စာတွေမရေးဖြစ်ခဲ့ တာ..တော်တော်ပင်ကြာခဲ့ ပြီ..။
ပန်းချီလဲ မရေးဖြစ်..။
စိတ်ထဲမှာ မှုန်မှိုင်းမှိုင်းနဲ့ ပင်.။ တခါတရံဆိုတာထက် စိတ်က ကိုယ်မှီထိုင်နေကျ ထနောင်းပင်တွေကို သတိယနေမိတယ်..။
ကိုယ့်ကိုကိုယ် မပျော်တာတော့ သိနေတယ်..။
ငယ်တုန်းက သင်ခဲ့ ရတဲ့ ရှေးအမည်မသိစာဆိုရဲ့ ကဗျာလေးကို အထပ်ထပ် စိတ်နဲ့ ရွတ်ဆိုမိတာလဲ ခဏခဏ။
ငယ်တုန်းက ဆောင်းတွင်းမီးလှုံရင်းထိုကဗျာလေးကို သတိ၇တာနဲ့ မီးလှုံနေတဲ့ လက်တွေ ပြန်ရုပ်မိဘူးတာကို သတိရသည်..။
တောထဲသွားရင်း ရှားပင်တွေကို ကြည့်ပြီးကြေကွဲသလို ဖြစ်ဘူးခဲ့ သည်..။
ကိုယ်ကပင် စိတ်ပျော့ညံ့လွန်းတာလား..။
လွမ်းတတ်လွန်းတာလား....။
အမှတ်ရဆုံးစာကြောင်းလေးကို ထပ်ခါထပ်ခါရွတ်ရင်း.. ကိုယ့်ရင်တွေ ပူရပါသည်..။
.......
.......
နေ၀င်စ...ချိုး(ဂျိုး)မရယ် ကူ.....
......
......
......
ရှားရဲမီးတွင် ရဲရဲငယ်ကင်သည်.....
ရှားရဲမီးတွင် ရဲရဲငယ်ကင်သည်.....
ရှားရဲမီးတွင် ရဲရဲငယ်ကင်သည်.....
ရှားရဲမီးတွင်....... ရဲရဲငယ်.....ကင်သည်.....။
သစ်နက်ဆူး