Sunday, December 13, 2009

ဆောင်းရာသီ ပန်းချီပြပွဲ














ပြီးခဲ့တဲ့သောကြာနေ့ က ဆောင်းရာသီပြပွဲဖွင့်တယ်ဗျ..။ ပြပွဲဖွင့်ချိန်က ည..၆း၀၀။
အေးကလဲအေး။။မှောင်ကလဲမှောင်..။ ဘာဘဲဖြစ်ဖြစ် ဖွင့်ပွဲကတော့ အောင်မြင်ခဲ့တာပါဘဲ...။ ကိုယ့်မှာသာ ပြပွဲဖြစ်မယ့်ရက်ကို အတွက်မှားပြီး...အိမ်ပြောင်းရွှေ့ တဲ့ ကိစ္စတွေနဲ့  ပန်းချီဆွဲဘို့ နေ့ ရွှေ့ ညရွှေ့ လုပ်နေခဲ့ တာ..နောက် စိတ်ကမပါဘူး...စိတ်မပါရင် မဆွဲချင်ဘူး...။
ဒါပေမယ့် မဖြစ်မနေ ပြပွဲမှာ ၀င်ရောက်ပြစေချင်တယ်ဆိုလို့  “၀ုန်း” လိုက်ရသေးတယ်... ၃ကားပါဘဲ..ကားဟောင်း၂ကားနဲ့ ...ရောင်းပြီးသား “ဆေးတံသောက်တဲ့ အဘွားအို” ကားကို ပြန်ငှားပြီးချိတ်ခဲ့ ရတယ်..။
အဲဒီ ၀ုန်းထားတဲ့  ၃ကားနဲ့  ဟိုကားဟောင်း ပန်းတောင်တန်းကားလေးနဲ့  ၄ကား ပေါင်းချိတ်ထားတယ်..။
ပြီးခဲ့ တဲ့ ပွဲတုန်းက ကားအကုန်နီးပါးက ပြပွဲပြီးမှ အိမ်ထိစုံစမ်းပြီး ဆရာဝန် ဇနီးမောင်နှံ့ အကုန်ဝယ်သွားတော့...ပြပွဲအတွက် ဘာမှ မရှိဘူးဖြစ်သွားတာပါ..။
ဘာမှကို မရေးသလောက်ဖြစ်နေတော့ ဒီပြပွဲအကြောင်းလေးကိုဘဲ ပို့ စ်တခုအနေနဲ့  တင်လိုက်ရတာ..။
နောက်အကြောင်းပြသနာတခုက ဒီဘလော့ဂ်လေးဖြစ်ဘို့ ကို ကိုယ်တယောက်ထဲ ကိုယ့်စိတ်တခုထဲနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး...။
စုပေါင်းဆုံဖြတ်ပြီးလုပ်ခဲ့ကြတာ...ဒီဘလော့ဂ်နဲ့ ပါတ်သက်ပြီး ကျနော်တို့ ကြားမှာ အယူအဆများပြီး ကျနော်တို့ ချင်း ကွိုင်တွေ ဖြစ်လာပါတယ်...ဒါကြောင့် ဘလော့ဂ်မှာ ပို့ စ်တွေ ဆက်တိုက်မရေး၊ မတင်ဖြစ်တာပါ..။
ဒီဘလော့ဂ်ရဲ့ အတွင်းရေးပြသနာတွေကို ဘလော့ဂ်ဖတ်သူတွေကို မသိစေချင်ပေမယ့် ဒီဘလော့ဂ်ရဲ့ အတွင်းရေး အားလုံးကို နောက်ပို့ စ်မှာ...ကျနော် အားလုံးပြောပြပါ့မယ်...။
အဲဒီကျရင် သစ်နက်ဆူးဆိုတာ လူဘယ်နှစ်ယောက်လဲ ဆိုတာ မိတ်ဆွေတွေ သိသွားခဲ့ ရင် ကျနော်ကျေနပ်ပြီ...ဘလော့ဂ်နာမည်ကြီးအောင် “ဖွ”တာ မဟုတ်ပါဘူး...ဒီဘလော့က နာမည်ကြီးလဲ မဟုတ်ပါဘူး...။ ဒါပေမယ့် ဒီဘလော့ဂ် အတွင်းရေးတွေ ရေးချပြလိုက်ပြီးရင် ကိစ္စပြီးပြီ..။

ဆူး

6 comments:

  1. ကိုအောင်...
    ကျနော် ဘလော့ဂ်အဟောင်းက ပို့ စ်အဟောင်းတွေ အသစ်ထဲပို့ ပြီး ကလိနေလို့ ဖြစ်လိမ့်မယ် ထင်တယ်...သေချာတော့ မသိဘူးဗျ..း)

    ReplyDelete
  2. အောက်ဆုံးပုံလေးကြိုက်တယ်။

    ReplyDelete
  3. အင်း.
    သက်ပြင်းလေးချပြီးပြန်သွားသည်။

    ReplyDelete
  4. ရိုးရိုးတွေး..
    ရိုးရိုးနေ..
    ရိုးရိုးပြော...
    သိပ်စိတ်ညစ်မခံပါနဲ့ဗျိုးး...
    အားလုံး ကောင်းသွားမှာပါ ။။
    (အဟိ..ဆရာ့ ဆရာကို ဆရာလုပ်မိပါတယ်..
    ခွင့်လွတ်ပါ..)

    ReplyDelete
  5. ဘာပဲဖြစ်ဖြစ် စာမရေးဖြစ်တောင် ပန်းချီဆွဲဖြစ်တာ ၀မ်းသာပါတယ်။

    ကိုဆူးက လူတယောက်တည်း မဟုတ်ဘူးလား။ ဘယ်နှစ်ကိုယ်ခွဲလဲ။ ဒဿဂီရိလားဗျ။ :)

    ReplyDelete
  6. ရောက်တယ် ကိုဆူး၊ ခရစ်စမတ် ပိတ်ရက်မှာ မိသားစုနဲ့ ပျော်ရွှင်ပါစေ။

    ReplyDelete