Monday, January 5, 2009

“ မဒမ်ဆူး မိတ်ဆက် ”


မဒမ်ဆူး မိတ်ဆက်လေးပေါ့ဗျာ...။ အားနာလို့ မြှောက်ပေးနေမှန်း မသိ၊ဘာမှန်း ဘာမသိ ကျနော်ကလဲ
ဇွတ်ကိုမိတ်ဆက်နေတာဘဲ....။ ကျနော့်ရင်ထဲက စပိန်နွားရိုင်းကြီးကို အလဲဖြိုလိုက်တာ သူလေးပေါ့..။
ကျနော့်ရဲ့ ပါရမီဖြည့်ဘက်လေးပေါ့...ခုလဲ သီချင်းလေးဆိုပေးပြီး ပါရမီဖြည့်ပေးရှာပါတယ်..။
ကြားထဲကနေ စိုးစန္ဒာထွန်းတောင် ဘလော့ဂ် လာလည်သူတွေကို အားနာပြီး ကျေးဇူးတင်ပါတယ်ရှင် ဆိုပြီး ခဏခဏ
ဝင်ပြောပေးနေရသေးတယ်...။သိပ်တော့ မပြောရဲဘူး...ကိုဒူကဘာက ကြားကနေ ကွိစိ ကွစ ၀င်ပြောရင် သိပ်မကြည်ဘူး...
နားဆင်ပေးလိုက်ပါဦးဗျာ..။
လွမ်းငွေ့ ဝေေ၀
မေတ္တာစေကျွန်
မိုးယံမှသည် ချစ်သူဆီသို့ 
မေတ္တာစေကျွန်

15 comments:

  1. အားကျစရာ မိသားစုလေးပါပဲ ကိုသစ်ရေ့...
    ဒါနဲ့ ကိုယ့် မိသားစု ပုံတွေတင်ရင် ဘလော့ နံမည် ထည့်ထားရင် ပိုကောင်းမယ် ထင်တယ်...

    ReplyDelete
  2. ပျော်စ၇ာ မိသားစုပဲ
    သမီးအကြီးက အမေနဲ့တူ၏
    သမီးငယ်နဲ့နောင်၂က အဖေတူ၏

    အနုပညာမိသားစုလေး
    သိရတာ ပျော်ပါ၏

    ReplyDelete
  3. အရှေ့က၂ယောက်ပြောသွားသလိုပဲ
    အားကျစရာ ပျော်စရာမိသားစုလေးး

    ReplyDelete
  4. အရှေ့က သုံးယောက်ပြောသွားသလိုပဲ
    အားကျစရာ ပျော်စရာမိသားစုလေးး

    ReplyDelete
  5. သီချင်းလေးပုဒ်လုံးကတော့
    အလန်းလေးတွေပဲဗျ၊ ရွာကို လွမ်းတယ်။
    နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်ပါစေ

    http://winzaw-mdy.blogspot.com

    ReplyDelete
  6. မယားအလှကိုကြွားရတော့ ကိုဆူး ပြုံးဖြဲဖြဲကြီးဖြစ်နေတာ မြင်ယောင်သေးတယ်။

    ReplyDelete
  7. တယောက်က အမေနဲ့တူလို့ သီချင်းဆိုကောင်းတယ်၊ တယောက်က အဖေနဲ့တူလို့ အက ကောင်းတယ်၊ ကောင်းလေစွ...နို့ ဒါပေမဲ့ အောက်ဆုံးက သူတယောက်က သီချင်းဆိုတာ မိသားစုထဲ အညံ့ဆုံးပဲ ( ဟဲ..ဟဲ ဆန်ရင်း နာနာဖွတ် သွားတာ) ...နောက်တခါလာရင် ဆူးနဲ့ မထိုးနဲ့နော်

    ReplyDelete
  8. ချောချောလှလှလေး ရထားတော့လည်း မော်နိုင် ၊ ကြွားနိုင်တာပေါ့လေ...
    ဒီမိသားစုက ခေသူမဟုတ်တွေချည်းပဲ....
    သီချင်း ၁ ပုဒ် နားထောင်သွားပါတယ်။
    ညမှ ၄ ပုဒ်လုံးနားထောင်မယ်။

    ReplyDelete
  9. ပျော်စရာ မိသားစုလေးကို အားကျတယ်ဗျာ။

    ReplyDelete
  10. အမကလည်း သမီးတွေနဲ့ အပြိုင်လှနိုင်တာပါပဲ..။ အလှချင်းပြိုင်နေတဲ့ မိသားစုလေးပါပဲ .. ။ အနုပညာပါရမီကလည်းရှိကြတော့ ဆိုင်းဝိုင်းနဲ့ လူရွှင်တော်ပဲလိုတော့တယ်နော်... ဇာတ်ထောင်လို့ရပြီ.. ရှေ့ပိုင်းရော နောက်ပိုင်းရော သူ့နေရာနဲ့သူ ကွက်တိပဲအမရေ.. နော်...
    ကိုဆူးရေ.. ရောမချနဲ့နော်... ကိုဆူးပုံလဲတင်ဦး.. ကိုအောင်သာငယ်ပြောသလို ပုံပေါ်မှာ စာရေးထားရင် ပိုလုံခြုံမယ်ထင်တယ်.. သူများယူရင် သိရတာပေါ့နော်..

    ReplyDelete
  11. အင်း ဆိုင်းဝိုင်းနဲ့လူရွှင်တော်ပဲ လိုသတဲ့
    လူရွှင်တော်ကတော့ ကိုဒူကဘာကြီး ခေါ်လိုက်ဗျို့။

    မဒမ်ဆူးရဲ့ အလှနဲ့ အသံချိုလေးကို နားထောင်သွားတယ်။

    ReplyDelete
  12. ကွန်နက်ရှင် မကောင်းတာနဲ့ ကွန်မန့် နောက်ကျသွားတယ် ... ကိုဆူးရေ ... ။
    မဒမ်ဆူး အသံ နဲ့ အလှကို လာရောက် ခံစားပြီး သကာလ ကြည်နူးစရာ အနုပညာ မိသားစုလေးရဲ့ဘ၀ကို အားကျမိပါရဲ့။ သားငယ်လေးရဲ့ အနုပညာကိုလည်း ကြည့်ချင်ပါသေးတယ်။ ဖြစ်နိုင်မယ် ဆိုရင်ပေါ့ ... ။

    ReplyDelete
  13. ကိုဆူးတို့ကတော့ အိမ်ထောင်ဖက်ကလဲ ချော သားသမီး တွေကလဲချစ်စရာကောင်းတော့ ပျော်စရာ ပေါ့..ဒီ့ထက်..ကိုဆူးကပျော်ရွှင်စရာမိသားစုအဖြစ်တည် ဆောက်နိုင်မှာဆိုတာကတော့ကျွန်တော်လုံးဝယုံကြည် တယ်..

    ReplyDelete
  14. မဒမ်ဆူး ကို မြင်ဘူးသလိုပဲ။

    ReplyDelete
  15. bro
    correct. u should put ur somehing logo on ur photo...

    ReplyDelete