Wednesday, March 4, 2009

ပီတိ.....၁



ကျနော်စာမရေးနိုင်တာကြာနေပြီ...ကိုယ်ကစာတွေအများကြီးဖတ်ချင်တယ်...အများကြီးရေးချင်တယ်..။ သူများဘလော့ဂ်တွေ လိုက်ဖတ်ရင်းနဲ့ စာရေးသူတွေကိုချီးကျူးမိပါတယ်..စာမှန်မှန်ရေးဘို့ ဆိုတာ တော်တော်အချိန်ပေး၇တာပါ..
ကျနော့်မှာ အားနည်းချက်က အချိန်ပါ...အချိန်မလောက်ဘူးဖြစ်နေတာ..ပြီးခဲ့တဲ့ ၂ပါတ်လောက်က ဒီမှာရှိတဲ့ ပန်းချီကလပ်ကိုဆက်သွယ်ပြီိးတွေ့ ဆုံအသုံးဝင်တဲ့ အခါ အားလုံးကလဲ အာရှက ပန်းချီသမားဆိုပြီိးလှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်..
ပျော်စရာလဲ ကောင်းပါတယ်...အိမ်မှာဆို သိပ်မဆွဲဖြစ်လို့ သွားတာပါ...ဟိုမှာညနေပိုင်းဆွဲမယ်ပေါ့...။ သူတို့ ကလဲ စတွေ့ ပြီးနောက်ရက်မှာဘဲ စတေလိုက်(သက်ငြိမ်)်ပေါင်းစုပြီးဆွဲမယ်လို့ ဆိုပါတယ်...ဆွဲကြပြီဆိုတော့လဲ ဆွဲပေါ့...။
ဆေးကိုင်ပြီဆိုတာနဲ့ သူတို့ နဲ့ ကျနော်တို့ အရောင်ကွာခြားမှုကို စတွေ့ ရပါတယ်...။ နောက်သူတို့ က ဆေးကိုလိုင်းစုံမရဘူး...
ဆီဆိုဆီဘဲ...ေ၇ဆေးမရဘူး..။
သူတို့ က ရေဆေးကို လိုချင်ကြတယ်..ကျနော်ကလက်တွေ့ ဆွဲပြတဲ့ အခါ...သူတို့ ကိုသင်တန်းပေးပါ...လခပေးပါ့မယ်လို့ ဆိုလာပါတယ်...။ ကျနော့်ရင်မှာပီတိဖြစ်မိတယ်...ငွေကြေးကြောင့်မဟုတ်ပါဘူး...ကျနော်တို့ မြန်မာနိုင်ငံက ပန်းချီအဆင့်ကို ယှဉ်တွေး
မိလို့ ပါ...။ ကိုယ့်ရဲ့ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတွေအားလုံးကို စိတ်ထဲကအထပ်ထပ် ကန်တော့မိပါတယ်..။
နောက်ပြီး သူတို့ က သစ်ထွင်းပန်းချီကိုစိတ်ဝင်စားတယ်...အဖြူအမဲပုံတွေဘဲ ပြုလုပ်နိုင်ပြီးေ၇ာင်စုံပုံကို ပြုလုပ်နည်း မသိကြပါဘူး၊
ကျနော့်ဆရာက တရုပ်ပြည်မှာ ပန်းချီကျောင်းဆင်းလာတဲ့ သစ်ထွင်းပန်းချီ ဇော်ဝင်း(ဦး) မန္တလေးပါ...။ ဒီိတော့ သူတို့ ကိုနည်းပညာ
ပိုင်းတွေ ကူညီပြပေးနေပါတယ်..။
ဒီရက်ပိုင်းမှာဘဲ အော်စလိုနဲ့ လိလယ်ဟမ်းမားက ဆက်သွယ်လာပါတယ်...၂၀၀၉ သင်္ကြန်မှာ ကူညီကပြပေးဘို့ ပေါ့...။
သူတို့ က ကိုယ့်နိုင်ငံက ယဉ်ကျေးမှုအနုပညာကို ပြချင်တယ်ဆိုတော့ လွန်ခဲ့တဲ့ နှစ်၂၀၀၀ ကျော်ကတည်းက အနုပညာက ပုဂံပြည်ကစတင်ခဲ့တော့ ပုဂံအကအလှကိုပါတင်ဆက်ဘို့ ..သမီး၂ယောက်ကို အားခြင်း ပုဂံက လေ့ကျင့်ပေးနေရပါတယ်..
နောက်ကျနော်ကတော့ မှတ်မှတ်ယယ နှစ်ပါးခွင်ကိုအပြည့်ကပြရမှာပါ...ဒီမှာ ၀ါသနာတူတွေ လူရွှင်တော်တွေ အဖြစ် အားဖြည့်ပေးမယ်...မင်းသမီးတွေကတော့ အိမ်ထွက်တွေပေါ့...။အဲ...နောက်ခံ ပန်းချီကလဲ တာဝန်ယူထား၇သေးတယ်...။
ဒီတော့ စာဖတ်စာရေးချင်တာ စိတ်သာရှိပြီး အချိန်မရှိဖြစ်နေတာ...။
အသစ်မရေးလို့ သတိပေးဖော်၊မေးဖော်ရတဲ့  မောင်နှမတွေအားလုံးရဲ့ ခင်မင်မှုကိုလဲ ပီတိဖြစ်မိတယ်..
ကိုယ့်လူမျိုး ၊ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို တင်ပြဖျော်ဖြေရမှာကိုလဲ ပင်ပန်းတဲ့ ကြားကပီတိ ဖြစ်နေရပါတယ်..
အားလုံးဘဲ....ဒီစာလေးဖတ်ပြီး ပီတိလေးတွေ မျှဝေခံစားပေးပါလို့ ...ဆန္ဒပြုလိုက်ပါတယ်...။

ခင်မင်မှုလေးများနဲ့ ...
သစ်နက်ဆူး

8 comments:

  1. ကိုသစ်နက်ဆူး...
    တကယ် ပီတီဖြစ်ရပါတယ်..

    ReplyDelete
  2. ပုံရိပ် / Pon YateMarch 4, 2009 at 4:51 PM

    မှတ်ချက်ရေးတာ ပျောက်သွားတယ် ထင်တယ်။ ကိုယ့်လူမျိုးတွေ သူများနိုင်ငံမှာ မျက်နှာပွင့်တယ် ဆိုရင် ပီတိဖြစ်ရပါတယ် ကိုဆူး။ အချိန်ရတဲ့ အခါစာတွေ ရေးပါဦး။

    ReplyDelete
  3. ကိုယ့်နိုင်ငံရဲ့အနုပညာအသိအမှတ်ပြုခံရတာ တကယ်ပီတိဖြစ်မိပါတယ်.. ကိုဆူးအတွက်လဲ ဂုဏ်ယူပါတယ်...

    ReplyDelete
  4. ပီတိတွေ ကူးယူသွားပါတယ်... မိသားစုအားလုံး အစစအဆင်ပြေ အောင်မြင်ပါစေရှင်...

    ReplyDelete
  5. ကောင်းသော ပျောက်ခြင်းပဲ ကိုသစ်နက်ဆူးရေ...။
    ဂုဏ်ယူပါတယ်..။

    ReplyDelete
  6. ပို့စ်လေးဖတ်ပြီး အနုပညာမှာ ဘက်စုံထူးချွန်သူမို့ လေးစားကျေနပ်မှုနဲ့အတူ ပီတိတကယ်ဖြစ်ရတယ်။ ပီတိ - ၁ ဆိုတော့ ၂ တွေ ၃တွေလဲ လာအုံးမှာပေါ့။ မုဒိတာ ပွားဖို့ မျှော်နေမှာ။

    ReplyDelete
  7. သီဟသစ်March 6, 2009 at 6:32 AM

    ပီတိတွေကို မျှဝေခံစားသွားပါတယ်။ ဂုဏ်ယူပါတယ်ဗျာ။

    ReplyDelete
  8. ကိုယ့်လူမျိုးတစ်ယောက် အောင်မြင်တာကို ဂုဏ်လည်းယူ၊ မုဒိတာလည်းပွားရပါတယ်။ ဆက်လက်အောင်မြင်ပါစေ ကိုဆူးရေ။

    ReplyDelete