Sunday, May 17, 2009

ခွေးကြောက်



ဘာဘဲပြောပြော...
လမ်းဘေးခွေးတကောင်ရဲ့ အတ္တက
သမ္မာ သမတ်ကျမှာ မဟုတ်ဘူး.
ရူးသလိုလို၊ကြောင်သလိုလိုနဲ့ 
အူသံမပေးရဲ ၊မာန်သံမပေးရဲဘဲ
ဝဲစားပါးစပ်နဲ့ 
ချောင်းမြောင်း ဟပ်တတ်တယ်..။
ဥာဏ်နှုံ့ နဲတဲ့ ခွေး...
သစ္စာမဲ့ တဲ့ခွေး....
ဥဏှောက်သေးပေမယ့်..
ဝဲစားအတွေးအခေါ်ရှိတယ်..။
ခွေးထောင်ချောက်တွေ ဆင်တတ်တယ်။
ဘယ်ကြားမှ မတိုးတဲ့ ခွေး
လူတောမတိုးတဲ့ ခွေးက
အာဇာနည်သခင်မ ထမီနား၊ ဆွဲကစားချင်သေးတယ်..။
သခင်မသလုံးသား ဟတ်ချင်သေးတယ်..။
ရူးလို့ ဘဲ ကိုက်ကိုက်
ကြောင်လို့ ဘဲ ဟပ်ဟပ်
ဝဲစားခြောင်း...ခြောင်းနေတဲ့
ခွေးဝဲစားတကောင်ရဲ့ ကြောက်ခြင်းတရားကို
သခင်မက ပြုံးမဲ့ မဲ့ နဲ့  ကြည့်နေတယ်...
သေချာတယ်....
ဒီခွေး...၀င်ကိုက်တာ လူကို ကြောက်လွန်းလို့ ..။

သစ်နက်ဆူး

5 comments:

  1. ကောင်းလိုက်တဲ့ကဗျာ.. ဆိုလိုရင်းက ကွက်တိပဲ..
    ဒီခွေးဆိုးတွေ ကိုက်ရင် ခွေးရူးရောဂါ ဖြစ်မှာလဲ အသေအချာပဲ.. ဒီခွေးဆိုးခွေးရူးတွေကို စီမံချက်နဲ့ နှိပ်နင်းမှ ဖြစ်မယ်.. ကြာရင် လူကောင်းတွေအားလုံး ခွေးရူးကိုက်ခံရတော့မယ်. ကိုသစ်နက်ဆူးရေ..

    ReplyDelete
  2. ကိုဆူးရေ... ဘာလို့များ ဒီိလောက်သက်ဆိုးရှည်နေတာပါလိမ့်နော်... ဖြူပြောတာကို ထောက်ခံတယ်။ အခုချိန်မှ မနှိမ်နင်းနိုင်ရင် အားလုံးခွေးရူးကိုက်ခံရတော့မယ်.. ကျမတို့ တတ်နိုင်သလောက် အင်အားရှိသလောက် ချကြမှဖြစ်တော့မယ်။

    ReplyDelete
  3. ကိုဆူးရေ... ဘာလို့များ ဒီိလောက်သက်ဆိုးရှည်နေတာပါလိမ့်နော်... ဖြူပြောတာကို ထောက်ခံတယ်။ အခုချိန်မှ မနှိမ်နင်းနိုင်ရင် အားလုံးခွေးရူးကိုက်ခံရတော့မယ်.. ကျမတို့ တတ်နိုင်သလောက် အင်အားရှိသလောက် ချကြမှဖြစ်တော့မယ်။

    ReplyDelete
  4. ကဗျာလေးက ထိလိုက်တာ။
    ငရဲခွေးကြီး လွတ်နေသည် ပေါ့ရှင်။

    ReplyDelete
  5. အစစ်ပဲ ငရဲခွေးကြီး ရူးနေပြီ။ ဟိုထဟောင်ဒီထဟောင်။
    အမဲလုံးပစ်ရအောင်။

    ReplyDelete