Wednesday, July 28, 2010

သေဆုံးခြင်းမန္တာန်

နှလုံးသားရင်ပြင်ဟာ
အနိုင်အရှုံးသတ်ပုတ်ရတဲ့  ကွင်းပြင်တခုမဟုတ်ခဲ့ ပါဘူး
တိတ်တခိုးကြည်နူးခြင်းများးနဲ့ ပျော်နေရမယ့်အချိန်……
သို့ မဟုတ်…………..
တိတ်တခိုးကြည်နူးနေတဲ့ အချိန်မှာ
မင်း ဘာကြောင့်များ သတ်ကွင်းတခုအဖြစ်ကျေငြာခဲ့ ရတာလဲ..။
နှလုံးသားထဲကပန်းတပွင့်ကို မန္တာန်တွေ မှုတ်ရင်း
ငါပျော်ရွှင်ခြင်းကို မြေသြဇာဖြစ်စေခဲ့ တယ်..
ဘာအတွက်ကြောင့် ဘာတွေမှားခဲ့ ရတာလေလဲ
မြတ်နိုးခြင်းတရားတွေ…
သံယောဇဉ်စကားတွေ အထပ်ထပ်ရွတ်ခဲ့ ရတဲ့ ပန်း
နမ်းရှိုက်မိခါမှ ..
(……….) ရေ..မင်းက နှင်းဆီပန်းမဟုတ်ဘဲ
ငါ့ကို ရစ်ပတ်ဆွဲယူ အသေသတ်မယ့် အသားစားပန်း
ဘာဘဲဖြစ်ဖြစ်လေ…
မင်းသတ်လိုက်ပါ….
မသေခင်အချိန်လေးမှာ ငါသိလိုက်တာက
မန္တာန်မှားခဲ့ တဲ့ 
မှော်ဆရာ ဥယာဉ်မှုးရဲ့ နှလုံးသား
သူပျိုးတဲ့ ပန်းအတွက်ချစ်ခြင်းများနဲ့ အသေခံသွားလိမ့်မယ်။


သစ်နက်ဆူး