Saturday, October 2, 2010

အဖြေ

ဒီလိုဗျာ...
ကျနော်က ငယ်ကတည်းက မိုက်ကယ်ကို တော်တော်စွဲလန်းသဘောကျတာပါ..။ ကိုယ်တိုင်စင်ပေါ်ရောက်လာတဲ့ အချိန်မှာ
သူ့ စတိုင်သူ့ အကတွေက ကျနော့်ကို အများကြီးကူညီခဲ့ ပါတယ်..။ ဘယ်သူတွေ ဘာပြောပြော ကျနော် မိုက်ကယ်ကို ချစ်နေတာဘဲ.။ သူ..ပြသနာတွေ တစ်လှေကြီးရင်ဆိုင်နေရချိန်မှာလဲ အဝေးက မေတ္တာပို့ ပေးပြီး သူ့ ကို စိတ်ချမ်းသာစေချင်တယ်..။
ငယ်ကတည်းက စွဲလန်းခဲ့ ရတဲ့ မြင်ဆရာ၊ကြားဆရာပါ..။
လန်ဒန်က စလို့ သူ့ ရှိုးပွဲတွေ ပြန်စတော့မယ်ဆိုတာကြားတော့ ၀မ်းသာမိတယ်..အားပေးချင်ခဲ့ တယ်..။
ဒါပေမယ့် ကျနော်အလုပ်ချိန်မှာ ကျနော့်တပည့်လေးက ဖုန်းဆက်လာတယ်..။ ဆရာ့ရဲ့ဆရာ ..ဆုံးသွားပြီတဲံ့...။ဘယ်လို မှတောင် အလုပ်ဆက်မလုပ်နိုင်ခဲ့ ပါဘူး..။
သမီးကလဲ ကျောင်းကနေဖုန်းဆက်လာတယ်..စိတ်မကောင်းဘူး...
သားအဖတွေ ညဘက်စုံတော့ “ အဖေ..သမီးတို့ ကို မင်းသားဘ၀နဲ့ ရှာကျွေးခဲ့ တဲ့ အချိန်တွေမှာ..မိုက်ကယ်ဂျက်ဆင်အကနဲ့ ဆုတွေ အများကြီးရခဲ့ ဘူးတယ်..သမီးတို့ စားခဲ့ တဲ့ ထမင်းလုပ်တွေမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ ကျေးဇူးတွေပါတယ်...ကျေးဇူးဆိုတာ
ပြန်ဆပ်ဘို့ ထက်..ကျေးဇူးတရားကို နားလည်သိတတ်ဘို့ က ပိုအရေးကြီးတယ်” လို့  ပြောပြပြီး သားအဖတစ်တွေ နော်နော်ကအစ..ဘုရားစင်မှာရော အိမ်မှာပါ ဖယောင်းတိုင်မီးတွေ ထွန်းပြီး...ကောင်းမွန်ရာ ဘုံဘ၀ရောက်ဘို့ ဆုတောင်းခဲ့ ကြတယ်..။
ဒါပေမယ့် ထမင်းတောင်မစားနိုင်ဘူးဗျာ..။ အလွမ်းမပြေဘူး..။
တအိမ်လုံးလဲ ကွန်ပြူတာ ၄လုံး မိုက်ကယ်ရဲ့ သီချင်းတွေ ညံနေတာဘဲ..။
....
ကျနော်ကလဲ လူတစ်မျိုးလွမ်းပြီဆို ဘယ်သူ့ မျက်နှာမှ မထောက်ဘဲ ကို လွမ်းတတ်တာ..။
အဲဒီမှာ....ကျနော့်မျက်စိထဲမှာ နှာတံသေးသေးစင်းစင်းလေးတခုကို တွေ့ တာဘဲ။
မင်းးးမိုက်ကယ်၈ျက်ဆင်နဲ့ တူတယ်ကွ လို့ ပြောတော့...
“ ဘာမှမဆိုင်ဘူး အဝေးကြီးဘဲတဲ့ ”
ဒါဆို လက်တွေ့ ပြမယ်ဆိုပြီး အတင်းဆွဲခေါ်..၊ သူက ရုန်း ..နောက်ဆုံးချော့မော့ပြီး..မိတ်ကပ်ကို အသားရောင် လျှော့လိမ်း...
နှာတံကို ပိုထင်းအောင် ဖေါ်..။ နှုတ်ခမ်းနီကို နေရာချဲ့ ပြီးဆိုး...သမီးငယ်က ဆံပင်တွေ လိုချင်တဲ့ ပုံစံရအောင်လုပ်..။
နော်နော်က ဦးထုပ်ငှားပေးတယ်..။ သမီးကြီးဝယ်ထားတဲ့ မျက်မှန်တွေ အကုန်ချပြီး...တခုပြီးတခုတပ်ခိုင်း..။
နောက်ရယ်တဲ့ ပုံ...သူရယ်ပုံက ရိုးရိုးရယ်(ရီ)နေတာ..။
ကိုယ်က အမျိုးမျိုး ဖြဲရယ်ခိုင်း။အမျိုးတော်တော်များတယ်..ရယ်ပုံရယ်နည်းကို မိုက်ကယ်ရဲ့ ပုံတွေပြပြီး...ဖြဲစိစိရယ်ခိုင်း။
ဖြဲစပ်စပ်ရယ်ခိုင်း..သွားစေ့ ပြီး ဖြဲရယ်ခိုင်းနဲ့ ..။
ကြာတော့ သူ့ ပါးစပ်တွေ ညောင်းလာပြီးဆိုပြီး စိတ်တိုလာလို့ မနည်းချော့..။
နောက် မီးအလင်းအမှောင် ..မျက်နှာကျ..မိုက်ကယ်က ပါးချောင်ကျတယ်..သူက ပြည့်တယ်ဆိုတော့ ၄၅ဒီ၈ရီ စောင်းပြီးရယ်ခိုင်း..။
ပုံတော်တော်များများရိုက်ဖြစ်တယ်...တချို့  စမ်းသပ်ရယ်တာကျင့်နေတဲ့ ပုံတွေဆို တော်တော် ရယ်ရပါတယ်..။
အဲဒီပုံတွေတော့ မတင်တော့ပါဘူး..သူစိတ်ကောက်မှာလဲ စိုး၇တယ်..။
အဖြေကတော့ သစ်နက်ဆူး မဟုတ်ရေးချမဟုတ်ပါ။ လုံးဝဥသုံ မဟုတ်ပါ..။
သူကတော့... ချစ်ရပါသော...မဒမ်ဂျက်ဆင်ဆူးပါ ခင်ဗျား..။

ကိုအောင်(ပျူနိုင်ငံ)ကတော့ အဖြေနည်းနည်းလေးနီးစပ်သလိုပါဘဲ..။
ဒီပဟေဠိ ဆိုတဲ့ ပို့ စ်ကို တင်ပြီး ကော်မန့် တွေ တက်လာမှ..မဒမ်ဆူးကို ခေါ်ပြလိုက်တာ..
.“ကိုယ်မပြောလားးးး... မင်းက မိုက်ကယ်ဂျက်တဆင်နဲ့ တူတယ်ဆို တာ..အခု ကိုယ့်မိတ်ဆွေတွေကတောင် ..ပြောကုန်ကြပြီ”
ဆိုမှ မဒမ်ဆူးကြီး တခွိခွိနဲ့ သဘောတော်တွေ ကျနေလိုက်တာ...။
ကိုယ့်စိတ်ထဲမှာဘဲ ထင်လို့ လားတော့ မသိပါဘူး...ပို့ စ်တင်ပြီး ကော်မန့် တွေ ခေါ်ပြပြီးတဲ့ နောက်မှ..
မဒမ်ဆူး ရယ်တာ အရင်ကလို မဟုတ်တော့ဘူး...
ဖြဲစိစိနဲ့ ...အဟုတ်။






























သစ်နက်ဆူး

14 comments:

  1. တော်တော်ညီတဲ့ မိသားစု...
    ပျော်စရာလေး။

    ReplyDelete
  2. ဟား.. ရွှီးလိုက်တာ မွှားသွားတာပေါ့.. မာမီဆူးရဲ့ မိတ်ကပ်လက်ရာ :)

    ReplyDelete
  3. ဟားဟား..... တော်လိုက်တာ.. မိတ်ကပ်ဆရာ

    ReplyDelete
  4. ဟာ .. တကယ်ကိုမထင်ဘူး၊ မဒမ်ဆူးကို မြင်မှ မမြင်ဖူးတာ၊ ဟုတ်တယ် နှာခေါင်းလေးက တော်တော်တူတာ၊ မိတ်ကပ်ကလည်းကောင်းလိုက်တာ၊ :)

    ReplyDelete
  5. အလှဖန်တီးရှင်..မာမီဆူး..
    မီး ကိုလဲ အိန်ဂျလီနာဂျိုလီနဲ့ တူအောင်လိမ်းပေး..ဒါဗြဲ..

    ReplyDelete
  6. အဲ... လွဲသွားဘီ...
    ပုံတူ မရတော့ဘူး... ဝမ်းနည်းထှာ...း))

    ReplyDelete
  7. Latoya Jacksonနဲ့ တူတယ် ဂျက်ဆင်ရဲ့အမက ချောတယ် ဂျက်နက်ကပြင်မှချောတာ လာတိုရာက မပြင်ဘဲ ချောတာ

    ReplyDelete
  8. This comment has been removed by a blog administrator.

    ReplyDelete
  9. တော်တော်လဲ လိုက်တဲ့ သားအဖတွေပါလား။ ရယ်တာ ဖြဲစိစိ ဖြစ်နေတာတော့ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းတာပဲ။ ရှိစေတော့..။
    တို့ကိုလဲ Shakia နဲ့တူအောင် ပြင်ပေးမလားးး :))

    ReplyDelete
  10. ဒုတိယ နောက်ဆုံးပုံ ကတော့ တကဲ့ မိုက်ကယ် ပဲဗျာ

    ReplyDelete
  11. ကိုဆူးတို့များ တတ်နိုင်ပါ့
    သူချစ်တဲ့သူကို သူကြိုက်တဲ့ပုံသွင်းလိုက်တာ...း0

    ReplyDelete
  12. This comment has been removed by a blog administrator.

    ReplyDelete
  13. မိတ်ကပ် ပညာနဲ့ လှည့်စားလို့ ရတယ်ဆိုတာ အခုမှ သေသေချာချာ သိတော့တယ်။ မိုက်တယ်ဗျာ..... ရေလည်လန်းတယ်.... Thx:) ကိုဆူးရေ....

    ReplyDelete
  14. နောက်တခေါက် အော်စလိုလာရင် မိပ်ကပ်လိမ်းနည်း သင်ပေးပါ မာမီငယ် :P

    ReplyDelete