Monday, December 28, 2009

စိတ်နဲ့ ကိုယ်...

ကျနော့် ဘလော့ဂ်လေးကို ကျနော်ပြန်ကြည့်မိတိုင်း ခြောက်သွေ့ စွာနဲ့ အထီးကျန်ခြင်းကို ခံစားရသည်.။ ကိုယ့်ရဲ့  စိတ်အပန်းဖြေရာ..ပညာရှာရာ...ဗဟုသုတလေ့လာရာ..ရင်ဖွင့်ရာနဲ့  ကိုယ်ခင်မင်တွယ်တာသော ရပ်ဝန်းလေးဖြစ်ပေမယ့်
ကိုယ်တိုင်ပင် ၀င်မလည်ချင်အောင်ဖြစ်နေရသည်.။
ငယ်စဉ်ကတည်းက စာနဲ့ မျက်နှာ မခွာနိုင်ဘဲ စာဖတ်ခြင်းကို နှစ်သက်တဲ့ ကိုယ်..
မိဘတွေ ဖွင့်ထားတဲ့ စာအုပ်ဖြန့် ချီရေးဆိုင်ကြီးမှာ အမြဲ လာတတ်ကြသော စာရေးဆရာတချို့ ..။ သူတို့ ဘ၀တွေ ရဲ့ မပြေလည်မှု၊ မလောက်ငှမှုနဲ့ စာပေကိုချစ်တတ်သော...လစဉ်ထုတ်မဂ္ဂဇင်းကို လစဉ်ပုံမှန်ဝယ်နေကြပေမယ့် ..ပိုက်ဆံပုံမှန်မချေနိုင်သော သူတို့ ဘ၀တွေကို ပိုသိလာလေ...သူတို့ ရေးတဲ့ စာတွေကို ပိုမိုတန်ဘိုးထားဖတ်တတ်လေဖြစ်ခဲ့ တဲ့ကိုယ်..။
စာအုပ်ငှားဖတ်လို့ ရက်ပိုကြေးတွေများနေလျှင်...ပြောရခက်သော ခံစားမှုတွေနဲ့ သူတို့ မျက်နှာတွေ ..မိဘတွေ လစ်ပြီဆိုတာနဲ့  ရက်ပိုကြေးလုံးဝ မယူသော ကိုယ့်ကိုလဲ သူတို့ ပိုခင်မင်ခဲ့ ကြ..။
သူတို့ သိသော ပန်းချီဆရာအကြောင်းတွေ ပြောပြ...ကိုယ်ကမေး... သူတို့ သိသလောက် ဆက်သွယ်ပေးရင်း...
ကိုယ်က ပန်းချီဆွဲ...စာအုပ်ဖတ် ကဗျာရေး...။
တစ်ကယ်တော့ ကိုယ်က စာလဲ ရေးချင်...စာလဲဖတ်ချင်ပါ..။
ပန်းချီလဲဆွဲတယ်..။ ပန်းပုလဲ ထုတယ်..။ နောက် ရုပ်ရှင်တည်းဖြတ်တာတွေ..ဘာညာ ပရိုဂရမ်တွေ ကလဲ လေ့လာ ဆိုတော့...။
တစ်ယောက်တည်းနဲ့  အချိန်တွေက မလောက်တော့ဘူး..။
ကိုယ့်ဘလော့ဂ်မှာ ပို့ စ်တင်မယ် ဆို ကွန်ပြူတာလေးဖွင့်လိုက်တာနဲ့ သူများ( ဘလော့ဂ်မိတ်ဆွေ) တွေ ရေးတဲ့ စာကို အရင် ဖတ်ရမှ..။
ဖတ်ရင်လဲ အမျှင်က မပြတ်တော့လူး...လင့်ခ်တွေ တခုပြီးတခု ၀င်သွား လိုက်တာ...၀င်္ကဘာထဲ ရောက်သလိုဘဲ..။
နောက်ဆုံးတော့ စာကမရေးဖြစ်တော့ဘူး...မနက်လဲ အလုပ်သွားရတာ ၆ နာရီဆို အိပ်ယာထ...ဆိုတော့ကာ....
သစ်နက်ဆူးဆိုတာ စိတ်တခု ကိုယ်တခုထဲမဟုတ်တာ ပြသနာဘဲပေါ့...။
ဘလော့ဂ်ဘဲ ဖျက်ပစ်ရကောင်းနိုးနိုး( စိတ်ကူးလိုက်တိုင်း စိတ်ထဲမှာ စိတ်မကောင်းဖြစ်နေမိတာ..ဆိုးတယ်)
ပန်းချီဘဲ ဆွဲရနိုးနိုး...( ပန်းချီကတော့ မဆွဲလို့ မရဘူး...ဆွဲရမှာ..)
.........
ဘာဘဲပြောပြောလေ...
ကိုယ်မရေးလဲ သူများတွေ ရေးနေတာဘဲ..။
ဘလော့၈ါ ယဉ်ကျေးမှုဆိုတာ စာရေးနေယုံလေးနဲ့ မှ မရတာ..
ဧည့်သည်ကို အိမ်ရှင်က ကြိုဆိုဧည့်ခံသလို ...
ကိုယ်ကလဲ ဧည့်သည်လုပ်ပြီး လည်နိုင်မှ...။
ကိုယ်က တာဝန်မကျေနိုင်တာပါ...။
အခုတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကို အကျေအလည် ဆွေးနွေးနေတာဘဲ...။
ဘလော့ဂ်လေးကို ဘယ်လိုသဘောထားမလဲ ဆိုတာပေါ့..။
သေချာတာတခုကတော့ ငယ်စဉ်ကတည်းက ...ကိုယ်တိုင်ရေးတာထက်
သူများစာတွေကို မြတ်မြတ်နိုးနိုး ဖတ်တတ်တာဆိုတာပါဘဲ..။
ကိုယ့်ရဲ့ ပို့ စ် အသစ်တွေ ထင်ထင်လင်းလင်း မတင်ပြပေမယ့်...
သူများရေးတဲ့ စာတွေကို တိတ်တိတ်လေးဖတ်နေရရင်လဲ...ကိုယ်က ကြည်နူးနေတာပါဘဲ...။
ကိုယ့်ကိုကိုယ်ချစ်ဘ့ို( ကိုယ့်ကို လူသိဘို့ ထက်) သူများရေးတဲ့ စာလေးတွေကို စွဲလန်းစွာဖတ်နေရရင် ကျေနပ်ပြီ..။

သစ်နက်ဆူး

Sunday, December 13, 2009

ဆောင်းရာသီ ပန်းချီပြပွဲ














ပြီးခဲ့တဲ့သောကြာနေ့ က ဆောင်းရာသီပြပွဲဖွင့်တယ်ဗျ..။ ပြပွဲဖွင့်ချိန်က ည..၆း၀၀။
အေးကလဲအေး။။မှောင်ကလဲမှောင်..။ ဘာဘဲဖြစ်ဖြစ် ဖွင့်ပွဲကတော့ အောင်မြင်ခဲ့တာပါဘဲ...။ ကိုယ့်မှာသာ ပြပွဲဖြစ်မယ့်ရက်ကို အတွက်မှားပြီး...အိမ်ပြောင်းရွှေ့ တဲ့ ကိစ္စတွေနဲ့  ပန်းချီဆွဲဘို့ နေ့ ရွှေ့ ညရွှေ့ လုပ်နေခဲ့ တာ..နောက် စိတ်ကမပါဘူး...စိတ်မပါရင် မဆွဲချင်ဘူး...။
ဒါပေမယ့် မဖြစ်မနေ ပြပွဲမှာ ၀င်ရောက်ပြစေချင်တယ်ဆိုလို့  “၀ုန်း” လိုက်ရသေးတယ်... ၃ကားပါဘဲ..ကားဟောင်း၂ကားနဲ့ ...ရောင်းပြီးသား “ဆေးတံသောက်တဲ့ အဘွားအို” ကားကို ပြန်ငှားပြီးချိတ်ခဲ့ ရတယ်..။
အဲဒီ ၀ုန်းထားတဲ့  ၃ကားနဲ့  ဟိုကားဟောင်း ပန်းတောင်တန်းကားလေးနဲ့  ၄ကား ပေါင်းချိတ်ထားတယ်..။
ပြီးခဲ့ တဲ့ ပွဲတုန်းက ကားအကုန်နီးပါးက ပြပွဲပြီးမှ အိမ်ထိစုံစမ်းပြီး ဆရာဝန် ဇနီးမောင်နှံ့ အကုန်ဝယ်သွားတော့...ပြပွဲအတွက် ဘာမှ မရှိဘူးဖြစ်သွားတာပါ..။
ဘာမှကို မရေးသလောက်ဖြစ်နေတော့ ဒီပြပွဲအကြောင်းလေးကိုဘဲ ပို့ စ်တခုအနေနဲ့  တင်လိုက်ရတာ..။
နောက်အကြောင်းပြသနာတခုက ဒီဘလော့ဂ်လေးဖြစ်ဘို့ ကို ကိုယ်တယောက်ထဲ ကိုယ့်စိတ်တခုထဲနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး...။
စုပေါင်းဆုံဖြတ်ပြီးလုပ်ခဲ့ကြတာ...ဒီဘလော့ဂ်နဲ့ ပါတ်သက်ပြီး ကျနော်တို့ ကြားမှာ အယူအဆများပြီး ကျနော်တို့ ချင်း ကွိုင်တွေ ဖြစ်လာပါတယ်...ဒါကြောင့် ဘလော့ဂ်မှာ ပို့ စ်တွေ ဆက်တိုက်မရေး၊ မတင်ဖြစ်တာပါ..။
ဒီဘလော့ဂ်ရဲ့ အတွင်းရေးပြသနာတွေကို ဘလော့ဂ်ဖတ်သူတွေကို မသိစေချင်ပေမယ့် ဒီဘလော့ဂ်ရဲ့ အတွင်းရေး အားလုံးကို နောက်ပို့ စ်မှာ...ကျနော် အားလုံးပြောပြပါ့မယ်...။
အဲဒီကျရင် သစ်နက်ဆူးဆိုတာ လူဘယ်နှစ်ယောက်လဲ ဆိုတာ မိတ်ဆွေတွေ သိသွားခဲ့ ရင် ကျနော်ကျေနပ်ပြီ...ဘလော့ဂ်နာမည်ကြီးအောင် “ဖွ”တာ မဟုတ်ပါဘူး...ဒီဘလော့က နာမည်ကြီးလဲ မဟုတ်ပါဘူး...။ ဒါပေမယ့် ဒီဘလော့ဂ် အတွင်းရေးတွေ ရေးချပြလိုက်ပြီးရင် ကိစ္စပြီးပြီ..။

ဆူး

Wednesday, November 11, 2009

မဆီမဆိုင်


နော်နော်လေးက ဘော်လုံး အဖွဲ့ ဝင်ထားတယ်ဆိုတော့ သူလေ့ကျင့်ချိန်ဆို ကိုယ်ကပါ လိုက်ပေးရတယ်..။ကျောင်းဘော်လုံးကွင်းမှာ ကျောင်းသားတွေ သူ့ အရွယ် သူ့ အတန်းအလိုက် လေ့ကျင့်နေကြတာ ဘော်လုံးကွင်း ၄ကွင်းလုံး အပြည့်ဘဲ..။
ခဏနားနေချိန်မှာ တခြားကျောင်းသားကြီးတွေ ဘက်က ကန်လိုက်တဲ့ ဘော်လုံးက ဒီဘက်ကို ကျွံလာတာ..နော်နော်ဆီ တည့်တည့်ပါဘဲ..။ သားက ကျောပေးနေတော့ ဘယ်မြင်မလဲ...ကိုယ်ကဘဲ ကာကွယ်ရင်း လက်နဲ့ ပုတ်ထုတ်လိုက်ရတာ..။
ဒီတော့မှ နော်နော်က သိပြီး အဖေကိုကြည့်ရင်းမေးခွန်းတွေ ထုတ်တော့တာဘဲ..။
“ သားဆီလာတဲ့ ဘော်လုံးကို အဖေ ဘာလို့ ကာလိုက်တာလဲ..”
“ သားကို ထိရင်နာသွားမှာ စိုးလို့ ပေါ့”
“ မနာဘူးဆိုရင်ရော...”
“ မနာဘူးထင်ရင်လဲ ကာကွယ်ပေးမှာဘဲပေါ့”
“ ဘာလို့ လဲ...”
“ မိဘဖြစ်နေလို့ ပေါ့”
“ အယ်မီးလ်( သူ့ သူငယ်ချင်းလေး) အဖေဆိုရင်ရော..”
“ ကာမှာဘဲပေါ့ ..သားရ..ကဲ..အဖေကပြန်မေးမယ်..အယ်မီးလ်ကို မထိအောင် သူ့ အဖေက ဘာဖြစ်လို့ ကာတာလဲ..”
“ မိဘ ဖြစ်နေလို့ ပေါ့ ”
“ Ja , du er flink” ( ဟုတ်တယ်...မင်းတော်တယ်) ( အမှန်က နော်နော်ကချည်း နော်ဝေစကားနဲ့ ပြောနေတာ...ကိုယ်ကနားလည်ပေမယ့် သူ့ လောက်လျှာမသွက်ဘူး...မှတ်မှတ်ယယ..နောက်ဆုံးစကားလေးဘဲ ကိုယ်က နော်ဝေလိုပြောထှာ...ကြုံလို့ ကြွားတာ)...။
.............
.............
မနေ့ တနေ့ ကမဟုတ်ပေမယ့်...အကြောင်းတိုက်ဆိုင်ရင် မနေ့ တနေ့ ကအဖြစ်လိုဘဲ..။
တွေးမိရင် ပြုံးချင်တယ်..။ ပြုံးရင်းနဲ့ လဲ မဆီမဆိုင်စာတန်းတခုက ခေါင်းထဲ ပြေးပြေးဝင်လာတာဘဲ..။ ပြီးမှ သေသေချာချာပြုံးရယ်မိတာ..။
ကြာပါပြီ...၁၀နှစ်ကျော်လောက်ကပါ..။
ကျနော်တို့ ဇာတ် ထားဝယ်မြို့ နယ်ဘက်အထိသွားကတုန်းကပေါ့..။ ကလိန်အောင်တောင် ဆိုတာ ထားဝယ်အထက်ရေဖြူမြို့ နယ်ဘက်မှာရှိတယ်..။ ကပြရမှာက ကလိန်အောင်ဆံတော်ရှင် ဘုရားပွဲ..။ အဲဒီဘုရားတစ်ဝိုက်မှာ စစ်တပ်တွေလဲ ထိုင်ထားတယ်..။
နေ့ ခင်းဘက်မှာ အနီးအနားနေထိုင်သူတွေကိုဘဲ တွေ့ ရပေမယ့် ညဘက်ပွဲကချိန်ဆို လူတွေမနည်းဘဲ..။ ပွဲစပြီးနောက်ရက်ကစလို့  နေ့ ရောညမှာ လူကတော့စည်နေတာဘဲ..။
ပွဲကပြီဆိုတော့လဲ အကပညာနဲ့ ပါတ်သက်ရင် လက်တောင်ကောင်းကောင်းမချိုးတတ်တဲ့ စစ်တပ်မှာ ပွဲမိန့် ယူထားရတာပေါ့ဗျာ...။
ပွဲလုံခြုံရေးလဲ သူတို့ ပါဘဲ...။ အဲ....ပွဲခင်းထဲမှာ အရက်လေးတမြမြနဲ့ လမ်းသလားတာလဲ သူတို့ ပါဘဲ..။ အောက်လက်ငယ်သားဗိုလ်အဆင့်လောက်ဆိုတော့ ပေါင်းသင်းဆက်ဆံရေးကတော့ မဆိုးပါဘူး..။ ခင်ခင်မင်မင်ပါဘဲ..။
သူတို့ တပ်ထိုင်ထားတာက တောင်ကုန်းမို့ မို့ လေးမှာ..။ ဇာတ်စင်နဲ့ တပ်ထိုင်ထားတာနဲ့ က ကားလမ်း ဟိုဘက်သည်ဘက်ပေါ့လေ..။
သူတို့ ဘ၀တွေကလဲ သနားဘို့ ကောင်းပါတယ်...အစာရေစာ မပြည့်မစုံ၊ ငှက်ဖျားကလဲ ပေါ....လူမုန်းကလဲများ..။
ကျနော်ကတော့ ရောက်တဲ့ ညနေက ချောင်းထဲ ဆင်းတော့တာဘဲ...အားရပါးရ ရေငုတ်ပစ်လိုက်တာ( ရေမှ မကူးတတ်တာ)။
ရေချိုးကောင်းနေတုန်းဘဲ ရှိသေးတယ်...စစ်သားလေးတစ်ယောက်က ဗိုလ်ကြီးခေါ်နေတယ်..အခုချက်ခြင်း လာပါဆိုပြီး ..လာခေါ်တာဘဲ..။ ကိုယ်ကလဲတွေးရပြီပေါ့...အခုဘဲရောက် အခုဘဲခေါ်..ဘာများဖြစ်တာလဲပေါ့..။
ရေချိုးတာငုတ်တာရပ် ၊ အ၀တ်အစားလဲပြီး သူ့ နောက်လိုက်သွားတော့ တောင်ကုန်းလေးထိပ်မှာ မီးပုံကြီးဖိုထားတယ်..။
စစ်သားလေးတွေလဲ ထိုင်တချို့  ၊ရပ်တချို့ ပေါ့..။အဲဒီမှာ ဗိုလ်ကြီးဆိုသူကတော့ စစ်အကျီ အဟောင်းနဲ့ ပုဆိုး ဟောင်းလေးနဲ့ ပါ..။
“ လာဗျ...ထိုင် ၊ ခင်ဗျားက မင်းသားမဟုတ်လား၊ ခင်ဗျား...ဗျာ မမေးမစမ်းနဲ့ ..”
“ ဘာကိုလဲဗျ...”
“ ရေဆင်းချိုးတာလေ...ဒီမှာငှက်ရှိတယ်ဗျ..ရော့...ရေနွေးသောက်...ဒါမှမဟုတ် အာမီရမ်တော့ အိပ်ဆောင်ရှိတယ်ဗျ...သောက်မလား..”
“နေပါစေ...ကျနော် မသောက်ပါဘူး..ရေနွေးဆိုရပါပြီ..ကျေးဇူးဘဲ”
“ ဆေးလိပ်ရှိတယ်ဗျ...ပွတ်ချွန်းဘဲ..( ဆေးလိပ်အစား၊ ရရာသစ်ရွက်နဲ့ ဆေးကြမ်းကိုလိပ်ထားသော ဆေးလိပ်)”
“ ရတယ်...ကျနော့်မှာ..ပါတယ်..”
ဒီလိုနဲ့ ရေနွေးသောက်ဆေးလိပ်သောက်ရင်း အလာပ သလာပ ထိုင်ပြောရင်း ခင်ခင်မင်မင် ဖြစ်သွားတာပါဘဲ..။
သူတို့ ဘ၀အကြောင်းတွေ ညဉ်းချင်းတွေနားထောင်ပြီးတော့လဲ သက်ပြင်းတွေ တူတူချရင်း...တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိတော့တာဘဲ..။ထားပါ.. ဒီလိုနဲ့ ပွဲကရောဆိုပါတော့..။
ပထမညအောင်အောင်မြင်မြင်ပါဘဲ...။
နောက်နေ့ မိုးလင်းတာနဲ့ ဗိုလ်ကြီးက ခေါ်တွေ့ တာပါဘဲ ( အခုထိုင်ထားတဲ့ တပ်မှာ အကြီးဆုံးဗျာ)....။
အခု ဒုတိယည ကပြမယ့် ပြဇာတ်ကို တိုက်ပွဲခန်းလေးတွေထည့်ကပြပါပေါ့...စစ်တပ်နဲ့ သောင်းကျန်းသူ ဇာတ်လမ်းပေါ့ဗျာ...။
သူ့ သဘောက ကြိုက်သလိုသာချ ဇာတ်လမ်းဆုံးရင် စစ်တပ်က အောင်ပွဲတွေနဲ့ ပေါ့ဗျာ...။ကျနော်က မြန်မာစစ်ဗိုလ်နေရာက နေပေါ့တဲ့ ..။
( သူကလဲ နပ်တယ်ဗျ..ခေါင်းဆောင်မင်းသား သူပုန်နေရာက က”ခဲ့ ရင် ပရိတ်သတ်က သောင်းကျန်းသူမင်းသားဘက်က အားပေးမှာကိုး...။ကောင်မလေးတွေ ဆိုတာကလည်း သေရင်တောင် သောင်းကျန်းစသူဘက်က အမာခံ ငိုမယ့်သူလေးတွေပေါ့)။
“ ဘာတွေလိုအပ်လဲ ပြောပါ”
“ ဟိုဘက်ဒီဘက် တပ်သားတွေအတွက် အီိကွေးမဲန်တွေလိုတယ်...သေနတ်တွေ ၀တ်စုံ ယူနီဖောင်းတွေ လိုတယ်ဗျ”
“ ၀တ်စုံကတော့ ရပါတယ်...လက်နက်ကပြသနာဗျ...ကျနော်တို့ နဲ့ မကွာရှိနေရမှာ...ဒီနယ်မြေအကြောင်းလဲ မင်းသားသိတာဘဲ...အမဲရောင်နယ်မြေဗျ..”
“ ဟာ..ဗိုလ်ကြီးကလဲ..ဒါဘုရားပွဲတော်လေ...သူတို့ လဲ သိပါတယ်...မနေ့ ညက ကတာတောင် အေးဆေးပါဘဲ...ဘာမှ မဖြစ်ပါဘူး..”
“ ကဲ...ဒါဆိုလဲ ယူနီဖောင်းတွေတော့ စောစောယူထားပေါ့...လက်နက်နဲ့ အိကွေးမန့် တွေတော့ပြဇာတ်မထွက်ခင်အချိန်မှီလာပို့ ပေးမယ်..
ဖြစ်မလား”
“ဖြစ်တယ်...စိတ်ချမယ်နော်..တော်ကြာကနေမှ ဟိုဟာမရ ဒီဟာမရဆို...ခက်တယ်”
“ ဟာ..စိတ်ချပါ..”
..... ....
....
ဒီလိုနဲ့ ကပြရောဆိုပါတော့ဗျာ...။
ဇာတ်လမ်းကတော့ အရေးပေါ်ထိုးဇာတ်ပေါ့...။
ကိုယ့်လူတွေကလဲ ယူနီဖောင်းအပြည့်အစုံနဲ့ ကပြတာဆိုတော့ ခပ်ကြွကြွ...။
ပွဲခင်းကလဲ လှလှ...။
ပွဲရှေ့ ဆုံးတန်းမှာ စားပွဲတွေ ဆက်တီတွေ နဲ့ ...ကော်ဖီ၊ရေနွေးအိုး( ရေနွေးအိုးက ဟန်ဆောင်...လူမြင်ကောင်းအောင်လုပ်ထားတာ...အထဲမှာ အရက်) အစုံအလင်နဲ့ ဗိုလ်ကြီး၊ဗိုလ်လေး၊တပ်သားတွေနဲ့ ...ကတော်စုံကလဲ စတိုင်ကျကျ..။
ထိုးဇာတ်သာပြောတာ ပြဇာတ်က လမိုင်းကပ်ပြီး ကလို့ ကောင်းတာဆိုတော့...။
အဲသလို ကပြနေရင်း...တဖက်လူစကားပြောနေတုန်း ကိုယ်က ဇာတ်စင် ဘယ်ထောင်းကို လှည့်လို့  မျက်နှာပေးလေးနဲ့ ပေါ့လေ...။
ကြည့်နေတုန်းဘဲ...ကိုယ်မျက်နှာမူယာအရပ် တောင်ကြောမြင့်မြင့်ကြားက မီးပွင့်တပွင့် မြောက်တက်လာပြီး...နီးလာတာ ...မျက်စိတမှိတ် လျှပ်တပြက်ပါဘဲ...။
ကိုယ့်စိတ်ထဲမှာ ဘုရားပွဲအောင်မြင်လို့  သီိတင်းကျွှတ် မီးကျည် လွှတ်တယ်ထင်နေတာ...။
နောက်မှ ပွဲခင်းတည့်တည့်ကို ...လာတာ..။
“ ရွှီး...ကနည်းလိုလို..ကျွီးန် ကနည်းလိုလိုနဲ့ ...။
“၀ုန်း...” ဆိုတဲ့ အသံကြီးနဲ့ ...လူကြီးမင်းများ စားပွဲရှေ့ တည့်တည့်ပါဘဲဗျာ...မြေကြီးတွေရော ၊ စားပွဲတွေရော...ဖွာလန်ကြဲ သွားတာဘဲ...ဗိုလ်တွေလဲ ၀ပ်နေတာ ပြားနေတာဘဲ...။
ပွဲခင်းတခုလုံးလဲ အုန်းအုန်းထ ပွက်လောရိုက်သွားတာ...နောက်တလုံးထပ်ကျတာက ပွဲခင်းနဲ့ ဝေးတယ်...။
လူတွေ ပြေးလိုက်ကြတာဗျာ...။ ဗိုလ်တွေလဲ ပြေးတာဘဲ....။
အထိအခိုက်တော့ မရှိဘူးဗျ...။
ပထမတော့ ဇာတ်စင်ပေါ်က လူတွေ က ကြောင်ကြည့်နေတာဗျ...နောက်မှ သတိဝင်လာပြီး ပြေးကြတာ တန်းနေတာဘဲ...
ကျနော်က မီးသမားကို မီးတွေပိတ်ဘို့ ပြောနေတုန်း...ဘယ်သူမှန်းကို မသိဘူး...ကျနော့်ကို လာဆွဲချသွာတာ...
“ ခင်ဗျား...သေသွားမယ်...ဟိုက ထုနေပြီ...ခင်ဗျားက မီးရောင်အောက်မှာ...ထင်းထင်းကြီး...”
“ ဟာ...သူတို့ လူတော့မှားမှာ မဟုတ်ပါဘူး...”
“ အာ...သေတော့မှာဘဲ....သူတို့ ကအဝေးက ရမ်းချနေတာ...နောက် ...ခင်ဗျားက ။ယူနီဖောင်းကြီးနဲ့ ...”
သူပြောမှ သတိရတာ....ဘုရားဘုရား....ယူနီဖောင်း၊အီကွေးမဲန့် လက်နက်အပြည့်အစုံနဲ့ ...မိတ်ကပ်အဖွေးသားကြီးနဲ့ ဂန့် သွားရင်...။
.........
လုံးဝမှောင်မှောင်မဲမဲ...ထဲမှာ...အချင်းချင်းအသံပြုနေရတာ..တချို့ လဲခေါ်လို့ ရတယ်...
...တချို့ လဲ ခေါ်လို့ မရ...။
အဲလို ဆူညံ အော်ဟစ်ပြေးလွှားနေတဲ့ ကြားမှာ...
“ ဇော်ဇော်...ဘယ်မှာလဲ...မင်းသား ဘယ်မှာလဲ...”
“ဇော်ဇော်...ဇော်ဇော်.....”
“ ရှုးးးးးးးး မထူးနဲ့  ...မင်းသားကို ဟိုဟာတွေ လာဆွဲပြီ ထင်တယ်...”
“...ဟမ်...ဘာဖြစ်လို့ လဲ”
“ စစ်ဗိုလ်နေရာက ..ကလို့ ..ခေါ်ပြီး သမပြီ ထင်တာဘဲ...ဒါမှ မဟုတ် ပြန်ပေးဆွဲမယ် ထင်တယ်..”
ဟင်....ကြားရ..ကြားရ နားဝမှာ မသက်သာ...ဆိုပြီး နောက်ပိုင်း ငိုချင်းတောင် ဆိုချလိုက်ချင်တာ...
ပုန်းနေတာချင်းအတူတူ...စိတ်ချမ်းသာစရာ တခွန်းမှ မပြောဘူး...
..........
...........
..........
“ ဇော်ဇော်...ဘယ်မှာလဲ....”
“...ဇော်ဇော်...လက်နက်တွေ ပြန်ပေးဦး....ချစ်တိုး....ပေါ်ဦး....ဟေ့လူတွေ...ဘယ်ရောက်ကုန်ပြီလဲ...”
ဟာ...ရဲဘော်တွေ....။
ဟေ့..ကျနော်တို့ ဒီမှာ...
” ဟာ...ကိုဇော်ဇော်လား....လုပ်ဦး လုပ်ဦး...တပ်ရင်းမှုး ပစ္စတိုက ခင်ဗျားဆီမှာလေ...ပြန်ပေးဦး...”
ဟုတ်တာပေါ့...အဲဒီကျမှ မောင်ကြီးမဲကြီးထဲ...
“ ကျနော်ဒီမှာ...ခင်ဗျား လာဖြတ်ပေး...ကျနော် ထုတ်လို့ မတော်တဆ ကျည်ထွက် သွားမှဖြင့်...”
“ ဟုတ်ပြီ ဟုတ်ပြီ...ဘယ်မှာလဲ ခင်ဗျာ...”
“ ဒီမှာ ...”
“ ချစ်တိုးတို့ တွေရော...”
“ ပြေးကုန်ကြပြီ..ဘယ်ရောက်ကုန်လဲ မသိဘူး...”
“ဟာ...ပြသနာဘဲ...လက်နက်တွေ ကျည်တွေက ခင်ဗျားတို့ ဆီမှာ...”
“ ခင်ဗျားတို့ မှာ သေနတ်တွေ အများကြီးဘဲ မဟုတ်လား...”
“ တချို့ ကင်းစောင့်နေတယ်...တပ်ထိုင်ထားတဲ့ ဆီက ဒီကိုဆင်းလာလို့ မရဘူး...တောင်ကုန်းကို ၀င်မစီိးနိုင်အောင်..ကာကွယ်ရမှာ..”
“ အော်...ဆောရီးဗျာ...ကျနော်တို့ လဲ လန့် ဖျပ်ပြီး ပြေးပုန်းတာကိုး..”
“ ရတယ်၇တယ်...ဗိုလ်ကြီးကို လက်နက်သွားပေးလိုက်ဦးမယ်...နောက်မှ ပြန်လာမယ်..ခင်ဗျားလူတွေ ခေါ်စုပေးဦး...ကျနော်တို့ လက်နက်တွေ ပြန်ယူရဦးမှာ...အခြေအနေက စိတ်မချရသေးဘူး...စောင့်ကြည့်ရဦးမှာ”
.......။
တနာရီနီးပါး ကြာသွားမှ...လူသူသူသံတိတ်ဆိတ်သွားသလိုလို...စကားသံတွေ ပြန်ထွက်လာသလိုလိုနဲ့ ..။
ဟိုဒီသွားလာနေသောလူရိပ်တွေ ပြန်တွေ့ လာရသည်..။
ခဏကြာတော့ မီးခွက် မီးရောင်..လက်နှိပ်မီးရောင်တွေ ပြန်တွေ့ လာသည်...။ ကိုယ့်ဇာတ်စင်မှာလဲ..အလျှိုလျှို ပြန်ထွက်လာကြပြီး တွတ်တွတ် တွတ်တွတ်နဲ့ ...။
ချစ်တိုးတို့  လူရွှင်တော် အုပ်စုတွေနဲ့  လူကြမ်းအုပ်စုတွေလဲ မရဲတရဲ ပြန်ကပ်လာကြတယ်..။
“ ဟေ့...မင်းတို့ ဘယ်လစ်နေတာလဲ...ဟိုမှာ သေနတ်တွေ လိုက်တောင်းနေတာ ကြာနေပြီ...”
“ ဟာ..ကိုယ့်ဆရာကလဲ...တည့်ရာပြေးရတာပေါ့..သူတို့ ဟာကြီးတွေ လွယ်သာလွယ်ထားတာ...ပြန်ပေးဘို့  သတိတောင် မရဘူး..”
“ လေးတာ....”
တော်နေလောက်ကြာတော့..ရဲဘော်တွေ လာတာပါဘဲ...။
သေနတ်တွေ ပစ္စည်းတွေ ပြန်လာယူပြီး...မီးစက်မထွန်းဘို့ ..ပွဲကိုလဲ ရပ်ထားလိုက်ဘို့ ..လာပြောတာဘဲ..။
ဖြစ်ပုံများ...။
နောက်ရက်တော့..ပွဲခင်းက ပုံမှန်နီးပါးတော့ ပြန်ဖြစ်လာပါတယ်...။
တတိယည အစီအစဉ်ကတော့ ပုံမှန်အတိုင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ပုံမှန်ပြဇာတ်ပါဘဲ...။
ညနေပိုင်းလောက်က တော့ သွားမေးခိုင်းသေးတယ်...မနေ့ ညက ပြဇာတ် ပြန်ကပြပေးရဦးမှာလားဆိုတော့...
ကလဲ မက နဲ့တော့..သေနတ်လဲ မငှားနိုင်တော့ဘူးတဲ့ ..။
ညကတောင်..အရေးကြီးတဲ့ အချိန်မှာ လက်နက်က ကိုယ်နဲ့ မကွာရှိနေရမယ့်ဟာ...လူနဲ့ တခြားစီဖြစ်နေလို့ ..ဒဏ်ပေးတယ်ဆိုဘဲ..။
မကနဲ့ ဆိုတော့လဲ..မက”ဘူးပေါ့..။
မငှားလဲနေပေါ့...ကိုယ့်ပြဇာတ်က သေနတ်မှ မလိုတာ...။
တတိယညကျတော့ ကပြတာ အေးဆေးဘဲ...။ ဘာမှကို မဖြစ်ဘူး...။
ညနေကတည်းက ပွဲခင်းကို စနည်းနာပြီး ကြည့်မိတယ်...ရဲဘော်တွေ တစ်ယောက်မှ လမ်းသလားတာ မတွေ့ ဘူး...။
ရှင်းရှင်းပြောရရင်...
ပွဲခင်းလုံခြုံရေးတောင် တာဝန်မယူတော့တာဗျာ...။
.......
.......
ဒီအဖြစ်အပျက်က ကြာနေပြီဆိုတော့ အမြဲတမ်းကြီးတော့ သတိမရပါဘူး...။
တိုက်ဆိုင်မှပါ...
တိုက်ဆိုင်မှ ဆိုတာကလဲ တခြားတော့ မဟုတ်ဘူး...
ဆိုင်းဘုတ်ကြီိးတွေလေ....
“ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ”
ဆိုတာကြိးတွေ့ ရင်. ခုနကပြောတဲ့ အတွေ့ အကြုံကို ပြန်သတိယပြီး ပြုံးချင်ရော...။
ကျနော်ဘဲ အတွေးခေါင်တာလား ၊အတွေးနက်တာလား မသိပါဘူး...။
ဒါကြောင့်လဲ ဒီိပို့ စ်ကို နာမည်ပေးထားတာ...
“ မဆီမဆိုင်” လို့ .........ဆို။။။
ဆိုင် လို့ လား...။




သစ်နက်ဆူး

Friday, October 9, 2009

ကျနော်တို့ ဇာတ်ပွဲ



ကျနော်တို့ က”ပြခဲ့တဲ့ ဇာတ်ပွဲ ဗီဒီယိုဖိုင်လေးတွေပါ..အပြည့်အစုံတော့ မဟုတ်ပါဘူး...
နော်နော်နဲ့ ကျော်ကျော်မိုးတို့ က”တာတောင် အပြည့်မပါပါဘူး...
ကင်မရာ ဘက်ထရီ ဒေါင်းသွားလို့ ..ဒိလောက်ဘဲ..ဆိုတော့...နော်နော်တို့ နှစ်ယောက် ရွှေစိတ်တော်တွေဆိုးလို့ ..။
သူတို့ ခမြာ ကြိုးစားပြီး အပီ က...ကြတာကိုးးးး။
မဒမ်ဆူးရဲ့ အငြိမ့်ခန်းလေးလဲ ကြည့်ပေါ့...။

နော်နော်...လေးရဲ့ မြန်မာ့အက

Saturday, September 12, 2009

သင်းကွဲဌက်လေး

ထိတ်ထိတ်ဝေေ၀ ညဥ့်နက်တွေထဲ
အေးစက်စက် သိုင်းဖက်လာတဲ့
လရောင်တစ်ဝက်တစ်ပျက်နဲ့ ဘဲ
ကိုယ့် အားငယ်မှုကို ကိုယ်သောက်သုံးရ...။
နှင်းတွေလေ......
ကျနေလိုက်တာများ တွတ်တီးတွတ်တာနဲ့ 
ဆရာမင်းလူရဲ့  “ငှက်ကလေး”ပေါ့
ပြတင်းတံခါးမှန်ထဲမှာ
ကိုယ့်ကိုကိုယ်ရှာဖွေယင်း
ဝိုင်ပြင်းပြင်းနဲ့ ဘဲ ....
ငိုချင်းမချမိအောင်
ကိုယ့်ကိုကိုယ် လှည့်ရှောင်နေရတယ်..။
သတ္တ၀ါ တစ်ခု ကံတစ်ခုတဲ့
တစ်ကောင်တည်းဘ၀မှာတော့
ကံပေါင်းများစွာက
အချက်ကျကျ ကပြီကရီလုပ်တိုင်း
ငါ့ အရောင်တွေ ခြောက်ခြားကြလေရဲ့.....။
ဘ၀တူငှက်ကလေးရေ
အလွမ်းဘဲဖြစ်ဖြစ် နာကျည်းမှုဘဲဖြစ်ဖြစ်
ငါကတော့....
ကင်းဗတ်စပေါ် အန်ချလိုက်တာဘဲ။
မင်းကတော့ ပိုတော်တာပေါ့...
ကွန်ပြူတာထဲ အန်ထည့်လိုက်ရော...
မင်းကမှော်ငှက်လေ
ငါ့ရဲ့ ကောင်းကင်ထက်မှာပေါ့...။

သစ်နက်ဆူး

Thursday, September 10, 2009

Hollis Woods

သိပ်ကြိုက်မိတဲ့ ရုပ်ရှင်ကားလေးပါ...
အစားကောင်း စားရရင် မိတ်ဆွေတွေကိုမမေ့နဲ့ ဆိုတဲ့  စကားလေးလိုပေါ့..။
http://thitnetsue-tns.blogspot.com/ ဒီမှာတင်ထားတာပါ..။

Hollis Woods

">
ကြည့်နေရင်းကို မျက်ရည်ကျမိအောင်ကောင်းတဲ့ ရုပ်ရှင်ကားလေးပါ..။ သိပ်တော်တဲ့  သရုပ်ဆောင်တွေရဲ့ အနုပညာ...
သိပ်တော်တဲ့  ကလေးမလေးရဲ့  ဈာန်ဝင်စားပြီး သရုပ်ဆောင်ထားတဲ့ အနုပညာကို လောလောဆယ် မျှဝေပေးလိုက်ပါတယ်..။
အနုပညာရှင်၂ဦးရဲ့ တဦးအပေါ်တဦးထားတဲ့ သံယောဇဉ်..။
တခါတခါ ကိုယ်တိုင်ကလေးမလေးနေရာကို ရောက်သွားသလိုခံစားရပါတယ်..။
ရုပ်ရှင်ကြည့်ရင်းမျက်ရည်ကျမိတာ..သိပ်ပျော့ညံ့တဲ့ ကောင်တော့ မဟုတ်ပါဘူး..။
ကိုယ့်ဘ၀နဲ့ ထပ်တူနီးပါးတူလွန်းလို့  ဟတ်ထိသွားတာပါ..။

Friday, August 28, 2009

ရနံ့ ပျယ် ကြေမွတိမ်တိုက်


http://thitnetsue-tns.blogspot.com/
ကျနော်....ဒီဘလော့ဂ်လိပ်စာသစ်လေးမှာဘဲ ပို့ စ်အသစ်တော့ တင်တော့မှာပါ...။
မိတ်ဆွေတွေအနေနဲ့  ဒီလင့်ခ် အသစ်လေးကို ပြောင်းချိတ်ထားရင် ပိုကောင်းမှာပေါ့...။

ရနံ့ ပျယ် ကြေမွတိမ်တိုက်



မှိုင်းညှင်းညှင်း မြူလေနွေးကပင် ကိုယ့်ကို ဆွဲပတ်ရစ်ပွေ့ ပြီး အလွမ်းလှိုင်းထဲဆွဲသွင်းလိုက်သလို
မောဟိုက်ဟိုက်နှင့်နီးရာ ကျောက်စွန်းလေးမှာ ကိုယ်ထိုင်ချလိုက်ရသည်..။
နွမ်းနေသောစိတ်နှင့်ပင် ဝေးနိုင်သမျှဝေးဝေးသို့ အကြည့်ကိုပို့ ထားလိုက်သည်။ ပြာလွလွ အငွေ့ များကြားတွင်မှ လူမသိသူမသိကြွေကျဆဲ သစ်ရွက်လေးတွေ...ကြွေနေဆဲ သစ်ရွက်လေးတွေက မြေမှာ အပြန့် သား...။
မိမိမှီတွယ်ရာမှ ခွဲခွာကြွေလွင့်ခဲ့ ရသော သစ်ရွက် ပန်းပွင့် သံယောဇဉ်ကို နက်နက်နဲနဲ မဝေခွဲတတ်ပေမယ့်..
ကိုယ်ချင်းစာစိတ်နှင့် နီးရာ သစ်ရွက်လေးကို ကောက်ယူကြည့်မိသည်...။
သစ်ရွက်ပေါ်မှ နှင်းရည်စိုစိုတို့ သည်ပင် သစ်ရွက်လေးရဲ့ မျက်ရည်များလား...။
သစ်ရွက်ပေါ်မှ နှင်းရည်တို့ သည်ပင် သစ်ရွက်လေးရဲ့ ခွဲခွာခြင်းမျက်ရည်ဆိုလျှင်...
ကိုယ့်တကိုယ်လုံး စွတ်စိုနေတဲ့ နှင်းရည်တွေကရော..ကိုယ့်မျက်ရည်တွေလား...။ နာနာကျင်ကျင်ပင် ပြုံးလိုက်ကာမှ မျက်ရည်စက ခိုတွဲလာသလို ။
အိတ်ထဲက ဆေးလိပ်ဗူးကို ဆွဲထုတ်ရင်းဆေးလိပ်ကို မီးညှိလိုက်ရင်း တချက် ရှိုက်သွင်းရင်း...
“ ညီညီ...မင်းလွမ်းတာတွေ ပျောက်အောင် ဆေးလိပ်သောက်ကြည့်ပါလား...အလွမ်းပြေတယ်ကွ”
စိုးငယ်..မင်းပြောသလို ဆေးလိပ်ကို အလွမ်းပြေမလားအထင်နဲ့ သောက်လာတာ...ဆေးလိပ်တောင် ဖြတ်ဘို့ မလွယ်ပါဘူးသူငယ်ချင်း..။
အလွမ်းတွေကလျှော့သွားသလား ဆိုရင်ကော...။
သေရာပါ ဒဏ်ချက်တွေ.....၊ ဆေးလိပ်ငွေ့ က ဖျက်နိုင်ပါ့မလား သူငယ်ချင်းရယ်..။
ဟောဒီ သစ်ပင်ထက်မှာ မှီတွယ်ခဲ့ တဲ့  သစ်ရွက်တွေ...
မြေပြင်အနှံ့ ကြွေနေတယ် သူငယ်ချင်း..။
ပြန်ဆက်လို့ မရတဲ့ ခွဲခွာခြင်း..ဝေးကွာမှု..။
ကြွေကျတဲ့သစ်၇ွက်နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ သစ်ရွက်တခုအတွက်...
ဒါမှမဟုတ်..ဝေးဝေးမှာကြွေလွင့်ပေးမှ ဆက်လက်တင့်တယ်လှပမယ့် အပင်အတွက်..။
ဝေးဝေးမှာ ကြွေပေးတာက ပိုကောင်းမှာပါ သူငယ်ချင်း..။
...........
...........
လွမ်းချင်ပေမယ့် မလွမ်းသင့်တော့တဲ့ အနေအထားပါ..။
ဒါပေမယ့် လွမ်းမိတယ်..။
.....
.....
“ ”
“ ဒီမြို့ ကျဉ်းကျဉ်းလေးလောက်ကို ဘ၀အဆုံး ကမ္ဘာ အဆုံးထင်နေတဲ့  ခင်ဗျားကို ၊ လောကကြီး ဘယ်လောက်ကျယ်တယ်ဆိုတာ.. ကျနော် လက်တွေ့ ပြမယ်...ခင်ဗျား ကွယ်ရာကနေကျနော့်ကို ဘယ်တော့မှ ကြည့်ခွင့်မရအောင်..လက်တွေ့ ပြမယ်..ရှင်းရှင်းပြောရရင်..ခင်ဗျား ကျနော့်ကိုအလွမ်းပြေ ကြည့်ခွင့်မရှိအောင်ကို နေပြမယ်..”
ညီညီ

“ မောင်...အဗ္မပ္ပါလီ ကို သိတယ် မဟုတ်လား...တိုင်းပြည်က ပြည့်တန်ဆာလို့ သတ်မှတ်ထားတဲ့ သူလေ..
သူက ပြည့်တန်ဆာဖြစ်ပေမယ့် ဘုရားရှင် ကိုယ်တော်မြတ်ကြီး သီတင်းသုံးဘို့  သူပိုင်မြေသရက်ခြံကို လှုပြီး ကောင်းမှုတခုလုပ်ခဲ့ တယ်မောင်...
ပါတ်ဝန်းကျင်ဆိုတာသိပ်ကြောက်စရာကောင်းတယ်..သူတို့ ထင်သလိုလူတယောက်ကို သတ်မှတ်ကြတယ်၊
မ...ဘာမှ မရှင်းချင်ဘူးမောင်..ယုံကြမှာလဲ မဟုတ်ဘူး..
သူတို့ ထင်သလို မ..ဟာပြည့်တန်ဆာ ဖြစ်ခဲ့ ရင်တောင် ..အဗ္မပ္ပါလီလို ကောင်းမှုတခုတော့ လုပ်ခဲ့ပါတယ် မောင်..အဲဒါက ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ချင်တဲ့  မောင့်ကို ကူညီနိုင်ခဲ့ တယ်..”
မော်မော်

..
..
ဘာမှ အဆင်မပြေတတ်တဲ့ ကောင်လေးတစ်ယောက်အတွက် ပြသနာနဲ့ ဝမ်းနည်းမှုက တန်းစီနေတတ်သည်..။ အယူအဆ ၊စိတ်ဓါတ် ၊ ယုံကြည်မှုတွေ ကပင် ကိုယ့်ကို လမ်းခွဲစေတာလားတော့ မပြောတတ်..။ ဒါပေမယ့် ကိစ္စမရှိ..။ ကိုယ့်အတွက်ကတော့ တိတ်တိတ်လေး ကျိတ်မှိတ်ခံစားခြင်းက အကျင့်ပင် ဖြစ်နေပြီ..။
ကိုယ့်သင်္ကေတ ကတော့ အမြဲ မျက်မှောင်ကုတ်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားခြင်းက အဖော်ပင်..။
မိဘတွေမှာ ဘက်လိုက်တတ်တဲ့ စိတ်ဓါတ်မရှိပါဘူးလို့  ပြောသူများရှိခဲ့ လျှင် ကိုယ်ပြုံးပြလိုက်ချင်ပါတယ်...
နှုတ်ခမ်းတင်းတင်းစေ့ထားသော အပြုံးနဲ့ ပေါ့..။
ပန်းချီပညာမှာ အရောင်တွေကို အုပ်စု ၃စုခွဲထားသည်..။
အအေးရောင်အုပ်စု၊
အနွေးရောင်အုပ်စု၊
အပူရောင်အုပ်စု....။
မိဘတွေကများ သားသမီးတွေကို အရောင်အုပ်စု ခွဲမည်ဆိုရင် ကိုယ်ကတော့ အပူရောင် အုပ်စုမှာ
ထိပ်ဆုံးက ဖြစ်လိမ့် မည်..။
အပူရောင်တောင်မှ အီကွေတာ အပူ..။
ကိုယ်ကလဲ ပြတ်သားခွဲထွက်စေတတ်သော အပူရောင်ကို နှစ်သက်သည်..
အလင်းပြတ်ပြတ်
အနားစွန်းအလင်း..
ကိုယ်ပြချင်သော ပြကွက်တခုကို ဖျတ်ကနည်း ထိခတ်ပြတတ်သော အလင်းမျိုး။။
.....
ကိုယ်နှစ်သက်တတ်သော အလင်းပြချက်လေးတစ်ချက်ကြောင့်ပင် မွေးရပ်မြေ တခုကို တစ်သက်လုံးနီးပါး
စွန့် ခွာစေခဲ့သော ..အဖြစ်။
အံ့သြစရာကောင်းသည်က ဘ၀တခုလုံး ပျက်လွင့်ကြေမွစေခဲ့ သော လျှပ်တပျက် အလင်းရိုက်ချက်
မြင်ကွင်းက ဘယ်တော့မှ ဖျောက်မရ...။ မေ့မရ..။

ဆက်ပါဦးမယ်
သစ်နက်ဆူး
( ဘယ်သူ့ ကိုမှ ရင်ဖွင့်ခွင့်မရတော့တဲ့ ဇာတ်လမ်းလေးအတွက် သိမ်းထားစရာ နေရာလေးတခု...ရင်ဖွင့်စရာ နေရာလေးတခု တွေ့ ခဲ့ ပြီ မ..ရေ..၊ သေခြင်းတရားဆိုတာ ဘယ်အချိန်ဘယ်အခါ လာမယ်ဆိုတာ မသိပါဘူး...မောင်...သေသွားခဲ့ ရင်တောင်..ဟောဒီစာမျက်နှာလေးတွေမှာ မှတ်တမ်းလေးထားခဲ့ တယ်..မ
မောင့် ခံစားချက်တွေကို ဖြေခွင့်ပေးပါ..)

Sunday, August 23, 2009

ခုတလော.........

ခုတလော...

တွေးနေမိတာက...
ကမ္ဘာ မြေမှာ လူအဖြစ်မွေးဖွားလာခြင်းနဲ့ လူသားတဦး ကပြထမ်းဆောင်ရမယ့် ဇာတ်ရုပ်..။

ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက.....
ပြာတမှုန်မျှသာ......။

ကျန်းမာရေး..........
ရင်ထဲမှာ နေလို့ မကောင်း...။

ဖတ်ဖြစ်တဲ့  စာတွေက..
ခံစားမှုတွေ သက်သာစေမယ့် မိတ်ဆွေတွေရဲ့ ဘလော့ဂ်ပို့ စ်များ..။

ရောက်ဖြစ်နေတာက..
အငှားခန္ဒာရဲ့ အပြင်ဘက်...။

ရေးဖြစ်နေတာက...
နာကျင်မှုတချို့ ...။

နားထောင်ဖြစ်တာက..
အလွမ်းသီချင်းများ နဲ့ ပေါက်ကွဲသံစဉ်...။

ရွတ်နေမိတဲ့ ကဗျာ..
သူတည်းတယောက် ကောင်းဘို့ ရောက်မူ..သူတယောက်မှာ ပျက်လင့်ကာတည်း...။

ဖြစ်ချင်နေတာက...
ခံစားမှု မဲ့ တဲ့ လူတစ်ယောက်...။

စားဖြစ်နေတာတွေက...
အစွဲအလမ်းမထား...ကြုံသလို..။

သနားမိတာက ..
မှန်ထဲက သတ္တ၀ါ...။

လွမ်းနေမိတာက..
အညာ....မွေးရပ်မြေ...။

မေ့လျော့ပစ်နေမိတာက..
နာကျင်ခြင်း....။

ခါးသက်နေမိတာက..
သံယောဇဉ်နဲ့ စွဲလမ်းစိတ်....။

တမ်းတနေမိတာက...
တိတ်ဆိတ်သော တယောက်ထဲ ဘ၀...။

ကြိတ်ပြီးချီးကျူးမိတာက..
ပိပိရိရိ နှစ်ရှည်လများ လိမ်နိုင်သူ....။

ကြိတ်ပြီးအထင်သေးမိတာက...
ကိုယ့်ကိုကိုယ်....။

ဆန္ဒမရှိတဲ့ နေရာ..
ဟန်ဆောင်ပါတ်ဝန်းကျင်...........။

ဆန္ဒရှိနေတဲ့ နေရာ..
တိတ်ဆိတ် မှောင်မိုက်သော နေရာလေးတခု...။

စွဲလန်းနေမိတာက..
ဆေးလိပ်။

လိုအပ်နေတာက..
တိတ်တိတ်လေးမျှဝေခံစားမယ့်သူ...(သို့ မဟုတ်) ကျောက်ဂူတလုံး...။

တောင့်တနေမိတဲ့ ဆု..
ချုပ်ငြိမ်းခြင်း...။

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက..
မအော်ပါဘူး...ရင်ထဲမှာဘဲ ကြိတ်မှိတ်ခံစားပါတယ်..။

ဝန်ခံချင်တာက..
ကျနော် ညံ့ခဲ့တယ်...။



မြတ်နိုးရေ...ညီမ တက်ဂ်ထားတဲ စာကြွေးလေးရေးဖြစ်ခဲ့ ပါပြီ..။

နေရာသစ်

http://thitnetsue-tns.blogspot.com/

ရောက်လာခဲ့ ရင်တော့ ဒီဘက်ကို လာလည်ပါ...။
တိတ်ဆိတ်ပြီး မှောင်မိုက်တဲ့ နေရာလေးတခုမှာ.... ကျနော် ကြေကွဲနေချင်တယ်..။

အဖြည့်ခံ

ကမ်းခြေ...
ငါ့မျက်ရည်တွေ ခဏသိမ်းပေးထားပါ
နောက်ကျောက ဓါးကိုစမ်းမိကာမှ
ဟန်ဆောင်ခြင်းတရားတွေ ကြား
အနှစ်၂၀လောက်က အမှားတခုအတွက်
တိတ်တိတ်လေးကြေ.....။

Thursday, August 20, 2009

သက်ပြင်းလေးတစ်ချက်လောက်တော့ ချလိုက်ဦးမှ......

သာသနသုခ ဘုန်းတော်ကြီးကျောင်းရံပုံငွေပွဲအတွက် ရုန်းလိုက်ရတာ....
ကလေးတွေက သင်္ကြန်အက လောက်ဘဲ က”ဘူးတာဆိုတော့ ..အခြေခံက စသင်ပြီး ၃ပါတ်လောက် လေ့ကျင့်ပြီးတာနဲ့  ပရိတ်သတ်ရှေ့ မှာ ရုံဝင်လက်မှတ်ရောင်းပြီး ကပြရမှာဆိုတော့ ကိုယ့်အတွက် မပူရပေမယ့် သူတို့ လေးတွေအတွက် စိတ်ပူနေရတာ ..။
အခုကပြချိန်မှာတော့ အားလုံးရဲ့ လက်ခုပ်သံတွေ ချီးကျူးသံတွေကြားမှာ....
ကျနော်သက်ပြင်းတစ်ချက်တော့ ချနိုင်ပါပြီ..။
ကပြချိန် ၃နာရီကို အချိန်ကိုက်လုပ်ထားပေမယ့် တစ်ကယ်စင်ပေါ်မှာ ကပြတဲ့ အခါ အ၀တ်အစားလဲလှယ်ချိန်တွေနဲ့  ကြားက အစာဖြည့် ပြောချိန်တွေ အားလုံးပေါင်းလိုက်တော့ နှစ်ပါးသွားက ၂၅မိနစ်ဘဲ ကပြချိန်ရှိတော့တယ်..။
ကျနော့် မင်းသားမင်းသမီးလေးတွေကတော့ အပြင်းအထန်လေ့ကျင့်ထားပြီး ၀အောင်မက”ရလို့ စိတ်တွေဆိုးကြတယ်..။
ကျနော်လဲ ကလေးတွေအတွက် စိတ်မကောင်းဖြစ်ရပေါ့...။
နော်နော်ကလဲ ပြန်လာတော့ ကားပေါ်မှာ စိတ်တွေတိုပြီး ကျနော့်ကိုဘဲ ပြသနာရှာနေလေရဲ့ ...။
ကျနော် နောက်ထပ် ကလေးတွေအတွက် ရုန်းရဦးမှာ...။
အခု ရင်ထဲမှာ ပီတိဖြစ်ရတာက သာသနာအတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်တာရယ်..
ကလေးတွေရဲ့ ရင်ထဲကို မြန်မာ့ အကပညာထည့်ပေးနိုင်တာရယ်...
နေရာမရွေး မြန်မာ့အနုပညာကို ချပြရဲတဲ့ သတ္တိစိတ်ကို သူတို့ နှလုံးသားထဲ ထည့်ပေးနိုင်ခဲ့ တာရယ်တွေကိုပေါ့...။
ကျနော့်အတွက်ကတော့ သူတို့ က”တာလေးတွေကို လက်ခုပ်သံမစဲ အားပေးတာကို ကြည့်ပြီး ကြည်နူးရတဲ့  ပီတိပေါ့ဗျာ...။


မင်းသမီးလေးတွေ ၀ိုင်းရံခလို့ .....နော်နော့် ရဲ့  နှစ်ပါးခွင်









လွမ်းမွန် ( မဒမ်ဆူး ) ရဲ့ အငြိမ့်ခန်း


နှင်းနန္ဒာ ရဲ့ အငြိမ့်

ယောကျာင်္းဘသား..အဖေတူသားဟေ့..

နည်းနည်းပါးပါး ခွဲကြစို့ ......

Tuesday, July 28, 2009

ဘယ်ပျောက်နေလဲ.....မောင်ရေခဲ



ကျနော် ပျောက်နေတာ...ကြာပြီ..။
ဘာတွေ အလုပ်များနေလဲဆို..ဒီမှာရောက်နေတဲ့ ကလေးတွေကို မြန်မာ အကတွေ အခြေခံက စပြီးသင်ပေးနေတာ..။
ပြီးတော့ သာသန သုခ ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရှာဖွေဘို့  ကျနော်တို့ ဇာတ်ကမယ်လေ..
သြဂုတ်လ ၁၅ ရက်နေ့ မှာပေါ့..အော်စလိုမှာ...
နောက်..ဆက်သွယ်ထားတဲ့ ပွဲတွေလဲ ဆက်ကဘို့  ရှိနေပါတယ်...
ပင်ပန်းတယ်...
ဒါပေမယ့်...သာသနာရေးမို့ ..မမောနိုင်ပါဘူး.....။
မိတ်ဆွေတွေဆီကို..နောက်တော့ လာလည်ပါ့မယ်...။
နည်းနည်းပါးပါး...အားပေးမယ်ဆို..ကျေနပ်ပါပြီ..။
မင်းသားတွေက ချောတယ်နော်....၀ှီးးးးးးး ခွပ်...။
အာာာာာာာာာာာာာာာာာာာာာာာာာာာာာား ။

(မှတ်ချက်)...ဒီနိုင်ငံမှာမို့ ကခွင့်၇တာ...ပြည်တွင်းမှာဆို မလွယ်ဘူးး၊ ခေါင်းဆောင်မင်းသား၊မင်းသမီး အစ..ယိမ်းမင်းသမီး
လူရွှင်တော်...ဂီတ..မီးတာဝန်ခံ၊ကားဆွဲအဆုံး....အကုန်လုံး သူပုန်တွေ...ဟေးဟေး။

Wednesday, June 24, 2009

သော့ ...နောက်ဆက်တွဲ


kr.8000.
ဒီနေ့ ပြခန်းက သတင်းကြားတယ်..ဒီကားလေးရောင်းထွက်သွားတယ်..kr.8000 နဲ့ ပါ..။
မနေ့ က ပအို့ တောင်ပေါ်ဈေး ( ၇.ရက်ဈေး) ဒုတိယ ကားလဲ kr.5000 နဲ့ ရောင်းထွက်သွားပါတယ်..အဲဒီ ပအို့ ဈေးကို ဓါတ်ပုံရိုက်မထားလိုက်ရလို့ တွဲပြီးမတင်နိုင်ပါဘူး...နောက်မှပေါ့..။

အားပေးတဲ့ မိတ်ဆွေတွေကို ကျေးဇူးအထူးပါ..။

Saturday, June 20, 2009

နယ်မြေသစ်ကို ဖွင့်တဲ့  သော့


ပအို့ ပန်းဈေး.....kr.8000.00

ဆေးတံသောက်ဖက်.. kr.20000.00
ဒီနေ့  ကျနော်တို့ ပန်းချီပြပွဲဖွင့်တဲ့ နေ့ ပါ...
ဒီပြပွဲမှာ...အားပြိုင်မှုတွေ အများကြီး ရှိနေပါတယ်..။ မတူညီတဲ့ အယူအဆ၊အရောင်၊ဖွဲ့ စည်းမှုတွေကို ပထမဆုံး ပြပွဲမှာ ချပြရတာပါ...။နော်ဝေ သဘာဝရှုခင်းတွေကလွဲရင် ဘယ်ကားမှ လူတွေ စိတ်မ၀င်စားဘူး...မ၀ယ်ကြဘူးလို့ ပြောနေတဲ့ ကြားထဲက ကိုယ်တင်ပြချင်တာကို အနုပညာစိတ်တခုထဲနဲ့ 
အားတင်းပြီး ၀င်တိုးရတာပါ...။
ပြပွဲဖွင့်လိုက်တာနဲ့  အားပေးမှု ချီးကျူးမှုတွေက အားဖြစ်စေပါတယ်...
နောက်ဝမ်းသာရတာက ဒီပြပွဲမှာ ဈေးအကြီးဆုံးက ကျနော့်ရဲ့ ပန်းချီကားပါ...။
ဒီဆေးတံသောက်နေတဲ့ အဘွားကြီး ၂ယောက်ပုံကို ခရိုနာ ၂၀၀၀၀..တင်ထားတာပါ...။
ပြပွဲဖွင့်လိုက်တာနဲ့  ဒီပန်းချီကားနဲ့  ပအို့ ဝ် ပန်းဈေးကား၂ကားရောင်းထွက်သွားပါတယ်..ပအို့ ဝ်ပန်းဈေးက ခရိုနာ ၈၀၀၀ နဲ့ ပါ..။

ကျနော် ပန်းချီဆွဲနေတဲ့ ရက်တွေမှာ အားပေးခဲ့ ကြတဲ့  ဘလော့ဂါမောင်နှမတွေ ပီတိဖြစ်စေဘို့ 
လက်တို့ လိုက်တာပါ...။

“ ပန်းတပွင့်ရဲ့ ရာဇ၀င် ”

“ ပန်းတပွင့်ရဲ့ ရာဇ၀င် ”

အသွေးအရောင် ကောင်းကောင်းနဲ့
ဓါးတစ်ချောင်းရဲ့ပန်းပွင့်
ခွေးလေခွေးလွင့်တွေ ၀ိုင်းကိုက်တယ်...။
ပန်းတစ်ပွင့်ကတော့..
မြင့်သထက်မြင့်လို့
တင့်တယ်ခြင်းတွေ
ခညောင်းညွှတ်ဆင်း
ခွေးအိုကြီးတွေအတွက်
ကြောက်လန့်ခြင်းကိုဖြစ်စေတယ်.....။

မန္တလေးကြိုးကြီးချိတ်နဲ့
ပန်းတစ်ပွင့်ကို
သေနတ်ခါးချိတ်တဲ့လူတွေ
အသေကြောက်တယ်......။
သူမ.......
လှပတယ်
ရဲရင့်တယ်
တင့်တယ်တယ်
မြင့်မြတ်တယ်
နူးညံ့စွာ မာကြောလှတယ်...။
ပန်းတစ်ပွင့်မှာ...
ရန်သူတွေများတယ်...
သူတို့က
ရာဇ၀င်တစ်ခုကို
အကျဉ်းချထားရင် ရလိမ့်မယ်လို့
ဥာဏ်နုံ့စွာနဲ့ယုံကြည်တယ်
ဒါကြောင့်လည်း.....
မျက်မမြင်ပုဏ္ဏားတွေ အခါပေးသမျှ
တိုင်းပြည်တစ်ခုလုံး ချေမွခံခဲ့ရတယ်...။
ပန်းတစ်ပွင့်က...
စာတတ်တယ်....
ကမ္ဘာ့စာပေတွေဖတ်တယ်
ပြည်သူတွေရဲ့ရင်ဘတ်ကိုဖတ်တယ်..
သူတို့က...
ရှေ့ဖြစ်နောက်ဖြစ်ဖတ်တယ်
ဗေဒင်ဖတ်တယ်....
ပန်းတစ်ပွင့်က..
ပညာဥာဏ်ကို အခြေပြုတယ်
သူတို့က ယတြာကို လု`ချေနေကြတယ် ....
ဒါနဲ့များ...
တိုင်းပြည်ကောင်းစားအောင်
သူတို့မှဘဲ လုပ်နိုင်မတဲ့လေ....။
ပန်းတစ်ပွင့်......
ပန်းတစ်ပွင့်ရဲ့တင့်တယ်ခြင်း
ကျေနပ်ခြင်းများနဲ့လက်ခံပါတယ်
ပြည်သူတွေ အတွေးနဲ့
အားလုံးရဲ့ရှေ့ရေးမှာ
လေးသိန်းကျော် လူ့အန္တတွေရဲ့ဦးခေါင်းထက်
ပန်းတစ်ပွင့်က နေရာယူထားလျှက်ပါ....။
ပန်းတစ်ပွင့်...
ရဲရင့်စွာ ပွင်းလန်းသမျှလည်း
ကမ္ဘာက လက်ခံတယ်.....။
..........
ပန်းတစ်ပွင့်ပါ
မျိုးရိုးမှန်တယ်
မျိုးရိုးကောင်းတယ်....
အသွေးမှန်တယ်
အရောင်ကောင်းတယ်.....
ဒါကြောင့်......
မြန်မာပြည် ရာဇ၀င်မှာ....
သွေးရဲရဲနဲ့ပွင့်ခဲ့တယ်...။ ။

သစ်နက်ဆူး
အမေ့ မွေးနေ့  အမှတ်တယ

Tuesday, June 2, 2009

ကြေကွဲ....အနုပညာ

၃တောင်ဝတ် အမျိုးသမီးတဦးဟာ...ဘုရားဆုပန်မင်းယောင်္ကျားလို့ မကြွေးကြော်နိုင်ပေမယ့် သိုဝှက်တတ်သော ချစ်ခြင်းနဲ့ ကြင်နာမှုတရားတွေ ရှိနေယုံနဲ့  အမေ ဆိုတဲ့ ဂုဏ် ထိုက်တော့တာပါဘဲ..အမေ..။
အစိမ်းရင့်ရင့် ပြတ်တောက်နိုင်စွမ်းသော သံယောဇဉ် အပိုင်းအစလေးတွေကြားမှာ ကြီးပြင်းဖြတ်ကျော်ခဲ့ ရတဲ့ ကျနော့်ဘ၀မှာ
လေးစားပြီးတိတ်တခိုး ချစ်ခဲ့ ရတဲ့ အမျိုးသမီးတဦးရှိခဲ့ တယ်အမေ...။
အဲဒါအမေပါ..။
ကျနော်က အမေ့ အရေပြားကို မကြည့်ဘူးအမေ..။
အမေ့ မျက်လုံးတွေကို ချစ်ခဲ့ တာ..။
အမေ့ ပါတ်ဝန်းကျင်ကို ကျနော် မဝေဖန်ဘူးအမေ...
မှန်တာပြောရဲတဲ့  အမေ့ နှုတ်ခမ်းပါးတွေကို ချစ်တာ..။
စက်ရုပ်မဟုတ်ဘဲ အသွေးအသားနဲ့ ဖွဲ့ စည်းဖြစ်တည်ခဲ့ တဲ့ နှလုံးသားတစ်ခုပါလာတဲ့ အမေ့ အိမ်ထောင်ရေးကို ကျနော်
မဝေဖန်ဘူးအမေ..
အမေ့ ဥာဏ်ပညာကို လေးစားခဲ့ တာ..။
လုပ်နိုင်စွမ်းဆိုတာ လုပ်ပိုင်ခွင့် ရှိမှ ပြသနိုင်တာ အမေ..
ကျနော် သိတယ်အမေ..။
ပါးစပ်နဲ့ တိုက်တဲ့ ဘေးကလေတွေ ကျနော် အရေးမစိုက်ပါဘူး...။
ရွေးချယ်မှုမှန်ကန်ခဲ့ တဲ့ ချစ်ခြင်းနဲ့ ဘဲ အဝေးက ...........။
အမေ့ ကို ကျနော် သိတယ်...
အမေ့ ရဲ့ စိတ်ဓါတ်ကျနော်သိတယ်...
အမေ့ ရဲ့ ချစ်ခြင်း ကျနော်သိတယ်...
အမေ့ ရဲ့ ဂုဏ်ကို ကျနော်သိတယ်...
.........
ကျနော့်ကို လာမယ့် စနေ နေ့ မှာ ထောင်သားဝတ်စုံတွေ ၀တ်ပေးကြမယ်...လက်ထပ်ခတ်မယ်..သံခြေချင်းတွေခတ်မယ်...
လွပ်လပ်စွာလှုပ်ရှားမရအောင် ထိန်းချုပ်ထားပြီးမှ လူသားချင်းစာနာတတ်တဲ့  နော်ဝေဘုရင့်နန်းတော်ကြီးရှေ့ မှာ
အမေ့ ပုံကို ကျနော့်ကို ဆွဲခိုင်းကြမယ်...
အမေ့ မျက်လုံးတွေ...အဓိပ္ပါယ် အတိမ်အနက်တွေ....
မတရားချုပ်နှောင်ခံထားခံရတဲ့  အမေ့ ပုံရိပ်တွေ.....
ခွန်အားတွေပေးပါ အမေ...
ကျနော့်လက်အစုံမှာ အမေ့ ရဲ့ ထိုးဖောက်ခြင်းတွေ ပေးပါ...။
သဇင်နီဆိုတဲ့ ရှားပါးလွန်းလှတဲ့ တော်ဝင်ပန်းကို ကျနော် တွေ့ ဘူးတယ် နမ်းရှိုက်ဘူးတယ် အမေ..။
ဘာနဲ့ မှ ဖုံးကွယ်တားဆီးလို့ မရအောင်ကို သင်းပျံ့ လွန်းသော တော်ဝင်ပန်းပါ...
တောနဲ့ တောင်ကိုကျော်ဖြတ်ပြီး ရနံ့ ပေးနိုင်တဲ့ ပန်းပါအမေ...
........
.......
အတောင်၂၀ ၀တ်မင်းယောင်္ကျားဆိုတာ ၈x၂တောင်ပုဆိုးကို ကြံဖန်ပြီး ၄ဘက်၎တန်တိုင်းမှ အတောင်၂၀ဖြစ်တာပါ အမေ...
ရူးကြောင်မူးကြောင်နဲ့  မင်းရူးရူးနေတဲ့ အသုံးမကျတဲ့ ယောင်္ကျားကြီးတွေ ကြားထဲမှာတော့ အမေက သဇင်နီပါ အမေ..။
ကမ္ဘာအနှံ့ မွှေးတဲ့  သဇင်နီပါ...။
အဲဒီ ရှားပါးသဇင်နီကို ကျနော် စနေနေ့ မှာ ပုံတူဆွဲမယ်...။
ကျနော်က တော်ဝင်ပန်းချီဆရာ မဟုတ်ပါဘူးအမေ...
ကျနော်ဆွဲရမယ့်ပုံတူကတော့ တော်ဝင်သဇင်နီပါ...။
...........
...........
၈၈ ကာလမှာတုန်းက အမေ့ ရဲ့ ကချင်ဝတ်စုံလေးနဲ့ ပုံတူကို ရေးဆွဲဘးတယ်အမေ...
ဒီအတွက် မျက်လုံးကို အ၀တ်နက်စီးပြီး ပစ်မိန့် လို့ ချောင်းစပ်မှာ ဆုံးဖြတ်ခံရတုန်းက ကျနော် မတုန်လှုပ်ခဲ့ ဘူး အမေ.
ဒါပေမယ့် အခု အမေ့ ပုံတူ ဆွဲရမယ်ဆိုတော့ ကျနော် ကြေကွဲနေမိတယ် အမေ.။

Saturday, May 30, 2009

ပန်းတောင်တန်း ၊ပင်လယ်ပြာနဲ့ ကျနော်နေတဲ့ မြို့ 







နွေရာသီ ပန်းချီပြပွဲအတွက်ဆွဲထားတဲ့  ပန်းချီကားလေးတွေပါ...အားလုံးကင်းဗတ်ပေါ်မှာ အခရိုင်းလစ်ဆေးနဲ့ ဆွဲထားပါတယ်...။
ကျနော်အကြိုက်ဆုံးက ပန်းတောင်တန်းပါ..။

Thursday, May 21, 2009

ရောင်ပြန်....ကျောက်တုန်းဖြူ



ကျနော်နေတဲ့ မြို့ တောင်တန်းကြီးပေါ်မှာ ကျောက်တုန်းဖြူကြီးရှိပါတယ်...လွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးအထင်ကရဖြစ်ခဲ့ တဲ့  ကျောက်တုန်းဖြူပါ...။
ပင်လယ်ထဲကလှမ်းကြည့်ရင် ၁၆မိုင်အကွာအဝေးက နေ့ နေ့ ညည တွေ့ နိုင်ပါတယ်။ ပင်လယ်မှာ လမ်းမှားမျက်စေ့ လည်နေတဲ့ ပင်လယ်ခရီးသွားတွေ အင်မတန် အားထားရတဲ့  ကျောက်တုန်းပါ...။ လရောင်မှာဖြစ်ဖြစ် ဒီကျောက်တုန်းဖြူကို တွေ့ တာနဲ့ ရေကြောင်းလမ်းခရီးကို သိနိုင်ပါတယ်..။
ဒီမြို့ လေးရဲ့အထင်ကရကျောက်တုန်းဖြူကို နေရောင်ရိုက်ခတ်ထားတဲ့ အမြင်နဲ့  အခ၇ိုင်းလစ်ဆေးနဲ့ ကင်းဗတ်ပေါ်မှာ Knife ကို
အသုံးပြုပြီးရေးဆွဲထားပါတယ်...။

သစ်နက်ဆူး

Sunday, May 17, 2009

ခွေးကြောက်



ဘာဘဲပြောပြော...
လမ်းဘေးခွေးတကောင်ရဲ့ အတ္တက
သမ္မာ သမတ်ကျမှာ မဟုတ်ဘူး.
ရူးသလိုလို၊ကြောင်သလိုလိုနဲ့ 
အူသံမပေးရဲ ၊မာန်သံမပေးရဲဘဲ
ဝဲစားပါးစပ်နဲ့ 
ချောင်းမြောင်း ဟပ်တတ်တယ်..။
ဥာဏ်နှုံ့ နဲတဲ့ ခွေး...
သစ္စာမဲ့ တဲ့ခွေး....
ဥဏှောက်သေးပေမယ့်..
ဝဲစားအတွေးအခေါ်ရှိတယ်..။
ခွေးထောင်ချောက်တွေ ဆင်တတ်တယ်။
ဘယ်ကြားမှ မတိုးတဲ့ ခွေး
လူတောမတိုးတဲ့ ခွေးက
အာဇာနည်သခင်မ ထမီနား၊ ဆွဲကစားချင်သေးတယ်..။
သခင်မသလုံးသား ဟတ်ချင်သေးတယ်..။
ရူးလို့ ဘဲ ကိုက်ကိုက်
ကြောင်လို့ ဘဲ ဟပ်ဟပ်
ဝဲစားခြောင်း...ခြောင်းနေတဲ့
ခွေးဝဲစားတကောင်ရဲ့ ကြောက်ခြင်းတရားကို
သခင်မက ပြုံးမဲ့ မဲ့ နဲ့  ကြည့်နေတယ်...
သေချာတယ်....
ဒီခွေး...၀င်ကိုက်တာ လူကို ကြောက်လွန်းလို့ ..။

သစ်နက်ဆူး

Saturday, May 16, 2009

ပန်းချီသစ်

ပန်းချီကားသစ်လေးတွေပါ။။
ရေလယ်ကျွန်းလေးနဲ့ တောင်ကွေ့ လမ်းလေးက knife နဲ့ ရေးဆွဲပြီး သစ်ခွပန်းလေးက ရေဆေးပန်းချီလေးပါ..
မိတ်ဆွေ တွေအတွက် အမှတ်တယပေါ့...။ ၀ါသနာတူသူတွေအားလုံးကို ကိုယ်ကမသိတော့ နာမည်တွေ ထည့်မရေးမိဘးပေါ့..စိတ်မကောင်းမဖြစ်ပါနဲ့ ...တူတူဆွဲကြတာပေါ့..
မတန်ခူးလဲပါမယ်..သားသားလေးကိုဧရာလဲပါမယ်...မမိုးချိုအတွက်ကတော့ တီကောင်အသကို သက်ငြိမ်ဆွဲခိုင်းမလားစိတ်ကူးပါတယ်...။
ဒါပေမယ့် ကျနော့် မမိုးချိုကိုဘဲ အားကိုးရမှာ...
စိတ်ကူးထားတယ်...ပန်းချီပြပွဲ ဖွင့်ပွဲမှာ.... ၀က်သားဟင်းချက်ပြီး ဧည့်ခံရ...ကောင်းမလားလို့ ။
မျက်နှာမပျက်ကြေး....
မျက်နှာမကောင်း မဖြစ်ကြေး...။ ။











သစ်နက်ဆူး

Sunday, May 10, 2009

ကျနော်ပန်းချီဆွဲနေတယ်...






ကျနော်ပန်းချီဆွဲနေပါတယ်..
အခုပုံကို မနေ့ ညကအရောင်စသွင်းပြီး ဒီနေ့ လည် ပန်းချီခန်းမှာ သွားဆွဲတာပါ..လက်ဖျားလေးတွေ အလင်းရိုက်ဘို့ ကျန်သေးတယ်...ပြီးတော့မှာ...။
ဒီပုံက အကစုံတွဲပုံစံကို ရောင်စုံ မီးဆလိုက်တွေ အလင်းရိုက်တာကို အသားပေးပြီး စုတ်ချက် အလင်းချက်တွေနဲ့  အက်ရှင် ဖြစ်အောင်
ကြိုးစားကြည့်တာပါ...
သူ့ လိုဘဲ လှုပ်ရှားမှုကို ရေးချင်တာက စပိန်နွားရိုင်းသတ်ပွဲပါ..နောက်တကားကိုတော့ စပိန်နွားရိုင်းသတ်တာကို အကလှုပ်ရှားမှုလို
ခံစားပြီးဆွဲဖြစ်မယ်ထင်ပါတယ်...။ဟို..ရှုခင်းပုံလေးကတော့ ဟိုတလောလေးကဆွဲထားတာပါ..။
ကျနော်တို့ ပန်းချီကလပ်ရဲ့ ပုံလေးပါထည့်ပေးထားပါတယ်..ဒီနေ့ တနင်္ဂနွေနေ့ ဆိုတော့ ဘုရားကျောင်းသွားကြတယ် ထင်ပါတယ်..လူမစုံပါဘူး...။
ပန်းချီတွေ ဆွဲဖြစ်အောင် အားပေးတာကို ကျေးဇူးတင်ပါတယ်..။
သမီးပျိုလည်း ပန်းချီလာဆွဲမယ် ထင်ပါတယ်..ကိုအောင်သာငယ်..ပန်ဒိုရာ..ချန်းချန်း..သားသား( မတန်ခူး)မခွာညိုနဲ့ ဝါသနာတူ သူငယ်ချင်းတွေ စုပြီးဆွဲရယင်တော့ တော်တော်ပျော်စရာ ကောင်းမှာ...။
နောက်ကားတွေဆွဲပြီးတိုင်း တင်ပေးမှာပါ..။

Sunday, May 3, 2009

ကြိုး

ကျနော့်ဘလော့ဂ်ကို လာလည်ပြီး အားပေးတဲ့ မိတ်ဆွေ ညီအကို မောင်နှမတွေကို ဘာမှ အသစ်မတင်နိုင်တာ အားနာတယ်..။
ကျနော်တို့ ပန်းချီကလပ်က နွေရာသီ ပြပွဲလုပ်ဘို့  လာပြောထားတော့ ကျနော် ပန်းချီတွေဘဲ ဆွဲရဦးမှာ...။
တခြားကိစ္စလေးတွေကလဲ ၀င်ဝင်လာတော့ ခုထိတောင် ပန်းချီကို မစရသေးဘူး...။
စာတွေ မရေးနိုင်ပေမယ့် ကျနော်ဆွဲတဲ့ ပန်းချီကားလေးတွေကိုတော့ တင်ပေးဘို့ စိတ်ကူးရှိပါတယ်..။
ကိုယ့်ကိုကိုယ်လဲ ဒေါသဖြစ်ပါတယ်..။
တကယ်ဆို ကျနော်က ပြဒါးမဲ့ နေတဲ့ မှန်လိုဘဲ...ရောင်ပြန်မဟပ်ဘူး...တန်ပြန်ပုံရိပ်မထင်ဘူး...။
ကျနော့်ဆီလာလည်သူတွေရဲ့ ဘလော့ဂ်တွေကို ကျနော် အမြဲမသွားနိုင်..မလည်နိုင်ဖြစ်နေတယ်..မကောင်းဘူး...။
ကိုယ်က တာဝန်မကျေတော့ ဧည့်သည်ဘဲလုပ်တော့မယ်...ဘလော့ဂ်ကို ဖျက်လိုက်ဘို့ စဉ်းစားပေမယ့်...လက်ကမရဲဘူး...။
ဘလော့ဂ် တခုက ကျနော့်အတွက် ဘ၀တစ်ခု မဟုတ်ဘူးဆိုတာ ကျနော်တွေးထားတယ်...
ဘလော့ဂ်က ဘ၀ မဟုတ်ဘူး..ဖျက်ဘို့ ဝန်မလေးဘူး...
ဒါပေမယ့် ဘလော့ဂ်မှာ ခင်မင်တဲ့ မိတ်ဆွေတွေက ကျနော့် ဘ၀မှာ မမေ့နိုင်တဲ့ ရင်ထဲကသူတွေ ဖြစ်နေခဲ့တာ အံ့သြတယ်..။
ကိုယ့်ကိုသာ သူများထားခဲ့တာ ကျိတ်မှိတ်ခံစားတတ်ပေမယ့် ကိုယ်က သူများကို ရုတ်တရက်ကြီး မထားခဲ့ချင်ဘူး...။
ကိုယ့်ဘလော့ဂ်က မဖတ်ရမနေနိုင်လောက်အောင် စွဲလန်းစရာကောင်းတဲ့ နာမည်ကြီး ဘလော့ဂ်လဲ မဟုတ်ပါဘူး...
ကိုယ့်ကို သူများခင်တာထက် ကိုယ်က ဘလော့ဂ်မိတ်ဆွေတွေကို မသိစိတ်က ခင်မင်တွယ်တာနေတာကို ကိုယ်တိုင်သိလိုက်ရပြီး
ဘလော့ဂ်ကို မဖျက်တော့ပါ...။
ကြိုး ဆိုတာကလဲ နေရာင်ထင်းထင်းအောက်က ၃လွန်းတင် မနီလာကြိုးမှ ထင်ထင်လင်းလင်း တွေ့ရတာမဟုတ်ပါဘူး...။
ဆူးခြုံလေးထဲက ပင့်ကူအမျှင် အစေးကြိုးလေးကလဲ လရောင်ရေးရေးမှာ မြင်နိုင်တာပါဘဲ..။

အမြဲမလာတတ်တဲ့ ဆူးခြုံထဲက ကြိုးမျှင်လေးကို နားလည်ပေးကြမယ်ဆိုရင် မိတ်ဆွေတွေကို ကျေးဇူးတင်နေရမှာပေါ့..။

Sunday, April 19, 2009

Tuesday, April 14, 2009

သစ်နက်ဆူးတို့ ကတဲ့ သင်္ကြန်













ဒီနေ့ ဘဲ ခရီးက ပြန်ရောက်လာတာ...ခုနကပါဘဲ..။ ပြန်ရောက်တာနဲ့  ကိုယ့်အိမ်လေးကို သံယောဇဉ်တွေနဲ့ လာနေတဲ့  မိတ်ဆွေတွေကို မျှဝေပေးခြင်းပါ...
ကျနော်အိမ်ပြန်မရောက်ခင် ကျနော့်မိတ်ဆွေတွေက တင်ပေးထားပြီးပါပြီ...ကိုယ်တိုင်တည်းဖြတ်လုပ်နေရင် အချိန်တော်တော်ပေးရမှာပါ...ချစ်ခင်စွာနဲ့  တင်ပေးတာကိုလဲ ကျေးဇူးတင်ပါတယ်..။
ကျနော် လီ့လယ်ဟမ်းမားမြို့ နဲ့ အော်စလိုမြို့ မှာ ၂ပွဲဆက်တိုက်ကခဲ့ တာပါ...။ ဝေးတမြေမှာရောက်နေတဲ့ မြန်မာပြည်သားတွေရဲ့  ၂၀၀၉ သင်္ကြန်လေးပါ...ညီအကိုမောင်နှမတွေ တက်ညီလက်ညီစုပေါင်းအားနဲ့ ဖန်တီးကြတဲ့  သင်္ကြန်လေးပါ...
နော်ဝေမြေမှာ ပိတောက်ပန်း မရှိပေမယ့် မြန်မာပြည်သားတွေရဲ့ နှလုံးသားမှာ စွဲလန်းသိမ်းဝှက်ထားတဲ့ ရင်တွင်းပိတောက်ရနံ့ တွေကတော့ သင်းပျံ့ နေလျှက်ပါ...။
သင်္ကြန်ပွဲလေးကို ထပ်တူခံစားပျော်ရအောင်....။

သစ်နက်ဆူး

Sunday, April 5, 2009

သင်္ကြန်ခရီး

ကျနော့်ဆီလာလည်ကြတဲ့မိတ်ဆွေတွေကို လောလောဆယ် အသစ်မတင်ပေးနိုင်တာ နားလည်ပေးပါ...သင်္ကြန်ပွဲအတွက် အလုပ်တွေရှုပ်နေရာက မနက်ဖြန်မှာ ခရီးစတင်ထွက်ပါပြီ...
ဒီညနုတ်ဆက်ပါတယ်...ခရီးကပြန်လာရင်တော့ အသစ်တွေ တလှေကြီးနဲ့ မိတ်ဆွေတွေကို ဧည့်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်...။
၂၀၀၉ရဲ့ သင်္ကြန်မှာ အားလုံးသောကကင်းဝေးစွာနဲ့ ပျော်ရွှင်နိုင်ကြပါစေ...။

သစ်နက်ဆူး

Sunday, March 29, 2009

ပီတိ ...၃ video

Saturday, March 28, 2009

ပီတိ....၃








ဆရာကြီးဦးတင်မိုးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပီတိမျက်နှာနဲ့ အပြုံးကို ကျနော်ဒီနေ့ ရေးဆွဲထားပါတယ်...အေးဆေးမှတင်မယ်စိတ်ကူးပေမယ့် အနှစ် ၂၀ လားလို့ မေးလို့  အားခြင်းဆွဲတင်လိုက်တာပါ..။ အခရိုင်းလစ်ဆေးနဲ့ ကင်းဗတ်ပေါ်မှာ
တစ်ဆင့်ခြင်းရေးဆွဲတာလေးကို တောင်းဆိုသူ သူငယ်ချင်းတွေအတွက် မျှဝေပေးခြင်းပါ..။
ဒီပုံကိုဆွဲတာ ၄၆ မိနစကြာပါတယ်...ဖိုင်တင်၇တာ လေးလွန်းပြီးအဆင်မပြေလို့  ပြန်တည်းဖြတ်ပြီးတင်လိုက်တာပါ..။
ဒီပုံဆွဲဘို့ ဆရာကြီး သားသမီးတွေကို ကြိုတင်ခွင့်တောင်းတာတော့ မလုပ်ခဲ့ ပါဘူး...ဘာဖြစ်လို့ လဲဆိုတော့ မရေးဆွဲခင်ကတည်းက မမိုးချိုသင်းကို လက်ဆောင်ပေးဘို့ ဆုံးဖြတ်ထားလို့ ပါ..။
ဆရာကြီးရဲ့ ပီတိအပြုံးကို မျှဝေခံစားနိုင်ပါစေ..။

သစ်နက်ဆူး

Tuesday, March 24, 2009

သင်္ကြန်လက်ဆောင် ၂



လက်ဆောင်ပုံလေးထပ်တင်ပေးလိုက်ပါတယ်...သိမ်းထားချင်လို့ ဘဲဖြစ်ဖြစ်၊လက်ဆောင်ပေးချင်ရင်ဖြစ်ဖြစ် မည်သူမဆို ယူသုံးနိုင်ပါတယ်.. ။
ဒီသင်္ကြန်မှာ ကိုယ်တတ်တဲ့ ပညာလေးနဲ့ ဘဲ သူများကြည်နူးအောင် ကူညီခွင့်ကြုံတာကိုဘဲ ၀မ်းသာမိပါတယ်..
စည်းကမ်းချက်ကတော့ အရင်ပုံလိုဘဲပေါ့...
မည်သူမဆို ဒီပုံကို ကြိုက်သလိုသာလုပ်...း)

သစ်နက်ဆူး
ဝန်ခံချက်...အရင်ချစ်စရာပုံလေးတွေက ကျနော် ငယ်ကတည်းက နှစ်သက်လွန်းတဲ့  ဆရာ ပန်းချီမောင်မောင်လှမြင့် စတိုင်လ်လေးကို
ရေးဆွဲထားခြင်းဖြစ်ပါတယ်..။ ဒါပေမယ့် ဆရာ့ကို မမှီပါဘူး..။