခံထားတဲ့ 
မန္တလေး အလွမ်းပြေလေးပါ...။

“၆၁နှစ်ပြည့်လွတ်လပ်ရေးနေ့ ”



Mail Forward မှ ရလာတဲ့ အထိမ်းအမှတ် ပို့ စ်ကဒ်ကို တင်ပြပေးလိုက်ပါတယ်.
မည်သူမဆိုလက်ဆင့်ကမ်းတင်ပြပေးနိုင်ပါတယ်.......................................။