Sunday, October 3, 2010

တခါက......

တခါက...လို့ ဘဲ ပြောရမှာပါ..။
ခင်မင်ရတဲ့ မဆောင်းက မဒမ်ဆူးသီချင်းတွေ ပြန်နားထောင်ချင်တယ်..ဒါပေမယ့် နားထောင်လို့ ဖွင့်လို့ မရဘူးလို့ ပြောလာပါတယ်..။
ဘလော့ဂ်မှာ သီချင်းနားတင်လို့ ရအောင် ဘလော့ဂါ ကိုရန်အောင်ဆီက တက်ဂ်လေးယူပြီး သီချင်းပြန်တင်ရင်း..
တခါက အကြောင်းလေးကို တွေးမိတာပါ..။
တခါကပါ..
ထိုင်းမှာနေလိုက် ၊ရွာမှာနေလိုက်..ရန်ကုန်တက်လို က် လုပ်နေတုန်းကပေါ့..။ မိတ်ဆွေတွေရဲ့ အချီကြီးအောင်ပွဲခံတဲ့ နေ့ အနေနဲ့  ကြည့်မြင်တိုင်ဘက်က “သည်ကရောင်း ”လို့ အမည်ရတဲ့ စားသောက်ဆိုင်မှာ ထိုင်ဖြစ်ခဲ့ ကြပါတယ်..။
ဘီယာတော့ နည်းနည်းသောက်ဖြစ်ပါတယ်..။ နောက်ဒီလူတွေ နည်းနည်းပြဲလာတော့ အတင်းသီချင်းဆိုခိုင်းတာပါဘဲ..။
ကျနော်ကလဲ မဆိုချင်ဘူးငြင်း..မရပါဘူး..စားပွဲထိုးလေးကိုခေါ်ပြီး သီချင်းဆိုမယ်..ရလား မေးတော့..
သိပ်ရတာပေါ့တဲ့ ..။
အဲီးဆိုင်မှာ ပင်တိုင်တီးတာက ဒေါက်တာ အင်ဒရူးကောင်း။
ဒေါက်တာအင်ဒရူးကောင်းဆိုတာ အေးချမ်းမေတို့  ဆောင်ဦးလှိုင်တို့ ကို တင်ပေးလို က်တဲ့ ဆရာ..။
ကျနော်ကလဲ မဆိုချင်တော့ ညစ်တာပါဘဲ..။ ဆရာအင်ဒရူးကောင်းနဲ့ မနီးစပ်ဘူးထင်တဲ့ သီချင်းတွေ ကို ခေါင်းစဉ်ပြောတာပေါ့..စားပွဲထိုးလေးက သွားမေး...။ ရ၏။
ဒါကြောင့်လဲ ဒေါက်တာအင်ဒရူးကောင်းဖြစ်တာပေါ့..။
နောက်ဆုံး...ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တဲ့ “မောင့်မူပိုင်ရှင် ”ရုပ်ရှင် ကားထဲက “ မေတ္တာစေကျွန်”ဆိုမယ်လို့ ပြောလိုက်တာပေါ့..။
စားပွဲထိုးလေးက အားရ၀မ်းသာ လာပြန်ပြောတာပါဘဲ.. “ အဲဒီသီချင်းက ပိုအဆင်ပြေတယ်တဲ့ ”
ကျနော်ညပ်ပြီ..။ဘယ်လိုမှရှောင်လို့ မရတော့..ဂျော်ဒန်းနိုးလေးငိုက်စိုက်စောင်းပြီး စင်ပေါ်တက်၇တော့တာပေါ့..။
နောက်ဆရာနဲ့ တိုးတိုးတိတ်တိတ် ကီးကိုညှိပြီး.. ဆိုတော့တာပေါ့..။
ထူးထူးခြားခြား ကောင်တာက ဆိုင်ပိုင်ရှင်က သီိချင်းကို စ၀င်လိုက်ကတည်းက ဆတ်ကနဲ နေအောင်လှည့်ကြည့်ပြီး လူတစ်ရပ်လောက်ရှိတဲ့ ပန်းကုန်းကြီးလာစွပ်တာပါဘဲ..။
နောက် တစ်ယောက်ပြီးတစ်ယောက် ပန်းကုန်းတွေစွပ်လိုက်ကြတာ...၁၀ကုန်းကျော်ပါတယ်..။
နောက်အောက်ကတခြားလူတေါ တောင်းဆိုလို့ ၃ပုဒ်ဆက်ဆိုခဲ့ ရသေးတယ်..။
သီချင်းဆိုပြီး ဆင်းကာနီးမှာ ဒေါ်က်တာကို ပန်းကုန်း၅ကုန်းနဲ့ ဆိုင်ကပင်တိုင်ဆိုတဲ့ မိန်းကလေးတွေကို ပန်းကုန်းတကုန်းဆီ ဝေပေးလိုက်တာပါဘဲ..သူတို့ တော်တော် ပျော်ကြတယ်...ဒီပန်းကုန်းက သူတို့ အတွက်..အပိုငွေရမှာလေ..။
နောက်အောက်မှာဆက်ထိုင်နေတုန်း..စားပွဲထိုးလေးက “အကို့  ကို ဆိုင်ရှင်က စကားပြောချင်ပါတယ်”ဆိုပြီးခေါ်ခိုင်းပါတယ်..။
သွားလိုက်တော့ ဒေါက်တာပါရှိနေပြီးမေးတယ်ဗျ..။
“အခု..ဘယ်မှာဆိုနေတာလဲပေါ့..ဖြစ်နိုင်ရင် ဒီမှာ ပင်တိုင်ဆိုပေးပါ” ဆိုပြီး ဒေါက်တာကိုယ်တိုင်ပြောပါတယ်..။
ကျနော်ငြင်းခဲ့ပါတယ်..။
ဒေါက်တာလို ဂီိတအနုပညာရှင်မျိုးနဲ့ နီးစပ်ရင် ဘယ်လှေကားထစ်တွေ ရှိတယ်..မြင့်တက်နိုင်တယ်ဆိုတာကျနော်သိပါတယ်..။
ဒါပေမယ့် ကျနော်ငြင်းခဲ့ ပါတယ်..။
အဲဒီအချိန်မှာ ကျနော်က သီချင်းတွေ ဆိုချင်တာမဟုတ်ဘူးလေ..။
ကျနော့်ကို မျှော်နေတဲ့ မဒမ်ဆူးတို့ ရွာပါတ်ဝန်းကျင်က မျှော်လင့်ချက်တွေနဲ့ ဘ၀ကို ရုန်းကန်နေရတဲ့ ..(၇)ရက် သားသမီးတွေ
မျက်နှာတွေဘဲ မြင်နေတာ..။
သူတို့ လိုချင်တာ..အဆိုတော်မဟုတ်ဘူး...
၂လုးံ၃လုံး ဂဏန်းလေးတွေ ချပေးမယ့်...(..............)။
တခါတခါ...
ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တာထက်..
သူများဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးရမယ့် အသိစိတ်ဓါတ်လေးလိုတယ်လေ...။
ဒီသီချင်းလေးက ကျနော်ကိုယ်တိုင်ကြိုက်သလို...ကျနော် ကျောခိုင်းလိုက်တဲ့ လှေကားထစ်လေးတခုမို့  ပိုသတိရနေမိတယ်..။
တခါက...ပါ။

မေတ္တာစေကျွန်

သစ်နက်ဆူး

6 comments:

  1. This comment has been removed by a blog administrator.

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
  3. မင်းသားပဲ၊ ဒီလောက်တော့ အသာလေးပေါ့။ :)

    ReplyDelete
  4. မေတ္တာစေကျွန် နားထောင်သွားပါတယ်။ ဘက်စုံ ပါလား ကိုသစ်နက်ဆူး။း)

    ReplyDelete
  5. ဒီ မေတ္တာစေကျွန် သီ ချင်း MP3 လို ချင်လို့ ပါ အစ်ကို ....
    ကျွန်တော် လိုက်ရှာတာ မရ လို့  ဖြစ်နိုင်မယ် ဆိုရင် ကျွန်တော် mail ကို ပို့ ပေး စေလို ပါတယ် ...
    ရမယ် ဆို ရင် ဂရေဟမ် ဆိုထားတဲ့ ဟာ ကို လို ချင် ပါတယ် .... ကျွန်တော် mail က kingstar528@gmail.com ပါ ...
    ကျေးဇူး တင်ပါတယ် အစ်ကို .......

    ReplyDelete