Monday, February 1, 2010

“၉၇ ”ပါးရောဂါ

“၉၇”ပါးရောဂါ ဆိုတဲ့ အမည်လေးနဲ့ မန္တလေးသိန်းဇော်( ကို) ဇာတ်ပွဲမှာ ပြဇာတ်တွေရေးခဲ့ ဘူးတဲ့  ဆရာဝင်းစည်သူက
ဝတ္တုတိုလေးတစ်ပုဒ်ရေးဘူးတယ်..။ ဖတ်ရင်းနဲ့ ကို ကိုယ်တိုင်ဖြတ်သန်းခဲ့ ဘူးတဲ့ လုံးစိမ်း( ဇာတ်စကားပါ..အဓိပ္ပါယ်က ဇာတ်ထဲစရောက်ပြီး ပိုးဝင်ကာစ သိပ်ကို ကချင်နေတဲ့ အနူပညာ ဘောက်ဖတ်လေးတွေ ၊ပိုးတုံးလုံးလေးတွေကို ခေါ်တာပါ)
ဘ၀လေးကို ပြန်တွေးပြီးအူထဲမှာ တခွိခွိနေအောင် ရယ်မိတဲ့  ၀တ္တုလေးပါ...။
အနုပညာပိုးဝင်သွားပြီးရင် ကုသဘို့ ထုံး မရှိလို့  ၉၆ပါးရောဂါအပြင် ရောဂါသစ်တခုအနေနဲ့ ဆရာက တင်စားပြိးရေးခဲ့ တာပါ..။ မူရင်းဝတ္တုကို ၁၀ခါကျော်အောင်ပြန်ဖတ်ဖြစ်ပါတယ်..မူရင်းကတော့ ရှာလို့ မတွေ့ ပါ..ရရင်တော့ ပေးဖတ်ချင်ပါတယ်..။
အခု ၉၇ပါးရောဂါသည်လေးတွေ တင်ပေးလိုက်ပါတယ်..။
ကျနော်ကတော့ ၉၇ပါးကျော်ပြီး ၁၀၀တောင် ပြည့်ချင်ချင်ဖြစ်နေလို့  နားနေပါဦးမယ်..။







သစ်နက်ဆူး

Friday, January 1, 2010

NEW YEAR 2010




နှစ်သစ်ကူးအမှတ်တယ အနေနဲ့ တော့ photoshpo cs2 နဲ့ စိတ်ကူးပေါက်ရာ ပုံလေး တစ်ပုံတော့ လုပ်ဖြစ်ပါတယ်...။

သစ်နက်ဆူး

Monday, December 28, 2009

စိတ်နဲ့ ကိုယ်...

ကျနော့် ဘလော့ဂ်လေးကို ကျနော်ပြန်ကြည့်မိတိုင်း ခြောက်သွေ့ စွာနဲ့ အထီးကျန်ခြင်းကို ခံစားရသည်.။ ကိုယ့်ရဲ့  စိတ်အပန်းဖြေရာ..ပညာရှာရာ...ဗဟုသုတလေ့လာရာ..ရင်ဖွင့်ရာနဲ့  ကိုယ်ခင်မင်တွယ်တာသော ရပ်ဝန်းလေးဖြစ်ပေမယ့်
ကိုယ်တိုင်ပင် ၀င်မလည်ချင်အောင်ဖြစ်နေရသည်.။
ငယ်စဉ်ကတည်းက စာနဲ့ မျက်နှာ မခွာနိုင်ဘဲ စာဖတ်ခြင်းကို နှစ်သက်တဲ့ ကိုယ်..
မိဘတွေ ဖွင့်ထားတဲ့ စာအုပ်ဖြန့် ချီရေးဆိုင်ကြီးမှာ အမြဲ လာတတ်ကြသော စာရေးဆရာတချို့ ..။ သူတို့ ဘ၀တွေ ရဲ့ မပြေလည်မှု၊ မလောက်ငှမှုနဲ့ စာပေကိုချစ်တတ်သော...လစဉ်ထုတ်မဂ္ဂဇင်းကို လစဉ်ပုံမှန်ဝယ်နေကြပေမယ့် ..ပိုက်ဆံပုံမှန်မချေနိုင်သော သူတို့ ဘ၀တွေကို ပိုသိလာလေ...သူတို့ ရေးတဲ့ စာတွေကို ပိုမိုတန်ဘိုးထားဖတ်တတ်လေဖြစ်ခဲ့ တဲ့ကိုယ်..။
စာအုပ်ငှားဖတ်လို့ ရက်ပိုကြေးတွေများနေလျှင်...ပြောရခက်သော ခံစားမှုတွေနဲ့ သူတို့ မျက်နှာတွေ ..မိဘတွေ လစ်ပြီဆိုတာနဲ့  ရက်ပိုကြေးလုံးဝ မယူသော ကိုယ့်ကိုလဲ သူတို့ ပိုခင်မင်ခဲ့ ကြ..။
သူတို့ သိသော ပန်းချီဆရာအကြောင်းတွေ ပြောပြ...ကိုယ်ကမေး... သူတို့ သိသလောက် ဆက်သွယ်ပေးရင်း...
ကိုယ်က ပန်းချီဆွဲ...စာအုပ်ဖတ် ကဗျာရေး...။
တစ်ကယ်တော့ ကိုယ်က စာလဲ ရေးချင်...စာလဲဖတ်ချင်ပါ..။
ပန်းချီလဲဆွဲတယ်..။ ပန်းပုလဲ ထုတယ်..။ နောက် ရုပ်ရှင်တည်းဖြတ်တာတွေ..ဘာညာ ပရိုဂရမ်တွေ ကလဲ လေ့လာ ဆိုတော့...။
တစ်ယောက်တည်းနဲ့  အချိန်တွေက မလောက်တော့ဘူး..။
ကိုယ့်ဘလော့ဂ်မှာ ပို့ စ်တင်မယ် ဆို ကွန်ပြူတာလေးဖွင့်လိုက်တာနဲ့ သူများ( ဘလော့ဂ်မိတ်ဆွေ) တွေ ရေးတဲ့ စာကို အရင် ဖတ်ရမှ..။
ဖတ်ရင်လဲ အမျှင်က မပြတ်တော့လူး...လင့်ခ်တွေ တခုပြီးတခု ၀င်သွား လိုက်တာ...၀င်္ကဘာထဲ ရောက်သလိုဘဲ..။
နောက်ဆုံးတော့ စာကမရေးဖြစ်တော့ဘူး...မနက်လဲ အလုပ်သွားရတာ ၆ နာရီဆို အိပ်ယာထ...ဆိုတော့ကာ....
သစ်နက်ဆူးဆိုတာ စိတ်တခု ကိုယ်တခုထဲမဟုတ်တာ ပြသနာဘဲပေါ့...။
ဘလော့ဂ်ဘဲ ဖျက်ပစ်ရကောင်းနိုးနိုး( စိတ်ကူးလိုက်တိုင်း စိတ်ထဲမှာ စိတ်မကောင်းဖြစ်နေမိတာ..ဆိုးတယ်)
ပန်းချီဘဲ ဆွဲရနိုးနိုး...( ပန်းချီကတော့ မဆွဲလို့ မရဘူး...ဆွဲရမှာ..)
.........
ဘာဘဲပြောပြောလေ...
ကိုယ်မရေးလဲ သူများတွေ ရေးနေတာဘဲ..။
ဘလော့၈ါ ယဉ်ကျေးမှုဆိုတာ စာရေးနေယုံလေးနဲ့ မှ မရတာ..
ဧည့်သည်ကို အိမ်ရှင်က ကြိုဆိုဧည့်ခံသလို ...
ကိုယ်ကလဲ ဧည့်သည်လုပ်ပြီး လည်နိုင်မှ...။
ကိုယ်က တာဝန်မကျေနိုင်တာပါ...။
အခုတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကို အကျေအလည် ဆွေးနွေးနေတာဘဲ...။
ဘလော့ဂ်လေးကို ဘယ်လိုသဘောထားမလဲ ဆိုတာပေါ့..။
သေချာတာတခုကတော့ ငယ်စဉ်ကတည်းက ...ကိုယ်တိုင်ရေးတာထက်
သူများစာတွေကို မြတ်မြတ်နိုးနိုး ဖတ်တတ်တာဆိုတာပါဘဲ..။
ကိုယ့်ရဲ့ ပို့ စ် အသစ်တွေ ထင်ထင်လင်းလင်း မတင်ပြပေမယ့်...
သူများရေးတဲ့ စာတွေကို တိတ်တိတ်လေးဖတ်နေရရင်လဲ...ကိုယ်က ကြည်နူးနေတာပါဘဲ...။
ကိုယ့်ကိုကိုယ်ချစ်ဘ့ို( ကိုယ့်ကို လူသိဘို့ ထက်) သူများရေးတဲ့ စာလေးတွေကို စွဲလန်းစွာဖတ်နေရရင် ကျေနပ်ပြီ..။

သစ်နက်ဆူး

Sunday, December 13, 2009

ဆောင်းရာသီ ပန်းချီပြပွဲ














ပြီးခဲ့တဲ့သောကြာနေ့ က ဆောင်းရာသီပြပွဲဖွင့်တယ်ဗျ..။ ပြပွဲဖွင့်ချိန်က ည..၆း၀၀။
အေးကလဲအေး။။မှောင်ကလဲမှောင်..။ ဘာဘဲဖြစ်ဖြစ် ဖွင့်ပွဲကတော့ အောင်မြင်ခဲ့တာပါဘဲ...။ ကိုယ့်မှာသာ ပြပွဲဖြစ်မယ့်ရက်ကို အတွက်မှားပြီး...အိမ်ပြောင်းရွှေ့ တဲ့ ကိစ္စတွေနဲ့  ပန်းချီဆွဲဘို့ နေ့ ရွှေ့ ညရွှေ့ လုပ်နေခဲ့ တာ..နောက် စိတ်ကမပါဘူး...စိတ်မပါရင် မဆွဲချင်ဘူး...။
ဒါပေမယ့် မဖြစ်မနေ ပြပွဲမှာ ၀င်ရောက်ပြစေချင်တယ်ဆိုလို့  “၀ုန်း” လိုက်ရသေးတယ်... ၃ကားပါဘဲ..ကားဟောင်း၂ကားနဲ့ ...ရောင်းပြီးသား “ဆေးတံသောက်တဲ့ အဘွားအို” ကားကို ပြန်ငှားပြီးချိတ်ခဲ့ ရတယ်..။
အဲဒီ ၀ုန်းထားတဲ့  ၃ကားနဲ့  ဟိုကားဟောင်း ပန်းတောင်တန်းကားလေးနဲ့  ၄ကား ပေါင်းချိတ်ထားတယ်..။
ပြီးခဲ့ တဲ့ ပွဲတုန်းက ကားအကုန်နီးပါးက ပြပွဲပြီးမှ အိမ်ထိစုံစမ်းပြီး ဆရာဝန် ဇနီးမောင်နှံ့ အကုန်ဝယ်သွားတော့...ပြပွဲအတွက် ဘာမှ မရှိဘူးဖြစ်သွားတာပါ..။
ဘာမှကို မရေးသလောက်ဖြစ်နေတော့ ဒီပြပွဲအကြောင်းလေးကိုဘဲ ပို့ စ်တခုအနေနဲ့  တင်လိုက်ရတာ..။
နောက်အကြောင်းပြသနာတခုက ဒီဘလော့ဂ်လေးဖြစ်ဘို့ ကို ကိုယ်တယောက်ထဲ ကိုယ့်စိတ်တခုထဲနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး...။
စုပေါင်းဆုံဖြတ်ပြီးလုပ်ခဲ့ကြတာ...ဒီဘလော့ဂ်နဲ့ ပါတ်သက်ပြီး ကျနော်တို့ ကြားမှာ အယူအဆများပြီး ကျနော်တို့ ချင်း ကွိုင်တွေ ဖြစ်လာပါတယ်...ဒါကြောင့် ဘလော့ဂ်မှာ ပို့ စ်တွေ ဆက်တိုက်မရေး၊ မတင်ဖြစ်တာပါ..။
ဒီဘလော့ဂ်ရဲ့ အတွင်းရေးပြသနာတွေကို ဘလော့ဂ်ဖတ်သူတွေကို မသိစေချင်ပေမယ့် ဒီဘလော့ဂ်ရဲ့ အတွင်းရေး အားလုံးကို နောက်ပို့ စ်မှာ...ကျနော် အားလုံးပြောပြပါ့မယ်...။
အဲဒီကျရင် သစ်နက်ဆူးဆိုတာ လူဘယ်နှစ်ယောက်လဲ ဆိုတာ မိတ်ဆွေတွေ သိသွားခဲ့ ရင် ကျနော်ကျေနပ်ပြီ...ဘလော့ဂ်နာမည်ကြီးအောင် “ဖွ”တာ မဟုတ်ပါဘူး...ဒီဘလော့က နာမည်ကြီးလဲ မဟုတ်ပါဘူး...။ ဒါပေမယ့် ဒီဘလော့ဂ် အတွင်းရေးတွေ ရေးချပြလိုက်ပြီးရင် ကိစ္စပြီးပြီ..။

ဆူး

Wednesday, November 11, 2009

မဆီမဆိုင်


နော်နော်လေးက ဘော်လုံး အဖွဲ့ ဝင်ထားတယ်ဆိုတော့ သူလေ့ကျင့်ချိန်ဆို ကိုယ်ကပါ လိုက်ပေးရတယ်..။ကျောင်းဘော်လုံးကွင်းမှာ ကျောင်းသားတွေ သူ့ အရွယ် သူ့ အတန်းအလိုက် လေ့ကျင့်နေကြတာ ဘော်လုံးကွင်း ၄ကွင်းလုံး အပြည့်ဘဲ..။
ခဏနားနေချိန်မှာ တခြားကျောင်းသားကြီးတွေ ဘက်က ကန်လိုက်တဲ့ ဘော်လုံးက ဒီဘက်ကို ကျွံလာတာ..နော်နော်ဆီ တည့်တည့်ပါဘဲ..။ သားက ကျောပေးနေတော့ ဘယ်မြင်မလဲ...ကိုယ်ကဘဲ ကာကွယ်ရင်း လက်နဲ့ ပုတ်ထုတ်လိုက်ရတာ..။
ဒီတော့မှ နော်နော်က သိပြီး အဖေကိုကြည့်ရင်းမေးခွန်းတွေ ထုတ်တော့တာဘဲ..။
“ သားဆီလာတဲ့ ဘော်လုံးကို အဖေ ဘာလို့ ကာလိုက်တာလဲ..”
“ သားကို ထိရင်နာသွားမှာ စိုးလို့ ပေါ့”
“ မနာဘူးဆိုရင်ရော...”
“ မနာဘူးထင်ရင်လဲ ကာကွယ်ပေးမှာဘဲပေါ့”
“ ဘာလို့ လဲ...”
“ မိဘဖြစ်နေလို့ ပေါ့”
“ အယ်မီးလ်( သူ့ သူငယ်ချင်းလေး) အဖေဆိုရင်ရော..”
“ ကာမှာဘဲပေါ့ ..သားရ..ကဲ..အဖေကပြန်မေးမယ်..အယ်မီးလ်ကို မထိအောင် သူ့ အဖေက ဘာဖြစ်လို့ ကာတာလဲ..”
“ မိဘ ဖြစ်နေလို့ ပေါ့ ”
“ Ja , du er flink” ( ဟုတ်တယ်...မင်းတော်တယ်) ( အမှန်က နော်နော်ကချည်း နော်ဝေစကားနဲ့ ပြောနေတာ...ကိုယ်ကနားလည်ပေမယ့် သူ့ လောက်လျှာမသွက်ဘူး...မှတ်မှတ်ယယ..နောက်ဆုံးစကားလေးဘဲ ကိုယ်က နော်ဝေလိုပြောထှာ...ကြုံလို့ ကြွားတာ)...။
.............
.............
မနေ့ တနေ့ ကမဟုတ်ပေမယ့်...အကြောင်းတိုက်ဆိုင်ရင် မနေ့ တနေ့ ကအဖြစ်လိုဘဲ..။
တွေးမိရင် ပြုံးချင်တယ်..။ ပြုံးရင်းနဲ့ လဲ မဆီမဆိုင်စာတန်းတခုက ခေါင်းထဲ ပြေးပြေးဝင်လာတာဘဲ..။ ပြီးမှ သေသေချာချာပြုံးရယ်မိတာ..။
ကြာပါပြီ...၁၀နှစ်ကျော်လောက်ကပါ..။
ကျနော်တို့ ဇာတ် ထားဝယ်မြို့ နယ်ဘက်အထိသွားကတုန်းကပေါ့..။ ကလိန်အောင်တောင် ဆိုတာ ထားဝယ်အထက်ရေဖြူမြို့ နယ်ဘက်မှာရှိတယ်..။ ကပြရမှာက ကလိန်အောင်ဆံတော်ရှင် ဘုရားပွဲ..။ အဲဒီဘုရားတစ်ဝိုက်မှာ စစ်တပ်တွေလဲ ထိုင်ထားတယ်..။
နေ့ ခင်းဘက်မှာ အနီးအနားနေထိုင်သူတွေကိုဘဲ တွေ့ ရပေမယ့် ညဘက်ပွဲကချိန်ဆို လူတွေမနည်းဘဲ..။ ပွဲစပြီးနောက်ရက်ကစလို့  နေ့ ရောညမှာ လူကတော့စည်နေတာဘဲ..။
ပွဲကပြီဆိုတော့လဲ အကပညာနဲ့ ပါတ်သက်ရင် လက်တောင်ကောင်းကောင်းမချိုးတတ်တဲ့ စစ်တပ်မှာ ပွဲမိန့် ယူထားရတာပေါ့ဗျာ...။
ပွဲလုံခြုံရေးလဲ သူတို့ ပါဘဲ...။ အဲ....ပွဲခင်းထဲမှာ အရက်လေးတမြမြနဲ့ လမ်းသလားတာလဲ သူတို့ ပါဘဲ..။ အောက်လက်ငယ်သားဗိုလ်အဆင့်လောက်ဆိုတော့ ပေါင်းသင်းဆက်ဆံရေးကတော့ မဆိုးပါဘူး..။ ခင်ခင်မင်မင်ပါဘဲ..။
သူတို့ တပ်ထိုင်ထားတာက တောင်ကုန်းမို့ မို့ လေးမှာ..။ ဇာတ်စင်နဲ့ တပ်ထိုင်ထားတာနဲ့ က ကားလမ်း ဟိုဘက်သည်ဘက်ပေါ့လေ..။
သူတို့ ဘ၀တွေကလဲ သနားဘို့ ကောင်းပါတယ်...အစာရေစာ မပြည့်မစုံ၊ ငှက်ဖျားကလဲ ပေါ....လူမုန်းကလဲများ..။
ကျနော်ကတော့ ရောက်တဲ့ ညနေက ချောင်းထဲ ဆင်းတော့တာဘဲ...အားရပါးရ ရေငုတ်ပစ်လိုက်တာ( ရေမှ မကူးတတ်တာ)။
ရေချိုးကောင်းနေတုန်းဘဲ ရှိသေးတယ်...စစ်သားလေးတစ်ယောက်က ဗိုလ်ကြီးခေါ်နေတယ်..အခုချက်ခြင်း လာပါဆိုပြီး ..လာခေါ်တာဘဲ..။ ကိုယ်ကလဲတွေးရပြီပေါ့...အခုဘဲရောက် အခုဘဲခေါ်..ဘာများဖြစ်တာလဲပေါ့..။
ရေချိုးတာငုတ်တာရပ် ၊ အ၀တ်အစားလဲပြီး သူ့ နောက်လိုက်သွားတော့ တောင်ကုန်းလေးထိပ်မှာ မီးပုံကြီးဖိုထားတယ်..။
စစ်သားလေးတွေလဲ ထိုင်တချို့  ၊ရပ်တချို့ ပေါ့..။အဲဒီမှာ ဗိုလ်ကြီးဆိုသူကတော့ စစ်အကျီ အဟောင်းနဲ့ ပုဆိုး ဟောင်းလေးနဲ့ ပါ..။
“ လာဗျ...ထိုင် ၊ ခင်ဗျားက မင်းသားမဟုတ်လား၊ ခင်ဗျား...ဗျာ မမေးမစမ်းနဲ့ ..”
“ ဘာကိုလဲဗျ...”
“ ရေဆင်းချိုးတာလေ...ဒီမှာငှက်ရှိတယ်ဗျ..ရော့...ရေနွေးသောက်...ဒါမှမဟုတ် အာမီရမ်တော့ အိပ်ဆောင်ရှိတယ်ဗျ...သောက်မလား..”
“နေပါစေ...ကျနော် မသောက်ပါဘူး..ရေနွေးဆိုရပါပြီ..ကျေးဇူးဘဲ”
“ ဆေးလိပ်ရှိတယ်ဗျ...ပွတ်ချွန်းဘဲ..( ဆေးလိပ်အစား၊ ရရာသစ်ရွက်နဲ့ ဆေးကြမ်းကိုလိပ်ထားသော ဆေးလိပ်)”
“ ရတယ်...ကျနော့်မှာ..ပါတယ်..”
ဒီလိုနဲ့ ရေနွေးသောက်ဆေးလိပ်သောက်ရင်း အလာပ သလာပ ထိုင်ပြောရင်း ခင်ခင်မင်မင် ဖြစ်သွားတာပါဘဲ..။
သူတို့ ဘ၀အကြောင်းတွေ ညဉ်းချင်းတွေနားထောင်ပြီးတော့လဲ သက်ပြင်းတွေ တူတူချရင်း...တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိတော့တာဘဲ..။ထားပါ.. ဒီလိုနဲ့ ပွဲကရောဆိုပါတော့..။
ပထမညအောင်အောင်မြင်မြင်ပါဘဲ...။
နောက်နေ့ မိုးလင်းတာနဲ့ ဗိုလ်ကြီးက ခေါ်တွေ့ တာပါဘဲ ( အခုထိုင်ထားတဲ့ တပ်မှာ အကြီးဆုံးဗျာ)....။
အခု ဒုတိယည ကပြမယ့် ပြဇာတ်ကို တိုက်ပွဲခန်းလေးတွေထည့်ကပြပါပေါ့...စစ်တပ်နဲ့ သောင်းကျန်းသူ ဇာတ်လမ်းပေါ့ဗျာ...။
သူ့ သဘောက ကြိုက်သလိုသာချ ဇာတ်လမ်းဆုံးရင် စစ်တပ်က အောင်ပွဲတွေနဲ့ ပေါ့ဗျာ...။ကျနော်က မြန်မာစစ်ဗိုလ်နေရာက နေပေါ့တဲ့ ..။
( သူကလဲ နပ်တယ်ဗျ..ခေါင်းဆောင်မင်းသား သူပုန်နေရာက က”ခဲ့ ရင် ပရိတ်သတ်က သောင်းကျန်းသူမင်းသားဘက်က အားပေးမှာကိုး...။ကောင်မလေးတွေ ဆိုတာကလည်း သေရင်တောင် သောင်းကျန်းစသူဘက်က အမာခံ ငိုမယ့်သူလေးတွေပေါ့)။
“ ဘာတွေလိုအပ်လဲ ပြောပါ”
“ ဟိုဘက်ဒီဘက် တပ်သားတွေအတွက် အီိကွေးမဲန်တွေလိုတယ်...သေနတ်တွေ ၀တ်စုံ ယူနီဖောင်းတွေ လိုတယ်ဗျ”
“ ၀တ်စုံကတော့ ရပါတယ်...လက်နက်ကပြသနာဗျ...ကျနော်တို့ နဲ့ မကွာရှိနေရမှာ...ဒီနယ်မြေအကြောင်းလဲ မင်းသားသိတာဘဲ...အမဲရောင်နယ်မြေဗျ..”
“ ဟာ..ဗိုလ်ကြီးကလဲ..ဒါဘုရားပွဲတော်လေ...သူတို့ လဲ သိပါတယ်...မနေ့ ညက ကတာတောင် အေးဆေးပါဘဲ...ဘာမှ မဖြစ်ပါဘူး..”
“ ကဲ...ဒါဆိုလဲ ယူနီဖောင်းတွေတော့ စောစောယူထားပေါ့...လက်နက်နဲ့ အိကွေးမန့် တွေတော့ပြဇာတ်မထွက်ခင်အချိန်မှီလာပို့ ပေးမယ်..
ဖြစ်မလား”
“ဖြစ်တယ်...စိတ်ချမယ်နော်..တော်ကြာကနေမှ ဟိုဟာမရ ဒီဟာမရဆို...ခက်တယ်”
“ ဟာ..စိတ်ချပါ..”
..... ....
....
ဒီလိုနဲ့ ကပြရောဆိုပါတော့ဗျာ...။
ဇာတ်လမ်းကတော့ အရေးပေါ်ထိုးဇာတ်ပေါ့...။
ကိုယ့်လူတွေကလဲ ယူနီဖောင်းအပြည့်အစုံနဲ့ ကပြတာဆိုတော့ ခပ်ကြွကြွ...။
ပွဲခင်းကလဲ လှလှ...။
ပွဲရှေ့ ဆုံးတန်းမှာ စားပွဲတွေ ဆက်တီတွေ နဲ့ ...ကော်ဖီ၊ရေနွေးအိုး( ရေနွေးအိုးက ဟန်ဆောင်...လူမြင်ကောင်းအောင်လုပ်ထားတာ...အထဲမှာ အရက်) အစုံအလင်နဲ့ ဗိုလ်ကြီး၊ဗိုလ်လေး၊တပ်သားတွေနဲ့ ...ကတော်စုံကလဲ စတိုင်ကျကျ..။
ထိုးဇာတ်သာပြောတာ ပြဇာတ်က လမိုင်းကပ်ပြီး ကလို့ ကောင်းတာဆိုတော့...။
အဲသလို ကပြနေရင်း...တဖက်လူစကားပြောနေတုန်း ကိုယ်က ဇာတ်စင် ဘယ်ထောင်းကို လှည့်လို့  မျက်နှာပေးလေးနဲ့ ပေါ့လေ...။
ကြည့်နေတုန်းဘဲ...ကိုယ်မျက်နှာမူယာအရပ် တောင်ကြောမြင့်မြင့်ကြားက မီးပွင့်တပွင့် မြောက်တက်လာပြီး...နီးလာတာ ...မျက်စိတမှိတ် လျှပ်တပြက်ပါဘဲ...။
ကိုယ့်စိတ်ထဲမှာ ဘုရားပွဲအောင်မြင်လို့  သီိတင်းကျွှတ် မီးကျည် လွှတ်တယ်ထင်နေတာ...။
နောက်မှ ပွဲခင်းတည့်တည့်ကို ...လာတာ..။
“ ရွှီး...ကနည်းလိုလို..ကျွီးန် ကနည်းလိုလိုနဲ့ ...။
“၀ုန်း...” ဆိုတဲ့ အသံကြီးနဲ့ ...လူကြီးမင်းများ စားပွဲရှေ့ တည့်တည့်ပါဘဲဗျာ...မြေကြီးတွေရော ၊ စားပွဲတွေရော...ဖွာလန်ကြဲ သွားတာဘဲ...ဗိုလ်တွေလဲ ၀ပ်နေတာ ပြားနေတာဘဲ...။
ပွဲခင်းတခုလုံးလဲ အုန်းအုန်းထ ပွက်လောရိုက်သွားတာ...နောက်တလုံးထပ်ကျတာက ပွဲခင်းနဲ့ ဝေးတယ်...။
လူတွေ ပြေးလိုက်ကြတာဗျာ...။ ဗိုလ်တွေလဲ ပြေးတာဘဲ....။
အထိအခိုက်တော့ မရှိဘူးဗျ...။
ပထမတော့ ဇာတ်စင်ပေါ်က လူတွေ က ကြောင်ကြည့်နေတာဗျ...နောက်မှ သတိဝင်လာပြီး ပြေးကြတာ တန်းနေတာဘဲ...
ကျနော်က မီးသမားကို မီးတွေပိတ်ဘို့ ပြောနေတုန်း...ဘယ်သူမှန်းကို မသိဘူး...ကျနော့်ကို လာဆွဲချသွာတာ...
“ ခင်ဗျား...သေသွားမယ်...ဟိုက ထုနေပြီ...ခင်ဗျားက မီးရောင်အောက်မှာ...ထင်းထင်းကြီး...”
“ ဟာ...သူတို့ လူတော့မှားမှာ မဟုတ်ပါဘူး...”
“ အာ...သေတော့မှာဘဲ....သူတို့ ကအဝေးက ရမ်းချနေတာ...နောက် ...ခင်ဗျားက ။ယူနီဖောင်းကြီးနဲ့ ...”
သူပြောမှ သတိရတာ....ဘုရားဘုရား....ယူနီဖောင်း၊အီကွေးမဲန့် လက်နက်အပြည့်အစုံနဲ့ ...မိတ်ကပ်အဖွေးသားကြီးနဲ့ ဂန့် သွားရင်...။
.........
လုံးဝမှောင်မှောင်မဲမဲ...ထဲမှာ...အချင်းချင်းအသံပြုနေရတာ..တချို့ လဲခေါ်လို့ ရတယ်...
...တချို့ လဲ ခေါ်လို့ မရ...။
အဲလို ဆူညံ အော်ဟစ်ပြေးလွှားနေတဲ့ ကြားမှာ...
“ ဇော်ဇော်...ဘယ်မှာလဲ...မင်းသား ဘယ်မှာလဲ...”
“ဇော်ဇော်...ဇော်ဇော်.....”
“ ရှုးးးးးးးး မထူးနဲ့  ...မင်းသားကို ဟိုဟာတွေ လာဆွဲပြီ ထင်တယ်...”
“...ဟမ်...ဘာဖြစ်လို့ လဲ”
“ စစ်ဗိုလ်နေရာက ..ကလို့ ..ခေါ်ပြီး သမပြီ ထင်တာဘဲ...ဒါမှ မဟုတ် ပြန်ပေးဆွဲမယ် ထင်တယ်..”
ဟင်....ကြားရ..ကြားရ နားဝမှာ မသက်သာ...ဆိုပြီး နောက်ပိုင်း ငိုချင်းတောင် ဆိုချလိုက်ချင်တာ...
ပုန်းနေတာချင်းအတူတူ...စိတ်ချမ်းသာစရာ တခွန်းမှ မပြောဘူး...
..........
...........
..........
“ ဇော်ဇော်...ဘယ်မှာလဲ....”
“...ဇော်ဇော်...လက်နက်တွေ ပြန်ပေးဦး....ချစ်တိုး....ပေါ်ဦး....ဟေ့လူတွေ...ဘယ်ရောက်ကုန်ပြီလဲ...”
ဟာ...ရဲဘော်တွေ....။
ဟေ့..ကျနော်တို့ ဒီမှာ...
” ဟာ...ကိုဇော်ဇော်လား....လုပ်ဦး လုပ်ဦး...တပ်ရင်းမှုး ပစ္စတိုက ခင်ဗျားဆီမှာလေ...ပြန်ပေးဦး...”
ဟုတ်တာပေါ့...အဲဒီကျမှ မောင်ကြီးမဲကြီးထဲ...
“ ကျနော်ဒီမှာ...ခင်ဗျား လာဖြတ်ပေး...ကျနော် ထုတ်လို့ မတော်တဆ ကျည်ထွက် သွားမှဖြင့်...”
“ ဟုတ်ပြီ ဟုတ်ပြီ...ဘယ်မှာလဲ ခင်ဗျာ...”
“ ဒီမှာ ...”
“ ချစ်တိုးတို့ တွေရော...”
“ ပြေးကုန်ကြပြီ..ဘယ်ရောက်ကုန်လဲ မသိဘူး...”
“ဟာ...ပြသနာဘဲ...လက်နက်တွေ ကျည်တွေက ခင်ဗျားတို့ ဆီမှာ...”
“ ခင်ဗျားတို့ မှာ သေနတ်တွေ အများကြီးဘဲ မဟုတ်လား...”
“ တချို့ ကင်းစောင့်နေတယ်...တပ်ထိုင်ထားတဲ့ ဆီက ဒီကိုဆင်းလာလို့ မရဘူး...တောင်ကုန်းကို ၀င်မစီိးနိုင်အောင်..ကာကွယ်ရမှာ..”
“ အော်...ဆောရီးဗျာ...ကျနော်တို့ လဲ လန့် ဖျပ်ပြီး ပြေးပုန်းတာကိုး..”
“ ရတယ်၇တယ်...ဗိုလ်ကြီးကို လက်နက်သွားပေးလိုက်ဦးမယ်...နောက်မှ ပြန်လာမယ်..ခင်ဗျားလူတွေ ခေါ်စုပေးဦး...ကျနော်တို့ လက်နက်တွေ ပြန်ယူရဦးမှာ...အခြေအနေက စိတ်မချရသေးဘူး...စောင့်ကြည့်ရဦးမှာ”
.......။
တနာရီနီးပါး ကြာသွားမှ...လူသူသူသံတိတ်ဆိတ်သွားသလိုလို...စကားသံတွေ ပြန်ထွက်လာသလိုလိုနဲ့ ..။
ဟိုဒီသွားလာနေသောလူရိပ်တွေ ပြန်တွေ့ လာရသည်..။
ခဏကြာတော့ မီးခွက် မီးရောင်..လက်နှိပ်မီးရောင်တွေ ပြန်တွေ့ လာသည်...။ ကိုယ့်ဇာတ်စင်မှာလဲ..အလျှိုလျှို ပြန်ထွက်လာကြပြီး တွတ်တွတ် တွတ်တွတ်နဲ့ ...။
ချစ်တိုးတို့  လူရွှင်တော် အုပ်စုတွေနဲ့  လူကြမ်းအုပ်စုတွေလဲ မရဲတရဲ ပြန်ကပ်လာကြတယ်..။
“ ဟေ့...မင်းတို့ ဘယ်လစ်နေတာလဲ...ဟိုမှာ သေနတ်တွေ လိုက်တောင်းနေတာ ကြာနေပြီ...”
“ ဟာ..ကိုယ့်ဆရာကလဲ...တည့်ရာပြေးရတာပေါ့..သူတို့ ဟာကြီးတွေ လွယ်သာလွယ်ထားတာ...ပြန်ပေးဘို့  သတိတောင် မရဘူး..”
“ လေးတာ....”
တော်နေလောက်ကြာတော့..ရဲဘော်တွေ လာတာပါဘဲ...။
သေနတ်တွေ ပစ္စည်းတွေ ပြန်လာယူပြီး...မီးစက်မထွန်းဘို့ ..ပွဲကိုလဲ ရပ်ထားလိုက်ဘို့ ..လာပြောတာဘဲ..။
ဖြစ်ပုံများ...။
နောက်ရက်တော့..ပွဲခင်းက ပုံမှန်နီးပါးတော့ ပြန်ဖြစ်လာပါတယ်...။
တတိယည အစီအစဉ်ကတော့ ပုံမှန်အတိုင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ပုံမှန်ပြဇာတ်ပါဘဲ...။
ညနေပိုင်းလောက်က တော့ သွားမေးခိုင်းသေးတယ်...မနေ့ ညက ပြဇာတ် ပြန်ကပြပေးရဦးမှာလားဆိုတော့...
ကလဲ မက နဲ့တော့..သေနတ်လဲ မငှားနိုင်တော့ဘူးတဲ့ ..။
ညကတောင်..အရေးကြီးတဲ့ အချိန်မှာ လက်နက်က ကိုယ်နဲ့ မကွာရှိနေရမယ့်ဟာ...လူနဲ့ တခြားစီဖြစ်နေလို့ ..ဒဏ်ပေးတယ်ဆိုဘဲ..။
မကနဲ့ ဆိုတော့လဲ..မက”ဘူးပေါ့..။
မငှားလဲနေပေါ့...ကိုယ့်ပြဇာတ်က သေနတ်မှ မလိုတာ...။
တတိယညကျတော့ ကပြတာ အေးဆေးဘဲ...။ ဘာမှကို မဖြစ်ဘူး...။
ညနေကတည်းက ပွဲခင်းကို စနည်းနာပြီး ကြည့်မိတယ်...ရဲဘော်တွေ တစ်ယောက်မှ လမ်းသလားတာ မတွေ့ ဘူး...။
ရှင်းရှင်းပြောရရင်...
ပွဲခင်းလုံခြုံရေးတောင် တာဝန်မယူတော့တာဗျာ...။
.......
.......
ဒီအဖြစ်အပျက်က ကြာနေပြီဆိုတော့ အမြဲတမ်းကြီးတော့ သတိမရပါဘူး...။
တိုက်ဆိုင်မှပါ...
တိုက်ဆိုင်မှ ဆိုတာကလဲ တခြားတော့ မဟုတ်ဘူး...
ဆိုင်းဘုတ်ကြီိးတွေလေ....
“ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ”
ဆိုတာကြိးတွေ့ ရင်. ခုနကပြောတဲ့ အတွေ့ အကြုံကို ပြန်သတိယပြီး ပြုံးချင်ရော...။
ကျနော်ဘဲ အတွေးခေါင်တာလား ၊အတွေးနက်တာလား မသိပါဘူး...။
ဒါကြောင့်လဲ ဒီိပို့ စ်ကို နာမည်ပေးထားတာ...
“ မဆီမဆိုင်” လို့ .........ဆို။။။
ဆိုင် လို့ လား...။




သစ်နက်ဆူး

Friday, October 9, 2009

ကျနော်တို့ ဇာတ်ပွဲ



ကျနော်တို့ က”ပြခဲ့တဲ့ ဇာတ်ပွဲ ဗီဒီယိုဖိုင်လေးတွေပါ..အပြည့်အစုံတော့ မဟုတ်ပါဘူး...
နော်နော်နဲ့ ကျော်ကျော်မိုးတို့ က”တာတောင် အပြည့်မပါပါဘူး...
ကင်မရာ ဘက်ထရီ ဒေါင်းသွားလို့ ..ဒိလောက်ဘဲ..ဆိုတော့...နော်နော်တို့ နှစ်ယောက် ရွှေစိတ်တော်တွေဆိုးလို့ ..။
သူတို့ ခမြာ ကြိုးစားပြီး အပီ က...ကြတာကိုးးးး။
မဒမ်ဆူးရဲ့ အငြိမ့်ခန်းလေးလဲ ကြည့်ပေါ့...။

နော်နော်...လေးရဲ့ မြန်မာ့အက

Saturday, September 12, 2009

သင်းကွဲဌက်လေး

ထိတ်ထိတ်ဝေေ၀ ညဥ့်နက်တွေထဲ
အေးစက်စက် သိုင်းဖက်လာတဲ့
လရောင်တစ်ဝက်တစ်ပျက်နဲ့ ဘဲ
ကိုယ့် အားငယ်မှုကို ကိုယ်သောက်သုံးရ...။
နှင်းတွေလေ......
ကျနေလိုက်တာများ တွတ်တီးတွတ်တာနဲ့ 
ဆရာမင်းလူရဲ့  “ငှက်ကလေး”ပေါ့
ပြတင်းတံခါးမှန်ထဲမှာ
ကိုယ့်ကိုကိုယ်ရှာဖွေယင်း
ဝိုင်ပြင်းပြင်းနဲ့ ဘဲ ....
ငိုချင်းမချမိအောင်
ကိုယ့်ကိုကိုယ် လှည့်ရှောင်နေရတယ်..။
သတ္တ၀ါ တစ်ခု ကံတစ်ခုတဲ့
တစ်ကောင်တည်းဘ၀မှာတော့
ကံပေါင်းများစွာက
အချက်ကျကျ ကပြီကရီလုပ်တိုင်း
ငါ့ အရောင်တွေ ခြောက်ခြားကြလေရဲ့.....။
ဘ၀တူငှက်ကလေးရေ
အလွမ်းဘဲဖြစ်ဖြစ် နာကျည်းမှုဘဲဖြစ်ဖြစ်
ငါကတော့....
ကင်းဗတ်စပေါ် အန်ချလိုက်တာဘဲ။
မင်းကတော့ ပိုတော်တာပေါ့...
ကွန်ပြူတာထဲ အန်ထည့်လိုက်ရော...
မင်းကမှော်ငှက်လေ
ငါ့ရဲ့ ကောင်းကင်ထက်မှာပေါ့...။

သစ်နက်ဆူး

Thursday, September 10, 2009

Hollis Woods

သိပ်ကြိုက်မိတဲ့ ရုပ်ရှင်ကားလေးပါ...
အစားကောင်း စားရရင် မိတ်ဆွေတွေကိုမမေ့နဲ့ ဆိုတဲ့  စကားလေးလိုပေါ့..။
http://thitnetsue-tns.blogspot.com/ ဒီမှာတင်ထားတာပါ..။

Hollis Woods

">
ကြည့်နေရင်းကို မျက်ရည်ကျမိအောင်ကောင်းတဲ့ ရုပ်ရှင်ကားလေးပါ..။ သိပ်တော်တဲ့  သရုပ်ဆောင်တွေရဲ့ အနုပညာ...
သိပ်တော်တဲ့  ကလေးမလေးရဲ့  ဈာန်ဝင်စားပြီး သရုပ်ဆောင်ထားတဲ့ အနုပညာကို လောလောဆယ် မျှဝေပေးလိုက်ပါတယ်..။
အနုပညာရှင်၂ဦးရဲ့ တဦးအပေါ်တဦးထားတဲ့ သံယောဇဉ်..။
တခါတခါ ကိုယ်တိုင်ကလေးမလေးနေရာကို ရောက်သွားသလိုခံစားရပါတယ်..။
ရုပ်ရှင်ကြည့်ရင်းမျက်ရည်ကျမိတာ..သိပ်ပျော့ညံ့တဲ့ ကောင်တော့ မဟုတ်ပါဘူး..။
ကိုယ့်ဘ၀နဲ့ ထပ်တူနီးပါးတူလွန်းလို့  ဟတ်ထိသွားတာပါ..။