၃တောင်ဝတ် အမျိုးသမီးတဦးဟာ...ဘုရားဆုပန်မင်းယောင်္ကျားလို့ မကြွေးကြော်နိုင်ပေမယ့် သိုဝှက်တတ်သော ချစ်ခြင်းနဲ့ ကြင်နာမှုတရားတွေ ရှိနေယုံနဲ့  အမေ ဆိုတဲ့ ဂုဏ် ထိုက်တော့တာပါဘဲ..အမေ..။
အစိမ်းရင့်ရင့် ပြတ်တောက်နိုင်စွမ်းသော သံယောဇဉ် အပိုင်းအစလေးတွေကြားမှာ ကြီးပြင်းဖြတ်ကျော်ခဲ့ ရတဲ့ ကျနော့်ဘ၀မှာ
လေးစားပြီးတိတ်တခိုး ချစ်ခဲ့ ရတဲ့ အမျိုးသမီးတဦးရှိခဲ့ တယ်အမေ...။
အဲဒါအမေပါ..။
ကျနော်က အမေ့ အရေပြားကို မကြည့်ဘူးအမေ..။
အမေ့ မျက်လုံးတွေကို ချစ်ခဲ့ တာ..။
အမေ့ ပါတ်ဝန်းကျင်ကို ကျနော် မဝေဖန်ဘူးအမေ...
မှန်တာပြောရဲတဲ့  အမေ့ နှုတ်ခမ်းပါးတွေကို ချစ်တာ..။
စက်ရုပ်မဟုတ်ဘဲ အသွေးအသားနဲ့ ဖွဲ့ စည်းဖြစ်တည်ခဲ့ တဲ့ နှလုံးသားတစ်ခုပါလာတဲ့ အမေ့ အိမ်ထောင်ရေးကို ကျနော်
မဝေဖန်ဘူးအမေ..
အမေ့ ဥာဏ်ပညာကို လေးစားခဲ့ တာ..။
လုပ်နိုင်စွမ်းဆိုတာ လုပ်ပိုင်ခွင့် ရှိမှ ပြသနိုင်တာ အမေ..
ကျနော် သိတယ်အမေ..။
ပါးစပ်နဲ့ တိုက်တဲ့ ဘေးကလေတွေ ကျနော် အရေးမစိုက်ပါဘူး...။
ရွေးချယ်မှုမှန်ကန်ခဲ့ တဲ့ ချစ်ခြင်းနဲ့ ဘဲ အဝေးက ...........။
အမေ့ ကို ကျနော် သိတယ်...
အမေ့ ရဲ့ စိတ်ဓါတ်ကျနော်သိတယ်...
အမေ့ ရဲ့ ချစ်ခြင်း ကျနော်သိတယ်...
အမေ့ ရဲ့ ဂုဏ်ကို ကျနော်သိတယ်...
.........
ကျနော့်ကို လာမယ့် စနေ နေ့ မှာ ထောင်သားဝတ်စုံတွေ ၀တ်ပေးကြမယ်...လက်ထပ်ခတ်မယ်..သံခြေချင်းတွေခတ်မယ်...
လွပ်လပ်စွာလှုပ်ရှားမရအောင် ထိန်းချုပ်ထားပြီးမှ လူသားချင်းစာနာတတ်တဲ့  နော်ဝေဘုရင့်နန်းတော်ကြီးရှေ့ မှာ
အမေ့ ပုံကို ကျနော့်ကို ဆွဲခိုင်းကြမယ်...
အမေ့ မျက်လုံးတွေ...အဓိပ္ပါယ် အတိမ်အနက်တွေ....
မတရားချုပ်နှောင်ခံထားခံရတဲ့  အမေ့ ပုံရိပ်တွေ.....
ခွန်အားတွေပေးပါ အမေ...
ကျနော့်လက်အစုံမှာ အမေ့ ရဲ့ ထိုးဖောက်ခြင်းတွေ ပေးပါ...။
သဇင်နီဆိုတဲ့ ရှားပါးလွန်းလှတဲ့ တော်ဝင်ပန်းကို ကျနော် တွေ့ ဘူးတယ် နမ်းရှိုက်ဘူးတယ် အမေ..။
ဘာနဲ့ မှ ဖုံးကွယ်တားဆီးလို့ မရအောင်ကို သင်းပျံ့ လွန်းသော တော်ဝင်ပန်းပါ...
တောနဲ့ တောင်ကိုကျော်ဖြတ်ပြီး ရနံ့ ပေးနိုင်တဲ့ ပန်းပါအမေ...
........
.......
အတောင်၂၀ ၀တ်မင်းယောင်္ကျားဆိုတာ ၈x၂တောင်ပုဆိုးကို ကြံဖန်ပြီး ၄ဘက်၎တန်တိုင်းမှ အတောင်၂၀ဖြစ်တာပါ အမေ...
ရူးကြောင်မူးကြောင်နဲ့  မင်းရူးရူးနေတဲ့ အသုံးမကျတဲ့ ယောင်္ကျားကြီးတွေ ကြားထဲမှာတော့ အမေက သဇင်နီပါ အမေ..။
ကမ္ဘာအနှံ့ မွှေးတဲ့  သဇင်နီပါ...။
အဲဒီ ရှားပါးသဇင်နီကို ကျနော် စနေနေ့ မှာ ပုံတူဆွဲမယ်...။
ကျနော်က တော်ဝင်ပန်းချီဆရာ မဟုတ်ပါဘူးအမေ...
ကျနော်ဆွဲရမယ့်ပုံတူကတော့ တော်ဝင်သဇင်နီပါ...။
...........
...........
၈၈ ကာလမှာတုန်းက အမေ့ ရဲ့ ကချင်ဝတ်စုံလေးနဲ့ ပုံတူကို ရေးဆွဲဘးတယ်အမေ...
ဒီအတွက် မျက်လုံးကို အ၀တ်နက်စီးပြီး ပစ်မိန့် လို့ ချောင်းစပ်မှာ ဆုံးဖြတ်ခံရတုန်းက ကျနော် မတုန်လှုပ်ခဲ့ ဘူး အမေ.
ဒါပေမယ့် အခု အမေ့ ပုံတူ ဆွဲရမယ်ဆိုတော့ ကျနော် ကြေကွဲနေမိတယ် အမေ.။