Monday, September 29, 2008

ကျနော့်ရဲ့  3D sculpture လေးများ













ကျနော်ပြုလုပ်ထားတဲ့  3D ရုပ်ထု..( ပန်းပု) လေးတွေပါ...ကျနော်တို့ အလုပ် ဂိမ်းတွေ ၊အများဆုံးအုပ်စုလိုက် ဖန်တီးကြပါတယ်...လုပ်ဖေါ်ကိုင်ဖက်တွေထဲမှာ...ကျနော်တစ်ယောက်ဘဲ မြန်မာပါ...ကျန်တာတွေက၊ နော်ဝေးလူမျိုးတွေနဲ့  နယူးဇီလန်က လူတွေပါ...ဂိမ်းတွေရုပ်ရှင်တွေ အတွက် ပုံစံငယ် ပန်းပုလေးတွေ လိုအပ်ပါတယ်..ပြီျးမှ ၄ဘက်မြင် စကင်ဖတ်ပြီး မာယာ ပရိုဂရမ်နဲ့  လှုပ်ရှားမှုတွေ ဖြစ်လာအောင်ဖန်တီးရပါတယ်...တစ်ကယ်ဆို ဒီအရုပ်လေးတွေက ကျနော့် တာဝန်ပိုင်းမဟုတ်ပါဘူး၊ ပန်းချီနဲ့ ကော့မစ် တွေပါ......ဒီတာဝန်ကို ယူထားတဲ့ လူက တစ်ယောက်ပါ...ဒါကို စလုပ်ကြတော့ သူ မလုပ်နိုင်ပါဘူး....အင်မတန် အနုစိတ်ပြီး လက်ဝင်ပါတယ်..ကျနော်က ငါလုပ်ကြည့်ချင်တယ်လို့ ပြောတုန်းက သူတို့ တွေ ရယ်ပြီး လုပ်ချင် လုပ်ကြည့်လို့ ပြောပါတယ်...ဘာလို့ လည်းဆိုတော့ မလုပ်နိုင်ဘဲ ဖြစ်နေတဲ့ သူက ဒီပညာနဲ့ လုပ်စားနေတာပါ...။
ကျနော်ပထမ တစ်ရုပ်လုပ်တာနဲ့ တင် ပါးစပ်ပိတ်သွားပြီး...တာဝန်လွှဲအပ်ခဲ့ ကြပါတယ်...
ကျနော်မလုပ်တတ်တာ သူတို့ သိထားပါတယ်..ဒါပေမယ့် ပုံထွက်လာတော့ မလုပ်တတ်ဘူးပြောတာ...ဘယ်လိုမှ မယုံနိုင်ဘူးတဲ့ ..။
ကျနော်ကတော့ ပြုလုပ်ဘူးတဲ့ ကုသိုလ် အကျိုးပေးပြီ ဆိုတာ..သိလိုက်ပါတယ်...။
ကျနော် ဆုတောင်းပြည့်တာပါ..။
ဘာကြောင့် ဆုတောင်းပြည့်သလည်းဆိုရင် ဘုရားပုံတော်လှုသူရော၊ ပန်းပုထုသူပါ...သေတယ်လို့ နာမည်ကြီးနေတဲ့  သထုံမြသပိတ်တောင် ခြေက လင်းလွန်းပင်မှာ ပန်းပုရုပ်ထု ပူဇော်တုန်းက ဆုတောင်းခဲ့ ဘူးလို့ ပါ..။
နောက်ပို့ စ်မှာ အဲဒီ အကြောင်းလေးရေးပါမယ်...ဒီနေ့ တော့ ဒီပန်းပုရုပ်ထုလေးတွေဘဲ ပို့ စ်တစ်ခုအနေနဲ့ တင်ပြလိုက်ပါတယ်...။

သစ်နက်ဆူး

14 comments:

  1. ပန်းပုလေးတွေက လှလိုက် အသက်ဝင်လိုက်တာ။
    ဘုရားပေးတဲ့ လက် ပါပဲ။

    ReplyDelete
  2. တကယ်ပါဘဲ၊ အရမ်းချစ်ဖို.ကောင်းတဲ့ အရုပ်လေးတွေပါ။ အနုပညာကို ဘက်စုံကတော်တဲ့လူပါဘဲ။ အရမ်းတော်တယ်။

    ReplyDelete
  3. ပညာတခုကို သေသေချာချာ ကြိုးစား လေ့လာပြီး တတ်မြောက်ထားရင် ဘယ်နေရာရောက်ရောက် အကျိုးရှိတယ်ဆိုတာ ကိုဆူးက သက်သေပြနေတယ်။

    ReplyDelete
  4. Lord of the rings ထဲက ဇာတ်ကောင်တွေ အကြောင်း ၊ ပုံကြမ်းကနေ ၊ အရုပ်လုပ်တာထိ ကျနော်စာအုပ်ထဲတွေ့ဖူးတယ် ။ ဈေးလည်းကြီးတယ် အရုပ်တွေက ။အခု ကိုသစ် အရုပ်တွေလုပ်ထားတာတွေ့လို့( မြန်မာလူမျိုးတစ်ယောက်အနေနဲ့ရော )ကိုသစ်အတွက် ဂုဏ်ယူမိပါတယ် ။ 3 d max သုံးပြီး မိုလောင်းတာတော့ တွေ့ဖူးတယ် ကိုသစ် ။ အချိန်ရရင် ကျယ်ကျယ်ပြန်ပြန့်ရေးပေးစေချင်တယ် ။ ပုံကြမ်းထုတ်တာလေးတွေကနေ စပြီး အဆင့်ဆင့် သဘောမျိုးလေးပေါ့ ။ ဘယ်နေရာကို ပြင်လိုက်တယ် စသဖြင့် ပါ ။ ကျနော်တို့လို လူတွေလေ့လာအတုယူလို့ရအောင်ပါ ။

    ReplyDelete
  5. ပုံရိပ် / Pon YateSeptember 29, 2008 at 6:36 PM

    ကိုသစ်နက်ဆူး လုပ်ရတဲ့ အလုပ်က စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ အရုပ်ကလေးတွေက တကယ် အသက်ဝင် ပါတယ်။

    ReplyDelete
  6. ဟာ .. ကိုဆူးကလည်း ဆုတောင်းပြည့်တဲ့အကြောင်း အစဖော်ပြီး ရပ်ထားလိုက်တော့ .. ဖတ်ရင်း ဆန့်တငင့်ငင့်နဲ့ ။ မချိုသင်းပြောသလို အဲဒီပို့စ်ကို စောင့်မျှော်နေတယ် ။

    ဒါနဲ့ 3D sculpture လေးတွေ သိပ်ကြိုက်တယ် ။ ပုံပြင်ထဲက ပုံလေးတွေရော လုပ်လား .. ဥပမာ snow white .. sleeping beauty ... beauty & the beast ထဲကတွေပေါ့း)

    ကိုဆူးအနုပညာတွေကတော့ တခုပြီးတခုပါပဲလား ။ အဲလောက် အနုပညာတော်တာလေး နည်း၂လောက် ရချင်လိုက်တာ ။

    ReplyDelete
  7. အရုပ်လေးတွေကအရမ်းအသက်ဝင်လိုက်တာ...
    အကိုက တကယ့်အနုပညာရှင်ပါ...

    ReplyDelete
  8. ထင်ထားပါတယ်… အကပြီးထဲက နောက်မျှော်လင့်မထားတဲ့ အနုပညာတွေ ထွက်လာဦးမယ်ဆိုတာ… ခု ပန်းပု… နောက် ပန်းဘယ်နှစ်မျိုးတတ်သေးလဲ မသိဘူးနော်… အိမ်ချင်းနီးရင်လဲ အကောင်းသား… လေ့လာဆည်းပူးလို့ ရတာပေါ့… အနုပညာဘက်စုံတော်တဲ့ ကိုသစ်နက်ဆူးရဲ့ ကြိုတင် ဟောကိန်းထုတ်လို့ မရတဲ့ ပို့ စ်အသစ်တွေ စောင့်မျှော်ရင်း…..

    ReplyDelete
  9. မနက် ၆း၀၀ မှာ အိပ်ယာထ အလုပ်မသွားခင်
    ကွန်ပြူတာ တစ်ချက်ဖွင့်ပြီး ၀င်ကြည့် ကတည်းက
    ကွန်မန့် တွေ တွေ့ တော့ အံ့သြမိတယ်...သူကနေ့ ဆို
    ကိုယ်ကညဥ့် ဖြစ်နေတာမဟုတ်လား....။
    စဉ်းစားနေတာ သူတို့ တွေအိပ်ကောအိပ်ကြရဲ့ လား
    လို့ တောင် တွေးမိတာ....။
    အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်...။
    ဒီအရုပ်လေးတွေ လုပ်တာကို လည်း ပို့ စ်တစ်ခု အနေနဲ့  လက်တွေ့ လုပ်တာကို တစ်ဆင့်ခြင်း၊ ဓါတ်ပုံနဲ့  တစ်ကွ တင်ပြပေးဘို့ အစီအစဉ်ရှိပါတယ်...။
    ဂျစ်တူးမေးတာကို ပြောပါမယ်...
    အရုပ်လေးတွေကို ဇာတ်ကောင်အစုံ လုပ်ရပါတယ်..။
    နောက်မှ လူသိများတဲ့ ဇာတ်ကောင်ပုံလေးတစ်ခု ကို ပို့ စ် တစ်ခု အနေနဲ့ တင်ပေးပါမယ်...။
    မတန်ခူးရေ...
    ကျနော်ကလည်း အိမ်နီးရင် ကင်းမုန်သီးချက်ခိုင်းပြီး ထမင်းလာစားမလားလို့ စဉ်းစားနေတာ...။
    မကြီးမိုး( မမိုးချိုသင်း) ဆီတော့....စဉ်းစားနေတုန်းဘဲ....
    မမိုးရေးထားတဲ့ ကြက်ဥကြော်ပို့ စ် ဖတ်ပြီးကတည်းက....မမိုးဆီတော့ အသွားအလာ
    ဆင်ခြင်မယ်လို့ ....တစ်လက်စတည်း ဘုရားမှာလဲ ရက်အကန့် အသတ်မရှိ ကြက်ဥလှုလိုက်တာ...ဟိ..။

    ReplyDelete
  10. အောင်မာ..သူများ ကြက်ဥ ကြော်ကို စားခွင့် မရဘူးသေးလို့များ။

    ReplyDelete
  11. အရုပ်လေးတွေ တကယ်လှပါတယ်။

    ReplyDelete
  12. ဒီပန်းပုရုပ်ထုလေးတွေ ကိုဆူး ကိုယ်တိုင်လုပ်တားတယ် ဆိုတာ သိလိုက်ရတော့ တော်လိုက်တာ လို့ ပြောရမှာ မလုံလောက်သလို ခံစားရပါတယ်...။

    ReplyDelete
  13. ko sue,

    ko sue yae thit sar mhan lo i am proud of u. Also proud that among other european ppl you can do both part of art.

    Cheer
    Nyi

    ReplyDelete
  14. တော်လိုက်တာ.......
    ဦးစိတ်တို၊မျောက်ညိုကို 3Dနဲ့ မြင်ချင်မိတယ်..အဟိ

    ReplyDelete