Sunday, August 23, 2009

ခုတလော.........

ခုတလော...

တွေးနေမိတာက...
ကမ္ဘာ မြေမှာ လူအဖြစ်မွေးဖွားလာခြင်းနဲ့ လူသားတဦး ကပြထမ်းဆောင်ရမယ့် ဇာတ်ရုပ်..။

ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက.....
ပြာတမှုန်မျှသာ......။

ကျန်းမာရေး..........
ရင်ထဲမှာ နေလို့ မကောင်း...။

ဖတ်ဖြစ်တဲ့  စာတွေက..
ခံစားမှုတွေ သက်သာစေမယ့် မိတ်ဆွေတွေရဲ့ ဘလော့ဂ်ပို့ စ်များ..။

ရောက်ဖြစ်နေတာက..
အငှားခန္ဒာရဲ့ အပြင်ဘက်...။

ရေးဖြစ်နေတာက...
နာကျင်မှုတချို့ ...။

နားထောင်ဖြစ်တာက..
အလွမ်းသီချင်းများ နဲ့ ပေါက်ကွဲသံစဉ်...။

ရွတ်နေမိတဲ့ ကဗျာ..
သူတည်းတယောက် ကောင်းဘို့ ရောက်မူ..သူတယောက်မှာ ပျက်လင့်ကာတည်း...။

ဖြစ်ချင်နေတာက...
ခံစားမှု မဲ့ တဲ့ လူတစ်ယောက်...။

စားဖြစ်နေတာတွေက...
အစွဲအလမ်းမထား...ကြုံသလို..။

သနားမိတာက ..
မှန်ထဲက သတ္တ၀ါ...။

လွမ်းနေမိတာက..
အညာ....မွေးရပ်မြေ...။

မေ့လျော့ပစ်နေမိတာက..
နာကျင်ခြင်း....။

ခါးသက်နေမိတာက..
သံယောဇဉ်နဲ့ စွဲလမ်းစိတ်....။

တမ်းတနေမိတာက...
တိတ်ဆိတ်သော တယောက်ထဲ ဘ၀...။

ကြိတ်ပြီးချီးကျူးမိတာက..
ပိပိရိရိ နှစ်ရှည်လများ လိမ်နိုင်သူ....။

ကြိတ်ပြီးအထင်သေးမိတာက...
ကိုယ့်ကိုကိုယ်....။

ဆန္ဒမရှိတဲ့ နေရာ..
ဟန်ဆောင်ပါတ်ဝန်းကျင်...........။

ဆန္ဒရှိနေတဲ့ နေရာ..
တိတ်ဆိတ် မှောင်မိုက်သော နေရာလေးတခု...။

စွဲလန်းနေမိတာက..
ဆေးလိပ်။

လိုအပ်နေတာက..
တိတ်တိတ်လေးမျှဝေခံစားမယ့်သူ...(သို့ မဟုတ်) ကျောက်ဂူတလုံး...။

တောင့်တနေမိတဲ့ ဆု..
ချုပ်ငြိမ်းခြင်း...။

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက..
မအော်ပါဘူး...ရင်ထဲမှာဘဲ ကြိတ်မှိတ်ခံစားပါတယ်..။

ဝန်ခံချင်တာက..
ကျနော် ညံ့ခဲ့တယ်...။



မြတ်နိုးရေ...ညီမ တက်ဂ်ထားတဲ စာကြွေးလေးရေးဖြစ်ခဲ့ ပါပြီ..။

9 comments:

  1. ခံစားမှုမဲ့လို့ ဘယ်ဖြစ်မလဲ..ကိုသစ်နစ်ဆူးရ..

    လွမ်းနေတဲ့ မွေးရပ်မြေကို တစ်နေ့နေ့တော့
    သွားရမှာပါ။။

    ReplyDelete
  2. ကိုဆူးရေ
    ခုတလောဆိုတာ အမြဲတမ်းမှမဟုတ်ပဲနော..
    နောက်တလောအချိန်ရောက်တော့ ငြိမ်းချမ်း ပျော်ရွှင် အေးမြ သာယာသော....

    ReplyDelete
  3. ကျေးဇူးပါ အကိုရေ...။

    ဘလော့ကို ခဏပိတ်ထားလို့ အကို အသစ်တက်တာကို မသိလိုက်ခဲ့ဘူး။

    ReplyDelete
  4. ကိုဆူးရေ
    ဘာများ အဆင်မပြေဘူးလဲ။ ကျန်းမာရေးရယ်၊ ပျော်ရွှင်တဲ့ မိသားစုလေးရယ် ရှိရင် ကျန်တဲ့ လောကဓံတွေ ခံနိုင်ရည် ရှိပါတယ်။ စိတ်ခံစားမှုတွေ အဆင်မပြေတာ ပန်ပန်ပြောသလို ခုတလော ပါပဲ။ အမြဲတမ်း မှ မဟုတ်ဘဲ။
    ဘလော့မိတ်ဆွေတွေ ကိုဆူးနဲ့အတူတူ ရှိနေ၊ အားပေးနေတယ်လို့ သဘောထားပေးပါ။ အစစ အဆင်ပြေပါစေလို့ ရင်ထဲက ဆုတောင်းလျက်ပါ။

    ReplyDelete
  5. ဘာမှမပူနဲ့ ကိုဆူး အားလုံးအိုကေသွားလိမ့်မယ် အော် စကားမစပ် ကချင်တဲ့စိတ်တွေ ထကြွလာတယ် ဟီးဟီး မကတာတောင်ကြာပြီကိုး...

    ReplyDelete
  6. ko sue,

    what happen? i miss u a lot... so next time we need to come only this blog?

    ReplyDelete
  7. ရောက်တယ် ကိုဆူးရေ၊ နေရာအသစ်ကို။

    ReplyDelete
  8. ဒီအထိS-C လင့်လေးကို ခေါ်လာတာကိုးးး
    လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်က ရောက်ပြီးပါပြီ
    အခုက သီချင်းလာနားထောင်တာ
    သီချင်း နာမည်က ဘာတဲ့တုန်း
    Sorry Sorry ကိုဆူးက တိတ်တိတ် ဆိတ်ဆိတ်လေး နေချင်တာတဲ့

    ReplyDelete
  9. အကိုရေ တိတ်တိတ်လေးတော့မကြေကွဲလိုက်ပါနဲ့။ အားလုံးဝေမျှကြတာပေါ့။ ပြီးရင်အားလုံးအတူရင်ဆိုင်ကျော်ဖြတ်ကြမယ်လေ။

    ReplyDelete