Monday, January 17, 2011
ထားရစ်ခဲ့ပေါ့...မြိုင်ရယ် ( မျဉ်း၊ ၅ ၊ )
မြိုင့် လက်ကိုဆွဲလို့  ပြေးကြတာလဲ မြိုင်တို့ အိမ်အရောက်ပါဘဲ...။
“ ဒီနှစ်ယောက် ဘာမဟုတ်တာ လုပ်လာကြတာလဲကွာ..” လို့ မြိုင့်အမေက မေးရင်..
“ ခါလာ( ဒေါ်ဒေါ်)..အထွန်းမေးရင် ညီညီမရှိဘူးလို့ ပြောနော်” ဆိုပြီး မြိုင်တို့ အိမ်ခန်းထဲက တံခါးကြားမှာ တခွိခွိ
..တခစ်ခစ်နဲ့ ပုန်းကြတယ်..။
ဘာတွေ သဘောကျမှန်းလဲ မသိဘူး..ကျနော့်လက်မောင်းကို မြိုင်က ခဏခဏ ဆွဲဆိတ်လိုက် ရီလိုက်နဲ့ ..။
“ ဟေ့...တိတ်တိတ်နေနော်...ဟိုမှာ အထွန်းတော့ တုတ်တစ်ချောင်း လေးခွတစ်လက်နဲ့ ဒီနားမှာ...
ဘာရှာနေတာလဲ မသိဘူး...ဒေါသလဲ ထွက်နေတယ်နော်..ဟင်းဟင်း...”
မြိုင့်အမေကလဲ လက်ကသာ ဆန်ရွေးနေတာ ပါးစပ်ကလဲ ခြောက်မှခြောက်။
အဲဒီအသံကြားတော့ မြိုင်ကရယ်တယ်..ပြီးတော့ ဘာပြောတယ်မှတ်လဲ..
“ မေမေ..မြိုင်တို့ ကို ထမင်းခြောက် လာပေးပါလား..” တဲ့ ..။ သူ့ အမေစနေမှန်းသူကသိတော့ ထမင်းခြောက်
လှော်တောင် တောင်းလိုက်သေးတယ်..။ မြိုင်က အဲသလို......မြိုင်။
တခါတခါဆို မြိုင် က ဘာကို တွေးပြီး ဘာကို ကောက်မှန်းလဲ မသိဘူး..အခန်းထဲမှာတစ်ယောက်ထဲ
ထမင်းမစားဘဲ ကောက်နေတာ...။ ကျနော်ကလဲ ဆော့စရာက မြိုင်တစ်ယောက်တည်းမဟုတ်ဘူးလေ..တခါတခါ
ကိစ္စမြားမြောင် လူတို့ ဘောင်ဆိုသလို...ကိုယ့်ဟာကိုယ်ကို ဂျင်ခြေလိုက်နေတာလေ..။
အဲဒါဆို မြိုင့်အကို ဇော်ဝင်းရောက်လာတာဘဲ...
“ ညီညီ..ကျော်ပေဒိုး ပစ်မနေနဲ့  တို့ အမေ ခေါ်နေတယ်ကွ..လာ”
သူပြောရင် ကိုယ်ကလဲ တန်းရပ်ပစ်လိုက်တာပါဘဲ.. အဲဒါတွေ ကစားလဲ တခါမှကို မနိုင်တာ..။
ဟိုသာရောက်သွားတာ ဘာလုပ်ဘို့ ခေါ်မှန်းလဲ သိတာမဟုတ်ပါဘူး..။
“ ဟော....ညီညီ လာပြီကွာ... မင်းကြိုက်တယ်ဆိုလို့  ခါလာ ခရမ်းချဉ်သီးဆော့ခ်လုပ်ထားတယ်..ပဲနီလေးဟင်း
ချက်ထားတယ်..အမဲခြောက်ဖုတ်လဲ ပါတာပေါ့ကွာ..ဇော်ဝင်းနဲ့ အတူ ထမင်းစားနော်..ခါလာတို့ က
မင်းတို့ အိမ်လောက်တော့ ဟင်းမကောင်းဘူးကွာ..”
“ဟုတ်..”
တခွန်းဘဲ ဖြေပြီး စားတာဘဲ ...။
ကျနော်နဲ့ ဇော်ဝင်း ထမင်းစားနေပြီဆိုမှ ဂါဝန်လေးကို လက်နဲ့ ချေရင်း အခန်းထဲက မြိုင်ထွက်လာတာ..။
“ ဟော...မြိုင်လဲ လာပြီ..ဒီမှာ ညီညီတော့ ထမင်းစားနေပြီ..မြိုင်ရော စားမယ်မဟုတ်လား...စားမှာပါ...”
ပြောပြောဆိုဆို မြိုင့်အမေက ပြောလဲပြော၇င်း ထမင်းခူးပေးတော့ မြိုင်က ကျနော်တို့ နဲ့ အတူ ထမင်းဝင်စားတာ
ဘဲ..။
သူမစားခင် သူ့ ပန်းကန်ထဲက အမဲခြောက်ဖုတ်လေးတောင် ကိုယ့်ထဲ လာထည့်ပေးတတ်သေးတယ်..။
......
......
တခါတုန်းကလဲ မြိုင်တို့ အိမ်မှာအတူကစားရင်း မြိုင်တို့ အိမ်ဘေးခြံက မာလကာပင်က မာလကာသီးကို
စားချင်တယ်တဲ့ ..။
အိမ်မှာမာလကာသီးတွေ အများကြီးဘဲ..လာလေ..ဆိုတော့ ဒီအပင်ကဟာဘဲ စားမယ်တဲ့...။
ပြောမရတော့ ကိုယ်လဲ ခြံစည်းရိုးက တဆင့်တက်ခူးတာပေါ့..။ ခူးတောင် မခူး၇သေးဘူး..
“ ဟဲ့ ..ဘယ်လိုဖြစ်နေကြတာလဲ ..မာလကာသီးကနုနုလေးတွေ..မခူးနဲ့ ဆင်း..အခုဆင်း”
အသံကြားလို့ ကြည့်လိုက်တော့ အဘွားဒေါ်စိန်ချယ်..အမေကြီးဆီ လာလည်နေကျ..တစ်နေ့ တစ်ခေါက်ဘဲ..။
“ မြိုင်က စားချင်တယ်ဆိုလို့ .တစ်လုံးတည်ပါ..ဘွားစိန်ချယ်ကလဲ..”
“ ဘယ်နှစ်လုံးမှ မရဘူးဟေ့..အခုဆင်းဆိုဆင်း”
“ ဘွားစိန်ချယ်ကလဲ မြိုင်စားချင်နေလို့ ပါဆိုမှ..”
“ မရဘူး”
“ဘွားစိန်ချယ် ..စိတ်ပုတ်တယ်ဗျ..အလ္လာပြောထားတယ်လေ..တနှစ်မှာ ၃ကြိမ် ဇကာ့ဒ်( မရှိသောသူများကို
လှုဒါန်းခြင်း)လုပ်ရမယ်လို့ ပြောထားတယ်လေ”
“ ဟေ့..မောင်ညီညီ အမလေး ကြီးကြီးကျယ်ကျယ်တွေ ပြောမနေနဲ့ ..အခုဆင်း”
ဘယ်လိုမှ ပြောမရတော့ ဆင်း၇တာပါဘဲ..ကျေတော့ မကျေနပ်ပါဘူး..အသက်ကြီးနေပြီး မာလကာသီးလေး
တစ်လုံးကို ။ သူတို့ ဒီလောက် စားနိုင် သောက်နိုင်တာ..။
“ လာ..မြိုင်..ငါ့ဆီမှာ ကျွေးမယ်..”
.....
မြိုင့်ကိစ္စနဲ့ မကျေနပ်တာကို မှတ်ထားတာပေါ့..။
ဟော..နောက်ရက်ကျ ဘွားစိန်ချယ်ကြီး အိမ်လာလည်ပါရောလား...
“ ညီညီရေ..ငါ့မြေး လက်ဘက်အုပ်ချပါဟဲ့ ..ကွမ်းအစ်ထဲမှာ ကွမ်းရောရှိလား မရှိရင် ထပ်ဖြည့်”
ဟင်းဟင်း...ဒီအိမ်မှာ ကြံသကာပုန်း၊ ဆေးသကြား၊ မုန့် ပုံး၊ လဘက်ရည်၊ ကွမ်းလက်ဘက်ကို ကြီးကြပ်ကိုင်တွယ်
်ရတဲ့ သော့ကိုင်ဟာ..မောင်ညီညီဖြစ်တယ်ဆိုတာ ဘွားစိန်ချယ်တစ်ယောက် မသိဘူးထင်ပါ့..ဟွင်းဟွင်းးးးး
“အမေကြီးေ၇...အလ္လာက တစ်နှစ်မှာဇကာ့ဒ် ၃ကြိမ်ဘဲ လုပ်ရမယ်လို့ ပြောထားတယ်..”
“ဟဲ့..မင်းနှယ်... ဘာတွေ ပြောနေတာပါလိမ့်..”
“ဘွားစိန်ချယ် လာလည်တိုင်း လဘက်သုတ်တွေကျွေး၊ လဘက်ရည်တွေ တိုက်၇တာ ၃ခါမကတော့ဘူးလို့ ..”
“ မတင်..တော့် မြေးးးဟာလေ...ဘယ်သူနဲ့ တူမှန်းကို မသိဘူး..ကျုပ်ကို ပြောနေတာတော်ရေ့ ”
“ နင်ကရော..ခလေးနဲ့ ဘက်ပြီိး ဘာဖြစ်ထားလို့ လို့ လဲဟဲ့”
“ အမယ်လေး...မနေ့ က သူ့ မြိုင်ကို ကျုပ်က မာလကာသီးမကျွေးလို့ တော်ရေ့ ..”
“ ကျုပ်ပြန်မယ်.”
“ ဟဲ့ ..နေပါဦးတော့လား...”
“ဘာတွေဖြစ်နေတာလဲ အမေ” ဟော..မာမူကြီး..ဦးဟန်..ကျနော့်အချစ်တော် ဦးလေး..။
မာမူကြီး ကားသိမ်းပြီးလို့ ပြန်လာတာ..အလုပ်သိမ်းတာနဲ့ မာမူကြီးက ထွေနေပြီ..အာလေးလျှာလေးနဲ့ ။ မာမူကြီး
အသံကြားတော့ ကျနော်လဲ ထွက်လာပြီိး..အကုန်ပြောပြတာလေ..။
“ အေး..ဒါလုပ်သင့်တယ်..ဒါ“ ဖြုတ်ထုတ်သတ် ”လမ်းစဉ်ဘဲ..ဟေ့..ဗိုလ်ရောင်နီ ထောက်ခံတယ်..
ပစ္စည်းမဲ့ တော်လှန်ရေး..မင်းသူငယ်ချင်းအတွက် မင်းလုပ်တာ ကောင်းတယ်”
“ နေစမ်းပါ သိန်းဟန်ရယ်..ငါ့နှယ် ဒီကွန်မြူနစ်က တမျိုးဟဲ့.. ကဲပါ ညီညီရယ် လဘက်အုပ်ယူလာပါ”
“ အမလေး မစားတော့ပါဘူး မတင်ရယ်..ကျုပ် လဲ လဘက်တ၀ါးစားဘို့ အရေး တော့်မြေးပြောတာ ခံရ၊ ကွန်မြူနစ်
ကြောက်ရနဲ့ ..တကတည်းမှဘဲ..”
ပြောလဲပြော တဘက်ကလေးခေါင်းပေါ်တင်ပြိး ဘွားစိန်ချယ်ကြီး တချိုးတည်းလစ်တာ..
မြိုင်......အဲဒီအဘွားကြီး စိတ်တိုသွားတာ နင့်ကို ပြချင်လိုက်တာ...။
.....
.....
မြိုင်.........
နင်နဲ့ ငါ ဘယ်လောက်ဘဲ သံယောဇဉ်ရှိနေပါစေလေ..ငါ့အကျိုးပေးက ချစ်သောသူတွေနဲ့ ကွေကွင်းရခြင်း ဆု
ပြည့်နေသလားဘဲ..။
တနေ့ ကျောင်းကပြန်လာပြီး လဘက်ရည် သောက်နေတုန်း..အဘူပြောတယ်လေ
“ ညီညီရေ..မင်းမြိုင်မရှိတော့ဘူး”
“ ဟင်..ဘာဖြစ်လို့ လဲ မြိုင် ဘယ်သွားလို့ လဲ”
“သူတို့ အဖေပြန်ပြောင်း၇ပြီလေ..ဒီမှာ မန္တလေးက အော်ပရေတာ တစ်ယောက်ပြောင်းလာတော့မှာမို့ ..
မနက်ကတည်းက ပြောင်းသွားကြပြီ”
“.........“
“သူတို့ လဲ တက်သုတ်ရိုက်ဘဲဟဲ့..ရှိတဲ့ ပစ္စည်းလေးတွေ ကောက်ထည့်ပြီး မနက်ကရထားနဲ့ လိုက်သွားကြလေရဲ့ ”
မြိုင်...မြိုင်..
ငါလဘက်ရည်တောင် မသောက်နိုင်တော့ပါဘူးမြိုင်ရယ်...နင်တို့ အိမ်ဘက်ပြေးလာခဲ့ တာပါ..။
.....
.....
တိတ်ဆိတ်ခြောက်သွေ့ နေတာဘဲမြိုင်..သော့ခတ်ထားတဲ့ အိမ်ရဲ့ လှေကားမှာ ငါတွေတွေကြီးထိုင်နေမိတယ်..။
ငါ့ကိုတောင် မစောင့်ဘူးမြိုင်ရယ်...
ငါ့ကိုတောင် နင်မစောင့်ဘူး...
ငါ့အပေါ်မှာ ခင်တွယ်တဲ့ အေးမြတဲ့ အငွေ့ အသက်တွေ ပေးနိုင်တဲ့ မြိုင်ရေ..
ဟောဒီ ကမ္ဘာလောကကြီးဟာ ငါ့ကို တစ်စစီချေမွနေတာလား...
အေးမြတဲ့  မေတ္တာတွေကို ငါ့ဆီကလုယူနေကြတာလား...
ငါမှတ်မိသလောက်ကတော့...ငါအကြာကြီး ငိုနေမိတယ် မြိုင်ရေ..။
မိုးချုပ်မှ အဘူလိုက်ရှာပြီး ချော့ခေါ်မှ ငါပြန်သွားခဲ့ တယ်..မြိုင်ရေ..။
သံယောဇဉ်ဆိုတာ ဘာပါလို့  ငါသေချာမပြောပြတတ်ပေမယ့်..ငါအဲဒီကနေ ဖျားသွားတယ်မြိုင်..။
ရက်တွေ တော်တော် ကြာတယ်ထင်တယ်...
ငါ့ရင်ထဲက နင့်ကို ဆွဲထုတ်သွားပြီးတဲ့ နောက်..
လောကကြီးက ငါ့ကို လက်ဆောင်အသစ်ထပ်ပေးလာတယ်မြိုင်..
“ အသည်းရောင်အသားဝါတဲ့...တိုက်ဖွိုက်တဲ့...”
ခဏလောက်တော့ လောကကြီးက ငါ့ကို မြိုင်ဆိုတာလေးဖန်ဆင်းပေးခဲ့တာဘဲ...
အဲဒီ အချိန်တွေပြီးတာနဲ့ မြိုင်ရယ်...။
နင်ငါ့ဘ၀ကို မှ သေချာမသိတာ.. နင်က ငါ့ထက်လဲ ငယ်တယ်လေ..
ထားရစ်ခဲ့ ပေါ့...မြိုင်ရယ်..
ငါ့ကို နင်..ထားခဲ့ပေါ့...။
သစ်နက်ဆူး
ကိုယ့်ရဲ့ နတ်သမီး
( မြိုင် ..နင်မသိပေမယ့် ဇာတ်ပွဲကလေရာ နေရာတိုင်းမှာ နင့်ကို ငါစုံစမ်းခဲ့တယ်မြိုင်.. ခုထိလဲ လွမ်းနေတုန်းပါဘဲ..
နင့်ကို သိပ်တွေ့ ချင်တယ်.. နင် ဆင်းရဲနေရင် ငါ ကူညီချင်တယ်.. နင်ချမ်းသာနေရင်တော့ .........
နင့်ဆီမှာ လဘက်ရည်ဖန်ဆိမ့်လေး တစ်ခွက်သောက်ချင်တယ်..နင့်မှာအိမ်ထောင်ရှိနေရင်လဲ
ပြောခွင့်သာရမယ်ဆိုရင် နင့်အမျိုးသားဆီမှာ ခွင့်တောင်းပြီး...နင့်လက်လေးကို ရိုးသားတဲ့စိတ်နဲ့ ကိုင်ပြီိး စကားတစ်ခွန်းတော့ပြောချင်တယ်..
“ ငါ့ ဘ၀တစ်ခုလုံး..အရမ်းနာကျင်ခဲ့ တာဘဲ မြိုင်ရယ်” လို့ ။
...
...
Subscribe to:
Post Comments (Atom)
ဆရာ့ လွမ်းဖျား၊ လွမ်းနာကလည်း မသေကောင်းမပျောက်ကောင်းဗျာ...
ReplyDeleteပြောလို့ ပြောတာ မဟုတ်ဘူး.။
ReplyDeleteပဲနီေ လးဟင်းရည် ရယ်..ခရမ်းချဉ်သီးထောင်းရယ်..
အမဲခြောက်ရယ် စားချင်သွားပြီ..။
မြိုင့်ကို တနေ့နေ့တွေ့မှာပါ..။
ကျနော့်မှာလဲ ငယ်က ကစားဖော်တွေ၇ှိတယ်..။
ပြန်တိုင်းတွေ့ဖြစ်တယ်..။
မောင်နှမတွေလိုပဲ အခုထိ..။
ယောက်ျားလေးတွေလည်း အစွဲအလမ်းကြီးတယ်နော် ..
ReplyDeleteညီညီ နဲ့ မြိုင် အဲဒီထဲကဝေးသွားတာလား၊
စာအရေးအသားက ၀တ္ထုရှည်တွေရေးလို့ရတယ်၊
ပန်းချီဆွဲတာလည်း လန့်စရာကောင်းလောက်အောင်တော်တယ်၊ အကျီအတွန့်တွေဆွဲတာ တော်လိုက်တာ၊
အနုပညာသွေးအပြည့်ပဲနော် .. သီချင်းဆိုတာလည်းကောင်းတယ်ဆိုပဲ :)
ခင်မင်လေးစားလျှက်
အော်စလိုကပွဲ ကိုကြည့်ဘူးနေတာကြာပြီ. စိတ်ကတော့ထင်သား နာမည်ကြီးမင်းသားတစ်ယောက်ယောက် ရောက်နေတာနဲ့ တူတယ်လို့. ဘယ်သူမှန်းသာမသိတာ. ခုလဲသိတော.ပသိသေးပါဘူး :) .ပွဲသိတ်မကြည့်ဘူပေမဲ့ နယ်ကဆိုတော့ မင်းသားနာမည်တွေတော့သိပါတယ် . ဘယ်သူလဲမပြောတော့ဘူးလား ကိုသစ်နက်ဆူး .
ReplyDeleteပြီးတော့ အိမ်မက်အကြောင်းလေးပြောပြပါဦး . ညကမှရောက်ဘူးတာ ။ စာလုပ်စရာကိုထားပြီး . ခုဘာ ဘာသာကိုးကွယ်နေတာလဲဆိုတာ စပ်စုချင်စိတ် ပျငိးပြပြီး ပိုစ်တွေကို ဖတ်လိုက်ရတာ ကုန်သလောက်ရှိရောပေါ. ။
၂၀၀၉ ကမော်လမြိုင်ကို သီးစစ်ကိတ်စနဲ့ရောက်တော. random interview တာ .ဟိုတုန်းကနာမည်ကြိး မင်းသားကြီးတစ်ယောက် အိမ် ပါလာရော. အရက်တွေမူးနေတော့သူငယ်ချငိး၂ ယောက်ကြောက်နေကြတာ သူက သူနာမည်လဲပြောရော သူနာမည်ကြီးခဲ့တယ်ဆိုတာ သိတော့ စိတ်တောင်မကောင်းဘူး. အနဲ့ စပြီး စနဲ့ဆုံးတဲ့ မင်းသားတွေထဲကတစ်ယောက် ပါ . သူသမီးလေးကလဲ ၁၀ တန်းနဲ့ ကလေးက ၄ နှစ်သားလောက်ရှိနေပြီ. မင်းသားကြီးဆိုပေမဲ့ အသက်ကလဲ ၅၀ လောက်ပဲရှိဦးမယ်.
ReplyDeleteကိုသစ်နက်ဆူး နဲ့မိသားစုကိုတော့အရမ်း ချီးကျူးပါတယ်.စံပြမိသားစုလေးပါ . ညက ပိုစ်တွေကို ဖတ်ပြီး မင်းသားကြီးအကြောင်း ဘာရယ်မဟုတ်ပြန်တွေးမိနေလိုပြောပြတာ
ကိုဆူး..
ReplyDeleteပျောက်နေပြန်ပြီရော...
ကိုဆူးးးးးးးးး
ReplyDeleteရောက်၏..
ဘယ်တွေပျောက်....
အဆင်ပြေပါစေ...
ဘလော့လေးကို ပစ်သွားတာလားကိုဆူး ....
ReplyDeleteသတိရနေကြတယ်..
ထားရစ်ခဲ့ပေါ့...မြိုင်ရယ်
ReplyDeleteကိုဆူး ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ တက်ဂ်(tag) ပါတယ် ...
ReplyDelete