Tuesday, December 30, 2008

“အလှည့် ”



အတုန့်အလှည့်ဆိုတဲ့စကားထက်စာရင်အလှည့်ဆိုတဲ့စကါးကပိုပြီး နီးစပ်ပါလိမ့်မယ်။ အတုန့်အလှည့်ဆိုတာသူတစ်ပြန်ကိုယ်တစ်ပြန်သဘောတရားပါပေမယ့်
အလှည့်ဆိုတာကတော့သူ့ဘက်ကဘာမှမလုပ်ပေမယ့်ကိုယ့်အလှည့်ဆို
တာကိုမလွဲမသွေ ကိုယ်တိုင်တွေ့ ရတာကို ကျနော်ဖော်ကျူးချင်တာပါ
လူတစ်ယောက်အတွက်မိမိကိုးကွယ်ရာဘာသာတရားနဲ့မိမိကိုယ်တိုင်
ယုံကြည်ဆည်းကပ်သောဘုရားရှင်ရဲ့အဆုံးအမကိုဘယ်လောက်ထိလိုက်
နာသလဲ၊ဘုရားရှင်ရဲ့ဟောပြောမှုတွေကိုဘယ်လောက်လေးစားသလဲဆို
တာ၊ကိုးကွယ်ဆည်းကပ်သူရဲ့ပြုမူပြောဆိုနေထိုင်မှုကိုကြည့်ပြီးကိုးကွယ်
ဆည်းကပ်သူရဲ့ စိတ်ကိုမြင်နိုင်ပါတယ်…။
ကျနော်က အခုအချိန်မှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့်
ကျနော်လူ့ ဘ၀ထဲကို တိုးဝင်ရာဘ၀ကတော့ ဘာသာခြားမိခင်ရဲ့ 
ဝမ်းမှာဝင်စားပြီးမှ ဘာသာခြားမိခင်ရဲ့ ကျေးဇူးနဲ့ လူဖြစ်လာခဲ့ရပါတယ်။
ဒီအသိုင်းအ၀ိုင်းမှာ လူဖြစ်လာတော့လည်းဒီအသိုင်းအ၀ိုင်းမှာ နေထိုင်
ခဲ့ရပါသေးတယ်….။
သိတတ်တဲ့အရွယ်ကတည်းက ထာဝရဖန်ဆင်းရှင်အတွက်ဆိုပြီး
ပူဇော်တဲ့အခါမထင်မှတ်ဘဲ ပန်းတွေဝေနေအောင်ပန်ထားတဲ့နွား
တစ်ကောင်ရဲ့ မျက်ရည်ကို ကျနော်တွေ့ ခဲ့ဘူးတယ်။
ကျနော်၈တန်းအောင်တဲ့နှစ် ကျနော့်အောင်မြင်မှုအတွက်ဆိုပြီး
ဆိတ်တစ်ကောင်ကို သတ်ပြီိးအောင်ပွဲခံဘို့ အဖေက စီစဉ်ထားတယ်..
ကျနော်ကအပြင်ထွက်နေတော့ မသိလိုက်ပါဘူး။အပြင်ကပြန်ရောက်
တော့ မှောင်ရီပျိုးနေပါပြီ…။


ဆိတ်တွေ အကောင်၁၀၀ ကျော်မွေးထားတဲ့ထဲကမှထူးထူးခြားခြား
ဆိတ်တစ်ကောင်ကအဆက်မပြတ် အော်နေလို့ အိမ်အောက်ကို
ဆင်းကြည့်တဲ့အခါ တိုင်မှာချည်ထားတဲ့ဆိတ်ငယ်လေးက ကျနော့်
ကိုမြင်တာနဲ့ ပိုပြီးအော်ပါတယ်…။
ဆိတ်ကလေးနားကိုကပ်သွားတဲ့ အခါ ကျနော့်ခြေထောက်ကိုခေါင်းနဲ့ 
အတင်းတိုးဝှေ့ပြီး နေပါတယ်..။
ဆိတ်ကလေးမှာမျက်ရည်တွေနဲ့ ပါ…။အဖေတို့ ကိုပြေးပြီးဆိတ်ကလေး
အော်နေတယ်နေမကောင်းလို့ လားမသိဘူးလို့ ပြောတော့
“မင်းအောင်မြင်မှုအတွက် ဂုဏ်ပြုဘို့ သူ့ ကိုရွေးထားတာ” လို့ အဖေ
ပြောလိုက်တော့….
ကျနော့်ရင်ထဲမှာအောင့်သွားဘူးတယ်…..။ အဖေ့ကိုမတားရဲခဲ့ပါဘူး…။
အဖေရယ်…ကျနော် ၈တန်းအောင်တဲ့အောင်မြင်မှုလေးနဲ့ များဆိတ်ငယ်
လေးရဲ့ အသက်နဲ့ ရင်းရက် လဲရက်လိုက်တာ…။
ဆိတ်ကလေးရဲ့ မျက်ရည်တွေ ကျနော် မမေ့ခဲ့ပါဘူး…။
ကျနော်ဗုဒ္ဓဘာသာကိုဆည်းကပ်ကိုးကွယ်ကျင့်ကြံနေဆဲကာလမှာလဲ
လူအမျိုးမျိုးတွေ့ ခဲ့ဘူးပါတယ်…။
“ အခုလုပ်ချင်တာလုပ်၊ နောက်ဘ၀ နောက်ခန္ဒာဘဲ”
“ဘာဘဲလုပ်လုပ်သေကာနီးစိတ်ထားတတ်ဘို့ဘဲလိုတယ် ”
ဒီလိုပြောဆိုလုပ်ကိုင်နေသူတွေကို တွေ့ တဲ့ အခါ ကျနော်ကနောက်မှ
ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ပေမယ့်….ကြားထဲကနေပြီးဗုဒ္ဓဘုရားရှင်ကို မျက်နှာ
ပူပြီး အားနာတတ်ခဲ့တယ်။
မသိလို့မိုက်မှားခြင်း၊သိပါလျှက်နဲ့မိုက်မှားခြင်းဆိုပြီး နှစ်မျိုးခွဲထားပေမယ့်….
“ မီးကျီးခဲမှန်းမသိလို့ လက်နဲ့ ကိုင်လဲ ပူမှာဘဲ”
“မီးကျီးခဲမှန်း သိပါရက်နဲ့ ကိုင်လဲပူမှာပါဘဲ” ။
တစ်ပါးသူကိုအပြစ်ပြောချင်လို့ဒီလောက်စာပျိုးနေတာမဟုတ်ပါဘူး..။
ကိုယ့်ကိုကိုယ်ပြောချင်လို့ ပါ..။
ကျနော်တို့ မိသားစုက ကြောင်မမွေးပေမယ့် ဘယ်ကလာမှန်းမသိတဲ့ 
ကြောင်လေးတစ်ကောင်ကို သံယောဇဉ်ဖြစ်ပြီး အိမ်မှာဘဲ ကျွေးမွေးထား
ခဲ့ကြပါတယ်…။
ကြောင်တွေခွေးတွေကိုမချစ်တတ်ပေမယ့်ကိုယ့်အရိပ်မှာလာနေတဲ့
အချိန်မှာတော့ သူ့ရဲ့ ဝမ်းတစ်ထွာရဲ့ ဆာလောင်မှုနဲ့ လုံခြုံရေးကိုတော့
ကျနော်ကမြင်ပေးခဲ့ပါတယ်….။
ကိုယ်ဆာလောင်သလို သူဆာမှာပါဘဲဆိုပြီး ကျွေးမွေးပါတယ်…။
စောင်လေးတွေနဲ့ အိပ်ယာလုပ်ပေးပါတယ်…။ မဒမ်ဆူးကပြောတယ်
“တော်သေးတာပေါ့၊ကြောင်မချစ်တတ်ဘူးဆိုလို့ ဘဲ…
ချစ်များချစ်တတ်ရင်တော့ ….” လို့ စ ခဲ့ရင်
“ ဒါချစ်လို့ မဟုတ်ဘူး…ကိုယ်ချင်းစာ လို့ ပါ” လို့ ကျနော်ပြောခဲ့တယ်..။
ဒီလောက်သတိထားတဲ့ကြားကတစ်နေ့ ထမင်းဝိုင်းမှာ စကားတစ်ခွန်း
မှားမှုအတွက်နဲ့ မဒမ်ဆူးနဲ့ စကားအခြေအတင်ဖြစ်နေခဲ့တယ်…။
ဒီအချိန်မှာကြောင်လေးက အစာလာတောင်းတော့ ပန်းကန်နဲ့ ထည့်ပေး
ထားပေမယ့် စားနေတဲ့ ငါးအတုံးကို စားပွဲပေါ်မှာဘဲ ချကျွေးခဲ့တယ်…
၃ကြိမ်မြောက်အစာတောင်းလို့ချကျွေးချိန်မှာကျနော်ချကျွေးနေတဲ လက်
ကို သူကိုက်လိုက်တဲ့အခါ ကျနော့်ဒေါသစိတ်က သူ့ ဘက်ရောက်သွားပြီး
ကျန်လက်တစ်ဖက်နဲ့ဆွဲယူပြီး ကျနော့်လေး၃ပေအကွာလောက်ကအိမ်နံ
ရံဘက်ကို လွှဲပစ်လိုက်ပါတယ်…။ ဒေါသစိတ်အလျှောက်လုပ်ပြီးတာနဲ့ 
သတိစိတ်က၀င်လာပေမယ့် နောက်ကျသွားပါပြီ..။
ကြောင်ကလေးကိုကြည့်လိုက်တော့ နံရံမှာဘဲ ကပ်ပြီးခွေနေပါတယ်…။
မျက်စေ့လေးမှိတ်ပြီးခွေနေပေမယ့် သူ့ စိတ်ကို ကျနော်မြင်ရသလိုပါဘဲ။
ထမင်းဆက်မစားတော့ဘဲ ကြောင်ကလေးကိုပွေ့ ယူပြီး ခြံထဲက
မင်းကွတ်ပင်အောက်မှာ ကျနော်သွားထိုင်နေခဲ့ပါတယ်..။
စကားတွေတစ်တွတ်တွတ်ပြောရင်း သူ့ ခေါင်းလေးကိုပွတ်ပေးရင်း…
ကျနော်စိတ်မကောင်းဖြစ်ခဲ့ရတယ်…။
ကြောင်ကလေးကဘာမှမပြောခဲ့ပါဘူး၊ လက်စားခြေဘို့ လည်း မကျိုးစား
ခဲ့ပါဘူး…။
………………………
ဒီအဖြစ်အပျက်လေးကမေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ပြီး တစ်နှစ်ကျော်
လောက်မှာ ရန်ကုန်ကိုကိစ္စလေးတစ်ခုအတွက်နဲ့ လနဲ့ ချီပြီးနေခဲ့ပါတယ်။
တာမွေကအစ်မအိမ်မှာတည်းနေရင်းပေါ့လေ..။
တစ်ရက်တော့ နော်နော်လေးကိုထိန်းပေးနေရင်း သားအဖ၂ယောက်…
အတူဆော့နေခဲ့ပါတယ်..။နော်နော်က ၁နှစ်မပြည့်တတ်သေးပါဘူး..။
သူဆော့ရင်းဘောလ်ပင်န်ကိုကုတင်အောက်ပစ်ချလိုက်ပါတယ်…။သူ့ ကို
လက်တစ်ဖက်ကထိန်းရင်း ကုတင်အောက်က ဘောလ်ပင်န်ကိုလှမ်းပြီး
ကောက်ယူလိုက်ချိန်မှာ ကျနော့်နံစောင်းက အောင့်တက်ပြီးခွေကျသွား
ခဲ့တယ်…။
အသက်လုံးဝရှုလို့ မရပါဘူး…အော်ခေါ်ဘို့ လဲ ပါးစပ်တောင်မဟနိုင်ခဲ့ဘူး
ဒီအချိန်မှာအစ်မကနော်နော့်ကိုမုန့်လာပေးရင်း ကျနော်ခွေကျနေတာကို
တွေ့ ပြီး…ကျနော်ဖြစ်တာကိုမေးပါတယ်…။
လက်ဟန်ခြေဟန်နဲ့ ဘဲပြောနိုင်ပါတယ်။စကားလုံးဝမပြောနိုင်အောင်ကို
အောင့်နေတာပါ..အသက်ရှုရခက်နေတာပါ။ အစ်မကသူ့အသိတွေနဲ့ ခေါ်ပြီး
အောက်ကိုတွဲချရတယ်..။နေတာက ၄လွှာမှာပါ။
အားချင်းဘဲ အငှားကားခေါ်ပြီး ကန်တော်လေးဘက်က တရုပ်ဆေးခန်း
ကိုသွားရပါတယ်…လိုအပ်တဲ့ဆေးစည်းပေးပါတယ်..။
သူတို့ ကတော့ဆေးပညာအမြင်နဲ့ ဘဲဆုံးဖြတ်ပါတယ်…။ ဒါပေမယ့်
ကျနော်ခံစားရတာမသက်သာပါဘူး..။ အိမ်ကိုဘြဲပန်ခေါ်လာပြီးတော့….
အိပ်ယာပေါ်တင်ထားပေးပါတယ်…။
ကျနော်ဇောချွေးတွေထွက်လာပြီး အသက်ရှုပြန်ခက်လာပါတယ်…။
အစ်မနဲ့ မဒမ်ဆူးကို ခေါ်ပြီး ဘုရားခန်းပို့ ပေးဘို့ ပြောရပါတယ်…။
ကျနော် အသက်ရှုလို့ မရသလောက်ဖြစ်နေပါပြီ..။
တစ်ကယ်လို့  သေခြင်းတရား ကိုရင်ဆိုင်ရတော့မယ်ဆို ဘုရားကိုဘဲ
အာရုံပြုပြီး သေမယ်လို့ စိတ်ကူးခဲ့တာပါ…။
ဘုရားစင်ရှေ့ နားမှာ ချထားပေးပြီိး အကုန်ဘုရားခန်းအပြင်ထွက်ပေးဘို့ 
ပြောရင်း ခပ်စောင်းစောင်းလေးနံရံကို မှီနေခဲ့ရပါတယ်..။
ရုပ်နာမ်ရဲ့ ဖြစ်ပျက်မှု၊ရုပ်တရားရဲစတင်ဖြစ်တည်မှုနဲ့ အတူပိုင်ဆိုင်ထားတဲ့
ခန္ဒာရဲ့ ဖောက်ပြန်ဆင်းရဲခြင်းကို သေခြာစူးစိုက်ပြီး ဖြစ်ပျက်ခြင်းနဲ့ ဆင်းရဲ
ခြင်းကို မှတ်နေခဲ့ပါတယ်…။
မျက်စေ့ကိုမှိတ်ရင်း မှတ်နေစဉ်မှာ လက်မ၅၀လောက်ရှိတဲ့မြင်ကွင်းတစ်
ခုလုံးမှာ ရောင်စဉ်ကြိုးမျှင်တွေလူးလားခတ်နေပါတယ်…
တီဗွီရုပ်သံလှိုင်းတွေလိုရှုပ်ယှက်ခတ်နေရာကနေတစ်ဖြည်းဖြည်းမြင်ကွင်း
တွေ ကြည်လင်လာပါတယ်…
အကောင်းစားရောင်စုံဖလင်နဲ့ရိုက်ထားသလိုကြည်လင်လှတဲ့မြင်ကွင်းကို
ကျနော်အံ့သြစွာ တွေ့ ရပါပြီ..။
ကြောင်တစ်ကောင်ကိုလက်တစ်ဖက်ကဆွဲယူပြီးအိမ်နံရံဆီကိုလွှဲပစ်
လိုက်တဲ့မြင်ကွင်း….အိမ်နံရံကို တိုက်ပြီးခွေကျသွားတဲ့ ကြောင်ကလေး..
မျက်စေ့မမှိတ်ခင်လေးမှာ လွှဲပစ်လိုက်သူကို လျှပ်တစ်ပျက်လှမ်းကြည့်
လိုက်တဲ့ ကြောင်ကလေးရဲ့ အကြည့်…။
ကျနော် နားလည်သွားခဲ့ပါပြီ။
ကျနော့်မှာ ဖြစ်ခဲ့တဲ့ ဒေါသစိတ်ကိုပြန်ဆန်းစစ်ရင်း ဆင့်ပွားဖြစ်ပျက်နေ
တဲ့ ၃၁ဘုံ..။
အတုံ့ အလှည့်။
ကျနော့်ရဲ့အပြစ်ကိုကျနော်သေချာဇစ်မြစ်လိုက်ပါတယ်…။
ကြောင်ကလေးကိုလဲစိတ်ထဲက တောင်းပန်ရင်း မေတ္တာပို့ နေခဲ့ပါတယ်…။
မေတ္တာကိုစူးစူးစိုက်စိုက်ပို့ နေရင်း၊ ဝေဒနာကိုမှတ်နေရင်းကနေဘဲ…
မြင်နေရတဲ့ ရောင်စုံမြင်ကွင်းကရုတ်ချည်းပျောက်ကွယ်သွားပါတယ်။
မြင်ကွင်းပျော်ကွယ်သွားတာနဲ့  တစ်ပြိုင်တည်း၊ ကျနော်ရဲ့ အောင့်နေတဲ့
ဝေဒနာဟာ လုံးဝပျောက်သွားပါတယ်…။
၅မိနစ်လောက်သာကြာတဲ့အချိန်လေးအတွင်းမှာဖြစ်ပျက်သွားတာပါ..။
ဒါပေမယ့် ၅မိနစ်လောက်အတွင်းမှာ မြင်တွေ့ ပြီး ပွင့်သွားတဲ့ အသိဥာဏ်
ကတော့ ဘ၀တစ်သက်တာအတွက်ပါဘဲ..။
ဗုဒ္ဓထားခဲ့တဲ့ဘာသာတရားတော်က ဦးချရုံ၊ ကန်တော့ရုံနဲ့ပါးစပ်ကသာ
တတွတ်တွတ်ပြောရသော၊ ဘုရားစေတီတို့ ကိုသာတည်ထားရသော
ရုပ်ဝါဒီသက်သက် ကိုးကွယ်မှုဘာသာ မဟုတ်ပါဘူး…။
ဥာဏ်ပညာကိုအရင်းခံပြီး ကြိုးစားကျင့်ကြံအားထုတ်ရတဲ့ဘာသာပါ..။
ကျနော်အံ့သြတာက ကျနော် ကြောင်လေးကို ပစ်ထုတ်လိုက်ချိန်မှာ
ဘယ်သူမှ မှတ်တမ်းဓါတ်ပုံ မရိုက်ခဲ့ဘူး..။
ဘယ်သူမှ မှတ်တမ်းတင် ဗီဒီယို မရိုက်ခဲ့ပါဘူး…။ဒါပေမယ့် အဲဒီအဖြစ်
အပျက်တွေက မှတ်တမ်းတစ်ခုအဖြစ်ပီပြင်စွာရှိနေခဲ့တယ်…။
ဒီနေ့ မြန်မာပြည်မှာ….
သင်္ကန်းတွေ…သွေးစက်တွေ…လက်နက်တွေ၊ကျောင်းသူ၊ကျောင်းသား
တွေ၊ မျက်ရည်တွေ……။
ရောင်စုံမြင်ကွင်းတွေမှတ်တမ်းသတင်းတွေ တစ်ကမ္ဘာလုံးပျံ့ နှံ့ နေတယ်.
ဘာမှတ်တမ်းမှ မရှိခဲ့တဲ့ကျနော်တောင်…..
ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုကို ကိုယ်တိုင်မြင်ရပြီး “အလှည့်” ဆိုတာကို
ကြုံခဲ့ရပါတယ်…။
ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ လှုဒါန်းခြင်း၊ ဘုရားစေတီတည်ထားခြင်းမျှနဲ့ 
တော့….မှတ်တမ်းပျောက်လိမ့်မယ်လို့ တော့ လျှော့မတွက်နဲ့ …။
လည်နေတဲ့ သံသရာက အချိန်မကျသေးလို့ ပါ…။
အလှည့်ဆိုတာရှိတယ်…။

သစ်နက်ဆူး

Monday, December 29, 2008

စိတ်ကူးယဉ်



စိတ်ကူးယဉ်ခြင်းဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သားငယ် Craton က တက်ဂ်တစ်ခုအနေနဲ့ တောင်းဆိုလာခဲ့တယ်....
စိတ်ကူးယဉ်တယ်ဆိုတာ လက်တွေ့ အလုပ်မဟုတ်ပေမယ့် ကိုယ်လုပ်ကိုင်မယ့် အလုပ်တစ်ခုရဲ့ ရှေ့ ပြေးစိတ်ကူးပါ..
စိတ်ကူးယဉ်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ဘ၀တွေကိုပါ စိတ်ကိုလွှင့်ထုတ်ပြီး မိမိဖြစ်ချင်တာတွေကို စိတ်ကူးနဲ့  ပီတိ
ဖြစ်နေတာပါ....။
စိတ်ကူး ဆိုတာကတော့ မိမိလုပ်နိုင်တဲ့အလုပ်၊ မိမိဘ၀နဲ့ ဖြစ်နိုင်ခြေရှိတဲ့ အလုပ်ကို ကြိုတင်ကြံစည် စိတ်ကူးပြီး
စိတ်နဲ့ အကွက်ချ ပုံဖော်ကြည့်တာပါ...။
ကျနော့်အနေနဲ့ကတော့ စိတ်ကူးယဉ်တာလို့ ဘဲဆိုဆို၊ စိတ်ကူးတယ်ဘဲပြောပြော......
ကျနော် အဖြစ်ချင်ဆုံး စိတ်ကူးမှုကတော့....ရိုးရိုးလေးပါ...။
အနှောင်အဖွဲ့ တွေနဲ့ လွတ်မြောက်ပြီး.....
“ တစ်ယောက်တည်းဘဲ လူသူဝေးရာမှာ နေချင်ပါတယ်...”
စာရေးဆရာကြီး တစ်ဦးရဲ့ စကားလုံးနဲ့ ပြောရမယ်ဆိုရင်တော့.....
.......
မှော်ရုံတောမှာ....မောလှပြီ....လေ။

သစ်နက်ဆူး

Friday, December 26, 2008

“ သွားတိုက်ဆေး”





ကျနော့်ဘ၀မှာတစ်သက်မှာတစ်ခါ၊တစ်ခါမှာတစ်သက်ဆိုသလိုမှတ်မှတ်
ယယ အဖြစ်ဆုံးလေးပေါ့…။ ထူးထူးခြားခြားသွားတိုက်ဆေးလေးပါ…….
အညာမှာမွေးသူမှို့ထင်ပါရဲ…တမာကိုင်းတွေတွေ့ရင်သွားတိုက်တံပူလုပ်
ချင်တယ်…..ဆန်စက်တွေမှာလောင်စာအဖြစ်အသုံးပြုတဲဖွဲပြာဖြူဆွတ်
ဆွတ်လေးတွေ တွေ့ တဲ့အခါသွားတိုက်ချင်လာတာ။
အိမ်မှာပက်ဆိုးဒဲန်တွေရှိပေမယ့်၊တမာတံပူတွေ၊ဖွဲပြာဖြူဖြူတွေ၊ဆားမှုန် ညက်ညက်လေးတွေကိုဆီနဲ့ စိမ်ထားတာတွေလဲအမြဲရှိပါတယ်..။
ငယ်ကတည်းကဒီလိုရိုးရာ သွားတိုက်ဆေးတွေအကုန်သုံးလာတာဆို
တော့ သိတဲ့အတိုင်းပေါ့လေ…တမာပင်တွေ့ လဲ…စိတ်ကစားတယ်
ဖွဲပြာနုနုလေးတွေတွေ့ ရင် စိတ်မထိမ်းနိုင်ဘူးပေါ့…။


မနက်မိုးလင်းသွားတိုက်တဲ့အခါ သမီးတွေက အဖေ့သွားလေးတွေ
ဖွေးနေတာဘဲ လိုချင်လိုက်တာလို့ ပြောတိုင်း ကျနော်သုံးခဲ့ဘူးတဲ့ သွားတိုက်ဆေးအကြောင်းကို ပြန်တွေးရင်း ဘယ်လိုကြီးဖြစ်ဖြစ်သွားမှန်း
မသိဘူး…..။
ဖြစ်ခဲ့တာက ရခိုင်မှာ ဇာတ်က”တုန်းကပါ…ကြာပြီ။ ကျောက်ဖြူမြို့ ကနေ
တောင်ဘက် မိုင်၂၀ကျော်မယ်ထင်တယ်…ကင်းဆိပ်ရွာဆိုတာရှိတယ်..
ငါးလုပ်ငန်းတွေ ပိုက်ဆွဲပိုက်ချလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်။
ဟိုတစ်ဖက်ကမ်းဆက်ကူးလိုက်တာနဲ့ လေးတောင် တိုက်နယ်ကိုရောက်တာဘဲ…။ ကျနော်တို့ က နောက်တစ်ညမှ ကပြရမှာဆိုပေမယ့် တစ်ရက်ကြိုကူးလာတာပေါ့…တစ်ညအိပ်ပြီးမှ
နောက်ညမှာဘုရားပွဲ ကပြရမှာ..။
ဇာတ်ကားကြီး ကင်းဆိပ်ကိုရောက်တာနဲ့ အားလုံးဆင်းကြတာပေါ့..။
ပစ္စည်းချသူတွေချ၊နားသူတွေနားပေါ့။ ကိုယ်လဲ ကားပေါ်ကဆင်းတာနဲ့ 
အေးအေးဆေးဆေးနေချင်တော့ ခပ်လှမ်းလှမ်းက သစ်ပင်လေးတစ်ပင်နားကိုသွားပြီး သစ္စာတော်ခံ ဆေးလိပ်လေးန့ဲ နှပ်နေတာပေါ့…။
အေးအေးလူလူအတွေးချဲ့ နေယင်း ဘေးပါတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်
လိုက်တော့….အိုး…ကျနော့်ရဲ့ ခရေဇီ..။
ရွှေညာသားတို့ ရဲ့ ခရေဇီ…မီးလောင်ထားပြီးကာစ ပြာနုနုလေးတွေ
ဖြူဆွတ်နေလိုက်တာမှ ဖွေးဖွေးလှုပ်နေအောင်ကိုဖြူတာ…။
ဖြတ်ကနဲထပြီးသေချာကြည့်လိုက်တော့ မီးငွေ့ ငွေ့ လောင်နေသေးတဲ့ ထင်းတုံးတစ်ချို့ ရယ်…ဘေးနားမှာပြန့်ကျဲနေတဲ့ စပါးခွံတစ်ချို့ ရယ်ကို
တွေ့ လိုက်တာနဲ့ သိပြီ ၊ ဒါဖွဲမီးရှို့ ထားတာ၊။
မိဘတွေကိုတောင်သတိရသေးတယ်…ဓါတုဗေဒသွားတိုက်ဆေး
တွေ ဘယ်လောက်ပေါ်ပေါ် သွားခိုင်တယ်ဆိုပြီိးတမာ၊ဖွဲပြာတွေသုံး
တတ်အောင် အကျင့်လုပ်ပေးထားတာ။
ဒီဖြူဖွေးနေတဲ့ ပြာလေးတွေက အနူးညံ့ဆုံး ဖွဲပြာလေးတွေပေါ့…။
နောက်တစ်ကြိမ်ရဘို့ မလွယ်ဘူးဆိုတော့ ခရီးဆောင်အိပ်ထဲက ပလပ်စတစ်အိတ်လေးထုတ်ပြီး ထည့်တယ်…။သိမ်းတယ်။ နောက်မှ
ရေဘူးကိုထုတ်ပြီး မီးပုံနားမှာ ကျကျနနထိုင်ပြီး ပြာဖြူလေးတွေနဲ့  သွားတိုက်တော့တာပေါ့။
အားရပါးရသွားတိုက်နေတုန်း ရခိုင်အဘိုးကြီးတစ်ယောက် ကျနော့်
အနားရောက်လာပြီး ကြည့်နေတယ်၊ ပြီးတော့ သူပြောတယ်…
ကျနော်ကရောက်ကာစဆိုတော့ သူပြောတဲ့ ရခိုင်စကားနားမလည်
ဘူးဗျ…ဒိတော့သွားတိုက်ရင်းဘဲ လောက၀တ်အနေနဲ့ ပြန်ရယ်ပြလိုက်ပါ
သေးတယ်..။ သူလဲဘာတွေဆက်ပြောမှန်းမသိဘူး…။
ကျနော်ကလည်းသွားတိုက်တာ မပျက်ပေါ့..။
သူပြောတာနားမလည်မှန်းသိတာနဲ့ သူလှည့်ထွက်သွားတယ်..
စကားနားမလည်ပေမယ့် သူ့ မျက်လုံးထဲကအရိပ်အယောင်ကိုဖမ်းကြည့်
တော့ တစ်ခုခုဘဲ..။ ခဏနေတော့ မြန်မာစကားတတ်တဲ့  ဇာတ်ဆရာသားနဲသူပြန်လာတာပါဘဲ…အဖွဲ့ သားတစ်ချို့ လဲပါတာပေါ့..။
“ မင်းသား…ဘာလုပ်နေလဲ ”
“ ဒီမှာဖွဲပြာလေးတွေလှလို့ သွားတိုက်နေတယ်လေ”
“ မတိုက်နဲ့ …”
“ သြော်…ဒီပြာနုလေးတွေက လှလို့ ပါဆိုမှ ”
“ အဲဒါ မကောင်းဘူး ”
“ ကောင်းတယ်…ကိုခင်မောင်လတ်ရဲ့ ၊ သွားဖြူတယ်လေ”
“ အေး…နင်တိုက်ချင်ရင်တိုက်ပေါ့…အခုတော့ မလုပ်နဲ့”
“ ဘာဖြစ်လို့ လဲဗျာ…ဘယ်သူ့ ဟာမှ ခိုးတာမဟုတ်ဘဲနဲ့ ”
“ အခုကမှာ ဘုရားပွဲ တော်တော်စည်ကားတယ်…အနယ်နယ်က
လာကြတယ်…အာဂန္ဓုဘုန်းကြီးတစ်ပါး ဘုရားပွဲလာရင်း နာမကျန်း
ဖြစ်ပြီး ပျံလွန်တော်မူသွားတယ်..”
“ ဘယ်လိုပါတ်သက်နေလို့ လဲ”
“ အခု နင်သွားတိုက်နေတဲ့ပြာတွေက ခုနင်ကဘဲ ဘုန်းကြီးကို မီးရှို့ ထား
တဲ့  အရိုးပြာတွေ ”
စကားဆုံးတာနဲ့ ကျနော်ဖြစ်ပျက်သွားတာစာနဲ့ ရေးပြလို့ တောင်
မတတ်ဘူး။ ရေဘူးထဲကရေတင်မကဘူး၊ ဘေးနားကအိမ်တွေက ရေတွေပါယူပြီး ပလုပ်ကျင်း ပါးစပ်ကိုဆေးလဲ စိတ်ထဲမသန့် ဘူး။
၃-၄ရက်လောက် ဘာမှ စားလို့ မရတော့ဘူးဗျာ…။
ညအိပ်ရင်တောင် လာရယ်ပြနေတဲ့ ဘုန်းကြီးကိုဘဲ မျက်စေ့ထဲအမြဲ
မြင်ယောင်နေတာ…။
ကျနော့်သွားလေးတွေ ဖွေးမဖွေး၊ဖြူမဖြူတော့ မသိဘူး..။
လာရယ်ပြနေတဲ့ ဘုန်းကြီးကတော့ ညအမှောင်ထဲမှာတောင်
သွားလေးတွေကဖွေးဥနေတာဘဲ…။
တစ်သက်မှာ တစ်ခါဘဲ သုံးခဲ့တဲ့ သွားတိုက်ဆေးလေးပေါ့…။
မမေ့နိုင်ဘူး…
လွမ်းတယ်…။

သစ်နက်ဆူး

Wednesday, December 24, 2008

“ ညဥ့်ပွဲခင်း ”



“ ညဥ့်ပွဲခင်း ”

ဟက်ဟက်ငြီးငြီး ရယ်ဟီးသံတွေနဲ့  ...
ကမ္ဘာပျက်သလို..
သွေးညှီနံ့ တွေ ထပ်လောင်းလို့ 
မကောင်းဆိုးဝါးတွေ တွန်နေကြ...။
လူရိုးတွေကို ပရမ်းပတာရိုက်လို့ 
စည်းဝါးလိုက်ရင်း မိစ္ဆာဗုံတွေတီးကြ...။
ကာလပျက် ခေတ်ပျက် နိုင်ငံပျက်
ပျက်သမျှအပျက်ထဲမှာ....
ဒီနေရာအပျက်ဆုံးဘဲ။
အချင်းချင်း သွေးစုတ်တဲ့ 
သွေးစုတဘုတ် ပိတုန်းကောင်တွေကလည်း
နေရာအနှံ့ တ၀ီဝီခေါ်ရင်းတုတ်ကြ....။
ပြောမယ်ဆို နာနာဘာဝကလည်း
နာနာဘာဝလောက်တော့ စွမ်းတာဘဲ...။
လောင်မီးကျ မြေပြင်မှာမှ
အပွင့်တွေတပ်ရင်း ပြုံးနိုင်ကြသေးတယ်...
သူတို့ ရဲ့  လက်တစ်ဖျစ်စာ ညဥ့်တွေပေါ့လေ....။
မသတီစရာ ဖန်ဆင်းမှုတွေနဲ့ 
မျက်စိလည်စရာ ကောင်းတဲ့ အထဲ...
တစ်ချို့ က
မျက်စိလည်ချင်ယောင်ဆောင်ရင်း ရူးနေကြ....။
နိုင်ငံအနှံ့  လ”ကတော့မိုက်နေဆဲဘဲ
ကြယ်ကြွေအချို့ ရဲ့  တိမ်မြှုပ်မှုတွေနဲ့ .....
လမ်းတွေ ဖောက်သမျှ
လမ်းတွေ ပျောက်နေရတယ်...
ဖြတ်သွားသမျှလည်း ဖမ်းစားတတ်လို့ 
တစ်ချို့ များ ...ဘုတ်နာတွေကပ်နေကြ....။
သူတို့ က...
အစွမ်းရှိသလောက် က” ကြမှာ...
မိုးခါးရေ သောက်သူတွေကတော့
ပွဲကောင်းသတဲ့ လေ...
သေလိုက်ကြတာမှ....
သွေးစုတ်ခံလို့ သေတဲ့ အခါ
ဖုတ်သက်ပြန်ဝင်ပြီး....
သွေးစုတ်တတ်သွားကြပြန်ရော....။
သတိထား....
သူတို့ ရဲ့ မိစ္ဆာ ဆိုင်းချက်တွေ ပိုပြင်းလာတယ်
က”ကွက်တွေ ဆန်းလာတယ်
ပိုးဖဲ စိန်ရွှေတွေ ပိုဝတ်လာတယ်...
အပွင့်အခက်တွေ ပြောင်းရွှေ့ လာတယ်
ကနေရင်း ပြုံးနေရင်း သွေးပေနေတဲ့ အစွယ်တွေ ...
လူသိသာအောင် ပိုရှည်လာတယ်..။
.....
ရိုးမနားနီးတော့ တောနက်တယ်...
တောင်တန်းတွေကြားကဘဲ...
ပုဇွန်ဆီရောင်လေး သန်းလာလိမ့်မယ်
သူတို့ ဘ၀က နေမထွက်ခင်လေးဘဲစွမ်းတာ
တို့ လက်တွေ သတိနဲ့ ဆုပ်ကိုင်ထားပါ..
ခဏပါ....
မိုးမလင်းခင်လေးပေါ့...
မိုးဆိုတာ တစ်သက်လုံး မလင်းတတ်တဲ့ အမျိုးမှ မဟုတ်တာ...။
မိုးလင်းတဲ့ အခါ...
မိစ္ဆာတွေ မြူးတဲ “့ ကြပ်” ရွာဆိုတာ
ပျဉ်းမနားဘက်မှာ ...
ရှာတွေ့ မှာတောင် မဟုတ်တော့ဘူး...။
မိုးမလင်းခင်လေးပါ...။

သစ်နက်ဆူး

Friday, December 19, 2008

“ ရှေးဟောင်းပညာ ”



ကျနော်က ရှေးလူကြီးတွေ ရှာဖွေတွေ့ ရှိ ၊ရေးထား သိမ်းထားခဲ့ တဲ့ ၊ ထဲထဲဝင်ဝင် ပညာရပ်တွေကို စိတ်ဝင်စားတယ်..လေးစားတယ်။ မအိမ်လွမ်းသူဆီမှာ ဆေးပညာရပ်တွေ ဖတ်ရင်းနဲ့ အတွေးပြန်ပေါ်လာတာ..။
ဒိလောက်ခေတ်မှီနေတဲ့ အိုင်တီခေတ်ကြီးမှာ ရှေးဟောင်းပညာကို စိတ်ဝင်စားတယ်ဆိုတော့ နည်းနည်းတော့ ကြောင်တယ် ထင်မလားမသိဘူး။ ဒါပေမယ့် ပညာရပ်တိုင်းမှာ တန်ဘိုးဆိုတာရှိသလို၊ မြှုပ်ကွက်တွေလဲရှိတယ်..။ ကိုယ်အသုံးမပြုပေမယ့် အသုံးပြုတတ်တွေကြောင့် အသုံးပြုသူလဲ ခံစားခွင့်ရှိသလို တစ်ပါးသူအတွက်လဲ အကျိုးရှိခဲ့ တယ်ဆိုတာ သိခဲ့ ရတယ်။
ကျနော် နေထိုင်ခဲ့ တဲ့ပါတ်ဝန်းကျင်က တောနယ်လေးဆိုပေမယ့် ကျနော့်အတွက်တော့ လေ့လာစရာ ဆည်းပူးစရာတွေချည်းပါဘဲ..။ အလွှာစုံလူစုံပါ။
စာတွေဖတ်ရင်း၊ လူတွေနဲ့ ဆက်ဆံရင်းကနေ ရှေးဟောင်းပညာတွေကို စတင်ထိတွေ့ လာတဲ့အခါ စိတ်ဝင်စားလာတာပေါ့..။
အဲဒီ ရှေးပညာရပ်တွေထဲမှာ ထူးထူးခြားခြား ဘာကိုတွေ့ လဲဆိုတော့ “ ဖို ” ထိုးတာကို သွားတွေ့ တာဘဲ..။
ပြောမယ်ဆို မဒမ်ဆူးတို့ အဘိုးနဲ့ ဘကြီးက ဖိုထိုးတယ်၊ အဂ္ဂိရတ် ဖိုထိုးတာ။
အဂ္ဂ=မီးကို ပိုင်နိုင်ကျွမ်းကျင်စွာ၊ ရတ်= အသုံးချသောနည်းပညာလို့ လဲ အကြမ်းဖျဉ်း နားလည်ထားပေါ့။ သူ့ ဘကြီးဆိုတာကလဲ သူ့ အဒေါ်ရဲ့ ယောကျာင်္းပါ..ဦးထွန်း...တဲ့ ။
မဒမ်ဆူး အဘိုးက အရင်ကနာမည်ကြီး လက်ဝှေ့ သမားကြီး...အပေါင်းအသင်းခင်လွန်းပြီး လက်ဝှေ့ ထိုးပြန်လာတိုင်း အပေါင်းအသင်းတွေ အကုန်ခေါ်လာပြီး တစ်လကိုးသီတင်း အိမ်မှာ ချက်ပြုတ်ကျွေးရိုးရိုး အဘွားရဲ့ သိမ်းထားတဲ့ အထုပ်လေး လျှော့
သွားအောင်ကို သဘောကောင်းတဲ့လူ။ နောက်နာမည်ကြီးလွန်းလာတော့ ပြိုင်ဘက်မရှိ ပွဲစဉ်မရှိ ဖြစ်လာတဲ့ အခါ ပွဲစီစဉ်သူတွေက
ဆရာရင်းနဲ့ ထိုးဖြစ်အောင်စီစဉ်ခဲ့ ကြတာ...စင်ပေါ်ေ၇ာက်တော့ ဆရာရင်းကို ခြေကန်ချက်တစ်ချက်ထဲနဲ့ အသက်ပါခြွေယူပစ်လိုက်တယ်၊ သူကိုယ်တိုင်လဲ နှာခေါင်းရိုးကျိုးသွားတယ်...။
မရည်ရွယ်ပါဘဲ ဆရာ သေဆုံးသွားတော့ နောင်တရ ပြီး တရားဘောင်ကို ၀င်လို့  ဘုန်းကြီး ၀တ်ခဲ့ တာ...။
လက်ဝှေ့ ထိုးတုန်းက အဘွားရဲ့ အထုပ်လေးက လျှော့ယုံဘဲ လျှော့တာ။ ဘုန်းကြီးဝတ်ကာမှဘဲ အဘွားအထုတ်က ခွက်ချွတ်လက်ချွတ် ကို ပြောင်တာ။ ဘဘုန်းက ဖိုထိုးတာကိုး။ အဘွားလဲ ရှိသမျှရွှေ၊ လယ်၊ တောင်ပေါ်ခြံ အကုန်ပြောင်တော့ ဒီစိတ်နဲ့ ဘဲ သေဆုံးခဲ့ ရတာ...။
အဲဒီတော့ မဒမ်ဆူးအမေနဲ့ အသိုင်းအ၀ိုင်းက ဖို ဆိုရင် နံပြားဖိုတောင် စေ့စေ့မကြည့်ရဲအောင်ကို စိတ်နာထားတာ...။
သူ့ ဘကြီးလဲ ဒီလိုဘဲ ရှိသမျှ လယ် ပြောင်ပြီ။ သူ့ ကိုယ်သူ အဘဘိုးဘိုးအောင် သားထင်နေပြီး အိမ်လာလည်ရင် တဘောင်တွေ၊ သိုက်စာတွေ၊ အဂ္ဂိရတ်စာတွေ ပါးစပ်က အမြှုပ်ထွက်မတတ်ရွတ်၊ သူများအားမှန်း အလုပ်ရှိမှန်းလဲ မသိ၊ ရေနွေးကြမ်း ၃ အိုးလောက်ကုန်အောင် လေပစ်တာ။ မဒမ်ဆူးအမေက နဲနဲ ဟောက်ပေးမှ အပြောရပ်တာ...။ စဉ်းစားပြီး မေးတော့လဲ သူ့ မှာ ဘာဓါတ်ကိုမှ ပိုင်ပိုင်နိုင်နိုင်ထိုးဘူးတာမရှိဘူး...ရွှေဖြစ်စမ်းနေတာတဲ့ ...လောလောဆယ် တော့ သမီးနားကပ်ပါ ပြောင်နေပြီ...။
ကျနော့်အတွက်က ကြားထဲက အတွေးများတယ်...ကျနော်ဖတ်ဘူးတာက ပုဂံရာဇ၀င်မှာ အရှင် အဇ္ဇဂေါဏ က ပုဂံတပြည်လုံးမှာ မုဆိုးမကအစ ဘုရားတည်နိုင်အောင်ကို ရွှေမိုးရွာသလို ရွှေဖြစ်လမ်းနဲ့ ကယ်မခဲ့တာ။ နဂါးနီ သီချင်းမှာတောင်ပါတယ်လေ။
နောက်ရွှေဖြစ်ထိုးနိုင်တဲ့ဆရာတွေလဲ ဒီဘက်ခေတ်အထိရှိပါတယ်..။ ဦးမနောမယ(ပြည်) ၊ ဦးကိုကိုလေး( BA )နဲ့ တခြားသောဆရာတွေဟာ ခေတ်ပညာတတ်တွေဆိုပေမယ့် ပညာကို ထဲထဲဝင်ဝင်လေ့လာပြီး ပိုင်ပိုင်နိုင်နိုင်လုပ်နေကြတာ။
ဒီမှာ ဘာသွားတွေ့ လဲဆိုတော့ အဂ္ဂိရတ်ထိုးတာ မွဲဆေးဖော်တာဘဲ ဆိုတဲ့ အမြင်ရှိသူနဲ့  အဂ္ဂိရတ်ပညာက စားလမ်းနဲ့ ကယ်လို့ ရတယ်လို့ အမြင်ရှိသူ၂မျိုး သွားတွေ့ တယ်..။
အဂ္ဂိရတ်မှာက ၂မျိုးရှိတယ်...စားလမ်း ရိက္ခာထောက်နဲ့ အထက်ထွက်ရပ်လမ်း။
စားလမ်းဆိုတာက ရွှေဖြစ်ငွေဖြစ်ထိုးတာ...အဲ ရိက္ခာထောက်ဆိုတာက ကျင့်ကြံ အားထုတ်နေရင်း တဖက်က စားရိတ်ရအောင် ရွှေဖြစ်ထိုးတာ..။
အထက်ထွက်ရပ်လမ်းဆိုတာက မအိုမနာဘဲ ထွက်ရပ်ပေါက်နိုင်အောင် ပြဒါး၊ သံစတဲ့ ဓါတ်ကြီးတွေကို သေ အောင် သတ်၊ ပြီးမှ ပြန်ပြီး ဓါတ်ကိုရှင်အောင်လုပ်တာ။ ခက်တယ် အချိန်ကြာတယ်။
ဒါဖြင့် ဓါတ်ကြီးလမ်းမှ ကြာတာလား စားလမ်းက လွယ်တာလားလို့ မထင်နဲ့ ...သူလဲ ခက်တာဘဲ။
ကျနော်အကျင့်က ခက်တာကိုမှ လုပ်ချင်တာ...သူလိုကိုယ်လို လူတိုင်းလုပ်နိုင်ရင် မလုပ်ချင်ဘူး...သူလုပ်ပေ့ စေ။ အခုကျနော် ကြားကစဉ်းစားတာ ရှေးအစဉ်အဆက်တန်ဘိုးထားတဲ့ ပညာကို လူတွေ ဘာကြောင့် မယုံသလဲ၊ ဘာကြောင့် အထင်သေးတာလဲ....ဘာကြောင့် မဖြစ်တာလဲ ဆိုတာ လနဲ့ ချီစဉ်းစားတယ်...။ ပညာရပ်...ကျနော်ဘ၀မှာ အလေးစားဆုံးနဲ့ စိတ်အ၀င်စားဆုံးစကားလုံးဘဲ။
ဒီတော့ ဒီပညာကို စိတ်ဝင်စားလာတာနဲ့ ကိုယ်ရှာဖွေရတော့တယ်...စာပေအထောက်အထား။
လောလောဆယ် လက်လှမ်းမှီနိုင်တာက နက္ခတ္တရောင်ခြည်နဲ့ လက်ကျန် ရှေးစာအုပ်တွေ ။ ရသမျှ သိမ်းကြုံးဝယ်ပြီး သေချာဖတ်တယ်...။
မေးတယ်။။။ လုပ်မယ်လို့ ဆုံဖြတ်ပြီးတာနဲ့ မဒမ်ဆူးကို ကြေညာလိုက်တယ်..။
“ ဒီနှစ် ကိုယ်ဇာတ်မကတော့ဘူး...ဖိုထိုးမယ်...အဂ္ဂိရတ် ထိုးမယ်” လို့ ။
သြော...သြော်..ဒီစကားကြားလိုက်တာနဲ့ မဒမ်ဆူးတို့ မိသားစုဝင်တွေ အားလုံး၊ အိုစမာဘင်လာဒင်က သူ တို့ အိမ်ကို လေယာဉ်နဲ့ 
ဝင်တိုက်မယ်လို့ အမိန့် ပေးတဲ့ စကား ကြားလိုက်သလိုဘဲ...။
မဒမ်ဆူးအမေ မောင်နှမတွေ အားလုံး မျက်စိပျက် မျက်နှာပျက်နဲ့ ...တားလိုက်ကြတာ..။သူတို့ ကမျိုးရိုးနဲ့ ထိထားတာလေ။
သူတို့ ထင်တာက ကျနော် တစ်သက်လုံး ဖိုထိုးတော့မယ် ထင်နေတာကိုး...။
ကျနော်က အငြင်းပွားတဲ့ ပညာကို စမ်းချင်တာ လက်တွေ့ လုပ်ချင်တာ...ဒီတော့ နားဝင်အောင်ပြောပြတယ်...။ အတိုက်အခံ လုပ်ပြောတယ်...။ ကျနော့်စိတ်ကိုသိတော့လဲ မဒမ်ဆူးအမေက လေအေးလေးနဲ့ .....
“ ကလေးနဲ့ မိသားစုတွေ တင့်တောင့်တင့်တယ်နေနေတာကိုလဲ ငဲ့ပါကွယ်”တဲ့..။ ကျနော်က ဂတိပေးပါတယ်...။
ကျနော်ဖိုထိုးမယ် ဆိုတာနဲ့ သူ့ ဘကြီး ကြားပြီး အပြေးလေး သုတ်ခြေတင်လာတာဘဲ....။ဝမ်းသာအားရပေါ့...။
ပြီးတာနဲ့ ရွတ်တော့တာဘဲ...
“ ဒီလိုရှိတယ်...ငါ့တူရဲ့ ကအစ.....သူသုံးနေကြ ဓါတ်လမ်းကို ပြောတော့တာဘဲ...။ရွှေဖြစ်လမ်း..
“ ဘော်ဒန်သံရွှေ ဒီိလေးထွေ...ပေါ့..။ ကျနော်က ပြန်မေးတယ်...
“ ဘော်ကို ဘယ်လို ယူဆလဲ”
“ အော်...ငါ့တူရယ်...ဘော်ဆိုတာ...ခဲမဖြူတို့ ဘော်တို့ ကြားဘူးတယ်မဟုတ်လား...အခုတစ်လုံးချိုင့်( ထမင်းဂျိုင့်)တွေပေါ့..ဒါဘဲ”
သွားပြီ...လွဲပြီ။
“ ဘော်ဆိုတာ...အဂ္ဂိရတ်အခေါ်နဲ့ ဆို ငွေ ကို ပြောတာ...ဘကြီး...”
“ ဟေ...ဟုတ်လား...”
“ ဒန်ကရော...”
“ ဒန်အိုးဒန်ချိုင့်တွေလေ”
“ မဟုတ်ဘူးဘကြီး...ကြေးနီစစ်စစ်ကိုပြောတာ”
“ကြေးနီ ဆိုတာ ၀ါယာကြိုးထဲက ကြေးနီလား”
“ ဒါလဲ ကြေးနီပါဘဲ ဒါပေမယ့် မစစ်ဘူး...သူ့ ကို ၀ါယာကြိုးလပ်ရင် ပျော့ပြောင်းအောင် တစ်ခြားဓါတ်တွေ ရောထားတယ်...ကြေးနီလိုချင်ရင် ဒုတ္ထာ ကနေ ယူရမယ်...ဒုထ္တာကလဲ မဲနယ်ဆိုးတဲ့အတုရှိတယ်...တောင်တွင်းကြီးဘက်က ဒုတ္ထာက ကြေးနီ ပါဝင်မှုပိုများတယ်...ဒီထက်စစ်တာလိုချင်ရင်...လူရဲ့ ဆံပင်ကို မီးကျွမ်းအောင်လုပ်...အားလုံး ပြာခဲမဲမဲကြီး ဖြစ်သွားမှ လက်ခြားချော်နဲ့ ထိုးပြီး ငှဲ့ ယူရင် ကြေးနီ စစ်စစ်ရမယ်..“
“ ငါ့တူ တယ်ဟုတ်ပါလား...ဘကြီး...သံကိုတော့ ခြသံ(တောင်ပို့ သံ)။ ရေသံ၊ စုံနေပြီ...အိမ်က ထင်းခုတ်တဲ့ ဓါးမတောင်မကျန်ဘူး..စမ်းပြီးပြီ...မဖြစ်ဘူး..”
“ ဘကြီးက ဓါတ်ကောက်တာတွေ လွဲနေတာကိုး...ဘယ်ဖြစ်မလဲ...ဒီစာမှာညွှန်းတဲ့ သံဆိုတာ လယ်မှာထယ်ထိုးတဲ့ ထယ်သွားထိပ်ကသံကိုပြောတာ...ရွှေဆိုတာ မိန်းမနားကပ်မဟုတ်ဘူး...အခေါက်ရွှေကို ပြောတာ...”
“ ဟုတ်လိုက်လေ...ငါ့တူရယ်...တစ်သက်လုံး လွဲလာတာ ခုမှဘဲ ပါရမီ ရှင်နဲ့ တွေ့ တာ ...ကဲ...ပြန်လိုက်ဦးမယ်ဟေ့...”
အမှန်ဆို ကျနော်က ဘာပါရမီရှင်မှ မဟုတ်ဘူး...သူ့ ဘာသာ ပညာရပ်တစ်ခုကို သေချာမလေ့လာဘဲ ရမ်းချနေတာ...။
သိပ်မကြာဘူး...ဘကြီးထွန်း သူ့ သားမက်ဆိုက်ကား တစ်စီးရောင်းပြီး ဖိုထိုးတော့တာဘဲ...။
ကိုယ်ကလဲဆရာကြီးမဟုတ်တော့ လေ့လာဆည်းပူးရင်း နောက်ထပ် ဖိုထိုးသူတွေတွေ့ ရတာဘဲ...။ ဖိုထိုးပြီဆိုတာနဲ့  ပြောချင် ဆိုချင် ၊ ကူညီချင်သူတွေ တွေ့ တာဘဲ...။
တစ်ချို ကြလဲ တစ်မျိုး...
“ ဘယ်လိုလဲ ဖိုထိုးမယ်ဆို....ရွှေဖြစ်ရင် ပြောနော်...ကယ်ဘို့ လဲမေ့ မနေနဲ့ ..”
“ ကျနော်ဖိုထိုးတာ ရွှေလိုချင်လို့ မဟုတ်ဘူး...ရွှေက အခုလဲမိသားစုကို အပြည့်ဆင်ထားတယ်...လိုရင် မီးသွေးဘိုးကုန်ခံစရာတောင်မလိုဘူး...အခုသမီးကို ပိုက်ဆံပေးပြီး ပြေးဝယ်ခိုင်းတာနဲ့ ရတယ်...ခင်ဗျား ရွှေလိုချင်ရင် ခြေအကောင်းလက်အကောင်းဘဲ...အလုပ်လုပ်ငွေစုပြီး ၀ယ်ပေါ့...ကျနော့်ကိုတောင် စောင့်နေစရာမလိုဘူး...”
ဒါမျိုးလူတွေလဲ တွေ့ ရတယ်...။
မီးသွေးကို စပါယ်ရှယ်ဖုတ်ပေးတဲ့ ကူညီသူတွေလဲ ရှိတယ်...။
ဖိုထိုးမယ်ဆိုတာနဲ့ ကိုယ်က အရင်ကုန်တော့တာဘဲ...။
ဖားဖိုဝယ်ရတယ် ပြုပြင်ရတယ် ဖိုခွင်ဆင်ရတယ်...။ ဖိုကို လိုအပ်တဲ့ လေပေးဘို့  လိုချင်တဲ့ မီးရဘို့  လေမှန်မှန်ပေးနိုင်ဘို့ မော်တာဆင်ဘို့ မလွယ်တော့ သမီးကို ၀ယ်ပေးထားတဲ့ BMX စက်ဘီးလေးကို သမီးနဲ့ တိုင်ပင်ပြီး တစ်စစီ ဖြုတ်တာဘဲ...ပြီးတော့ ဖိုခွင်ဆင်...သမီးကို ဖီးဆဲန့် အသစ်တစ်စီးဝယ်ပေး...သားအဖ၂ယောက် တက်ညီလက်ညီဘဲ...။
ထိုးမယ့်လုံတွေ ၀ယ်ရတာမနည်းဘူး...နောက် လိုအပ်တဲ့  ဓါတ်ဆေးတွေ ၀ယ်ရတယ်..။ လုံကိုဇော်ဂျီမန်ဘို့ ခြတောင်ပို့ မြေ ရှာရတယ်။
အချိန်တော်တော် ပေးရတယ်။
တစ်ချို့ ကလဲ ...
“ ဟာ...ဖိုထိုးရင် အရမ်းကာရော မထိုးရဘူး...စည်းချရမယ်..ပွဲပေးရမယ်၊ ဂါထာတွေရွတ်ရမယ်..အဖျက်အဆီးများတယ် ဇော်ဂနီဇော်ဂနက်တွေက နှောက်ယှက်ပြီး...အောင်မြင်တော့မယ့် ဓါတ်ကိုပါ ခိုးယူတတ်တယ်”
“ ခင်ဗျားပြောတာလက်ခံပါတယ်....ဒါပေမယ့် ရွှေ တစ်ကျပ်သားနဲ့ ခဲတစ်ကျပ်သားပေါင်းရင်...ခဲ+ရွှေ ၂ကျပ်သားရမယ်...
ပိုက်ဆံ ၅ကျပ်နဲ့  ပိုက်ဆံ ၂၀နဲ့ ပေါင်းရင် ၂၅ကျပ်ရမယ်လို့ သေချာသိရင် ပေါင်းကာနီး...ဂါထာရွတ်စရာ လိုသလား၊ စည်းချစရာလိုသလား”
“ ဟာ ခင်ဗျား ဂွကျလိုက်တာ...ကျုပ်ကစေတနာနဲ့ ပြောတာ...”
ကျနော် သူ့ ကို စော်ကားတာမဟုတ်ဘူး...တစ်ကယ်လဲ သူကဖိုထိုးနေတဲ့ လက်တွေ့ သမားမဟုတ်ဘူး...လေနဲ့ ဆရာလုပ်နေတာ...။
ဒီလိုနဲ့ သားအဖနှစ်ယောက်ဖိုထိုးတော့တာပါဘဲ...ဖိုထိုးတယ်ဆိုလို့ ဓါတ်ကိုဘဲစထိုးတာမဟုတ်ဘူး...အထောက်အကူပြု ဓါတ်တွေ အရင် လုပ်ယူရတာ...။ သွပ်ကို အရင်းတည်ရတာဆိုတော့ ဓါတ်ခဲဟောင်းတွေရှာပြီး သွပ်တွေယူရတယ်..သန့် သွားအောင် သွပ်ကိုအရည်ကြိုပြီး ထုံးရည်ကြည်ပူပူထဲမှာ အကြိမ်ကြိမ်လောင်းယူမှ မှန်ကြည့်လို့ ရအောင်ကို သန့် နေတဲ့ သွပ်စစ်စစ်ရတာ..။
ဒီအလုပ် လုပ်နေရင်းဘဲ အသိမိတ်ဆွေတွေ အများကြီးတိုးလာတာ..။ မွန်ဆရာတော်တစ်ပါးနဲ့ တွေ့ တယ်...ဆရာတော်က မိဘမဲ့ ရော...မိဘရှိပြီး ဆင်းရဲနေတဲ့ ကလေးတွေကို ကျောင်းမှာ ခေါ်ကျွေးမွေးတယ်...ကျောင်းထားပေးတယ်...လူပျိုအရွယ်ရောက်ရင် စင်္ကာပူကိုပို့ ပေးတယ်...အလုပ်လုပ်...ပြီးရင် ငွေပြန်ပို့  ၅ပုံပုံ...၃ပုံက ကောင်လေးတွေရှေ့ ရေးအတွက် လယ်တွေ အိမ်တွေ
ဝယ်ပေးတယ်...၁ပုံက မိဘတွေကို ပေးတယ်...ကျန်တဲ့ ၁ပုံကို သူဖိုထိုးတယ်...။ ကလေးတွေ ဘ၀ရှေ့ ရေးကို ရွှေဖြစ်အောင်လုပ်ပေးတယ်...။
“ ဆရာတော် အခု ဘာဓါတ်ထိုးနေလဲ”
“ ရွှေဖြစ်ထိုးတယ်”
“ ဘုန်းကြီး...ရွှေကိုဘာလုပ်ဘို့ လဲ”
“ ဘုန်းကြီး လူတွေကို ကယ်ချင်သေးတယ်...”
“ ဖိုခွင်မှာ သွပ်ပြားတွေ ချိုးဖဲ့ ထားတာ ဘာလုပ်ဘို့ လဲ”
“ အော်...ဒကာလေးကလဲ ရွှေဓါတ်ကို ထိုးမယ်ဆို သွပ်လိုတယ်လေ...ဒါကြောင့် ကျောင်းကိုလှုထားတဲ့ သွပ်ပြားတွေကို အရည်ကျိုနေတာ”
“ အရှင်ဘုရား...စာမှာပါတဲ့ သွပ်ဆိုတာ...အဲဒီ အမိုးသွပ်ပြားကိုပြောတာမဟုတ်ဘူး...ဓါတ်ခဲ သို့ မဟုတ် မီးရထားလမ်းတွေမှာသုံးတဲ့ သွပ်ငုတ်တိုင်တွေကတစ်ဆင့် သန့် ထုတ်တဲ့  သွပ်စစ်စစ် ကိုပြောတာဘုရား”
“ အဟုတ်ဘဲလား...ကျုပ် ကျောင်းက သွပ်တွေ တော်တော် ကုန်နေပြီ...ဒါကြောင့် ဘာမှ မဖြစ်တာနေမှာ”
“ ဒါဖြင့် နာ...ဆိုတာက”
“ နာဆိုတာ ငါးဖမ်းပိုက်ကွန်အောက်ဖက်တွေမှာဆွဲသီထားတဲ့  ခဲပျော့ကိုပြောတာပါ...ဘက်ထရီအိုးတွေက ခဲကျွတ်တွေမဟုတ်ဘူး...”
“ အော်....ခဲလို့ ရေးလိုက်ရင်ပြီးရော...အခု ကျုပ် နာ ဆိုတာ ရှာနေတာ...တော်တော် ကြာနေပြီ..ဘယ်လိုမှ မတွေ့ ဘူး...ခုသိပြီ..
ဒါနဲ့ ပြဒါးစစ်ကိုဘယ်လိုလုပ်မလဲ”
“ ဆိုင်တွေမှာ ရောင်းတဲ့ ပြဒါးက ခဲနဲ့ ရောထားပြီး အကြံအဖန်လုပ်ထားတယ်...ပြဒါးစစ်စစ်ကို လိုချင်ရင် ...အဆက်အသွယ်ကောင်းရင်တော့ ဓါတုဗေဒ ဓါတ်ခွဲခန်းတွေမှာ မေးဝယ်ပါ...တစ်ချို့ နိုင်ငံခြားက လာတာဆို ပြဒါးစစ်တယ်...တခြားနည်းနဲ့ ဆိုရင်တော့ အသီးမသီးတဲ့ သင်္ဘော အဖိုပင်ကို ယူပြီး ဇောက်ထိုးထား ရေနံချေးအ၀တ်ကို ထိပ်မှာပတ်ပြီးမီးရှို့ ...အောက်က မြေအိုးခဲထားရင် ပြဒါးစစ်စစ်တွေ စီးထွက်လာမယ်...အဲဒါကို ထပ်သန့် ချင်ရင် ပျားရည်စစ်နဲ့ နယ်ပြီး ရေဆေးလိုက်တာနဲ့ ပြဒါးစစ်ရတယ်...ဒါမှမဟုတ် ကွမ်းရွက်စိမ်းနဲ့ နယ်ရင်လဲ ပြဒါးရဲ့ အညစ်အကြေးတွေထွက်တယ်...”
“ ဟုတ်ပြီ...ဒီလိုလုပ်ပါလား..ဒကာလေး...ဒကာလေးမိသားစုအတွက်ဆန်ပြည့်ဆီပြည့်ဖြည့်ပေးမယ်...ဒကာလေးကိုလဲ လခပေးမယ်...ဘုန်းကြီးဆီမှာ ဖိုထိုးပေးပါလား“
“ မလုပ်ပါနဲ့ ဘုရား...တပည့်တော် ဘာမှမတတ်သေးပါဘူး...သိသလောက်လေး ကူညီပြောပေးတာပါ တပည့်တော်မှာလဲ အလုပ်တွေများတယ်...”
“ ဒါဆို အမြဲ လာလည်ကွာ...”
“ တင်ပါ့”
........
နောက်ဆရာတော်တစ်ပါးက ရန်ကုန်ဘက်က လာတာ ဒီိနယ်ဘက်မှာ ခြံမြေ၀ယ်ပြီးကျောင်းဆောက်လို့ ...ဖိုထိုးတယ်လို့ သတင်းလွှင့်ထားတာ...
ပုပ္ပါးဆရာတော်...။
ဖိုထိုးတယ်ဆိုတာနဲ့  ဖိုသမားတွေ ၀င်လာမဆည်းဘဲ...။
ဘုန်းကြီးက ထိုင်နေရင် ကတ္တီပါခေါင်းအုံးအနီရောင်လေးကို တံတောင်ခုပြီး ထိုင်တာ...
အာပေါင်အာရင်သန်သန်နဲ့  အဂ္ဂိရတ်စာတွေလာရွတ်ပြရင် လက်ဝါးလေးကာပြီး ခဏနေဦးဆိုပြီး သင်္ကန်းရုံထဲ လက်ထိုးထဲ့ ပြီး
ခါးပန်းကြိုးထဲမှာ သိမ်းထားတဲ့ ဓါတ်လုံး ၆လုံးလောက်ကို ခေါင်းအုံးလေးပေါ်တင်လိုက်တာဘဲ...
“ ဒကာ...အခုဖိုထိုးနေတာ...ဒီိလိုဓါတ်လုံးမျိုးပိုင်ဘူးပြီလား...ရဘူးပြီလား...သေချာကြည့်...ဒါကသွပ်ဓါတ်လုံး၊ ဒါကပြဒါးနဲ့ ထိုးထားတာ၊ ဒါကသံနဲ့ ထိုးထားတာ...နောက်ဆေးဒါန်းဓါတ်လုံးတွေလဲရှိသေးတယ်...”
ပြလိုက်တဲ့ ဓါတ်လုံးကြည့်ပြီးတာနဲ့ ပြောနေတဲ့ ဖိုသမားကပါးစပ်ပိတ်ပြီး...၀ပ်စင်းသွားတာဘဲ..။ ကျနော်က လူကိုထက်မူကိုကြည့်တာ...
ဓါတ်တွေမှာလဲမြှုပ်ကွက်ရှိသလို ဘုန်းကြီးတွေ လူတွေမှာလဲ မြှုတ်ကွက်ရှိတယ်...
တရားကို ပိုင်ပိုင်နိုင်နိုင်စွဲစွဲမြဲမြဲကျင့်ကြံနေသူတွေ သံဃာတော်တွေရဲ့  ကိုယ်နှုတ်အမူအယာတွေက နူးညံ့သွားတယ် ဆိုပေမယ်...အခုကျနော် က ဇာတ်မင်းသားတစ်ယောက်ရဲ့ အတွေ့ အကြုံနဲ့ သုံးသပ်လိုက်တော့ ဒီဘုန်းကြီးက တရားကြောင့် နူးညံ့တာမဟုတ်ဘူး...
နည်းနည်း ဂျယ်နေတာ...သိပြီ။ (မတန်ခူး ကြီးကြီးလိုမျိုး)သူ့ လက်ဟန်ခြေဟန်...ထူးခြားနေပြီ...။
အလိုလိုက်အကြိုက်ဆောင်ပြီး...အဖြေရှာရမယ်ဆိုတော့...သူလိုချင်တဲ့ ဂဏန်းလေးတွေ...၂လုံး၃လုံး...ခင်းပြီး ကျားကွက်ရွှေ့ လိုက်တာနဲ့ ...ပေါ်ပါပြီ...
“ ကောင်းလိုက်တဲ့ ...အမြင်ဓါတ်ဘဲ....ကွက်တိဘဲ...မနေ့ က ၁၀၀၀ဘိုး ရလိုက်တယ်...မနက်ဖြန် ဘာရထားလဲ..”
“ အရှင်ဘုရား ဒီလောက်ဓါတ်တွေ နိုင်အောင်ထိုးထားတဲ့ အကျင့်သီလနဲ့ ဆို...လောကကို အကုန်နီးပါးမြင်နိုင်တာဘဲ...၂လုံးတိုက်နဲ့ ချဲဂဏန်းကို မမြင်ဘူးလား...”
“ ရှုးးးးးး တိုးတိုး၊ အဲဒီဓါတ်လုးံတွေက ပိုက်ဆံပေးပြီး ၀ယ်ထားတာ...တကယ် ဖိုထိုးနေသျူေတွကို လိုအပ်တဲ့ ဆေးဘို့ မီးသွေးဘိုးနဲ့ ပညာကြေးနင့်နေအောင်ပေးလိုက်ရင်...လိုချင်တဲ့ ဓါတ်လုံး ၀ယ်လို့ ရတယ်...ဒါတွေဆောင်ထားပြီး လူရှိန်အောင် လုပ်ထားတာ...”
တဖြည်းဖြည်း အတွင်းရေးတွေသိလာမှ ဒီဘုန်းကြီးက မလေးရှားလူပို့ နေတဲ့ အဖွဲ့ ။။။လာတဲ့ လူတွေကလဲ စစ်ဘက်နဲ့ ပါတ်သက်သူတွေ..နောက်ဆုံးပြောရရင် သူ့ မှာ စစ်သုံးဆက်သွယ်ရေးစက်ကအစရှိနေတာသိခဲ့ ရတယ်...။
.....
နောက်ဆရာတော်၂ပါးမှာ တစ်ပါးက သင်္ဘောကပ္ပတိန်ဟောင်း ပညာတတ် ဘွဲ့ ရပြီးသား...ဖိုထိုးပြီး...ဘာမှန်းမသိတဲ့ ဓါတ်လုံးကို ပါးစပ်ထဲမှာ အမြဲငုံထားတာ...ဖိုထိုးတယ် အယုနတ္တော အကုန်ပြောတယ်...။
ဒီပါတ်ဝန်းကျင်ရွာတွေကို ပြဒါးရှင်နဲ့ ကယ်ဘို့ တဲ့...၊ စော်ကားရင်တော့ တစ်ရွာလုံးနူအောင်လုပ်မယ်ဆိုဘဲ...။
နောက်ဆရာတော်က ဆေးလဲပိုင်တယ်..ဓါတ်လဲနိုင်တယ်...တစ်ကယ်ထိုးတယ်...ဓါတ်လုံးတော့ပိုင်နေပြီ...ရွှေပြာရအောင်လုပ်နေတာ...
ရွှေပြာရရင် နာ(ခဲ)ကို အလှုမှာချက်တဲ့ မိုးဗြဲဒယ်နဲ့ အပြည့်ကျိုပြီး ရွှေသေပြာ ကွမ်းရိုးတစ်တို့ ထည့်တာနဲ့ တစ်ဒယ်လုံးရွှေဖြစ်အောင် ကျိုးစားနေတာ...လောလောဆယ် ရွှေပြာမရသေးဘဲ..ရွှေလုံးပါပျောက်ပျောက်သွားလို့ စိတ်တိုနေဆဲ...တပည့်တွေကို အော်ဆဲနေဆဲ...။
ပြဒါးကို အရင်းတည်ပြီးထိုးထားတာဖြစ်ဖြစ် သံကိုအရင်းတည်ပြီးထိုးထားတဲ့ ဓါတ်လုံးဖြစ်ဖြစ် ရွှေဓါတ်လုံးဖြစ်သွားပြီးရင် နောက်ထပ်ရွှေကိုကျွေးနေ၇တယ်..ရွှေတော်တော်ကုန်တယ် ၊ဓါတ်လုံးက မြိုပစ်တာ။
ဓါတ်လုံးက မစားနိုင်တော့ဘူးဆိုရင် စားထားတဲ့ ရွှေတွေကို ပြန်အန်တော့တာ...ပြာ အဖြစ်နဲ့ ..။ အဲဒီပြာကို ပြောတာ ခဲတစ်ဒယ်လုံးထဲကို ကွမ်းတစ်တို့ ထည့်ရုံနဲ့ အကုန်ရွှေဖြစ်တယ်ဆိုတာ.။
ကိုယ်တည်ထိုးထားတဲ့ ဓါတ်ကမမှန်ရင် ရွှေဓါတ်လုးံဖြစ်နေမယ်...ရွှေကျွေးရင် စားမယ်...လမ်းမမှန်တော့ ပြန်မအန်ဘူး...တစ်သက်လုံးကျွေး...တစ်သက်လုံးစားမှာဘဲ...ပြန်တော့မအန်ဘူး။။။ အဲဒီမှာဘဲ ခြံပြုတ်အိမ်ပြုတ် စီးပွားပြုတ်တာ...လောဘစိတ်လေ...။
ကျနော်တွေ့ သလောက်ကတော့ သူများကိုကယ်ဘို့ ထက် လောလောဆယ် သူ့ မီးသွေးဘိုးဆေးဘိုးတောင် သူဟာသူ မကယ်နိုင်သေးဘူး..။
တစ်ကယ်ဖြစ်နေတာ၊ ဓါတ်လုံးအောင်တာတွေလဲ ရှိတယ်..။
ဒီပညာက တစ်ကယ်နက်နဲပါတယ်...။
မီးအချိန်အဆ၊ ဆေးအချိန်အဆ။ ခက်တယ်။။
မီးက အကြမ်းဖျဉ်း ၃မျိုး၊မီးအေး၊ မီးလတ်၊ မီးပြင်း...။မီးမပိုင်ရင် ဖိုမကိုင်နဲ့ တဲ့..။
ဆေးကရော...။
ရှေးပညာရပ်တွေခက်ခဲတယ်ဆိုတာ ဘာကိုပြောတာလဲ...။ စာတွေ့ လက်တွေ့ လွဲတာတွေ အများကြီးဘဲ...။
အနောက်တိုင်းဂန္ဓာရီ ပညာတွေမှာက ဆေးအချိန်အဆ တိကျတယ်...ဓါတ်သန့် သန့် ကို အချိုးအစားမှန်ပုံသေနည်းရှိတယ်..။
ဥပမာ....ဓါတု အီကွေးရှင်း ၃၃ ကြောင်းလိုပေါ့...မှားစရာမရှိဘူး...ကွက်တိဘဲ..။
ကျနော်တို့ ဆီမှာက ချိန်ခွင်လေးတွေနဲ့ ချိန်တယ်...ရွေးစေ့ နဲ့ ချိန်တယ်...။
ကျနော်သုံးတဲ့ ရွေးစေ့နဲ့ စာမှာပါတဲ့ ရွေးစေ့ ဘယ် ညီနိုင်မလဲ..။
နောက်ကြေးနီ တစ်ကျပ်သားထည့်ရမယ်လို့ အတိအကျမရေးဘဲ...ဒုတ္ထာ၅ ကျပ်သားအမှုန့် ပြုပြီး ထိုးရမယ် ဆိုရင်...
ဒီဒုတ္ထာ ၅ကျပ်သားမှာ ကြေးနီဓါတ်ပါဝင်မှု ၇ာခိုင်နှုံး အချိန်အဆက တောင်တွင်းကြီးက ဒုတ္ထာရဲ့ ဓါတ်သိပ်သည်းမှုနဲ့ မော်လမြိုင်က ဒုတ္ထာ သိပ်သည်းမှု မတူနိုင်ဘူး...ဒုတ္ထာ ၅ကျပ်သားသုံးတာခြင်းတူပြီး...ကြေးနီဓါတ် သိပ်သည်းမှု တူနိုင်မလားဆိုတာ မတွေးကြတော့ လွဲကုန်ပြီ...ကြားထဲ မဲနယ်ဆိုးထားတဲ့ ဒုတ္ထာ အတုနဲ့ ထိုးနေရင်တော့ သွားပြီ ..ဘာမှ မဖြစ်တော့ဘူး...။
စိန်နီမြင်းသွား ဆိုတာကလဲ ရွှေလောက်ဈေးကြီးတယ်...အတုရှိတယ်...သာမန် ထိုးကာစလူက ဘယ်လိုမှ မခွဲနိုင်အောင်တူတယ်...ဒါကို အစစ်လို့ ထင်ပြီး ထိုးနေရင်လဲ သွားတာဘဲ...။
ဒါကြောင့်ဆေးမပိုင်ရင် ဓါတ်မကိုင်နဲ့ တဲ့..။
ဆက်ကြပါဦးစို့ ...ဒိလိုအမျိုးမျိုး တွေ့ တာတွေထဲက ဆောင်သင့်ရှောင်သင့်တာတွေ သတိထားပြီး သားအဖနှစ်ယောက် ဖိုထိုးတာဘဲ...။
ရွှေလိုတယ်ပြောတော့ မဒမ်ဆူးကတော့ ပါရမီဖြည့်ဖက်ပီပီ အခေါက်ရွှေ တမတ်သား ပြေးဝယ်ပေးတယ်..။
ထမင်းတောင် နားပြီး မစားနိုင်ဘူး...ကျနော်တို့ သားအဖကို မဒမ်ဆူးက ထမင်းပန်ကန် ပို့ ပေးတယ်...ဖိုထိုးရင်းစားဘဲ...သမီးက လေ ရအောင် ဖားဖိုနဲ့ ဂျွိုင်းထားတဲ့ စက်ဘီးလေးကို လိုသလိုကျနော် ညွှန်ကြားချက်နဲ့ နင်းတာပေါ့...ပျော်စရာလဲ ကောင်းတယ်...။
ဖိုထိုး၇င် ဂါထာရွတ်ရမယ် ပြောပေမယ့်...သမီးကတော့ သူ့ အဖေ ဇွတ်နက်ဆူးကိုယုံတယ်...သူဘာရွတ်လဲမမေးနဲ့  သူ့ ခါးပိုက်ထဲမှာ အပြည့်ဝယ်ထည့်ပေးထားတဲ့ ဇီးထုပ်မျိုးစုံစားလိုက် ၊ ပိုးအိစံ သီချင်းလေး တစ်ကြော်ကြော်အော်ဆိုလိုက်နဲ့ ..။
ကျနော်လစ်ရင် သူ့အဘွားက ဒီလောက်တောင်အတွဲညီရလားဆိုပြီး သမီး ဗိုက်ခေါက်ကို ဖွဖွလေးဆွဲလိမ်တတ်သေးတယ်..။
နေ့ ဘက်ဖိုထိုး...ညဖက်စာဖတ်အဖြေစဉ်းစားနဲ့ .....။ ပါတ်ဝန်းကျင်အမျိုးမျိုးပြောတဲ့ ကြားက..၁လ ကျော်လာတော့...
သွပ်ကိုအရင်းခံပြီး အခေါက်ရွှေ တစ်မတ်သား ထိုးကျွေးလိုက်တာ...နောက်ဆုံး...ဖြူသလိုလို ရွှေသလိုလိုနဲ့ ၃ကျပ်သားကျော်တဲ့ အခဲကြီး...ရလာတော့တယ်..။ ဘာလို့ ပြောရမယ်မှန်းလဲမသိဘူး...။
အဖြေလဲ မထွက်ဘူး...။ မဒမ်ဆူးက ပြုံးပြုံး ပြုံးပြုံးနဲ့ ...။သူ့ အမေကလဲ ကွက်ကြည့်ကွက်ကြည့်။
နောက်တော့ ကိုယ်တိုင် ဘာလုပ်ရမယ်မှန်းမသိတော့ဘူး...စာညွှန်းက ပြီးပြီ။ ကိုယ်က ရွှေမဖြစ်သေးဘူး...။
ပြီးမှ တစ်ခုကို စဉ်းစားမိတာနဲ့ မဒမ်ဆူးသူငယ်ချင်းပန်းထိမ်ဖိုကို လွှတ်ပြီး...ရထားတဲ့ ဓါတ်ကို ငရဲမီး စားခိုင်းလိုက်တာ...။
ငရဲမီးဆိုတာက ဆာလဖြူရစ်အက်စစ်အပြင်းစား။ ရွှေကလွဲရင် ကျန်တဲ့ ဓါတ်တွေ အကုန်စားပြီး လောင်ကျွမ်းနိုင်တယ်...။
သူ့ သူငယ်ချင်းက ငရဲမီးစားပြီးမှတ်ကျောက်တင်ပြီးတော့ မဒမ်ဆူး အပြေးပြန်လာတယ်...
“ ကို....သူပြောတယ် ငရဲမီးလဲခံတယ်..မှတ်ကျောက်လဲ အတင်ခံတယ်...ဒါပေမယ့် ၁၅ပဲရည်လောက်ဘဲ ဖြစ်နေတယ်တဲ့..။
ဒါကို သန့် လိုက်မိုက်ခွဲ( ရွှေသန့် အောင်ခွဲထုတ်ခြင်း) ပြီး အရောင်တင်လိုက်တာနဲ့  ရွှေ ဖြစ်ပြီတဲ့ ...။
ဝမ်းသာပေမယ့် ကျနော်မယုံဘူး...
ငါ...ဖိုထိုးတာ ကိုလှောင်ချင်လို့ များ အတည်ပေါက်နဲ့  နောက်တာလားထင်လို့  တစ်ခြားမြို့ ကပန်းထိမ်ဖိုကို ငရဲမီး စားခိုင်းတယ်...
လုံးဝငရဲမီးမစားဘူး..။ မှတ်ကျောက်တင်ခံနိုင်တယ်...။
ဝမ်းသာပီတိစိတ်က တစ်ကိုယ်လုံးဘဲ...။ ကြက်သီးတွေတောင်ထတယ်..။
ကျနော် ရွှေအဖြစ်သန့် မထုတ်ပါဘူး...
ကျနော်လိုချင်တာ ရွှေမဟုတ်ဘူး....သက်သေ..။
ဒီပညာရပ်ကို စော်ကားပြောချင်တဲ့ လူတွေကို ပြနိုင်မယ့် သက်သေ..။
ကျနော်က ဘာလို့ တစ်ချီဘဲထိုးပြီး...ရွှေအဖြစ် အောင်မြင်တာလဲလို့ မေးစရာရှိပါတယ်..။
အဖြေကတော့.................... စဉ်းစားခြင်းနဲ့ တိကျမှု..ပါဘဲ..။။
ပါရမီလို့ ပြောချင်ရင်လဲ မငြင်းပါဘူး။ အိမ်ရောက်တာနဲ့ ဖိုထိုးနေတဲ့ ပစ္စည်းတွေ အကုန်ဖျက်သိမ်းလိုက်တယ်...။ ပြီးပြီ။
ဖိုဆက်ထိုးစရာ အကြောင်းမရှိတော့ဘူး...လိုချင်တဲ့အဖြေရလိုက်ပြီိ..။
မဒမ်ဆူးတို့ အမေနဲ့ တစ်ခြားမိတ်ဆွေတွေကိုပြပါတယ်...ကြိုက်တဲ့ ဆီမှာ သွားစမ်းခိုင်းတယ်...။
ကျနော်လုပ်ကိုင်နေတာလဲ တွေ့ တယ်...။
ရလာတဲ့ ဓါတ်ကိုလဲ တွေ့ ပြီဆိုရင် ဒီပညာကို မစော်ကားဘို့ ပြောတယ်...။
ပညာရပ်တိုင်းမှာ မြှုပ်ကွက်ရှိတယ် နက်နဲတယ်...။
ရှေးဟောင်းပညာတွေက ပိုနက်နဲပါတယ်...။
ပညာရပ်တစ်ခုကို ပြောမယ်ဆိုရင် စဉ်းစားပါ...လေ့လာပါ..လက်တွေ့ မလုပ်နိုင်ရင် မပြောနဲ့ ..။
လက်တွေ့ တော့ လုပ်ပြီး.. ခိုင်မာတဲ့ သက်သေမပြနိုင်ရင် မပြောနဲ့ ..။
.........
မယောင်ရာဆီလူးပြီး လက်ပံပင် ဓါးနဲ့ ချိုင်တာတော့ မဟုတ်ဘူး...။
နိုင်ငံရေးဆိုတာလဲ ရှေးဟောင်းပညာရပ်တစ်ခုပါဘဲ
ကျနော်က နိုင်ငံရေးမှာ ဆရာကြီးမဟုတ်ဘူး...ဘာကောင်မှလဲ မဟုတ်ပါဘူး..။
အရှင် အဇ္ဇဂေါဏက ရွှေဖြစ်အောင်လုပ်ပြီး ပုဂံပြည်သူတွေ ပြည်သားတွေကို ကယ်တင်ခဲ့တယ်...။
ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး ဖိုထိုးပြီး မြန်မာပြည် လွတ်လပ်ရေး ရအောင် နိုင်ငံရေးဖိုထိုးခဲ့တယ်..။
ကျနော်ထိုင်းမှာနေခဲ့တုန်းကနေ အခုထိ နိုင်ငံရေးလောကကို လေ့လာပေါင်းသင်းတဲ့အခါ....
ဘကြီးထွန်းညွန့် လို နိုင်ငံရေးဖိုထိုးသူတွေလဲ တွေ့ တယ်.....
မွန်ဆရာတော်လို နိုင်ငံရေးဖိုထိုးနေသူတွေတွေ့ တယ်.....
ပုပ္ပါးဆရာတော်လို ဖိန့် လုံးတွေနဲ့ နိုင်ငံရေးဖိုထိုးသူတွေလဲ တွေ့ တယ်...
သင်္ဘောသား ဘုန်းကြီးလို နိုင်ငံရေး ဖိုထိုးသူတွေလဲ တွေ့ တယ်...
ဆေးဘုန်းကြီးလို ထိုးကျွေးပြီးရင်း ထိုးကျွေးနေတဲ့ နိုင်ငံရေး ဖိုထိုးနေသူတွေလဲ တွေ့ ဘူးပါတယ်...
ဖိုထိုးတယ်ဆိုတာ လောကီိ ကိစ္စတွေပါ...
နိုင်ငံရေးဆိုတာကလဲ လောကီ ကိစ္စတစ်ခုပါဘဲ...။
သူများကိုလဲ ကျနော် မနင်းတတ်ဘူး...
ကျနော့်ကိုလဲ လာမနင်းနဲ့ မကြိုက်ဘူး....
အချင်းချင်းလဲ ချမနင်းတတ်ဘူး....
ဒါပေမယ့် မြန်မာတစ်ပြည်လုံး ရွှေဖြစ်အောင် ကယ်မယ်လို့ ကြွေးကြော်နေတဲ့....ဆရာ့ဆရာတွေ နောင်တော်ကြီးတွေကို
စေတနာနဲ့ စကားတစ်ခွန်း ပြောချင်တယ်...။
နိုင်ငံရေး ဖိုထိုးရင်....
မီးသဘောကို နားလည်သင့်တယ်...မီးအေး...မီးလတ်...မီးပြင်း
ဓါတ်သဘောကို နားလည်ရမယ်...ထောက်ကန် ရုန်းကြွ ပူးသတ် ဖိသတ် သဘော...။
အချိန်အခါကို သတိရှိရမယ်...အချိန်အဆကို မှန်ကန်ရမယ်...။
ဆေးမပိုင်ရင် ဓါတ်မကိုင်နဲ့ ...။ မီးမပိုင်ရင် ဖိုမကိုင်နဲ့ ....။ စကားတစ်ခုရှိသေးတယ်...
ဓါတ်တူနာမ်တူ ဆေးဘက်ယူ...နာမ်တူသတ်က အသေရတဲ့ ..။
ကိုယ်ထိုးနေတာ ကိုယ်တိုင် ဘာဓါတ်မှန်းမသိရင် မကောင်းဘူး
နိုင်ငံရေး ဖိုထိုးတဲ့အခါ ဘေးပယောဂများတယ်..
အရေးကြီးဆုးံကတော့ ထိုးကျွေးရတာများနေရင် လမ်းကိုပြန်စဉ်းစား...။


မိမိကိုယ်တိုင်လုပ်ခဲ့ဘူးသော အတွေ့ အကြုံကို စဉ်းစားရင်း ပညာကျော်တို့ အား စေတနာဖြင့် လက်တို့ ခြင်းမျှသာ....

သစ်နက်ဆူး

Saturday, December 13, 2008

“ သူခိုးဖမ်းတဲ့ည ”



ဟိုးတုန်းကပေါ့...ကျနော့်ဆရာနဲ့ အတူ ပျဉ်းမနား နှစ်ကျိတ်ရှစ်ဆူ တပေါင်းပွဲကပြီးတော့ ကျနော်တို့ ဇာတ်အဖွဲ့ ပျဉ်းမနား
တောင်ညိုဘက်မှာ ရုံပွဲတွေ လှည့်ကခဲ့ဘူးပါရဲ့ ...။
ကျနော့်ဆရာက BSC ဘွဲ့ ရပြီးသား၊ ၀ါသနာပါလွန်းလို့ ဇာတ်ကနေတာ...။ စိတ်ထားကောင်းတယ်...ယဉ်ကျေးတယ်...။
ဆရာတပည့်အတွဲလဲညီခဲ့ ကြတယ်...ဘယ်လောက်အတွဲညီလဲဆို ဆရာ နှစ်ပါးကနေရင်း အရက်ခိုးမော့တာကအစ သူ့ အဖေမမြင်အောင် တောင်ရှည်ပုဆိုး ၀တ်သလိုလိုနဲ့ ကာပေးတတ်တယ်...။
နေ့ ခင်းအိပ်ယာကနိုးရင် ထန်းတောထဲမှာ ထန်းရည် သွားသောက်ပြီး...ဇာတ်ရုံရှိရာကို လေးဘက်ထောက်ပြီး လာခဲ့ ကြတာလဲ အတူတူ...။ အဲ...နောက်ပိုင်းမကချင်တာလဲတူတယ်...ဆရာက ခွန်းထောက်တောင်မဆိုနိုင်အောင်ကို အသံအားနည်းတယ်...။
ကျနော့်ကို တော်တော်ချစ်တယ်...ခေါ်ရင် သားလို့ ခေါ်တတ်တယ်...ဆရာနဲ့ ကျနော်ကြားမှာ ထူးထူးခြားခြားဆိုလို့ သူနဲ့ အတူကဘို့ စာချုပ်တုန်းကတော့ နှစ်ပါးသွာ့းရင် ဂျွမ်းမထိုးရလို့ စာချုပ်ထဲမှာ ထည့်ရေးဘူးတယ်...။
သူက ဂျွမ်းလုံးဝမထိုးတတ်ဘူး....အနုပညာစစ်စစ်အကပိုင်းကတော့ သွားမစမ်းနဲ့ ၊ ပါတ်မချက် ၁၀၀ ကလိုက်ရုံနဲ့ တော်ရုံလူ လန်ထွက်သွားမယ်...ဆရာ့ဆီက အကပညာကို အကုန်နီးပါးရခဲ့ လို့ ဘဲ ကျနော်သူများထက် ပွဲလည်တင့်ခဲ့တာ..။
ပျော်စရာတွေနဲ့ ဆရာတပည့်အတူကရင်း ပျဉ်းမနားတောင်ညိုဘက်မှာ ကဘို့ ဖြစ်လာတာလေ...ကျနော်တို့ က နောက်ပိုင်းမကဘူး...နှစ်ပါးမိုးလင်းအမြဲကတယ်...။ဒီအဖြစ်လေးဖြစ်ခဲ့တာက အဲဒီနယ်ဘက်မှာဘဲ ယိုးဒယား ဦးအောင်မြိုင်ရဲ့ ဇာတ်က ခါးပြတ်ပြီး ဇာတ်အဖွဲ့ ပျက်သလိုဖြစ်နေတာ..သူကဘဲနည်းမျိုးစုံနဲ့ သူ့ အဖွဲ့ သားတွေကိုရှာကျွေးနေတာ....။
ကျနော်တို့ အဖွဲ့ဆီရောက်လာပြီး ထိုက်သင့်တဲ့ ညကြေးပေးပါ...သူနောက်ပိုင်းကပါရစေလို့ တောင်းဆိုလာတယ်..သူရတဲ့ ညကြေးနဲ့ သူ့ ဇာတ်အဖွဲ့ အတွက်စားစရိတ် ဖန်တီးရမှာမို့ ဘ၀တူခြင်း နားလည်ကူညီမှုနဲ့  ကျနော်တို့ ဆီမှာ နောက်ပိုင်းကပြပေးဘို့ သဘောတူခဲ့တယ်...။
ဟိုးတုန်းကတော့ယိုးဒယားအောင်မြိုင်ဆိုတာ နာမည်ကြီးပါ...ဖြူဖြူနွဲ့ နွဲ့ နဲ့ ။ သူနာမည်ကြီးတာက ကိုးမြို့ ရှင်နဲ့ ပုလဲယဉ် နောက်ပိုင်း။
နောက်ဆုံး ဇာတ်တော်ပေါင်းသော်နတ်ပင့်...နတ်က ဒ၀ါချက်( ပိုက်ဆံရှာ)ပေါ့...။
နှစ်ပါးမိုးအလင်းဘဲအမြဲ အမြဲကနေရလို့ သူရောက်လာတာ သက်သာပြီ အိပ်ရေးဝပြီ ထင်နေခဲ့တာ နတ်မြှားဦးက ကျနော်တို့ ဘက်လှဲ့ လာပါရော..။
ကိုးမြို့ ရှင် ဇာတ်ထုပ်မှာ ပုလဲယဉ်ရဲ့ သား၂ယောက်ဖြစ်တဲ့ ခွန်ချို ၊ခွန်သာ နေရာက ကပေးရမတဲ့ ...။
မကချင်ပါဘူးပြောလဲမ၇ဘူး...ဇွတ်။ ကြေညာထားပြီးပြီဆိုဘဲ...။ နောက်ပိုင်းမကချင်ပါဘူးဆိုမှ...။ ဆရာဆိုပွစိပွစိနဲ့ ပြောမဆုံးဘူး...။
“ ကွာ...ဒါကြောင့်လူကြီးတွေပြောတာသားရ...ခြေနှစ်ချောင်းလဲ မကယ်နဲ့  မင်းလှေမျောလဲ မဆယ်နဲ့ တဲ့ ...အခုကြည့်ပါဦး...”
“ အခုနတ်လှေကြီးကို ကျနော်တို့ ဆယ်မိသွားတာလေ”
“ အေးကွာ...ငိုချင်းမချတတ်ပါဘူးဆိုနေမှ...”
“ ဖော်လိုဘဲ လိုက်ကြတာပေါ့ အကိုရာ...”
ဒီလိုနဲ့ ကဘို့ ဇာတ်ကွက်ချတာပေါ့...ကိုးမြို့ ရှင်က သားနှစ်ပါးကို ခွန်ချိုခွန်သာေ၇...လို့ အော်ခေါ်မှ ရှမ်းဝတ်စုံတွေနဲ့ ထွက်ရမှာ...။
ကြားမှာ အချိန်တွေ ဟ နေသေးတော့ နှစ်ပါးဝတ်စုံတွေကို အေးဆေး ချွတ်လို့ ရတာပေါ့...။
ကပြရတာကရုံပွဲပါ.။
နှစ်ပါးသွားပြီးတော့ဆရာတပည့်အေးဆေးပေါ့...ထွက်ရမယ့်အခန်းက နည်းနည်း အချိန်ရသေးတယ်။ဆရာက နှစ်ပါးပြီးတော့ ရုံပြင်ကို အပေါ့အပါးသွားဘို့ အဖော်ခေါ်တယ်..သူက သရဲ အားကြီးကြောက်တာ...။ နှစ်ပါးဝတ်စုံတွေနဲ့ ရုံပြင်ထွက်လိုက်တာနဲ့ ဆောင်းလေအေးကို တွေ့ ရတာဘဲ ၊ မြူနှင်းတွေနဲ့ ဖုံးပြီး ခပ်ဝေးဝေးကို ဘာမှတောင်မမြင်ရပါဘူး...။
အပေါ့သွားနေတုန်းဘဲ...
“ သူခိုးတော့်..သူခိုး...ကယ်ကြပါ...ကျမပိုက်ဆံသေတ္တာလူုသွားလို့ ပါ...သူခိုးသူခိုး” ဆိုတဲ့ အော်သံတိုးတိုးကို ကြားရတာဘဲ...။
အော်ဟစ်ပြီး အကူအညီတောင်းနေတဲ့ အသံက ဇာတ်ပွဲကအသံတွေကို ဖောက်မထွက်နိုင်ပါဘူး။ ကျနော်တို့ ကဇာတ်ရုံနောက်ဘက်နားရောက်နေလို့ သာ ကြားလိုက်ရတာ..။
နားစွင့်ပြီး ရပ်ကြည့်နေတုန်း နှင်းမြူတွေကြားကနေ လူတစ်ယောက် ဇာတ်ရုံရဲ့ ဟိုးနောက်ထန်းတောဘက်ကို ပြေးသွားတယ်.
ကျနော်တို့ ကလဲ ကြည့်နေတယ်ဆိုတာက သူခိုးလား၊ သူခိုးလိုက်သူလား ဘာမှ မသိသေးဘူး...။
ခဏဘဲကြာတယ်..အသက် ၆၀ကျော် အဒေါ်ကြီးတစ်ယောက် “ သူခိုးတော့...သူခိုး” ဆိုပြီး အော်ရင်းလိုက်လာတာကို တွေ့ ရတာ...။ အဲဒီကျမှ လရောင်ရေးရေး လေးထဲမှာ ရမ်းစမ်းပြီး အဒေါ်ကြီးနားကို ဆရာတပည့်ပြိုင်တူ ပြေးသွားကြတာ..။
“ အဒေါ် ဘယ်လိုဖြစ်တာလဲ”
“ အမလေး....ပြောင်ပြောင်လက်လက်နဲ့ ဘာတွေတုန်း”
“ ဇာတ်မင်းသားတွေ...ခုနကပြေးသွားတာ သူခိုးလား..”
“ ဟုတ်ပါ့တော်..ကျူပ် ပိုက်ဆံသေတ္တာလေးကို လုပြေးသွားတာ..”
“ သေချာတယ်နော်..”
“ သေချာပါတယ်ကွယ်...ကျူပ်အော်နေတာ ဘယ်သူမှ မကြားလို့ ပါ”
အဒေါ်ကြီး စကားဆုံးတာနဲ့ ဆရာတပည့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး..တိုင်ပင်ကိုက်ဘဲ တော်တော်ဝေးနေတဲ့ သူခိုးနောက် ကိုလိုက်တာပေါ့...။
“ ဟေ့ကောင်...မပြေးနဲ့ ..ငါတို့ လာပြီကွ”
“ ခွန်ချိုခွန်သာတဲ့ ဟေ့...”
“ ဟာ...အရေးထဲ ဘာတွေအော်နေလဲ...”
“ ဟီးးးးး”
ရှေ့ ကသူခိုးကပြေး...နောက်က မင်းသားဝတ်စုံကြီးတွေနဲ့  လိုက်..။
လယ်ကွင်းတွေထဲမှာ ခလုတ်ကလဲတိုက်...တခါတခါ လဲကျပေမယ့် ဆက်လိုက်တာဘဲ...။
လယ်ကွင်း ၄..၅ကွင်းလောက်ပြေးလိုက်ပြီးတာနဲ့ သူခိုးကိုမှီလာပြီး...နှစ်ယောက်သား ခုန်အုပ်လိုက်တာဘဲ..။
သူခိုးကလဲ ပိုက်ဆံသေတ္တာကို ပိုက်ထားရင်း ရုန်းတယ်..ကိုယ်ကချူပ်၊ သူကရုန်း။
တောင်ရှည်ပုဆိုးတွေလဲ ကျွတ်ကျရင်းနောက်ဆုံး သူခိုးခြေထောက်ကို အဓိက ထားဖြုတ်တော့ သူလဲကျသွားမှ ဆရာက သူခိုးကိုဖက်ထားရင်း တက်ဖိထားတယ်...၊ ကျနော်က ဆရာ့အပေါ်ကတစ်ဆင့်တက်ဖိထားတာပေါ့..။
အဲလို ၃ယောက်ထပ်ရက် လှုပ်လှုပ်လှုပ်လှုပ် ရုန်းနေတုန်း...
“ ခွန်ချို သားတော်ကြီး...ခွန်သာရေ...”
“ အို...သားတော်တို့  ဦးရီးတော်ဆီ လာကြပါဦး သားတော်တို့”
ယိုးဒယားဦးအောင်မြိုင် အသံက ဟိန်းထွက်လာတာ...သွားပြီ။
“အကိုရေ...ခေါ်နေပြီ...ဘယ်လိုလုပ်မလဲ”
“ ကြိုက်သလောက်ခေါ်ဟေ့...ဒီမှာလွှတ်လို့ မှ မရတာ...သား...အော်ကွာ..သူခိုးလို့”
“ ဟုတ်ကဲ့...သူခိုးဖမ်းနေတယ်...ဒီမှာမိထားပြီ”
“ ဟေ့...မင်းသားလေနဲ့ အော်မနေနဲ့...လူလို ကျယ်ကျယ်အော်..”
“ ဟမ်...သူခိုးဟေ့....သူခိုး...ဒီမှာမိထားတယ်ကွ”
သူခိုးကရုန်း ကိုယ်ကအော်နဲ့ ...
“ ခွန်ချို..သားတော်ကြီး...ခွန်သာရေ”
“ သူခိုးဟေ့...သူခိုး”
အဲလို အော်ဟစ်ရုန်းကန်နေတုန်း စမ်းစမ်း.စမ်းစမ်းနဲ့  အဒေါ်ကြီး ရောက်လာတယ်..။
“ ဟင်..သားတို့ သူခိုးမိထားတာလား...”
“ ဟုတ်တယ် မိထားတယ်...အဘွား...လူတွေ ခေါ်မလာဘူးလား”
“ အို...ခွန်ချိုရို့ ..ခွန်သာရို့ ....”
“ အဘွားလဲ နောက်ကဘဲ လိုက်လာတာကွယ်..မမြင်မစမ်းနဲ့ ...နေဦး အခုပြေးခေါ်လိုက်မယ်”
“ မြန်မြန်နော်...အဘွား...ဒီမှာ အော်တာ အာခေါင်တွေတောင်နာနေပြီ”
“ ခွန်ချိုတို့ ...ခွန်သာတို့ ...”
ဟိုမှာလဲ သားတော်တွေ ခေါ်ထုတ်နေတာ ဆက်တိုက်ဘဲ...နည်းနည်းပါးပါး...အပြင်လေးဘာလေး ထွက်မကြည့်ကြဘူး...။
အဘွားကြီး လူတွေသွားခေါ်နေပြီဆိုတော့ ကျနော်လဲ ဆက်မအော်တော့ဘူးပေါ့...။
ကျနော်တို့ အောက်မှာလဲ သူခိုးက တရှုးရှုးနဲ့ ဒေါသတကြီး ရုန်းနေတုန်း..။
အဲဒီအချိန်ကျမှ နှင်းမှုန်တွေကြားမှာ ဇာတ်ရုံအပြင်ကိုထုတ်ထားတဲ့ လော်စပီကာကြီးကနေ...
“ ပွဲခင်းတာဝန်ရှိသူများနဲ့ လုံခြုံရေးများခင်မြားးးးးကျနော်တို့ ဇာတ်မင်းသား၂ယောက်ပျောက်နေပါတယ်၊ ဘယ်လိုမှ ခေါ်မရမှတော့ မင်းသားတွေကို ပြန်ပေးဆွဲသွားပြီလို့  ထင်ပါတယ်...တာဝန်ရှိသူများ ကူညီပေးကြပါ”
“ ဟာ...ဘာတွေ အော်နေတာလဲဟ...”
“ လွဲကုန်ပြီ ထင်တယ်အကို”
အဲဒီကျမှ တချိန်လုံး ဒေါသကြီးနေတဲ့ သူခိုးက သနားစရာ အသံလေးနဲ့ ...
“ အကိုတို့ ၇ယ်...ကျနော် ပိုက်ဆံသေတ္တာဘဲ ခိုးတာပါဗျာ..အကိုတို့ ကို ပြန်ပေးဆွဲတာမဟုတ်ပါဘူး...လူတွေလာရင် ကျုပ်တော့ သေပါပြီဗျာ”
“ အေး...တိတ်တိတ်နေတို့ သိတယ်...မင်းသာထွက်မပြေးနဲ့ ”
“ ပိုက်ဆံကို ပြန်ယူထားပြီး ကျုပ်ကိုလွှတ်ပေးပါလားဗျာ..နောက်မို့ ဆို ပြန်ပေးသမားဆိုပြီး လူတွေက
ဝိုင်းချတော့မှာ...”
“ သြော်..တိတ်တိတ်နေဆို..ငါတို့ ရှင်းပေးမယ်..”
သနား၇အခက် လွှတ်ရအခက်နဲ့  ကျနော်လဲ အပေါ်ဆုံးကနေပြီး တခွိခွိ ရယ်တာဘဲ...။
ခဏနေတော့ ဇာတ်ရုံထဲကလဲ ဓါတ်မီးတွေတ၀င်းဝင်းနဲ့ တစ်အုပ်ကြီး ထွက်လာကြသလို...ဈေးတန်းတွေဘက်ကလဲ မီးခွက်လေးတွေနဲ့ 
လူတစ်အုပ်ထွက်လာတာတွေ့ ရတယ်..
“ သူခိုးဟေ့...သူခိုး”
“ ပြန်ပေးဗျို့ ...ပြန်ပေးသမား”
“ ဒီမှာဗျို့ ....ဒီမှာ”
လိုက်လာသူတွေ ၂အုပ်စုံမှ မီးရောင်ထွေအောက်မှာ ဖုန်အလူးလူး သဲအလူးလူးနဲ့ ကျနော်တို့ ကို တွေ့ တာ။
“တွေ့ ပြီဟေ့...ဒီမှာဒီမှာ”
လူတွေစုံကာမှ အကျိုးအကြောင်းပြောပြပြီး သူခိုးကို အပ်လိုက်ရတာ...
ကိုယ်တွေကတောင် သက်သေလိုက်ပြီး ပြောပေးရသေးတယ်..
ဒီလူက သူခိုး စစ်စစ်ပါ..ပြန်ပေးသမား မဟုတ်ကြောင်းပေါ့။
မီးေ၇ာင်အောက်မှာကြည့်မှ ဆရာ့မှာ အောက်ခံ မင်းသားဘောင်းဘီဘဲ ရှိတယ်။ တောင်ရှည်ပုဆိုးနဲ့ ခေါင်းပေါင်းအရွက်က ဘယ်မှာ ကျန်ခဲ့ မှန်းတောင်မသိဘူး...ကျနော့်မှာလဲ ဖိနပ်မရှိတော့ဘူး...။
နောက်သူခိုးဖမ်းပွဲကြီးပြီးသွားမှ ပရိတ်သတ်ကိုလဲ ရှင်းပြရတယ်...။
ဈေးသည် အဘွားနဲ့  ရွာလူကြီးတွေကလည်း ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောကြတယ်...။
နောက်မနက်မှာတော့ အဲဒီပျဉ်းမနား တောင်ညို ရွာလေးတစ်ဝိုက်မှာ သူခိုးဖမ်းတဲ့ ခွန်ချို ခွန်သာဆိုပြီး နာမည်ကြီးနေတာ။
======
ဟိုတုန်းကတော့ တက်ညီလက်ညီကို သူခိုးဖမ်းခဲ့ကြတာ...။
ကျနော်တို့ ကိုယ်တိုင်ဖမ်းခဲ့ပေမယ့် ခွန်ချိုခွန်သာက ကြားထဲက နာမည်ကြီးသွားတာ...။
တစ်ကယ်လို့ သာ အခုအချိန်မှာ ခွန်ချို ခွန်သာ သူခိုးဖမ်းနိုင်သေးလားမေးရင်တော့....။
အစိမ်းသေနဲ့ သေဆုံးခဲ့တဲ့ ခွန်ချို ခွန်သာ နတ်ညီိနောင်တောင် လန့်ဖျတ်ပြီး အစိမ်းသေဘ၀ကို ၂ပြန်သေပြီး ၊နတ်သက်ကြွေသွားနိုင်တယ်။
ခေတ်တွေက ပြောင်းသွားပြီလေ...။ ဟိုတုန်းက ဖမ်းခဲ့ကြတာ သူခိုးက တစ်ယောက်ထဲ..။
အခု ပျဉ်းမနားတစ်ဝိုက်မှာ သူခိုးတွေပေါပုံများ...အစိမ်းရောင်လှိုင်းကြီး ထနေသလိုဘဲ...အုပ်စုလိုက်ကြီး...။
နန်းတော်ကြီးတောင် ဆောက်ထားတယ်ဆိုဘဲ...။

သစ်နက်ဆူး
(မတွေ့ တာကြာပြီဖြစ်တဲ့ ဆရာ BSC ပတ္တမြား သို့ အမှတ်တရ)

Friday, December 12, 2008

“ကိုယ်တိုင်ရေး စိတ်ကောက်ကြောင်း”



ဒီတက်ဂ်ကိစ္စလေးကို သူများဘလော့ဂ်တွေမှာ တွေ့ တော့ ကိုယ်တော့ လွတ်တယ်ကွ ဆိုပြီးမှိန်းနေတာ....
အခုတော့ ၀တုတ်မလေး( ရှင်မင်းညို) က ကိုယ့်ဘက်ကိုပါ ဘော်လီဘော ပုတ်လွှတ်ပေးလိုက်ပြီ...
ကိုယ့်ကိုကိုယ်အမုန်းဆုံး ၁၀ ချက်တဲ့ ....။
ရေးရတော့လဲ ကောင်းတာပါဘဲ...သိရတာပေါ့...
ကိုယ့်မိတ်ဆွေတွေသိတာ ကောင်းတာပေါ့...ဒါမှ ကြိုသိထားပြီး သူတို့ တွေ ရှောင်သင့်တယ်ထင်ရင် ကြိုတင်ပြီး
ရှောင်ထားလို့ ရမှာ...။
တစ်ကယ်တော့ ကိုယ့်ကိုကိုယ်မုန်းတဲ့ အချက်တွေဆိုတာ...ကောင်းတာရယ် ဆိုးတာရယ် ရောနေတာပါဘဲ...
ကောင်းတာကို ဘာလို့ မုန်းတာလဲဆိုရင် ကိုယ့်ကကောင်းတဲ့ အချက်ကို တစ်ဘက်သားက နင်းပြီး အနိုင်ယူတာခံရလို့  ကိုယ့်ကိုကိုယ်မုန်းတာ...။
ဆိုးတာကို ဘာလို့ မုန်းလဲ ဆိုရင် ကိုယ့်ရဲ့ ဆိုးဝါးတဲ့ အကျင့်က တစ်ဖက်သားကို နစ်နာစေတတ်လို့ မုန်းတာ...။
ကဲ...စပြီ၊ ကိုယ့်ကိုကိုယ်မုန်းတဲ့ ၁၀ ချက်။
၁။ အင်မတိအင်မတန် ကြံဖန်ပြီး အားနာတတ်ခြင်း
၂။ စကားအမှားမခံတတ်ခြင်း၊( စကားကို ဗလောင်းဗလဲ၊ ရှေ့ တစ်မျိုးကွယ်ရာတစ်မျိုးပြောပြီး၊ မိမိအပြစ်ကိုဖုံးကွယ်တတ်သူတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ်က ထိပ်တိုက်တည်ပြီး ပြောတတ်လို့ပါ...ကိုယ်ပြောကိုယ်တာဝန်ယူတာကို ကြိုက်တယ်။ ဘလောဂါ့မောင်နှမတွေ စတာပြောင်တာ ၊ ပျော်စေလိုစိတ်နဲ့ ပြောတာလုံးဝ ဗွေမယူပါ)
၃။ စိတ်မြန်ပြီး ဒေါသထွက်မြန်ခြင်း
၎။ သနားတတ်လွန်း၊ကိုယ်ချင်းစာလွန်းခြင်း
၅။ လူများတာမကြိုက်၊လူရှုပ်တာမကြိုက်၊ဧည့်ခံပွဲရှောင်( တစ်ယောက်ထဲ နေရတာကိုနှစ်သက်ခြင်း)
၆။ စိတ်ခံစားမှုဖြစ်လာလျှင် ရင်ထဲမှာ ကျိတ်မှိတ်ခံစားခြင်း
၇။ ဆေးလိပ်ဖြတ်မရသေးခြင်း
၈။ ဟန်ဆောင်ပြုံး နဲ့ လောကွတ်မချော်တတ်ခြင်း
၉။ သံယောဇဉ်ကြီးလွန်းခြင်း
၁၀။ သစ်နက်ဆူးအမည်နဲ့ ကိုယ်ပိုင်ဘလော့ဂ်ကြီး လုပ်မိသွားခြင်း( မုန်းရခက်ကြီးပါ)

အဲဒါတွေတင်မက ရှိပေမယ့် ဒီ၁၀ချက်ထဲမှာဘဲ အကြုံးဝင်နေတာပါဘဲ
ကိုယ့်ကိုကိုယ်မုန်းတာတွေတော့ရေးပြီးပြီ...ရှင်းရှင်း(ညီမလေး) ပို့ ပေးလိုက်တဲ့ ဘော်လီဘောကို အမေရိကန်ဘက် ပြန်ပုတ်ပြီး ပို့ လိုက်ပါတယ်...
ကျနော်က တစ်ဆင့် တက်ဂ် လုပ်ပြီး တောင်းဆိုချင်တာက ၊ ကိုဒူကဘာ၊ ကိုကျည်ပွေ့ ၊ကိုဂင်ကြီးနဲ့ မအိမ်လွမ်းသူတို့ ကို
ကိုယ့်ကိုကိုယ်မုန်းတဲ့ အချက်လေးတွေ ရင်ဖွင့်ပေးဘို့ တောင်းဆိုပါတယ်...
ခင်မင်လေးစားခြင်းနဲ့ ပေါ့...။

သစ်နက်ဆူး

Monday, December 8, 2008

“ ကျနော့်ရဲ့ ပန်းချီကားလေးတွေ”

စာမရေးဖြစ်ခင်လေးမှာ ပန်းချီလေးတွေ တင်ပေးလိုက်ပါတယ်...
ကျေနပ်နိုင်ကြပါစေ....။


Nude3 ( W/C )

Nude2 ( gem stone picture)

Nude 1 ( Oil on canvas )


ရိုးရာအလှ ( Oil on canvas )

အမေ့မေတ္တာ ( Oil on canvas )





ညနေခင်းပျံကျပန်းဈေး ( Oil on canvas )


ရေပေါ်ဈေး ( Oil on canvas )

ဒီကားတွေက အားလုံးရောင်းပြီးသွားပါပြီ...။ လိုအပ်မယ်ဆိုရင် မည်သူမဆို ယူသုံးနိုင်ပါတယ်...။အရင်ပုံတွေကိုလဲ ခွင့်ပြုထားပါတယ်...။

သစ်နက်ဆူး

Thursday, December 4, 2008

“ ယတြာအဆောင်...ကိုသက်အောင်”

ပို့ စ်အသစ်လေးရေးဘို့ လိုအပ်တဲ့ ပုံလေးတွေ ဓါတ်ပုံရိုက်ဘို့ ကလဲ နှင်းတွေကျပြီး ရာသီဥတုက မှုန်မှိုင်းနေတော့ စိတ်တိုင်းမကျလို့ စောင့်နေရတာ ၃...၄ရက်ရှိပြီ၊။
ဒီနေ့ တော့ မစောင့်နိုင်တာကြောင့် ဓါတ်ပုံတွေ ရိုက်ပြီး စာရေးတော့တာပေါ့...။ ကျနော် အရင်က ပြောဘူးရေးဘူးခဲ့ တယ်...
ငြိမ်းချမ်းရေး အဖွဲ့ အကြောင်းလေးပါ...သူတို့ တွေက တိုင်းပြည်အတွက် ငြိမ်းချမ်းစွာ အကျိုးပြု ပုံဖော်ခဲ့ တဲ့  ငြိမ်းချမ်းရေး ခေါင်းဆောင်
တွေရဲ့ ပုံကို အလူမီနီယံပေါ်မှာပုံနှိပ်ပြီး အထင်ကရ မြို့ လမ်းညွှန်ပေါ်မှာ တန်ဘိုးထားပြီး တင်ထားခဲ့ ကြတယ်...။
မဟတ္တမ ဂန္ဒီနဲ့  ဒေါ်အောင်ဆန်းစုကြည် ပုံတူကိုတော့ ကျနော်ရေးဆွဲခဲ့ ရတယ်...ပြီးမှပြန်ပုံနှိပ်ခဲ့ တာ...။
ကျနော်နေတဲ့ဲမြို့ လေးက မြို့ ငယ်လေးဆိုပေမယ့် လူသိများတယ်..။ နွေးထွေးတဲ့ ရာသီဥတုနဲ့ နေချင်စရာကောင်းလို့  နိုင်ငံခြားဧည့်သည်တော်တော်များများလာကြတယ်...
မြို့ သူမြို့ သားတွေက နွေးထွေးလှိုက်လှဲကြတယ်...ကျနော်တို့ မြို့ လေးကို အားလုံးက တင်စားခေါ်ဝေါ်ကြတယ်..။
အပြုံးမြို့ ...တဲ့ ..။
ဒီလောက်လူသိများတဲ့ မြို့ လေးမှာ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုတွေရရှိထားတဲ့  ကိုယ့်နိုင်င့က ခေါင်းဆောင်တစ်ဦးရဲ့ ပုံကို အထင်ကရ ပုံနှိပ်ဖော်ပြထားတော့ ၀မ်းသာဂုဏ်ယူမိတာပေါ့....။ ကြည်နူးစိတ်နဲ့ ဓါတ်ပုံရိုက်ပြီး အလုပ်ကို ပြန်သွားရင်း ခေါင်းထဲကို အတွေးတစ်ချို့ 
ဝင်လာတယ်...။ ကိုသက်အောင်...။
ကျနော် ကပြခဲ့တဲ့ နှစ်တွေမှာ မထင်မှတ်ဘဲ အတူလက်တွဲကခဲ့ တဲ့  မင်းသားလေးသက်အောင်...သူက အော်ပဒါနဲ့  နှစ်ပါး အတူကပေးတယ်...အဓိက က နောက်ပိုင်းမင်းသားပါ...။လူငယ်ဆိုပေမယ့် ကျနော့်ထက်တော့ နဲနဲအသက်ကြီးတယ်...။
ကျနော်တို့ ဇာတ်သဘင်အနုပညာလောကမှာ စန်း ဆိုတာတော်တော်အရေးကြီးတယ်...။
လူချစ်လူခင်များခြင်းပေါ့လေ..။
အဲဒီကိုသက်အောင်က အဆောင်တွေ ယတြာတွေ ရေမန်းဆီမန်းတွေကို အတော် ယုံတာ...။ ရွာတစ်ရွာ မြို့ တစ်မြို့ ရောက်ရင်
အစွမ်းထက်တဲ့ ဆရာ ဘယ်မှာရှိလဲစုံစမ်းတော့တာဘဲ။ အောက်လမ်းအထက်လမ်း မရွေး လိုက်တာနော်...။ ရသမျှ အကုန်ဆောင်တာဘဲ၊
ပွဲကတော့မယ်ဆိုရင် ညနေ ၇နာရီ မိပ်ကပ်လိမ်းပြီဆိုကတည်းက တို့ လိုက်တဲ့ ရေမန်းဆီမန်း ၊ မျက်နှာတစ်ပြင်လုံး နေရာမလပ်ဘဲ၊
ဆီမန်းပုလင်းလေး တစ်ခုဖွင့်လိုက် ပါးစပ်ကပွစိပွစိ လုပ်လိုက်....မျက်နှာမှာ တို့ လိုက်နဲ့ ...။
သူ့ ကို ကြည့်ပြီး ရယ်လဲရယ်ချင်တယ်...သနားလဲသနားတယ်....။
ဘာလို့ လဲဆိုတော့ သူဘယ်လောက်ဘဲအဆောင်တွေလုပ်လုပ် ..လက်ခုပ်သံနဲ့ လူချစ်လူခင် ကိုတော့ ကျနော့်ကို ဘယ်တော့မှ မမှီဘူး....၊ ကပြမှုမှာလဲ ကျနော်နဲ့ တစ်တန်းထဲ ပေးကတာပါ...ကျနော်က လက်ထောက်တွေ အကူမင်းသားတွေကို ဘယ်တော့မှ မနှိမ်ထားတတ်ဘူး....။ ကြိုက်သလိုသာက....စေတနာ အကျိုးပေးလိမ့် မယ်...ဒါဘဲကျနော့်မူဝါဒ...။
ပရိတ်သတ်ကို မစော်ကားနဲ့ မလိမ်နဲ့  မဖျက်ဆီးနဲ့ ...။
ဒါဖြင့် ကျနော်ရော အဆောင်မသုံးဘူးလားဆိုတော့ သုံးတယ်...တစ်ခြားမဟုတ်ဘူး...
မိပ်ကပ်လိမ်းကာနီး မျက်နှာသစ်ရင် မျက်နှာသစ်မယ့်ရေကို အရဟံဂုဏ်တော် ၉ခေါက်ရွတ်ပြီးမှ မျက်နှာသစ်တယ်...။
ပြီးရင် မိပ်ကပ်တစ်တို့ ယူပြီး နဖူးမှာ အရဟံလို့ ရေးလိုက်တယ်...ဒါကျနော့်အတွက်အဆောင်ဘဲ...။
ဒီထက်ကောင်းတဲ့ အဆောင်လဲ မရှိဘူးလို့ ယုံထားတယ်...။
ကိုသက်အောင်က အဆောင်တွေ ဆောင်ပေမယ့် တစ်ခါတစ်ခါ အောက်က သူ့ ကို အားမပေးရင် ပရိတ်သတ်ကို ရန်ဖြစ်တတ်တယ်...မိုက်ခ်ကြီးနဲ့ ...ကိုယ်က ၀င်ပြီးထိန်း၇တယ်...။
အခန်းထဲကို ကောင်မလေးတွေ အုပ်စုလိုက်ဝင်လာပြီး ပန်းတွေပေးရင်လဲ သူ့ အတွက်မပါလို့  ပွစိပွစိ ပြောတယ်...ကျနော်က အတူသုံးလို့ ရတာဘဲ အကိုရာလို့ ပြောရင်...“ ငါ့ကိုပေးတာမှ မဟုတ်တာ” လို့ စိတ်ဆိုးမာန်ဆိုးပြောတတ်တယ်...။
သူလဲ ပရိတ်သတ်ရဲ့ ချစ်ခင်မှုကို လိုချင်မှာဘဲဆိုတာ ကိုယ်ချင်းစာတော့ နှစ်ပါးခွင်မှာဆို ပိုပြီးနေရာပေးထားတယ်...
သူကလတြစ်မျိုးဗျ...ပွဲခင်းရှေ့ တန်းနားမှာ အပျိုမလေးတွေ နည်းရင်....
“ ညီလေး“က ” ညီလေး “က” ညီလေးက ခေါင်းဆောင် ပိုအရေးကြီးတယ်ဆိုပြီး...သူက ထိုင်နားနေတာ...
အဲ....ရှေ့ တန်းဖျာမှာ ကောင်မလေးတွေ များပြိဆို၇င်တော့....
“ ညီိလေး...အနားယူဦး မောနေပြီ...အကို ကြွေစဉ် ပစ်လိုက်ဦးမယ်ဆိုပြီး...အသားကုန်“က”တတ်တာ..။ဒါလဲမရ...။
မှတ်မှတ်ရရ တစ်ခါတုန်းက မြို့ ငယ်လေးမှာကတော့ ကောင်မလေးတွေကလဲ သဲသဲလှုပ်ဘဲ၊ ကိုယ်ကတစ်ပိုဒ်ကလိုက် သူတို့ က လက်ခုပ်တီးလိုက်...ပန်းတွေ ဆုတွေချလိုက်...ချွေးလေးတွေ လာသုတ်ပေးလိုက်....အချိုရည် တိုက်လိုက်...လ္ဘက်သုတ်လေးကျွေးလိုက်နဲ့ ...ဟုတ်နေတာဘဲ...။
ကိုသက်အောင်“က”တော့ လက်ခုပ်မကျဘူး...သူလဲသီးမခံနိုငိတော့...မိုက်ခ် ကြီးကိုင်ပြီး...
“ ဘယ်လိုလဲ ..မျက်နှာလိုက်လှချည်လား...လက်ခုပ်မတီးရအောင် လက်မပါဘဲ ၊ပြတ်နေလို့ လား...” တဲ့ ၊ ကျနော် ပရိတ်သတ်ကို အားနာလိုက်တာ...အောက်က မိန်းကလေးတွေကလဲ ညီတယ်ဗျာ....အကုန်လုံး..ညိတူထအော်လိုက်တာ...
“ နှုတ်ခမ်းထူ...ရှင့်ကို မကြိုက်ဘူး” တဲ့ ။ အဲ...ပြီးရော...။
နောက်မှ အခန်းထဲရောက်မှ သူ့ ကို ဖြောင်းဖျပြီးပြောရတာပေါ့....
ပရိတ်သတ်မချစ်တာက ကိစ္စမရှိဘူး....ပရိတ်သတ်နဲ့ ရန်မဖြစ်ပါနဲ့ ...ပရိတ်သတ်မုန်းအောင်မလုပ်ပါနဲ့ ပေါ့...။
ဟုတ်တယ်...ပရိတ်သတ်ဆိုတာ လူတွေမဟုတ်လား....
လူဆိုတာ ချစ်ဘို့ တာခက်တာ....
မုန်းဘို့ ကတော့....တစ်ကယ်လွယ်တာ...။
ပြောနေတဲ့ ကြားက နောက်တစ်ပွဲမှာတော့ ထပ်တွေ့ တော့တာပါဘဲ...နှစ်ပါးခွင်မှာပါဘဲ...။ဒီိတစ်ခါတော့ပွဲပြတ်ဘဲ...။
သူနဲ့ ကျနော်က ဇာတ်ပွဲနာမည်ရအောင် ကိုယ်လဲ ပရိတ်သတ်ချစ်အောင် အားပေးအောင်ကျိုးစားကြတာချင်းကတော့ အတူတူပါဘဲ...။
သူက ရင် ကိုယ်အမောဖြေ...ကိုယ်ကရင် သူအမောဖြေ...။
မွန်ပြည်ဘက်မှာ ကပြရတာ ရန်ကုန်မန္တလေးနဲ့ တော့မတူဘူး...ပင်ပန်းတယ်...တီတီတာတာ၊နူးနူးညံ့ညံ့လေးကလို့ မရဘူး...
သေတ္တာက၊ ပုဝါက၊ တိုင်ကီ အ၀င်အထွက်က၊ ကြိုးတန်းက စုံနေတာဘဲ ၊ ရှေ့ ဂျွမ်း နောက်ဂျွမ်းမှ မထိုးတတ်ရင် မွန်ပြည်နယ်ဘက်မှာ မက တာ အကောင်းဆုံးဘဲ...။
အဲဒီညက ကိုယ်လဲ မျောက်နီးနီး ဂျွမ်းတွေထိုးရင်းကပြရင်း မောလာတော့ အမောဖြေရတာပေါ့...ကိုသက်အောင်က သေတ္တာက က ပေါ့။
သေတ္တာက “က”တယ်ဆိုတာလဲ မလွယ်ဘူး....သေတ္တာ၂လုံး၃လုံးဆင့်ပြီး ဓါးတွေနဲ့ ဂျွမ်းထိုးပြီး ကရတာလေ..။
ကျနော်ကနားတယ်ဆျုပေမယ့် အထဲမှာ နားတာမဟုတ်ပါဘူး...ဇာတ်စင် ရှေ့ နားမှာ လူရွှင်တော်တွေနဲ့ အတူထိုင်ရင်း...
အောက်က စပိန်နွားရိုင်းလေးတွေနဲ့ ကြူနေတာလေ...။
ကောင်မလေးတွေကလဲ ကဲတယ်...ကိုယ်ကလဲ ကဲတယ်...။
သူတို့ က မျက်စိမိတ်ပြလိုက်..ကိုယ်ကလဲ မျက်စပစ်လိုက် ၊ပြုံးပြလိုက်..
ပြုံးပြုံးလေးနဲ့ မျက်စိလေးစုံမှိတ်ပြလိုက်နဲ့ ...( ကျနော် က မျက်စေ့ ကို တစ်ဖက်တည်း မှိတ်လို့ ကို မရတာ...မှန်ကြည့်ပြီး ကျင့်လဲမရဘူး...မျက်စေ့တစ်ဖက်ဘဲ မှိတ်ပြရင် လေဖြတ်တဲ့ လူလိုဘဲ ပါးစပ်တွေပါ ရွဲ့ ကုန်တာ...တစ်ကယ်ဘဲ...ဒီတော့ ကောင်မလေးတွေကို မျက်စေ့ မှိတ်ပြရင် နှစ်ဖက်လုံးစုံမှိတ်ပြတာ...ကောင်မလေးတွေကလဲ စုံမှိတ်ပြတာလေးကို ချစ်တာတဲ့ ...ဟိ..)။
ကိုယ်ကအဲလိုကြူနေတုန်းကိုသက်အောင်က ကလိုက်ပေါ့...
အက တစ်ပိုဒ်ဆုံးတော့ အဘိုးကြီးတစ်ယောက်လာပြီး ၂၀၀တန်တစ်ရွက်ဆုချတယ်...ကျနော့်ကို...။
ကိုသက်အောင်လဲ တွေ့ တယ်...သူကလဲ သူ့ ကိုပါ ဆုချမလားလို့ ထင်ပြိး အနားရောက်လာတော့ အဘိုးကြီးက လှဲ့ ထွက်သွားရော....။
နောက် ကိုသက်အောင် တစ်ပိုဒ်ကပြီးတော့ အဘိုးကြီး ရောက်လာပြီး ကျနော့်ကို တော်တယ်...ဂျွမ်းထိုးတာ ကောင်းတယ် ဆိုပြီးဆုချပြန်ရော...။
ကျနော်က “ အဘ..လူမှားနေပြီ...ခုနက ဂျွမ်းထိုးတာ..ကျနော်မဟုတ်ဘူး၊ ဟိုမင်းသား...” လို့ ပြောတော့...အဘိုးကြီးက...
“ သိတယ်ဝေး....ဒါက မင်းကိုဆုချတာ...”ဆိုပြီးပြောတယ်...။
တစ်ခါလဲမဟုတ်ဘူး....၄...၅ခါ...ဒီိတော့ ကနေတဲ့ ..ကိုသက်အောင်လဲ ကျွဲမြီး တိုနေပြီ...
ကျနော်လဲ ကိုသက်အောင်ကို အားနာပြီး မျက်နှာပူနေပြီ...။
နောက်ဆုံး တစ်ချီကပြီးတော့ ...လာပြန်ပါပြီ အဘိုးကြီး...၅၀၀တန်ငွေစက္ကူနဲ့ ...ကျနော့်ရင်ဘတ်ကို တွယ်ချိတ်နဲ့ လာချိတ်ပြီး ဆုချပြန်တယ်..။
ဒိတစ်ခါတော့ ကိုသက်အောင် သိးမခံနိုင်တော့ဘူးပေါ့...ဆိုတော့ သူ့ ထုံးစံအတိုင်း..မိုက်ခ်ကြီးနဲ့ ...
“ ဘယ်လိုလဲ...ဘကြီး မျက်စေ့ မမြင်ဘူးလား....က နေတာက ဒီမှာ ...ဘကြီး ဆုချနေတာက ဟိုတစ်ယောက်၊ ဘယ်လိုဖြစ်နေလဲ...မူးနေရင်လဲ အိမ်ပြန်အိပ်နေ” တဲ့ ...။
ဟာ....ကျနော် အားနာလိုက်တာ...ဘာဆက်ဖြစ်မလဲ ကြောင်ကြည့်နေတုန်း...ကိုသက်အောင်လက်ထဲကမိုက်ခ်ကို အဘိုးကြီးက လုယူပြီး အကျယ်ကြီး အော်တော့တာဘဲ...။
“ ဟေ့...သက်အောင်...မျက်စေ့မမြင်ရင်ပွဲတောင်လာမကြည့်ဘူးဟေ့...မူးလဲမမူးဘူး...နင်ကနေတာလဲငါမြင်တယ်...
နင်ဘာသာ ကြိုက်သလို က၊ ဂျွမ်းတွေ ထိုးချင်သလိုထိုး...ငါက မင်းကို ကြိုက်ကိုမကြိုက်တာ...” တဲ့..။
ကောင်းကြရော...။
ကိုယ်လဲ ဘာမှ မပြောတတ်တော့ဘူး...။
အင်း...ဒါက ကခဲ့တုန်းက အဖြစ်လေးပါ...။
အခုနိုင်ငံတကာက ပေးထားတဲ့ နိုဗယ်လ်ဆုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ ရတော့...မဆီမဆိုင် ကိုသက်အောင်ကို စိတ်ထဲက မြင်မိတာပါ...။
ဆိုင်တော့လဲ ဆိုင်သလိုဘဲ....။
ကိုသက်အောင်ကြီးကတော့ ထိုးလိုက်ရတဲ့ ...တံတား အဲ...ဂျွမ်း
တည်လိုက်ရတဲ့ ဘုရား......................................အဲ...ဂျွမ်း
ဆောက်လိုက်ရတဲ့  ကျောင်း...............................အဲ....ဂျွမ်း။
ကိုယ့်ဘာသာအတွေးပေါက်ပြီး...လမ်းလျှောက်ရင်းပြုံးရင်း...အဘိုးကြီးစကားကို နားထဲပြန်ကြားမိပါတယ်...။

“ ဟေ့...သက်အောင်...မျက်စေ့မမြင်ရင်ပွဲတောင်လာမကြည့်ဘူးဟေ့...မူးလဲမမူးဘူး...နင်ကနေတာလဲငါမြင်တယ်...
နင်ဘာသာ ကြိုက်သလို က၊ ဂျွမ်းတွေ ထိုးချင်သလိုထိုး...ငါက မင်းကို ကြိုက်ကိုမကြိုက်တာ...” တဲ့..။
(းး)









သစ်နက်ဆူး