Monday, March 23, 2009

သင်္ကြန်လက်ဆောင်



မနေ့ က သင်္ကြန်ပုံလေးတင်ခဲ့ ပါတယ်..ဒီနေ့ အလုပ်ကပြန်လာတော့ ဘလော့ဂ်မိတ်ဆွေတချို့ က သိမ်းထားချင်လို့ တောင်းဆိုထားပါတယ်...ဟိုပုံလေးက ကိုဂင်ကြီးသုံးမှာဆိုတော့...
မိတ်ဆွေတွေအတွက် လက်ဆောင်လေးပေးချင်တာနဲ့ အားခြင်းဆွဲပြီး လက်ဆောင်ပုံလေးတင်ပေးလိုက်ပါတယ်...။
ကြိုက်နှစ်သက်တယ်ဆိုရင် မည်သူမဆို အမှတ်တရ ယူသုံးနိုင်ပါတယ်...။ ကျနော့်ရဲ့ မူပိုင်ပုံဆိုတော့ စည်းကမ်းချက်တခုတော့ ထားချင်ပါတယ်..အဲဒါကတော့....
မည်သူမဆို ..ဒီပုံကို ကြိုက်သလိုသာလုပ်......း)

ခင်မင်မှုဖြင့်....
သစ်နက်ဆူး

9 comments:

  1. ကိုသစ် စည်းကမ်းချက်ကို လိုက်နာတဲ့ အနေနဲ့ ပုံကို ကူးသွားပြီဗျို့...
    ပြန်မတောင်းရဘူးနော်...း)

    ReplyDelete
  2. လက်ဆောင်တွေ ယူသွားတယ် ကိုဆူးရေ၊ ကျေးဇူး။

    ReplyDelete
  3. ပုံလေးက အရမ်းချစ်စရာ..
    ဒီလူ့နှယ် ဆွဲပဲ ဆွဲတတ်လွန်းတယ် :))

    ReplyDelete
  4. ပုံကူးသွားပီ အကိုရေ
    ပျော်ရွှင်ပါစေ :) :)

    ReplyDelete
  5. ဟိ အစ်ကိုဆွဲထားတဲ့ပုံဆိုတော့ သုတ်သွားပြီ။

    ReplyDelete
  6. ဆွဲသွားပြီ ဆရာဆူးရေ။ ဘလော့မှာ ချိတ်မှာနော်။

    ReplyDelete
  7. ပုံလေးတွေကို ကြည့်ပြိး ငယ်ငယ်က ဂျစ်တူးကို သတိရမိတယ်ဗျာ

    ReplyDelete
  8. အကိုရေ ဘလော့ဂ်မှာ တင်ဖို့ ယူသုံးလိုက်ဦးမယ်နော်..
း)

    ReplyDelete
  9. ပုံကို ကူးယုံမကဘူး သင်္ကြန်ဖိတ်စာ လုပ်လိုက်ပြီ

    ReplyDelete