Sunday, May 3, 2009

ကြိုး

ကျနော့်ဘလော့ဂ်ကို လာလည်ပြီး အားပေးတဲ့ မိတ်ဆွေ ညီအကို မောင်နှမတွေကို ဘာမှ အသစ်မတင်နိုင်တာ အားနာတယ်..။
ကျနော်တို့ ပန်းချီကလပ်က နွေရာသီ ပြပွဲလုပ်ဘို့  လာပြောထားတော့ ကျနော် ပန်းချီတွေဘဲ ဆွဲရဦးမှာ...။
တခြားကိစ္စလေးတွေကလဲ ၀င်ဝင်လာတော့ ခုထိတောင် ပန်းချီကို မစရသေးဘူး...။
စာတွေ မရေးနိုင်ပေမယ့် ကျနော်ဆွဲတဲ့ ပန်းချီကားလေးတွေကိုတော့ တင်ပေးဘို့ စိတ်ကူးရှိပါတယ်..။
ကိုယ့်ကိုကိုယ်လဲ ဒေါသဖြစ်ပါတယ်..။
တကယ်ဆို ကျနော်က ပြဒါးမဲ့ နေတဲ့ မှန်လိုဘဲ...ရောင်ပြန်မဟပ်ဘူး...တန်ပြန်ပုံရိပ်မထင်ဘူး...။
ကျနော့်ဆီလာလည်သူတွေရဲ့ ဘလော့ဂ်တွေကို ကျနော် အမြဲမသွားနိုင်..မလည်နိုင်ဖြစ်နေတယ်..မကောင်းဘူး...။
ကိုယ်က တာဝန်မကျေတော့ ဧည့်သည်ဘဲလုပ်တော့မယ်...ဘလော့ဂ်ကို ဖျက်လိုက်ဘို့ စဉ်းစားပေမယ့်...လက်ကမရဲဘူး...။
ဘလော့ဂ် တခုက ကျနော့်အတွက် ဘ၀တစ်ခု မဟုတ်ဘူးဆိုတာ ကျနော်တွေးထားတယ်...
ဘလော့ဂ်က ဘ၀ မဟုတ်ဘူး..ဖျက်ဘို့ ဝန်မလေးဘူး...
ဒါပေမယ့် ဘလော့ဂ်မှာ ခင်မင်တဲ့ မိတ်ဆွေတွေက ကျနော့် ဘ၀မှာ မမေ့နိုင်တဲ့ ရင်ထဲကသူတွေ ဖြစ်နေခဲ့တာ အံ့သြတယ်..။
ကိုယ့်ကိုသာ သူများထားခဲ့တာ ကျိတ်မှိတ်ခံစားတတ်ပေမယ့် ကိုယ်က သူများကို ရုတ်တရက်ကြီး မထားခဲ့ချင်ဘူး...။
ကိုယ့်ဘလော့ဂ်က မဖတ်ရမနေနိုင်လောက်အောင် စွဲလန်းစရာကောင်းတဲ့ နာမည်ကြီး ဘလော့ဂ်လဲ မဟုတ်ပါဘူး...
ကိုယ့်ကို သူများခင်တာထက် ကိုယ်က ဘလော့ဂ်မိတ်ဆွေတွေကို မသိစိတ်က ခင်မင်တွယ်တာနေတာကို ကိုယ်တိုင်သိလိုက်ရပြီး
ဘလော့ဂ်ကို မဖျက်တော့ပါ...။
ကြိုး ဆိုတာကလဲ နေရာင်ထင်းထင်းအောက်က ၃လွန်းတင် မနီလာကြိုးမှ ထင်ထင်လင်းလင်း တွေ့ရတာမဟုတ်ပါဘူး...။
ဆူးခြုံလေးထဲက ပင့်ကူအမျှင် အစေးကြိုးလေးကလဲ လရောင်ရေးရေးမှာ မြင်နိုင်တာပါဘဲ..။

အမြဲမလာတတ်တဲ့ ဆူးခြုံထဲက ကြိုးမျှင်လေးကို နားလည်ပေးကြမယ်ဆိုရင် မိတ်ဆွေတွေကို ကျေးဇူးတင်နေရမှာပေါ့..။

14 comments:

  1. နားလည်ပါတယ်..
    နားလည်ပါတယ်..
    အားတဲ့အခါမှ ရေးပေါ့နော့..
    ပန်းချီကားတွေလဲ ဆွဲဖြစ်ရင် တင်ပေးပေါ့နော့..

    ReplyDelete
  2. စောင့်မျှော် ဖတ်ရှုနေပါတယ်။ အားရင် အားသလိုသာ ရေးပါ။

    ReplyDelete
  3. Hi Ko Sue,

    do not close the blog. When u free, just post it la.

    ReplyDelete
  4. ဖျက်လိုက်မှာစိုးလို့ အမြန်လာပြောရတာ...
    မောထှာ... (အအေးတိုက်ပါ) :-P

    ReplyDelete
  5. ကိုဆူးရေ...
    မဖျက်နဲ့နော်... ဘလော့ဂ်လေးကိုတော့ မဖျက်ပါနဲ့...
    အဆင်ပြေသလို အားတဲ့အခါမျိုးတွေမှာ ရေးပါလေ...
    သတိရတဲ့အခါ လာလည်စရာနေရာလေး တနေရာရှိနေတာကိုက ကြိုးကလေး တချောင်းပါပဲ...
    (မကြာမကြာ ရောက်ဖြစ်ပေမယ့် ခြေရာမချန်ဖြစ်သူ အမည်မဖေါ်လိုသူ မိတ်ဆွေတဦး...)

    ReplyDelete
  6. ဖျက်တော့ မဖျက်လိုက်ပါနဲ့။ အကိုစိတ်ထဲမှာ ပြောစရာတခုရှိလာရင် ဒီကနေပြောလေ။ ညီမတို့ကလည်း အားရင်လာအော်မှာပေါ့။

    ReplyDelete
  7. ဘယ့်နှယ် ဘလော့ ဖျက်ရမလဲ.. ကိုသစ်နက်ဆူးရဲ့
    အားတဲ့ အခါရေးပေါ့....။ မအားသေးရင် နားတာပေါ့...။

    ReplyDelete
  8. ခဏနားတာကိုပြောတာနော်ျ

    ReplyDelete
  9. ကိုဆူးရေ
    အားမှ ရေးပေါ့နော်။ မအားလို့ မရေးလဲ နားလည်တဲ့သူတွေပဲ၊ တောင်းပန်စရာ၊ အပြန်အလှန် လုပ်စရာ မလိုပါဘူး။ တာဝန်ကြီးတခုလိုလဲ သဘောမထားပါနဲ့။
    မနေ့က ရှင်မင်းညို (ရှင်းရှင်း) နဲ့ နာဂစ်ဆုတောင်းပွဲမှာ တွေ့လို့ ကိုဆူးစာတွေ ပန်းချီတွေ ကြိုက်ကြောင်း ပြောနေမိသေးတယ်။ သူနဲ့လဲ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။
    နေသာသလိုသာ နေပါလေ။ အမြဲသတိရလျက်ပါ။
    ပုံ
    ဆူးခြုံထဲက ပင့်ကူမျှင်လေး တမျှင် :)

    ReplyDelete
  10. ကိုဆူးရေ... အဲ့ဒီစိတ်ကူးတွေမဝင်ပါနဲ့.. အားတဲ့အချိန်မှရေးပါ... ဘာမှအားမနာပါနဲ့ ဆူးချုံလေးထဲငြိနေတဲ့သူတွေကို စိမ်းစိမ်းကားကား မလုပ်လိုက်ပါနဲ့ရှင်...

    ReplyDelete
  11. ပုံရိပ် / Pon YateMay 3, 2009 at 8:54 AM

    မဖျက်ပါနဲ့ ကိုဆူး။ အားတဲ့ အခါ ရေးပေါ့။ ပုံရိပ်လည်း ဒီလိုပါပဲ။

    ReplyDelete
  12. ဒီလူနဲ့ ဒီလူ... ဒါလေးနဲ့ ဒါလေးများ... ပြောနေရသေးတယ်...

    ReplyDelete
  13. ဆူးခြုံလေးထဲက ပင့်ကူအမျှင် အစေးကြိုးလေးကို လရောင်ရေးရေးမှာ ထင်းထင်းကြီးကိုမြင်ရပါတယ်။ကိုသစ်နက်ဆူးရဲ့ ဘလောက်ခ်အပေါ်ထားတဲ့ သံယောဇဉ်ကို ပြောတာပါ။ မဖျက်လိုက်ပါနဲ့။အမြဲတမ်းလာအော်မဲ့ စာဖတ်သူပါ။

    ReplyDelete
  14. ( ဒါလေးများ...ဒါလေးများ...လာပြီးပြောနေရတယ် ...ဆူးရယ်) ရေးရင်ပြီးရောပေါ့ ကလူသစ် တောင် နားသွားပြန်ပြီ နားနားပြီးပြောပေါ့ ... ဟတ်လား... မသိမသာ ဗျူဟာတောင် ဖြစ်ချင် ဖြစ်သွားသေး။ ဟိုလေ ..သေတ္တာ ( ပြောတော့ ပါဖူး) ဟဲ..ဟဲ

    ReplyDelete