Monday, March 8, 2010

တစ်ရေးနိုး....ကိုယ့်အကြိုက်

ကိုအောင်(ပျူနိုင်ငံ)က ကိုယ့်အကြိုက်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ မှတ်မှတ်ယယ တက် ဂ်ထားတယ်..။
ကျနော်ကလဲ တော်တော် ကို ရေးချင်ပါတယ်…ဟိုအကြောင်း ဒီအကြောင်း၊ဟိုအလုပ် ဒီအလုပ်တွေ
နဲ့ ပတ်ချာလည်ရင်း ခုမှသာရေးဖြစ်တာ..။
ကိုယ့်အကြိုက်ဆိုတဲ့ ခေါင်းစဉ်က အမှတ်တမဲ့ ဆိုရင်တော့ လွယ်သလိုရှိပေမယ့် သူ့ ထဲမှာ အနက်အဓိပ္ပါယ်တွေက လေးနက်နေသလို..။
ပထမဆုံးကိုယ့်အကြိုက်ပြောရမယ်ဆို…………….
တရားမျှတမှုကို ကြိုက်တယ်…
လူမျိုးရေးမခွဲခြားမှုကို ကြိုက်တယ်….
အသားအရောင်မခွဲခြားမှုကို ကြိုက်တယ်…
ဘာသာရေးမခွဲခြားမှုကို ကြိုက်တယ်..။
လေးနက်မှု၊တည်ငြိမ်မှု၊အေးချမ်းမှုကိုကြိုက်တယ်။။
တစ်ဖက်သားရဲ့ စိတ်ခံစားမှုကို နားလည်ပေးနိုင်ခြင်းကို ကြိုက်တယ်…။
ကိုယ်တိုင်လဲ မြန်မာဆန်ဆန် ၀တ်စားချင်တယ်..မြန်မာဆန်ဆန်ဝတ်စားထားရင်လဲ ကိုယ်က လေးစားတယ်..
( တိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်မှုကို မကြိုက်ဘူးလို့ ပြောချင်တာ မဟုတ်ဘူးနော်)။
ကိုယ်ကြိုက်တဲ့ အစားအစားတွေ ပြောပါဆိုရင်တော့…..
အုန်းထမင်း၊ဒန်ပေါက်၊ဆီထမင်း၊စမူဆာ၊ပလာတာ၊ရွှေကြည်ဆနွင်းမကင်း၊မုန့် ဆီကြော်၊မုန့် ပေါက်ကြော်၊
ပေါက်စီ၊ေ၇မုန့် ၊ မုန့် ပြားသလက်၊မုန့် အုပ်ကလေး( မုန့် လင်မယား)၊ဘိန်းမုန့် ၊ နန်းကြီးသုပ်၊ခေါက်ဆွဲသုပ်၊
ခေါက်ဆွဲကြော်၊ဆမိုင်၊…………..ကောက်ညှင်းပေါင်း၊ခေါဆီ( ခေါပုတ်)
အညာဆန်တဲ့ အစားအစာဆိုရင်…
ရှားသီးဆန်သုပ်၊ထနောင်းရွက်သုပ်၊ညောင်ရေဖူးသုပ်၊ကုက္ကိုရွက်သုပ်၊ဆီတိုဟူး(ဆစ်တိုဟူး)….
အဲဒါတွေကြိုက်တယ်….
နောက်ကြိုက်တာတွေ အများကြီးရှိနိုင်သေးတယ်..။
သိပ်ကလေးဆန်သွားမှာစိုးလို့  ဒီလောက်ဘဲ ရေးပြရတာကို ကြိုက်တယ်….။

သူများတွေ ရေးပြီး မေ့နေလောက်ချိန်မှ...ကိုယ်ကရေးလို့ ....တစ်ရေးနိုး ကိုယ့်အကြိုက်၊။

သစ်နက်ဆူး

7 comments:

  1. This comment has been removed by a blog administrator.

    ReplyDelete
  2. ဟုတ်ပါ့။ မုန့်တွေကြည့်ပြီး စားချင်သွားတယ်။

    ReplyDelete
  3. ကိုမင်းသားရေးပြတဲ့ မုန့် တွေဖတ်ပြီး သွားရည်ကျသွားတယ်ဗျို့ ...

    ReplyDelete
  4. တရေးနိုးအကြိုက်ကို ၂ရေးနိုးထဖတ်တယ်..

    တယောက်တည်းဟုတ်ဘူး.ကျနော်လည်း အဲ့တာရေးရဦးမယ်..။

    ReplyDelete
  5. တရေးနိုးမှာကြိုက်တတ်တာ..ကျန်သေးတယ်..ကျန်သေးတယ်...

    ReplyDelete
  6. ကိုသစ်နက်ဆူးအကြိုက်က အစားအသောက်တွေများနေတယ်..
    ဟဲ..
    ဒီနေ့..ဒန်ပေါက်ချက်စားဖြစ်တယ်..အမဲသားနဲ့ရော..ကြက်နဲ့ရော

    ReplyDelete
  7. ကနော်ကတော့ မြန်မာမုန့်အကုန်ကြိုက်တယ် မုန့်စိမ်းပေါင်းဆိုရင် မစားရတာ အနှစ်၂၀ရှိပြီ

    ReplyDelete