Thursday, March 11, 2010

ရှင်ကွဲ (သို့ မဟုတ် ) လမ်းခွဲ

ဘာဘဲပြောပြော လမ်းခွဲကြပြီဆိုကတည်းက အရာအာလုံးသည် ပြီးဆုံးသွားပြီ.။
ဘ၀ကိုဖြတ်သန်းရာတွင် လက်တွဲဖော်…လက်တွဲဘက်အဖြစ် အပြန်အလှန်နားလည်မှုတွေနဲ့ 
လျှောက်လှမ်းခဲ့ ကြပေမယ့်…
အခုချိန်မှာတော့ အရာအားလုံးသည် ပကတိ သူစိမ်းသက်သက်..။ သားသမီး ၃ယောက် ရှိလို့  သမီးကြီးတောင် အသက်၂၀ ပြည့်ခဲ့ ပြီ..။
ကိုယ့်ရဲ့ ယတိပြတ်စကားကြောင့် သမီးရဲ့ အဖေ့ ပေါ်တွင် နားမလည်နိုင်သော ဝေခွဲရခက်သောမျက်နှာ။
မျက်လုံးကြည်ကြည်လေးနဲ့ ကိုယ့်ကို အခန်းထောင့်က ကြည့်နေသော သားလေးရဲ့ မျက်နှာ..။

ကိုယ်က အရာရာကို သံယောဇဉ်နဲ့ တွေးဆစဉ်းစားသူဖြစ်ပေမယ့်…
“ ရှင် ..တစ်ကယ်ပြတ်နိုင်မလား စောင့်ကြည့်ရသေးတာပေါ့…” ဆိုတဲ့ စကားနဲ့ ပြုံးထေ့ထေ့ မျက်နှာကပင်
ကိုယ့်မာနကို နိုးဆွလိုက်သလို..။
သားသမီး တွေမရခင်ကတည်းက လက်တွဲလာခဲ့ တဲ့ သူမ (မဒမ်ဆူး)နှုတ်က ဒီလိုစကားမျိုးထွက်လာမှတော့….။
……
ကိုယ်က သူတော်ကောင်းတစ်ယောက်မဟုတ်ပေမယ့် လူကောင်းတစ်ယောက်အဖြစ် ကြိုးစားနေထိုင်ခဲ့သည်..
သူမကို သံယောဇဉ်တွယ်ခဲ့ လေသမျှ ကိုယ်ကသာ အရှုံးဖြစ်ခဲ့ တာတွေ…။
သူမက အမြင် အသွင်လှပပေမယ့် သူမကြောင့် စကားဝိုင်းကနေ ထ”ထွက်ခဲ့ ရတာတွေ….
သူမကို ပါတ်ဝန်းကျင်ကတားမြစ်တဲ့ ကြားက ရဲရဲကြီး လက်တွဲပြီး ရင်ဆိုင်ခဲ့ တာတွေ..
ဟိုတုန်းကတော့ သူမနဲ့ အတူ နှင်းပွင့်တွေ ကြား ဖြတ်သန်းဘူးသည်..
နှင်းငွေ့ တွေကြား ဖြတ်သွားဘူးသည်….မိုးစက်တွေကြား …နေပူကျဲကျဲ လက်တွဲဘူးသည်..။
ကိုယ်စိတ်ဓါတ်ကျဆင်းနေချိန်တွေမှာ သူမက အားပေးဖေါ်ဖြစ်ခဲ့ ဘူးသည်
ကိုယ်အားငယ်ချိန်မှာ သူမက အားအင်တွေပေးဘူးသည်
ကိုယ့်စိတ်တွေ ထွေပြားရှုပ်ထွေးနေချိန်မှာ သူမက လမ်းစလေးတွေ ချပြပေးဘူးသည်

ဒီကျေးဇူးတွေ ဒီိသံယောဇဉ်တွေနဲ့ ကိုယ်က သူမအပေါ် ပစ်ပစ်ကာကာ မလုပ်ရက်ပေမယ့်…
သူမရဲ့  ဟန်ဆောင်ပြုံးတွေ….
အားအင်အဖြစ် လိမ်ညာခဲ့ တဲ့ အရိပ်အယောင်တွေ…
အရာအားလုံးကို သေချာစေ့စေ့တွေးမှ သူမရဲ့ အပြုအမူ..သူမရဲ့ ပုံရိပ်တွေက လိမ်ရက်နိုင်သူကြီးအဖြစ် ကိုယ်သိလာရပြီ..။
သူမကြောင့် ကိုယ်ရင်မောခဲ့ ရတာတွေ…
သူမကြောင့် ပါတ်ဝန်းကျင်မှာ အသက်ရှုကျပ်ခဲ့ ၇တာတွေ…။
သိပေမယ့်…သံယောဇဉ်ဆိုတဲ့ စကားလေးက…ကိုယ့်ကို တွေဝေစေခဲ့ သည်…။
ခုတော့ …
ကိုယ့်မာနနဲ့ သံယောဇဉ်ကို ပြိုင်ဆိုင်တဲ့ ပွဲ..။ လှည့်မကြည့်တမ်း လမ်းခွဲတဲ့ ပွဲ..။
မနေ့ ညနေခင်းကတည်းက လမ်းခွဲခြင်းပြသနာက ကိုယ့်အိမ်မှာ စခဲ့ သည်..။
အစားကို အကုန်မစားတတ်ပေမယ့် စကားကိုတော့ ကိုယ်က အကုန်ပြောလိုက်ခဲ့ ပြီ..။
“ ငါ့မာနကို ထိလာရင်တော့ ငါက ဘွာမခတ်တတ်ဘူး…ပြတ်တယ်”
ကိုယ့်စကားကြောင့် ကိုယ့်အမျိုးသမီးမျက်နှာ တစ်ချက်ပျက်သွားသလို..
သမီးကြီးရဲ့ အံ့သြတဲ့ မျက်လုံးများ…မယုံနိုင်တဲ့ မျက်လုံးများ…( ပြောပြီးရင် မပြင်တတ်တဲ့ အဖေရဲ့ အကျင့်ကို
သိနေတဲ့ သမီးက တခွန်းမှ ၀င်မပြောပါ)
သူမကို ကိုယ့်ဦးနှောက်…ကိုယ့်နှလုံးသား..ကိုယ့်စိတ်ကူး…..အာလုံးထဲက ဆွဲထုတ် ပစ်လိုက်ပြီ။
အနှစ်၂၀ကျော် လက်တွဲ လာတဲ့ သံယောဇဉ်..ရင်က တစ်လှပ်လှပ်ခုန်သည်
နောက်ဆုံးအနေနဲ့ ကြည့်မိသော ကိုယ့်ရင်မှာ ပင်ပန်းနွမ်းလျှလျှ…။
……
အိပ်ယာဝင်အချိန်မှာ အထီးကျန်လွန်းသည်..
သားက အယင်ညတွေထက် ကိုယ့်နားကို ပိုတိုးကပ်ပြီးအိပ်သည်..
သူ့ အသိ သူ့ အရွယ် ငယ်ပေမယ့် ကိုယ့်အဖေရင်မှာ ဘယ်လိုခံစားပြီး အနေခက်နေမှာကို သူသိပါလိမ့် မည်။
……
အနက်မိုးလင်တော့ ကိုယ့်ဘေးနားမှ သူမ မရှိပါ..
မနေ့ ညနေက လမ်းခွဲဘို့ ပြောပြီးချိန်ကတည်းက သူမသည် အခါတိုင်းလို ကိုယ့်အနားမှာ မရှိပါ..။
ကိုယ်တော်တော် ခံစားရမှာဘဲလို့ …ထင်ထားခဲ့ သမျှ..ကိုယ့်ကိုကိုယ်တောင် အံ့သြမိသည်..။
ကိုယ် သူမအတွက် ဘာမှ မခံစားရ…ဘာခံစားမှုမှ မဖြစ်။
အနှစ် ၂၀ ကျော် သံယောဇဉ်ဆိုတဲ့ စကားက ခုတော့ ရယ်မောစရာ..။
ညနေ ၄နာရီလောက်မှ သူမကို လှမ်းတွေ့ ရခိုက် သူမရဲ့ သံယောဇဉ် မျက်ဝန်းများနဲ့ အကြည့်ကို
တခါမှ မသိခဲ့ ဘူးသော လူတစ်ယောက်လို ကိုယ့်က မာနတရားနဲ့ ရင်းပြီး ပြုံးပြလိုက်သည်..။
ကိုယ့်တို့ လမ်းခွဲခဲ့ ပြီလေ..
ကိုယ့်တို့  လမ်းခွဲခဲ့ ပြီ….
သြော်…..ခုတော့လဲ သက်ဆိုင်ခဲ့ သမျှ အရာအားလုံး အငွေ့ အဖြစ် လွင့်ပျယ်သွားခဲ့ ပြီဘဲ..။
သူငယ်ချင်းလိုဘဲ ဆက်လို့  ခေါ်မည်ခိုင်လို့ လဲ ကိုယ်မပြော..
ယုံပါရင်သို့ တိုးဝှေ့ ဆဲပါခိုင်လို့ လဲ..ကိုယ်မပြောပါ..။
မင်းမကျေနပ်လို့  တစ်ဖက်သတ်ရေးတယ်ထင်ရင်..မင်းဘက်ကလဲ လူတစ်ကာသိအောင် ချပြနိုင်ခွင့်ရှိပါတယ်
ပြောခွင့်ရှိပါတယ်..။
ကိုယ့်ဘက်ကတော့ ထပ်ပြောချင်တယ်….သံယောဇဉ်ပြတ်…မေ့ ပစ်နိုင်တယ်။။


------------xxxxxxxxxxxxxxxxxx--------------



ကိုယ့်ဆုံးဖြတ်ချက်ကြောင့်…သမီးကြီး၊သမီးငယ်နဲ့ သားနောင်နောင်တို့ ပျော်ရွှင်နိုင်ကြပါစေ..။
အင်းးးးး …..ဘာလို လိုနဲ့ အနှစ် ၂၀ကျော်သောက်လာတဲ့ ဆေးလိပ်ကို လမ်းခွဲပြီးဖြတ်လိုက်တာ ဒီနေ့ ဆို 5ရက်ရှိပြီ။

သစ်နက်ဆူး

14 comments:

  1. ကျနော်တော့ မပြတ်နိုင်သေးဘူး၊ ဆေးခန်းက သင်တန်းလည်း သွားတက်တယ်၊ အခု လေးရက် တစ်ဗူးတော့ သောက်တုန်းပဲ အကိုရေ။

    ReplyDelete
  2. နောက်တယ်ဗျာ....
    ကောင်းတယ်ဗျို့ ....
    ပိုပြီးစိတ်လက်ပေါ့ ပါးလာမယ်...
    ခန္ဓာကိုယ်ကြံ့ ခိုင်ပြီးသွက်လက်လာလိမ့် မယ်...
    ပို့ စ်တေါလည်းအများကြီးရေးနိုင်လိမ့် မယ်ဗျို့ ...
    ကိုပီတာ

    ReplyDelete
  3. ဟားဟား.. ရေးမယ်..။
    ဆေးလိပ်ဖက်ကရေးမယ်..။

    ReplyDelete
  4. ပြတ်သွားတာကောင်းတယ် ကိုဆူးရေ
    ခံတော့ အတော်ခံရမယ် ထင်တယ်နော် နောက်တော့လည်း နေသားကျသွားမယ် ထင်ပါတယ်

    ReplyDelete
  5. တော်တော်နောက်တဲ့အကို။ တကယ်မှတ်လို့။ ဆေးလိပ်ပြတ်သွားတာတော့ ကောင်းတယ်။ ကိုယ့်အတွက်လည်းမကောင်း၊ ကိုယ့်အနားကလူတွေအတွက် လည်းမကောင်း။ :P

    ReplyDelete
  6. ခေါင်းကို နောက်သွားတာပဲ
    ပြန်လျော်ပေးပါ...ပို့စ်တွေများများရေးပြီးး))

    ReplyDelete
  7. This comment has been removed by a blog administrator.

    ReplyDelete
  8. လှန့်ထှာ..
    သည်းထိပ်ရင်ဖိုဝတ္ထုဖတ်ရသလို..

    ReplyDelete
  9. အော်.. မထိတ်သာ မလန့်သာ ရှိလိုက်တာ..။
    ဆေးလိပ်မှ ဟုတ်ရဲ့လား လို့ သေချာအောင် ၃ခေါက်လောက် ပြန်ဖတ်လိုက်ရတယ်။ မှားပါတယ် ကိုယ့်ဆရာ။
    မနေ့ကပဲ ဖုန်းထဲမှာ ရီရီမောမော စကားပြောနေသေး၊ ဒီနေ့ကွဲကြပြီ ဆိုတော့ လေ ပါတယ် ကိုဆူးရာ.. ဆေးလိပ်ဆိုမှ သက်ပြင်းချရပါတယ်။

    ReplyDelete
  10. စိတ် - စိတ် - စိတ် ပါကွယ်...။

    ReplyDelete
  11. ဒီလူကြီး နှယ်...... ရုပ်တည်ကြီးနဲ့ နောက်တယ်ဗျာ....

    ReplyDelete
  12. This comment has been removed by a blog administrator.

    ReplyDelete
  13. Congratulation... keep it up... :)

    ReplyDelete
  14. ဟားအတော်နောက်တဲ့လူ ဒီမှာဖတ်ရင်းနဲ့စိတ်မကောင်းဖြစ်လာလို့ ဆက်မဖတ်ဘဲထားတော့မလို့ တော်သေးတာပေါ့ အဆုံးထိဖတ်မှ ဆေးလိတ်မှန်းသိရတယ်

    ReplyDelete