Sunday, January 25, 2009

မြန်မာအက အမှတ်တယ


နော်ဝေနိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံခြားတိုင်းပြည်က လူမျိုးခြားတွေ နှစ်သစ်တွေ့ ဆုံပွဲည လေးကို ဒီညလေးမှာ ကျင်းပခဲ့ သလို တခြားတိုင်းပြည်ကလူမျိုးများရဲ့ အနုပညာကိုပါပြသခြင်းဖြစ်တဲ့ အတွက် ....
မြန်မာ့အက အနုပညာကို မဒမ်ဆူးနဲ့ တွဲဖက်ပြီး ကပြပေးခဲ့ ရပါတယ်...။
မိမိလူမျိုး မိမိတိုင်းပြည်ရဲ့ အနုပညာကို တင်ပြခွင့် ကပြခွင့်ရခဲ့ လို့  ပျော်ရွှင်ကြည်နူးမိသလို ကိုယ့်လူမျိုးရဲ့ အနုပညာကလဲ လေးနက်လှပတဲ့ အတွက်
ချီးကျူး ဂုဏ်ယူခံခဲ့ရပါတယ်...။
ဒါ ကျနော်တို့ တိုင်းပြည်ရဲ့ အနုပညာပါ...
မြန်မာတို့ ရဲ့ အနုပညာပါ...။
မျှဝေခံစားပေးပါဦးစို့ လား...။

18 comments:

  1. ဂုဏ်ယူပါတယ် ကိုသစ်ရေ့...

    ReplyDelete
  2. မျှဝေခံစား၊ ဂုဏ်ယူသွားပါတယ်..။
    အက ကတော့ နှစ်ယောက်လုံး မိုက်တယ်နော်(တော်တယ်နော်လို့ပြောတာပါ..။)

    ReplyDelete
  3. မင်းသမီးလေးနဲ့ မင်းသားလေး မကြားပေမယ့် အားပေးလိုက်ရတာ လက်ဝါးတွေတောင်နာတယ်
    ဖြောင်းဖြောင်းဖြောင်း

    ReplyDelete
  4. နှစ်ပါးသွား တဲ့။ အက နဲ့ရော ချစ်ခြင်းမေတ္တာနဲ့ ရော တကယ့် နှစ်ပါးသွား အစစ်ပါပဲ။ ပြုံးရွှင် ကြည်နူးစရာလေးကို ကြည့်ပြီး ၀မ်းသာ ဂုဏ်ယူမိတယ်။

    ReplyDelete
  5. Hi Ko Sue and A Ma,
    Very nice couple dancing, really match both of u...

    ReplyDelete
  6. ပျော်စရာကြီးပဲနော် ကြည့်ရတာအားမရဘူး။ စာတန်းကြီးကရှုပ်နေတာ၊ ပြီးသွားတော့ လက်ခုပ်တွေတောင်တီးမိတယ်။ ကိုဆူးတို့မိသားစုကတော့ တကယ့်ကို အနုပညာမိသားစုပါဘဲ...။ ဂုဏ်ယူလေးစားပါတယ်..။

    ReplyDelete
  7. ကောင်းတယ်ဗျာ မြန်မာ့အနုပညာကို ဒီလိုဖေါ်ထုတ်ပေးတာ နှစ်ယောက်စလုံးကိုဂုဏ်ယူပါတယ်ဗျာ ခလေးတွေကိုလဲသတိရပါတယ်ဗျာ။

    ReplyDelete
  8. Dear Bro,
    Both of you are really adorable. Thanks for sharing and showing our traditional dance very well.
    Go ahead, bro.

    ReplyDelete
  9. ဂုဏ်ယူတယ်ဗျ။ အစ်ကိုက စွယ်စုံရပဲဗျ။ ပန်းချီ၊ မြန်မာ့အက၊ ကဗျာ။ အရမ်းလေးစားတယ်ဗျာ။

    ReplyDelete
  10. ကိုဆူးကတော့ တကယ့်စွယ်စုံပဲ။ နှစ်ယောက်စလုံးကတာ လှပေမယ့် ကိုဆူးကပိုကတာ ပညာပါသလိုပဲ။ သိပ်တော့နားမလည်ဘူး။

    ReplyDelete
  11. ကိုဆူးရေ မြန့်မာ့ယဉ်ကျေးမူအနုပညာကို တိုင်းတပါးမှာ ဖော်ထုတ်ကပြတာလေးတွေ့ရလို့ ရင်ထဲမှာအတိုင်းအဆမရှိ ကြည်နူးဝမ်းမြောက် ဂုဏ်ယူလေးစားမိပါရဲ့၊ မြန်မာယဉ်ကျေးမူ အနုပညာရပ်တွေကို ဒီထက်ဖော်ထုတ်နိုင်တဲ့ အနုပညာမိသားစုလေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါရဲ့ဗျာ။

    ReplyDelete
  12. ကိုဆူးရေ မြန့်မာ့ယဉ်ကျေးမူအနုပညာကို တိုင်းတပါးမှာ ဖော်ထုတ်ကပြတာလေးတွေ့ရလို့ ရင်ထဲမှာအတိုင်းအဆမရှိ ကြည်နူးဝမ်းမြောက် ဂုဏ်ယူလေးစားမိပါရဲ့၊ မြန်မာယဉ်ကျေးမူ အနုပညာရပ်တွေကို ဒီထက်ဖော်ထုတ်နိုင်တဲ့ အနုပညာမိသားစုလေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါရဲ့ဗျာ

    ReplyDelete
  13. မင်းသားက ခါးနဲနဲ တုတ်နေသလားလို့.. အက ကတော့ ပြောစရာမရှိ ကောင်းပါပေတယ်။

    ReplyDelete
  14. အကိုရေ..
    မြန်မာ့ယဉ်ကျေးမှူအမွေအနှစ်ကို လူမျိုးခြားများသိအောင်ပြသခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။

    ကြည့်ပီးခံစားမိတဲ့အချက်ကို ပြောပါရစေ။

    ကတာကောင်းတယ်။ အဲဒီထဲမှာ အကို့ဇနီးကတာကို အကိုကြည့်ပီး ကျေနပ်ပီတိဖြာနေတာကို တွေ့ရတယ်။စိတ်ချမ်းသာစရာကောင်းလိုက်တာ။

    အဟီး အကိုကကျတော့ ကနေတာ လူက နဲနဲဝနေသလိုပဲ သိပ်မသွက်ဘူး.
    ပီးတော့ ကျနော်က အကို ပုဆိုးခတ်ပီးကဦးမယ်ထင်တာ..ဟီး
    စိတ်မရှိပါနဲ့နော်..။ ကျနော်က ချမ်းသာ ကတဲ့ အကွက်တွေပြန်မြင်ပီး အကို့အကတွေကို သေချာ ကြည့်တာ ၃ခါတောင်မှ အကိုရဲ့ ..။ နိုင်းယှဉ်လို့ပြောတာမဟုတ်ဘူးနော်အကိုရေ
    အဲလိုအကတွေကို လွမ်းလို့ပြောတာပါ။

    ဘာပဲဖြစ်ဖြစ် အဲလိုအကတွေကို ပြန်ပီးကြည့်ရလို့ ကျေးဇူးတင်ပါတယ်အကို။

    အပေါ်ကစာတွေ အကို မကြိုက်ရင် တောင်းပန်ပါတယ်နော်။ ဟီး ရင်းနှီးလို့ပြောတာပါ။

    ReplyDelete
  15. တို့ကတော့ သူများလို ပိန်တာ ဝ တာ ဂရုမစိုက်ဖူးဗျို့ နောက်တခါ ဆိုယင် သေတ္တာအက ခေါ်မလား သေတ္တာပေါ်က ဂျွမ်းထိုးတဲ့ အက ကပြပါဗျို့ ... သေတ္တာနော် ဖါ နဲ့မှားပြီး အင်မထုနဲ့ဦး ...ဒါမှ ဝတာ ကျသွားမှာ...သဘင်လောကမှာ ပရိသတ်က တောင်းဆိုယင် မငြင်းကောင်းဖူး ဆိုလား? ကြားဖူးတာပဲ အတိအကျတော့ မသိဖူး ... အဟိ!

    ReplyDelete
  16. ဂုဏ်ယူလျက်ပါ အကိုကြီးရေ။

    ReplyDelete
  17. အခုမှပဲ ဆရာဆူးကတာ မြင်ရတော့တယ်။ ဆရာကတော်ကိုကော ဆရာဆူး သင်ပေးထားတာလား။

    ReplyDelete
  18. ကိုသစ်နက်ဆူးရေ… မဒမ်ဆူးက ချစ်စရာလေးနော်… ကိုသစ်နက်ဆူးထက်ငယ်ပုံပဲ… ၂ယောက်လုံးက အကတော်တော့ ကြည့်လို့ ကောင်းလိုက်တာ… တကယ့်အနုပညာမိသားစုလေးပါ… ခုလို မြန်မာအကကို တခြားနိုင်ငံမှာ ဖော်ထုတ်ပြသနိုင်တာ ဂုဏ်ယူမိပါတယ်

    ReplyDelete