Showing posts with label ပန်းချီ. Show all posts
Showing posts with label ပန်းချီ. Show all posts

Saturday, March 28, 2009

ပီတိ....၃








ဆရာကြီးဦးတင်မိုးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပီတိမျက်နှာနဲ့ အပြုံးကို ကျနော်ဒီနေ့ ရေးဆွဲထားပါတယ်...အေးဆေးမှတင်မယ်စိတ်ကူးပေမယ့် အနှစ် ၂၀ လားလို့ မေးလို့  အားခြင်းဆွဲတင်လိုက်တာပါ..။ အခရိုင်းလစ်ဆေးနဲ့ ကင်းဗတ်ပေါ်မှာ
တစ်ဆင့်ခြင်းရေးဆွဲတာလေးကို တောင်းဆိုသူ သူငယ်ချင်းတွေအတွက် မျှဝေပေးခြင်းပါ..။
ဒီပုံကိုဆွဲတာ ၄၆ မိနစကြာပါတယ်...ဖိုင်တင်၇တာ လေးလွန်းပြီးအဆင်မပြေလို့  ပြန်တည်းဖြတ်ပြီးတင်လိုက်တာပါ..။
ဒီပုံဆွဲဘို့ ဆရာကြီး သားသမီးတွေကို ကြိုတင်ခွင့်တောင်းတာတော့ မလုပ်ခဲ့ ပါဘူး...ဘာဖြစ်လို့ လဲဆိုတော့ မရေးဆွဲခင်ကတည်းက မမိုးချိုသင်းကို လက်ဆောင်ပေးဘို့ ဆုံးဖြတ်ထားလို့ ပါ..။
ဆရာကြီးရဲ့ ပီတိအပြုံးကို မျှဝေခံစားနိုင်ပါစေ..။

သစ်နက်ဆူး