Monday, February 1, 2010

“၉၇ ”ပါးရောဂါ

“၉၇”ပါးရောဂါ ဆိုတဲ့ အမည်လေးနဲ့ မန္တလေးသိန်းဇော်( ကို) ဇာတ်ပွဲမှာ ပြဇာတ်တွေရေးခဲ့ ဘူးတဲ့  ဆရာဝင်းစည်သူက
ဝတ္တုတိုလေးတစ်ပုဒ်ရေးဘူးတယ်..။ ဖတ်ရင်းနဲ့ ကို ကိုယ်တိုင်ဖြတ်သန်းခဲ့ ဘူးတဲ့ လုံးစိမ်း( ဇာတ်စကားပါ..အဓိပ္ပါယ်က ဇာတ်ထဲစရောက်ပြီး ပိုးဝင်ကာစ သိပ်ကို ကချင်နေတဲ့ အနူပညာ ဘောက်ဖတ်လေးတွေ ၊ပိုးတုံးလုံးလေးတွေကို ခေါ်တာပါ)
ဘ၀လေးကို ပြန်တွေးပြီးအူထဲမှာ တခွိခွိနေအောင် ရယ်မိတဲ့  ၀တ္တုလေးပါ...။
အနုပညာပိုးဝင်သွားပြီးရင် ကုသဘို့ ထုံး မရှိလို့  ၉၆ပါးရောဂါအပြင် ရောဂါသစ်တခုအနေနဲ့ ဆရာက တင်စားပြိးရေးခဲ့ တာပါ..။ မူရင်းဝတ္တုကို ၁၀ခါကျော်အောင်ပြန်ဖတ်ဖြစ်ပါတယ်..မူရင်းကတော့ ရှာလို့ မတွေ့ ပါ..ရရင်တော့ ပေးဖတ်ချင်ပါတယ်..။
အခု ၉၇ပါးရောဂါသည်လေးတွေ တင်ပေးလိုက်ပါတယ်..။
ကျနော်ကတော့ ၉၇ပါးကျော်ပြီး ၁၀၀တောင် ပြည့်ချင်ချင်ဖြစ်နေလို့  နားနေပါဦးမယ်..။







သစ်နက်ဆူး

5 comments:

  1. ၉၇ ပါးရောဂါဆိုပြီး စာရေးဆရာ ငြိမ်းကျော်ရဲ့ ၀တ္ထုလေးတပုဒ်လဲ ဖတ်ဖူးတယ်။ ဆရာဝင်းစည်သူရေးတာတော့ မဖတ်ဖူးဘူး။
    မည်သို့ပင်ဖြစ်စေ ၉၇ ပါးရောဂါသည်လေးတွေ ကြည့်လို့တော့ အကောင်းသား။ :)

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
  3. ကိုဆူးရေ...
    မတွေ့ကြတာ တော်တော်ကြာသွားပြီနော်...
    အစစ အရာရာ အဆင်ပြေတယ်မဟုတ်လား..
    အချိန်ရရင်တော့ အရင်လို စာတွေ ပန်းချီတွေ အများကြီး ပြန်တွေ့ချင်ပါတယ်...
    လေးစားစွာဖြင့်...
    သက်ဝေ

    ReplyDelete
  4. ၉၉ပါး ရောဂါသည်ကြီးးး
    ကိုယ့်ရောဂါလဲ ထုတ်ပြအုံးမှပေါ့။

    ReplyDelete
  5. လေးစားတယ်ဗျာ ဒီလို အနုပညာ မိသားစုမျိုး ၊ မျိုးရိုးဂုဏ် မြှင့်တင်တဲ့ သေတ္တာကြီး မိသားစုကိုး ဗျ ။

    ReplyDelete