Monday, December 20, 2010

ဖျတ်ကနဲ.......

ရှေ့ နောက်ဝဲယာ လွင့်လွင့်လူးလူးကျနေသော စနိုးလေးတွေက ကိုယ့်ကို ရှက်နိုးနိုးနှင့်ပွတ်ကာဝေ့ကာ...။
ချစ်ခြင်းနင့်နင့်ဖြင့် ခင်တွယ်စွာ ကြည့်နေရင်းပင်...ထက်အောက်မျက်တောင်မှာ တွဲခိုနေတဲ့ ကိုယ့်မျက်ရည်လေးတွေကို အေးခဲသွားအောင် ပြုနိုင်စွမ်းသည်ဘဲ....။
နှင်းရေ............................................
နှင်းရေ............................................ ချစ်ခြင်းတရားနဲ့ ငါ့..ကိုထိတွေ့ ခွင့်ပေးပါ။။။
မြတ်နိုးစွာ ကိုင်တွယ်မိတဲ့ ..ကိုယ့်ရဲ့ လက်ဖျား......မာနတွေမပါခဲ့ ပါဘူး...။
ဖြူစင်ခြင်းနဲ့  ဆွတ်ဆွတ်ဖြူ...
အနက်တော့ကွဲပြားလိမ့်မယ်..။
ကိုယ့်ဆရာ ...မောင်သိန်းဇော်ကတော့ ဆွတ်ဆွတ်ဖြူအလွမ်းဆိုပါလား.....။
အကိုရေ...
အကို့ ကိုချစ်တယ်...အကို့ ကိုလွမ်းတယ်ဗျာ...။
ဒါပေမယ့် အကိုက ဆွတ်ဆွတ်ဖြူအလွမ်းတွေ ဖွဲ့ နေချိန်မှာ..ကျနော်က ဖြူစင်စွာ လွမ်းချင်နေမိတယ်..။
ဖြူစင်ခြင်း။။။
ကျနော် ဘယ်မှာရှာရမလဲ အကိုရေ..။
ကျနော့်ရဲ့  စနိုးလေးတွေနဲ့ ဘဲ ဖြူစင်ခြင်းကို ရှာမယ် အကို..။
စနိုးလေးရေ...ငါရူးနေလားဟင်..။ မရူးပါဘူး ..မင်းသိတယ်နော်..။
....
မင်းတို့ တွေ သိပ်ဖြူတာဘဲ..။
အရောင်ဖြူ..မနောဖြူ..။
သက်မဲ့ မို့  မနောစိတ်မငြိတွယ်ပါဘူး....မနောဖြူတာ မဖြစ်နိုင်ဘူးလို့ ပြောလဲ..။ ကိုယ်ကတော့ ဖြူတယ်ဘဲ နှင်းရေ..။
ရာသီစက်ဝန်း တပါတ်လည်တိုင်း မင်းရောက်လာပေးတာဘဲ.. ဒါပေမယ့် မင်း...တခုမှ မ၇ယူဘူးနော်...လူတွေ မျှော်ချိန်မှာ မင်းရောက်လာတယ်..အဖြူစင်ဆုံး...အနူးညံ့ဆုံးဘ၀နဲ့ ..။
သခင်ယေရှုကို လွမ်းဘို့ အတွက်..ခရစ်တော်ကို သတိရဘို့ အတွက် အကောင်းဆုံး ဇာတ်ပို့  အဖြစ်နဲ့  မင်း ရောက်လာမြဲဘဲလေ။
မင်းက အဖြည့်ခံတယ်..။
လူတွေနဲ့ မင်းပျော်ရွှင်စွာ နေပေးတယ်.....။
တချို့ ကမင်းကို သိပ်ယုယတယ်...တချို့ က ခင်တွယ်တယ်..တချို့ ကမုန်းတယ်...
မင်းရောက်လာတုန်းက ညင်ညင်သာသာလေးပါ...။
ကိုယ်သတိထားမိတာက ကိုင်တွယ် ဆော့ကစားရဖန်များတဲ့ အခါ မင်းကို နည်းနည်းတော့ ဥပေက္ခာပြုလာကြတယ်..။
ခရစ်စမတ်ရက်တွေမှာ မင်းမပါရင် ခြောက်သွေ့နေလို့ တမ်းတခဲ့ ကြပေမယ့်..ပွဲတော်ပြီးတဲ့ အခါ....
မင်းကို ငြီးငွေ့ လာကြတယ်...သွားရင်းလာရင်း မင်းကို စိတ်ထဲမှာ ငြူစူကြတယ်..။
မင်းလည်း လူတွေရဲ့ ဆက်ဆံမှုတွေနဲ့ အချိန်အခါပြောင်းလာတော့ ပင်ကိုယ် ကနူးညံ့ပေမယ့် အနင်းခံဘ၀မှာ ဖြူစင်ခြင်းတွေ
ဝေးကွာပြီး... အရောင်တွေ စွန်းထင်းလာတယ်...
တဖြည်းဖြည်း မာကြောလာတာ..ကိုယ်သိတယ်...။ လူလို ပြောရရင်တော့ မျက်နှာမာ”လာတာပေါ့လေ..။
မခံနိုင်တဲ့ အဆုံး..မင်းဘ၀က အပူတွေများစွာနဲ့ ..မင်းအရည်ပျော်ခဲ့ တယ်...။
အရည်ဘ၀ကနေ ...မင်း....အငွေ့ အဖြစ်နဲ့ ပျောက်ကွယ်သွားတဲ့ အခါ...
ပျောက်ကွယ်သွားတဲ့ အခါ......................................။
အငွေ့ အဖြစ်နဲ့ ပျောက်ကွယ်သွားတဲ့အခါ......။
နှင်းရေ.......။ ခဏပေါင်းများစွာ တွေ့ ခဲံ့ ကြပေမယ့်... ဟောဒီ ၂၀၁၀မှာ..မင်းက ကိုယ့်နှလုံးသားထဲကို အသိတရားတခု မှတ်မှတ်ယယ ထည့်ပေးခဲ့ တယ်...။
ဖြူစင်စွာ ပေးဆပ်ခြင်းးးးးးးးးးးးးးးးးးးးးးးး
ဖြူစင်စွာ...နာကျင်ပူလောင်ခြင်းးးးးးးးးးးးးးးး
ဖြူစင်စွာ...အရည်ပျော် ပျောက်ကွယ်ခြင်း...
နှင်းေ၇...စနိုးရေ...ကျေးဇူးနော်..။
မင်းနဲ့ ကိုယ်..ဘ၀ခြင်းဆင်တူပေမယ့်.....မင်းက သက်မဲ့ ..ကိုယ်က သက်ရှိပါနှင်းရေ...။
မနှစ်က လာခဲ့ တဲ့ နှင်း မင်းဘဲ လားးးး.။
နောက်နှစ်လာမယ့်နှင်းက...အခု လာတဲ့ မင်းဘဲလားးးကိုယ်က မခွဲခြားနိုင်ဘူးနှင်း..။
ဘ၀ခြင်းတူပေမယ့် ကိုယ် ...တခုတော့ တမ်းတမိတယ်...နှင်းရယ်..။
ခဏ ခဏ ဇာတ်ပို့ ..
ခဏ ခဏ...အယုယခံ...
ခဏ.ခဏ အချစ်ခံ...
အနင်းခံ..........
အခြေခံ........
အမုန်းခံ..............အပယ်ခံ..
အ၇ည်ပျော်ခံနေရတဲ့  ဘ၀များအတွက်... ကိုယ်တခုတော့ လိုချင်မိတယ်...နှင်း။
ချူပ်ငြိမ်းခြင်းပါ ..နှင်း၇ယ်...။
မင်းက သက်မဲ့ မို့  မသိပေမယ့် ကိုယ့်ရဲ့ ထက်အောက် မျက်တောင်မှာ အေးခဲပြီး ကပ်တွယ်နေတဲ့ 
ကိုယ့်မျက်ရည်လေးတွေ သိပါတယ် နှင်းရယ်..။
နှင်းရေ... မင်းနဲ့ ကိုယ် သိပ်မကြာခင်မှာ ခွဲရဦးမယ်နော်... ကိုယ် မင်းကို မမေ့ ပါဘူးနှင်းရေ...။
အကြေကွဲဆုံး ၂၀၁၀မှာ မင်းက ကိုယ့်အတွက် အကောင်းဆုံး ရပ်တည်မှု ဘ၀ကို ပြပေးခဲ့ တဲ့ ဖြူစင်ခြင်း ဆရာပါ...။
ကိုယ်..မင်းကို ဖြူစင်ခြင်းတွေနဲ့ လွမ်းနေမှာပါ...။
ဖြူစင်ခြင်းတွေနဲ့ လွမ်းနေမှာပါ...
ဖြူစင်ခြင်းတွေနဲ့ လွမ်းနေမှာပါ...
ဖြူစင်ခြင်းတွေနဲ့ လွမ်းနေမှာပါ........................................။


သစ်နက်ဆူး