Sunday, May 10, 2009

ကျနော်ပန်းချီဆွဲနေတယ်...






ကျနော်ပန်းချီဆွဲနေပါတယ်..
အခုပုံကို မနေ့ ညကအရောင်စသွင်းပြီး ဒီနေ့ လည် ပန်းချီခန်းမှာ သွားဆွဲတာပါ..လက်ဖျားလေးတွေ အလင်းရိုက်ဘို့ ကျန်သေးတယ်...ပြီးတော့မှာ...။
ဒီပုံက အကစုံတွဲပုံစံကို ရောင်စုံ မီးဆလိုက်တွေ အလင်းရိုက်တာကို အသားပေးပြီး စုတ်ချက် အလင်းချက်တွေနဲ့  အက်ရှင် ဖြစ်အောင်
ကြိုးစားကြည့်တာပါ...
သူ့ လိုဘဲ လှုပ်ရှားမှုကို ရေးချင်တာက စပိန်နွားရိုင်းသတ်ပွဲပါ..နောက်တကားကိုတော့ စပိန်နွားရိုင်းသတ်တာကို အကလှုပ်ရှားမှုလို
ခံစားပြီးဆွဲဖြစ်မယ်ထင်ပါတယ်...။ဟို..ရှုခင်းပုံလေးကတော့ ဟိုတလောလေးကဆွဲထားတာပါ..။
ကျနော်တို့ ပန်းချီကလပ်ရဲ့ ပုံလေးပါထည့်ပေးထားပါတယ်..ဒီနေ့ တနင်္ဂနွေနေ့ ဆိုတော့ ဘုရားကျောင်းသွားကြတယ် ထင်ပါတယ်..လူမစုံပါဘူး...။
ပန်းချီတွေ ဆွဲဖြစ်အောင် အားပေးတာကို ကျေးဇူးတင်ပါတယ်..။
သမီးပျိုလည်း ပန်းချီလာဆွဲမယ် ထင်ပါတယ်..ကိုအောင်သာငယ်..ပန်ဒိုရာ..ချန်းချန်း..သားသား( မတန်ခူး)မခွာညိုနဲ့ ဝါသနာတူ သူငယ်ချင်းတွေ စုပြီးဆွဲရယင်တော့ တော်တော်ပျော်စရာ ကောင်းမှာ...။
နောက်ကားတွေဆွဲပြီးတိုင်း တင်ပေးမှာပါ..။

9 comments:

  1. ပန်းချီခန်းကို တို့လဲ လာဆွဲလို့ ရမလား။ ဟိုခြစ် ဒီခြစ်ဆိုတော့ အဖြစ်မရှိလို့ မခေါ်တာ သိပါတယ်။ တီကောင်လောက်တော့ ဆွဲတတ်ပါသေးတယ်။

    ပုံတွေက မိုက်ပါတယ်။ ကိုဆူး ဆွဲထားတဲ့ တောလမ်း ကို လျှောက်ချင်သား။ အဲဒီမှာ ရာသီဥတု သာယာနေပြီ ထင်တယ်။ ပုံမှာ အစိမ်းရောင်တွေ တွေ့နေရပြီ။

    ReplyDelete
  2. ကိုဆူးရေ လာကြည့်သွားတယ်...။
    လှလိုက်တာ ..။
    စာမရေးဖြစ်လည်း ခုလို ပန်းချီလေးတွေ တင်ပေးရင် ကျေနပ်ပါတယ်။ :D

    ReplyDelete
  3. ပန်းချီတွေနဲ့ အလုပ်များနေတာလာဗျ မိုက်တယ်ဗျာ ကိုယ်ကတော့မဆွဲတတ်ဘူးသူများဆွဲထားတာတော့သဘောကျတတ်တယ်ဗျ

    ReplyDelete
  4. ကိုဆူး ပန်းချီဆွဲတာ မြင်တိုင်း အိမ်က သားသားတယောက်လည်း ခဲတံကိုင် တော့တာပဲ...
    သားသား ကိုဧရာကို ပြောတာ...

    ReplyDelete
  5. အပေါ်ဆုံးက ဓာတ်ပုံ၊ အောက်နှစ်ပုံက ပန်းချီ... ဟုတ်တယ်နော်... ။ အောက်ဆုံးပုံလေး လှလိုက်တာ... လှတယ်ဆိုတာ ကြည့်ကောင်းလို့ ထပ်ကြည့်ချင်စိတ်ဖြစ်ဖြစ်နေတာ ပြောတာပါ...။

    ReplyDelete
  6. ကိုဆူးရေ..ပန်းချီကားတွေ ယူထားလိုက်ပြီနော်.. ကိုယ်တိုင်ကျတော့ မဆွဲနိုင်ပေမဲ့ သူများဆွဲတာတော့ အကုန်လိုချင်တယ်း)

    ReplyDelete
  7. ပန်းချီဆွဲတဲ့အခန်းလေးက ပျော်စရာလေးနော်။ ကိုဆူးရဲ့ ပန်းချီလေးတွေ အမှတ်တရသူသွားတယ်။

    ReplyDelete
  8. အမှတ်တရ ယူသွားတယ်။ ( အပေါ်မှာ စာလုံးပေါင်းမှားသွားလို့)

    ReplyDelete
  9. ကနေတဲ့ ပုံလေးက တော်တော်အသက်ဝင်တယ်နော်… တော်လိုက်တာ…. ပန်းချီခန်းလေးက ငြိမ်းငြိမ်းချမ်းချမ်းလေး… တခါမှ မရောက်ဖူးဘူး… သြော်… ကိုယ့်အဖြစ်က သားလောက်မှ မဆွဲတတ်တော့ သားကိုပဲ အဖော်စပ်တာပေါ့နော်… တကယ်ပါ… ကိုသစ်နက်ဆူးနဲ့ နီးရင် သားကို လာပို့ ထားတယ်…

    ReplyDelete