Friday, February 27, 2009

အမောပြေ

youtube မှာ ကိုဟန်ထွန်းက သံစဉ်အတိုအထွာ စုစည်းမှုဆိုပြီးတင်ထားပါတယ်..။ ကိုယောဟန်အောင်ဆီမှာကြည့်မိကတည်းက သိပ်သဘောကျခဲ့တာပါ...။
ကိုဟန်ထွန်းက သံစဉ်အတိုအထွာ စုစည်းမှုလို့ ပြောထားပေမယ့်ကျနော်ကတော့ စုစည်းမှုဆိုတဲ့ စကားထက်ပိုပြီးချီကျူးချင်ပါတယ်..ဒါဟာစုစည်းမှုဆိုတာထက် ဖန်တီးမှုလို့ ပြောချင်တယ်..စုစည်းတာထက်ဖန်တီးတာက ပိုလေးနက်လို့ ပါ..ကိုဟန်ထွန်းရဲ့ ကျိုးစားမှုကို အရမ်းချီးကျူးမိတယ်..။ ဂီတအပေါ်နှံ့ စပ်မှု..သံစဉ်နဲ့ သရုပ်ဆောင်မှုတွေ တစ်ထပ်တည်းကျဘို့ မလွယ်လှပါဘူး..။ကျနော်တို့ လူငယ်တော်တော်များများက မြန်မာဆိုင်းဝိုင်းနဲ့ တီးခတ်ထားသမျှကိုကြားရယုံနဲ့  ..မြန်မာဆိုင်းသံဆိုတာသိပေမယ့် ဆိုင်းအသွား၊ ပတ်မ
ချက်အပို့ ၊ဒိုး( ၆လုံးပတ်) စည်းဝါး...ဒါတွေကိုနားထောင်ယုံနဲ့  အခုကတော့ နတ်ဒိုး၊ ဒါကတော့ ဘီလူးကရောင်း၊ ဒါကတော့ ၀ါးပြေး၊
ဒါက၀ါးသုတ်၊ဒါက ချွတ်နင်း၊ဒါက ပြောငို၊ဒါကငိုချင်း၊ညဉ်းချင်း၊ အမှိုင် ၊ ဒါကအီနောင်၊ကပီ၊ ယိုးဒယားကြီး ၊ဒါကပုဂံ...ဆိုတာတွေကိုတော့ ဂဂဏဏ သိသူနည်းပါတယ်..
ကိုဟန်ထွန်းကို ချီးကျူးတာက သရုပ်ဆောင်တွေလှုပ်ရှားမှုနဲ့ နောက်ခံသံစဉ်ကိုတစ်ထပ်တည်းပြုလုပ်နိုင်တာကိုပါ..။
ကျနော်တော့ စိတ်မောလူမောဖြစ်လာရင်...ကိုဟန်ထွန်းဖန်တီးတာလေးတွေကြည့်ပြီး တခွိခွိ ရယ်မောရင်း စိတ်ဖြေပါတယ်...။
ကြည့်မိသူတွေလဲ အမောပြေမှာပါ...။
တစ်ကယ်တော်တဲ့ လူတစ်ယောက်ကို တော်တယ်လို့ ချီးကျူးတာ မင်္ဂလာတစ်ပါး မဟုတ်ပါလားဗျာ...။
ခံစားကြည့်ကြပါစို့ ...။


Thursday, February 26, 2009

“ ပြည်တွင်းဖြစ် ”

ကျောက်စိမ်းအိမ်တော်ကြီးနှင့် အဆင်အပြင်ကွာခြားပြီး ပူစပ်စပ်ဖြစ်နေသော ဒီငရဲခန်းမကိုရောက်နေရပေမယ့် ချူပ်ချူပ်ကြီး
မျက်နှာက မာသယောင်ယောင်တော့ ရှိနေသေးတာ..။ မာနိုင်သေးတာပေါ့ အခုလာတာက မကျန်းမမာဖြစ်နေချိန်မို့ ကြိုတင်ပြီးစနည်းနာ
ဘို့ ရောက်ခဲ့ တာလေ...။
မဲမဲလုံးလုံးကြီးနဲ့  လူရုပ်ပင်မပီချင်တော့သော ချုပ်ချုပ်ကို စေ့စေ့ မကြည့်ချင်ပေမယ့် ဟန် ကိုယ့်ဖို့ ဆိုတဲ့ စကားအတိုင်း..
ငရဲမင်းကြီးက ချောင်းတစ်ချက်ဟန့် ရင်းးးးး စကားမေးစလိုက်သည်..
“ အဟမ်းးးးးးးမောင်ရွှေ ...မင်းက မကောင်းမှုတွေ တော်တော်လုပ်ခဲ့ တာဘဲ...”
“ ထင်လို့ ပါ...ဒီလောက်ကြီး မဟုတ်ပါဘူး”
“ မောင်မင်း...ခိုးနည်းမျိုးစုံ...ကျူးလွန်တယ်...နောက်ပြီး၊ နိုင်ငံရေးလုပ်သူတွေနဲ့  ကျောင်းသူ ကျောင်းသား ပြည်သူတွေကို မတရားနှိပ်စက်တယ်၊ ထောင်ချတယ်...သတ်ဖြတ်တယ်....ဘာကြောင့်လဲ ”
“ မှန်ပါ....သူတို့ က ပြည်ပအားကိုးပုဆိန်ရိုး တွေမို့ ပါ...”
“ မောင်မင်းက ပြောစရာစကားမရှိရင်....ဒီပြည်ပအားကိုး ပုဆိန်ရိုးဘဲ ပြောနေတာဘဲ”
“ မှန်တာပြောတာပါ.....”
“ ကဲ...ဒါဖြင့်...သံဃာတော်ရဟန်းတော်တွေ မြို့ ရွာတိုင်းပြည်အေးချမ်းအောင် မေတ္တာသုတ်ရွတ်ဖတ်တာကိုရော...ဘာလို့ ဖမ်းဆီးထောင်ချ သတ်ဖြတ်လဲ...”
“ သူတို့ တွေလဲ ပြည်ပအားကိုးပုဆိန်ရိုးတွေပါဘဲ ....”
“ ဟေ....ရဟန်းသံဃာတွေက ပြည်ပအားကိုးပုဆိန်ရိုးတွေ ...ဟုတ်စ”
“ သိပ်မှန်တာပေါ့...သူတို့ လဲ ပြည်ပအားကိုးတွေဘဲ...”
“ ဘာကြောင့် မောင်မင်း ဒီလိုပြောရဲတာလဲ”
“ သိပ်ပြောရဲတာပေါ့......သူတို့ လဲ နီပေါမှာမွေးတဲ့  ဂေါတမ ဘုရားကို ကိုးကွယ်ပြီး မေတ္တာသုတ်လှည့်ရွတ်တာ...ဘုရားဂေါတမလဲ နိုင်ငံခြားသားဘဲလေ....ဂေါတမဘုရားအားကိုးနဲ့ ဒီလိုရွတ်ဆိုပြီး လှည့်ရဲတာ...ပြည်ပအားကိုးပုဆိန်ရိုးတွေမို့ လို့ ပေါ့...”
“ မြတ်စွာဘုရား.....ဒါဖြင့်မောင်မင်းကော...ဗုဒ္ဓဘုရားကိုးကွယ်သူဘဲ မဟုတ်ဘူးလား...ဟေ”
“ ဟင့်အင်း...ကျုပ်က ပြည်ပအားကိုးမဟုတ်ဘူး...”
“ ဒါဖြင့် မောင်မင်းက ဘာကို ကိုးကွယ်လဲ..”
“ ကျုပ်က မြန်မာပြည်ဖွား...အောက်လမ်းဆရာ၊နတ်ဆရာ၊ ယတြာဆရာ၊ ဘိုးတော်နဲ့ နတ်ကတော်တွေဘဲ ကိုးကွယ်တာ...”
“ အော်...ဒါဆို မောင်မင်းက “ပြည်တွင်းအားကိုး ခွေးသူခိုး..ပေါ့”
“ ရက်စ်...”
အင်း...ဒါဆိုလဲ ပြည်တွင်းအားကိုး ခွေးသူခိုးကြီးရေ...ငရဲအိုးကြီးရှိရာကိုဘဲ..လမ်းပြမြေပုံ(၇)ချက်နဲ့ သွားပေတော့..”

..............................................။...................................................
မောင်ဆူးရဲ့ ကြိုတင်လက်ဆောင်...

Tuesday, February 24, 2009

ကျနော့်ရဲ့ ဆာမူရိုင်းလေး


အခုမှ တရေးနိုးထပြီး ယောင်တောင်ပေါင်တောင်နဲ့  စာ”ထရေးသလိုဖြစ်နေပြီ...။
အတွေးနက်သွားခဲ့တာ...
အတွေးတွေကိုထုတ်ဖော်ရေးရင်လည်း...ဆူးပြတိုက်ကနေ...ဆူးလှည်းကြီးဖြစ်သွားမှာ သေချာတယ်..။
လူမျိုးရေး သတင်းတွေဖတ်ရတော့....
ဗုဒ္ဓဘုရားဟောကြားတော်မူခဲ့သော...ဗြဟ္မစိုရ်တရား ၄ပါးကို စဉ်းစားမိတာပါ...။
လူတစ်ယောက်ဟာ သေဆုံးသွားခဲ့ရင် မိမိပိုင်ငွေနဲ့ ဝယ်ထားတဲ့ ကိုယ်ပိုင်ခြံမြေကိုတောင် ယူသွားနိုင်ခဲ့တာမဟုတ်ပါဘူး....။
လူတစ်ဦးတစ်ယောက်က မိမိရဲ့ မြေပေါ်မှာ မှာ လာနေရင်လဲ မသေခင်ထိဘဲ နေနိုင်မှာပါ...
ဘာဘဲပြောပြောလေ....
ကျနော်တို့ ရဲ့ ငါစွဲတွေဟာ အရေခွံပါးပါးလေးနဲ့ အရောင်၊အသံကို မက်မောရင်း အတ္တစိတ်တွေ ပွားနေကြတာပါ...
ဖြစ်ပျက်သဘောကို ဘုရားရှင်တောင်မှ မလွန်ဆန်နိုင်ခဲ့ ပါဘူး...
ကျနော်တို့ ရဲ့  ဘ၀တွေဆိုတာက ......လက်တစ်ြဖစ်စာလေးပါ....
လက်တစ်ဖြစ်စာလေးပါ....။
ရေးမိနေပြန်ပါပြီ...
လာလည်သူတွေကို အားနာရင်းဘဲ စာပြန်ရေးပါတော့မယ်...
အခုတော့ ကျနော်ရဲ့ ဆာမူရိုင်းလေးနဲ့ ပြန်ဖွင့်လိုက်ပါပြီ...။
ဘာတွေအလုပ်များနေတာလဆြိုတာလေးလဲ ပို့ စ်တွေတင်ပါဦးမယ်...။

Friday, February 6, 2009

က္ကုသရေလ ကြက်တူရွေး



ကြက်တူရွေးနဲ့ သာလိကာ...
အိမ်မှာမွေးဘူးလား...
စကားပြောတဲ့ အခါ ချစ်စရာကောင်းတယ်....။
နှစ်ပေါင်းကြာတဲ့ ကမ္ဘာ
ပြတ်ရွေ့ ကြောတွေဖြစ်ခဲ့ တယ်...
နေရာတွေ အပြောင်းအလဲဖြစ်တယ်..
သမ္မာကျမ်းစာထဲမှာ...
ထာဝရဘုရားက က္ကုသရေလတွေကို
ဖန်ဆင်းစောင့်ရှောက်ခဲ့ တယ်...
နိုင်ငံလဲ မဲ့ ခဲ့ ကြသတဲ့ ...။
ဘုရားသခင် အသစ်တွေမဖန်ဆင်းတာကြာပြီ....
ဘယ်ဘုရားဖန်ဆင်းလို့ များ...
နိုင်ငံမရှိဘဲ လူမျိုးသစ်ပေါ်လာပါလိမ့် ..............။
ကြက်တူရွေးတစ်ကောင်...
သို့ မဟုတ်
သာလိကာတစ်ကောင်ရဲ့ ဇာတိဇာစ်မြစ်ကို
သူတို့ ပြောတဲ့ စကားအရ သိနိုင်တယ်...
ဘုရားသခင်အသစ်မဖန်ဆင်းတဲ့ 
ကမ္ဘာအဟောင်းမှာ...
မြေကြောမရွေ့ တော့တဲ့ကမ္ဘာဟောင်းမှာ
ရိုဟင်ဂျာက နိုင်ငံမဲ့ ပြီး
ဗမာလို မပြောတတ်တဲ့ တရုပ်ြကက်တူရွေးက
မြန်မာမှတ်ပုံတင်နဲ့ မြန်မာပြည်မှာကောင်းစားနေတယ်...။
စားသောက်နေရင်း ကာရာအိုကီ ဆိုတဲ့ အခါ
ပျင်းလာရင် စစ်ဗိုလ်တွေကို ခေါင်းပုတ်တတ်သတဲ့ 
အို.....ထာဝရဘုရား
ကမ္ဘာကြီး မှားနေတဲ့ အခါ..
လ.၀.က တွေကိုသာ ဆုံးမပေးပါတော့.....။

သစ်နက်ဆူး

Tuesday, February 3, 2009

သူပုန်



`` သူပုန် ´´

အဘွားရဲ့ မောင် ...
အဘိုးလေးပေါ့...။
သူရတံဆိပ် ရင်မှာထိုးလို့ 
ဝန်ကြီးမျိုးဟေ့ဆိုပြီး......
တွေ့ သမျှတူသား...
စစ်သားဘဲဖြစ်ရမတဲ့။
အဘွားရဲ့ သား....
ထမင်းစားရင်တောင်
ပုံစံနဲ့ ကျွေးတဲ့ ကျုပ်အဖေလေ....
သားတွေကို သူ့ လိုဘဲ
စစ်ထဲဝင်ရမတဲ့...။
ပန်းချီဆွဲ ကဗျာရေးတဲ့ ကျုပ်ကိုတောင်...
ခပ်ပျော့ပျော့ကောင်တဲ့ ...။
ကျုပ်တို့ က မျိုးဆက်သစ်တွေပါ...
၈၈ မှာ ကျုပ်သောင်းကျန်းတော့
အဘိုးလေးနဲ့ အဖေ..
အမျက်ချောင်းချောင်းထွက်ပြီး..
နာမည်ပန္နက်တယ်....
မျိုးဂုဏ်ဖျက်တဲ့ ......
မိသားစုထဲက သူပုန် တဲ့ ။
ကျုပ်ကတော့...ပုန်ကန်မယ်...
မြန်မာပြည်မှာမွေးတယ်
ဂေါတမဘုရားကိုးကွယ်တယ်
ဗိုလ်ချုပ်အောင်ဆန်းကို လေးစားတယ်...။
တခုတော့ ပြောချင်တယ်...
အဘိုးလေးတို့ စစ်တပ်...
လူစိတ် မကပ်သရွေ့ 
အဖေတို့ ချစ်တဲ့ စစ်သား
မင်းကျင့်တရားဆယ်ပါး ပါယ်ရှားသမျှ
တစ်ပြားမှ မလျှော့
ကျုပ်ကတော့......
သူပုန် ရေးချ သူပုန်ဘဲ...။

သစ်နက်ဆူး
(ဒီကဗျာလေးဖြင့် ..အဘိုးလေးနှင့် အဖေအား ဝေးတစ်မြေမှ ဦးချပူဇော် ပုန်ကန်လိုက်ပါ၏)