Saturday, June 20, 2009
နယ်မြေသစ်ကို ဖွင့်တဲ့  သော့
ပအို့ ပန်းဈေး.....kr.8000.00
ဆေးတံသောက်ဖက်.. kr.20000.00
ဒီနေ့  ကျနော်တို့ ပန်းချီပြပွဲဖွင့်တဲ့ နေ့ ပါ...
ဒီပြပွဲမှာ...အားပြိုင်မှုတွေ အများကြီး ရှိနေပါတယ်..။ မတူညီတဲ့ အယူအဆ၊အရောင်၊ဖွဲ့ စည်းမှုတွေကို ပထမဆုံး ပြပွဲမှာ ချပြရတာပါ...။နော်ဝေ သဘာဝရှုခင်းတွေကလွဲရင် ဘယ်ကားမှ လူတွေ စိတ်မ၀င်စားဘူး...မ၀ယ်ကြဘူးလို့ ပြောနေတဲ့ ကြားထဲက ကိုယ်တင်ပြချင်တာကို အနုပညာစိတ်တခုထဲနဲ့ 
အားတင်းပြီး ၀င်တိုးရတာပါ...။
ပြပွဲဖွင့်လိုက်တာနဲ့  အားပေးမှု ချီးကျူးမှုတွေက အားဖြစ်စေပါတယ်...
နောက်ဝမ်းသာရတာက ဒီပြပွဲမှာ ဈေးအကြီးဆုံးက ကျနော့်ရဲ့ ပန်းချီကားပါ...။
ဒီဆေးတံသောက်နေတဲ့ အဘွားကြီး ၂ယောက်ပုံကို ခရိုနာ ၂၀၀၀၀..တင်ထားတာပါ...။
ပြပွဲဖွင့်လိုက်တာနဲ့  ဒီပန်းချီကားနဲ့  ပအို့ ဝ် ပန်းဈေးကား၂ကားရောင်းထွက်သွားပါတယ်..ပအို့ ဝ်ပန်းဈေးက ခရိုနာ ၈၀၀၀ နဲ့ ပါ..။
ကျနော် ပန်းချီဆွဲနေတဲ့ ရက်တွေမှာ အားပေးခဲ့ ကြတဲ့  ဘလော့ဂါမောင်နှမတွေ ပီတိဖြစ်စေဘို့ 
လက်တို့ လိုက်တာပါ...။
Subscribe to:
Post Comments (Atom)
ကိုဆူး အပေါ်က ဈေးကားက အရင်ဆွဲထားတာကို ရောင်းတာလား? ဒါမှမဟုတ် အဲဒါကို ပြန်ဆွဲထားတဲ့ ကားအသစ်ကို ရောင်းတာလားဗျ။ ကျွန်တော်ကြိုက်တဲ့ ကားလေး ရောင်းရတယ်ဆိုလို့ ဝမ်းသာ ဝမ်းနည်း ဖြစ်ရတယ်ဗျ။ ဝမ်းသာတာက ကိုဆူးအတွက် ဝမ်းနည်းတာက ကိုယ်ကြိုက်တဲ့ကားလေး သူများနောက် ပါသွားလို့..............:D :P
ReplyDeleteတကယ်ကောင်းလို့ ရောင်းရတာပါ။ ၀မ်းသာ ကြည်နူးမိတယ်။ ဆေးတံသောက်ဖက် ကတော့ တကယ် အသက်ဝင်တယ်။ ကိုဆူး ဆွဲတဲ့ subject ကိုက နိုင်ငံခြားသား ကားတွေနဲ့ ယှဉ်ရင် သူများနဲ့မတူ ထူးခြားနေတာလေ။ အဲဒီမှာ လက်ရာက ကောင်းလွန်းတော့ မြန်မာပန်းချီဆရာတယောက် ပွဲလယ်တင့်တော့တာမို့ မုဒိတာပွားလိုက်ပါတယ်။
ReplyDeleteကောင်းတယ်။ ကမ္ဘာကျော်အောင် လုပ်တဲ့ ကိုယ်ရွှေကိုယ်မျိုးကို ကျေးဖူးတင်တယ်။ ရှေ့ဆက် ပိုပြီးအောင်မြင်ပါစေ။
ReplyDeleteဝမ်းသာတယ်ကိုဆူးရေ... အမြဲလာလာကြည့်တယ်... မြန်မာလက်ရာ ကမ္ဘာကျော်အောင်ကြိုးစားတဲ့ကိုဆူးအတွက် ဂုဏ်ယူပါတယ်ကိုဆူးရေ...
ReplyDelete၀မ်းသာလိုက်တာ ။ မချိုသင်းပြောသလို
ReplyDeleteဆေးတံသောက်ဖက် ပိုအသက်ဝင်တယ်နော်..
(နားလည်လို့တော့မဟုတ်ပါဘူးး..)
Ko gyi Sue,
ReplyDeleteLong time no see.... I really proud of ur high selling art work.
Cheer!
တနေ့နေ့တော့ ကိုဆူးပန်းချီကားလေး တခုလောက် ပိုင်ချင်တယ်
ReplyDeleteCongratulations Ko Hsu!!
ReplyDelete“ဆေးတံသောက်ဖက်” ကို အရမ်း ကြိုက်တယ်။ artwork တွေ ၀ယ်စုလောက်အောင် မတတ်နိုင်သေးလို့ ခုတော့ အားကျရုံပဲ။
ReplyDeleteမြန်မာအနုပညာရှင် တစ်ယောက်အနေနဲ့ မြန်မာလက်ရာ မြန်မာအကြောင်းကို ဈေးကွက်တင်နိုင်တာ ဂုဏ်ယူပါတယ်။ ဒီ့ထက်မက အောင်မြင်ပါစေ။
ကောင်းလိုက်တဲ့လက်ရာလေးတွေ ..အသက်ဝင်နေသလိုဘဲနော် .. ဒီထက်မက အောင်မြင်ပါစေ..
ReplyDeleteလေးစားခင်မင်စွာဖြင့်
ကိကီ
ကိုဆူးခင်ဗျား
ReplyDeleteမြန်မာ့အနုပညာကို နိုင်ငံတကာမှာ ဖြန့်ဝေနိုင်တဲ့အတွက် လေးစားဂုဏ်ယူပါတယ်။
မုဒိတာပွားတယ် ဗျာ ကိုဆူးသစ်ရေ အနုပညာသမားတယောက်ရဲ့ ခံစားမှုတွေဆိုတာ သူ့အနုပညာအပေါ်မှာထင်ဟပ်ပါတယ်ဗျာ။ အားပေးနေမယ်နော် ပန်းချီကိုခံစားတတ်သလောက်တော့ ခံစားတယ်ဗျ ကိုယ်သာမဖန်တီးတတ်တာ။ လေးစားပါတယ်ဗျာ။
ReplyDeleteကိုဆူးရေ
ReplyDeleteကိုဆူးရဲ့အနုပညာပန်းချီကားတွေကိုလာခံစားပါတယ်
ကဗျာလည်းဖတ်တယ်
ကိုဆူးကတကယ့်စွယ်စုံအနုပညာရှင်ပါပဲ
ခင်မင်လျက်
ပုံကြည့်ပြီးသဘောကျနေတာ။ ရောင်းထွက်သွားတယ်ဆိုတော့ နှမြောတောင်သွားတယ်။ ဒါပေမယ့်လည်း ကိုဆူးအတွက်ဝမ်းသာပါတယ်။ စကားမစပ် မုန့်ဝယ်ကျွေး။ :P
ReplyDeleteဆေးတံသောက်ပန်းချီက တော်တော်လေးအသက်ဝင်တာပဲ... ရောင်းလို့ရသွားတာ ၀မ်းသားပါတယ်။
ReplyDeleteအဲလို ရောင်းလိုက်ရတော့ နှမျောတဲ့ ခံစားချက်မျိုးခံစားမိသေးလား။
တကယ်ပဲ ဂုဏ်ယူပါတယ်
ReplyDeleteကိုဆူးရေ အနုပညာရဲ့လက်ရာကောင်းတွေဖန်တီးတဲ့ကိုဆူးကိုအားကျပါတယ် ကိုဆူးအတွက်လည်းဂုဏ်ယူပါတယ်နော် အနုပညာသမားတစ်ယောက်ရဲ့ ပီတိကို သမီးပျိုခံစားမိပါတယ် သမီးပျိုအရင်တုန်းကလေ ပန်းချီအခြေခံ စသင်တုန်းကပေါ့ ပြိုင်ပွဲဝင်တာ ပ-ဒု-တ ရခဲ့ဘူးသလို အထူးဆုတွေလည်း ရခဲ့ဖူးတယ် ရေဆေးပန်းချီဆွဲတာပါ တစ်နေ့တော့ အမေရိကန်တွေ လာလှူထားကြတဲ့ ရေကန်တွေ သူတို့ရဲ့အလှူကို မှတ်တမ်းတင် ပန်းချီပြိုင်ပွဲ လုပ်တာ သမီးပျိုပန်းချီကား ရွေးချယ်ခံလိုက်ရတော့ ပျော်လိုက်တာလေ အရမ်းပါပဲ ၀ါသနာအရ ပန်းချီဆွဲနေတာကို အသိအမှတ်ပြုခံရတာတောင် ဒီလောက်ပျော်နေရင် ကိုဆူးလို အနုပညာကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့သူတစ် ယောက် ဘယ်လောက်ပီတိဖြာမလဲ ဆိုတာ ခံစားရလို့ ကိုဆူးနဲ့ထပ်တူ ၀မ်း မြောက်ကြောင်း ပြောချင်တာပါ ကိုဆူး.......
ReplyDeleteကိုဆူးရေ
ReplyDeleteပန်းချီကားလေးတွေကို မကြာမကြာ လာကြည့်ဖြစ်ပါတယ်။
ကိုဆူးအားလပ်ပြီး စာတွေလည်း ပြန်ရေးနိုင် ပါစေ လို့။
ဒီကြားထဲမှာ ပန်းချီအသစ် ထပ်ဆွဲဖြစ်ရင်လည်း တင်ပေးပါနော်။