Thursday, August 20, 2009

သက်ပြင်းလေးတစ်ချက်လောက်တော့ ချလိုက်ဦးမှ......

သာသနသုခ ဘုန်းတော်ကြီးကျောင်းရံပုံငွေပွဲအတွက် ရုန်းလိုက်ရတာ....
ကလေးတွေက သင်္ကြန်အက လောက်ဘဲ က”ဘူးတာဆိုတော့ ..အခြေခံက စသင်ပြီး ၃ပါတ်လောက် လေ့ကျင့်ပြီးတာနဲ့  ပရိတ်သတ်ရှေ့ မှာ ရုံဝင်လက်မှတ်ရောင်းပြီး ကပြရမှာဆိုတော့ ကိုယ့်အတွက် မပူရပေမယ့် သူတို့ လေးတွေအတွက် စိတ်ပူနေရတာ ..။
အခုကပြချိန်မှာတော့ အားလုံးရဲ့ လက်ခုပ်သံတွေ ချီးကျူးသံတွေကြားမှာ....
ကျနော်သက်ပြင်းတစ်ချက်တော့ ချနိုင်ပါပြီ..။
ကပြချိန် ၃နာရီကို အချိန်ကိုက်လုပ်ထားပေမယ့် တစ်ကယ်စင်ပေါ်မှာ ကပြတဲ့ အခါ အ၀တ်အစားလဲလှယ်ချိန်တွေနဲ့  ကြားက အစာဖြည့် ပြောချိန်တွေ အားလုံးပေါင်းလိုက်တော့ နှစ်ပါးသွားက ၂၅မိနစ်ဘဲ ကပြချိန်ရှိတော့တယ်..။
ကျနော့် မင်းသားမင်းသမီးလေးတွေကတော့ အပြင်းအထန်လေ့ကျင့်ထားပြီး ၀အောင်မက”ရလို့ စိတ်တွေဆိုးကြတယ်..။
ကျနော်လဲ ကလေးတွေအတွက် စိတ်မကောင်းဖြစ်ရပေါ့...။
နော်နော်ကလဲ ပြန်လာတော့ ကားပေါ်မှာ စိတ်တွေတိုပြီး ကျနော့်ကိုဘဲ ပြသနာရှာနေလေရဲ့ ...။
ကျနော် နောက်ထပ် ကလေးတွေအတွက် ရုန်းရဦးမှာ...။
အခု ရင်ထဲမှာ ပီတိဖြစ်ရတာက သာသနာအတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်တာရယ်..
ကလေးတွေရဲ့ ရင်ထဲကို မြန်မာ့ အကပညာထည့်ပေးနိုင်တာရယ်...
နေရာမရွေး မြန်မာ့အနုပညာကို ချပြရဲတဲ့ သတ္တိစိတ်ကို သူတို့ နှလုံးသားထဲ ထည့်ပေးနိုင်ခဲ့ တာရယ်တွေကိုပေါ့...။
ကျနော့်အတွက်ကတော့ သူတို့ က”တာလေးတွေကို လက်ခုပ်သံမစဲ အားပေးတာကို ကြည့်ပြီး ကြည်နူးရတဲ့  ပီတိပေါ့ဗျာ...။


မင်းသမီးလေးတွေ ၀ိုင်းရံခလို့ .....နော်နော့် ရဲ့  နှစ်ပါးခွင်









လွမ်းမွန် ( မဒမ်ဆူး ) ရဲ့ အငြိမ့်ခန်း


နှင်းနန္ဒာ ရဲ့ အငြိမ့်

ယောကျာင်္းဘသား..အဖေတူသားဟေ့..

နည်းနည်းပါးပါး ခွဲကြစို့ ......

10 comments:

  1. နောနော်က ရုပ်ပြောင်းလာတယ်နော်..
    လူကြီးဆန်လာတယ်..
    မဒန်ဆူးက လှလိုက်တာ...
    ကောင်းမှုကုသိုလ်တွေ ဒိထက်မက ပြုလုပ်နိုင်ပါစေ..

    ReplyDelete
  2. တကယ့် အနုပညာ မိသားစုပါပဲ။
    တက်ညီလက်ညီ ကနေကြတာ အားရစရာ။
    ကလေးတွေကိုလဲ ချီးကျူးတယ် ... သင်ပေးတဲ့သူကိုလဲ ချီးကျူးလေးစား မိပါတယ်။
    ဗီဒီယို ဖိုင်ကလေးများ ရှိရင်လဲ တင်ပေးပါအုံးရှင်။

    ReplyDelete
  3. သာဓု သာဓု သာဓု

    ReplyDelete
  4. ဟုတ်တယ်..ဒါတော့ထောက်ခံတယ်.. ဒေါ်ဒေါ်တော်တော်လှ။

    ReplyDelete
  5. ဂုဏ်ယူပါတယ် သာဓု သာဓု သာဓု

    ReplyDelete
  6. တမိသားစုလုံး အတွက် ဂုဏ်ယူပါတယ်...
    မင်းသားလေးရော မင်းသမီးလေးတွေရော
    ချောလိုက် လှလိုက်ကြတာ...

    mie nge

    ReplyDelete
  7. မင်းသားကြီး...... သေတ္တာ ကလိုက်သေးလား? ကျုပ် မကြည့်ရသေးခင် ဘယ်သူမှ မကပြနဲ့နော်၊ ယောင်လို့ လေယာဉ် လက်မှတ်ကလေးများ ပို့ လိုက်လဲ အရောက်လာကြည့် မှာပါ၊ ဒီဗွီဘီက သူတွေ တွေ့တယ် အဲဒီက လွှင့်မယ်ထင်ရဲ့။

    ReplyDelete
  8. ဓါတ်ပုံလေးတွေ ကြည့်ရတာ အားရစရာကောင်းတယ်။
    တကယ့်ကို တက်ညီလက်ညီ မိသားစုပါပဲ။ :)

    တင်ဇာ

    ReplyDelete
  9. ယနေ့မြန်မာ စာမျက်နှာမှာကတည်းက ဓါတ်ပုံတွေကြည့်ပြီးပြီ။ ကိုဆူးဆီမှာ ဘယ်အချိန်တင်မလဲ လို့ စောင့်နေတာ။ မိသားစုတွေညီညီညွတ်ညွတ်နဲ့ ပျော်စရာကြီးဗျာ။ အဝေးကမြင်ရတာတောင် တော်တော်စိတ်ချမ်းသာတယ် အကိုရေ..

    ReplyDelete
  10. မိသားစုတွေ တက်ညီလက်ညီနဲ့ ကနေကြတာ ပျော်စရာကောင်းလိုက်တာကိုဆူးရေ... အမကလည်းလှ သမီးတွေနဲ့ သားကလ်ဲလှလဲလှ တော်တော်လဲ ကတတ်ကြတယ်နော်။ ပါရမီပါကြတယ်.. အလှအပတွေကြည့်ပြီး ကုသိုလ်ရေးအတွက်လည်း သာဓုခေါ်သွားပါတယ်။ သာဓု သာဓု သာဓု ဆထက်တပိုးတိုးလို့လဲ ကုသိုလ်ပြုနိုင်ကြပါစေ...

    ReplyDelete