Thursday, September 11, 2008

ပုံတူ ပန်းချီ


ပုံတူပန်းချီလေးတွေကို တင်ပေးရန် အစီအစဉ်ရှိပေမယ့် ....လောလောဆယ်တင်ဘို့ ရည်ရွယ်ထားတာမဟုတ်သေးပါဘူး....
ဒါပေမယ့် ခင်မင်မိတဲ့ မောင်နှမ သူငယ်ချင်းတွေ တောင်းဆို တဲ့ အတွက် ၊ ရှိတဲ့  ပုံလေးတွေ တင်ပေးလိုက်ပါတယ်..။
ဒေါ်အောင်ဆန်းစုပုံတူကို ကျနော်ခဲမှုန့် ကို အသုံးပြုပြီး ဆွဲခဲ့ပါတယ်....ကျနော်တို့ မြို့ လေးမှာ ငြိမ်းချမ်းရေးအတွက် စွန့် လွှတ် စွန့့် စားသူတွေ၇ဲ့ ပုံတူတွေချိတ်ဆွဲပြီး...ငြိမ်းချမ်းရေးပြပွဲလေးတစ်ခု လုပ်ဖြစ်ခဲ့ ပါတယ်..။ မြို့ နယ် တာဝန်ရှိသူတွေက မြန်မာပြည်ရဲ့ 
ငြိမ်းချမ်းရေးအတွက် ကျိုးစားနေသူ ဒေါ်အောင်ဆန်းစုကြည်ပုံတူရှိရင် ကူညီပေးပါ..ဌားရမ်းပေးပါလို့ အကူအညီတောင်းလာပါတယ်..
ကျနော့် မှာလည်း အဆင်သင့် မရှိသေးတဲ့ အတွက် အချိန်လုပြီး အသင့် ဘောင်ကျက်ပြီးသား ကင်းဗတ်စ လိုက်ဝယ်ယူရပါတယ်...။
ဒီပန်းချီကားက ၃.၅ပေx ၅ပေ နီးပါးအရွယ်အစား ရှိပါတယ်..။
ကျနော်စတင်ရေးဆွဲတော့ ည ၉ နာရီရှိနေပါပြီ...ပန်းချီကားကို မနက်၎း၃၀ မှာ အပြီးရေးဆွဲခဲ့ပါတယ်...နောက်မနက်ဆိုရင်ငြိမ်းချမ်းရေးပြပွဲပါ..။အချိန်မှီခဲ့ ပါတယ်...။ မိုးလင်းတာနဲ့  ပြပွဲ တာဝန်ရှိသူတွေကို ဖုန်းဆက်ပြီး ပန်းချီကားပေးလိုက်ပါတယ်..။ လူကတော့ နည်းနည်း ပင်ပန်းပါတယ်..။ ငွေကြေးလည်း မယူပါဘူး...။
တိုက်တိုက်ဆိုင်ဆိုင် ပေါ့ အဲဒီအချိန်က မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဒါဏ်ကြောင့် ပြည်သူပြည်သားတွေဘ၀ ကြေမွနေတဲ့ အချိန်ပေါ့..။
ပြပွဲဖွင့်တဲ့ ညနေမှာဘဲ ဖုန်းဝင်လာပါတယ်...ပန်းချီကားကို ခရိုနာ.၅၀၀၀ နဲ့  လာဝယ်နေပါတယ်တဲ့ ..။
အမှန်ဆိုရင် ကျနော်က ရောင်းဘို့ မရည်ရွယ်ခဲ့ ပါဘူး..။ ဒါပေမယ့် ကျနော်ရောင်းလိုက်ပါတယ်...။
ပြီးတာနဲ့ နော်ဝေ မြန်မာ အသင်းကတစ်ဆင့် မြန်မာပြည်မုန်တိုင်းအတွက် ခရိုနာ ၅၀၀၀ ကို ချက်ခြင်း လှုလိုက်ပါတယ်...။
ကျနော်ရဲ့ လုပ်ရပ်နဲ့ ကူညီမှုလေးက မကြီးကျယ်ပါဘူး...သဲတစ်ပွင့် လောက်ပါ...။
ဒါပေမယ့် ကျနော် ကျေနပ်ပါတယ်၊ ဘာဖြစ်လို့ လည်းဆိုတော့ ကျနော် တစ်နေ့  အသက်သေဆုံးကာနီး အချိန်မှာ ကျနော့် လက်၂ ဘက်ကို ကျနော်ရဲရဲ ၀ံ့ဝံ့ ကြည့်ရဲမယ့် အလုပ်တစ်ခု လုပ်ခဲ့ တာလေ..။.......

ဒီပုံလေးက အီတလီက လာအပ်တဲ့  မောင်နှမ ၂ယောက်ပုံလေးပါ...။


ဒီရယ်မောနေတာက လုပ်ဖေါ်ကိုင်ဖက် နော်ဝေ အမျိုးသမီးပုံပါ...အတူတူ ထိုင်နေကြယင်း ကွန်ပြူတာမှာ PHOTOSHOP CS2 နဲ့ ဆွဲထားတာလေးပါ..။


ဒါကတော့ ပုံကိုတွေ့ တိုင်း မိတ်ဆွေတွေနဲ့ ခဏခဏငြင်းရပါတယ်...ဂျိုလီရဲ့ ပုံကို PHOTOSHPO CS2 နဲ့ ရေးဆွဲထားတာပါ...။
WACOM TABLE ပေါ်နေတာကို ကျနော်မသိပါဘူး ..မောက်စ် ကိုဘဲ အသုံးပြုပြီး ဆွဲခဲ့ ပါတယ်..တော်တော် လက်ဝင်ပါတယ်..
မောက်စ် နဲ့  ဆွဲဘူးရင်သိပါတယ်..တစ်ချို့ ကကျနော်ဆွဲထားတယ်ဆိုတာ မယုံပါဘူး..။

ဒီမှာပုံတူတွေ အများကြီးဆွဲရပေမယ့် ကျနော်အမှတ်တယ ဓါတ်ပုံတွေ ရိုက်မထားပါဘူး...
မ၉၉စနေ ပုံတူလေးတော့ ရှာမတွေ့ သေးလို့  နောက်မှ ထပ်တင်ပြပေးပါဦးမယ်....။
ဒီလို ပန်းချီပုံလေးတွေ တင်ရင်း ပန်းချီသမားဘ၀အတွေ့ အကြုံလေးတွေလည်း ကြုံရင် ရေးပါဦးမယ်...။
ဒီပုံလေးတွေ တင်ပေးတာကတော့ တစ်ခြားကြောင့် မဟုတ်ပါဘူး.....ပန်းချီသိုက်ထဲက မောင်နှမ ညီအကိုတွေ ဆုံတွေ့ ကြရအောင်ပါ.....။
ပုံနဲ့  စာတွေလွဲနေပါတယ်...နားလည်ခွင့်လွှတ်ပေးပါ..။
သစ်နက်ဆူး

10 comments:

  1. ပုံရိပ် / Pon YateSeptember 11, 2008 at 7:00 PM

    ဒေါ်စုပုံက တော်တော်လေး ကောင်းတယ်။ တော်လိုက်တာ။

    ReplyDelete
  2. ကိုသစ်နက်ဆူးရေ… အမေ့ပုံလေးက ကောင်းလွန်းလို့ အမေ ကိုယ့်ဘေးရောက်လာသလိုတောင် ခံစားလိုက်ရတယ်… ရည်ရွယ်ချက်လေးနဲ့ လုပ်ဆောင်ချက်လေးကိုလဲ လေးစားပါတယ်… ကျွန်မအဲဒီပုံလေး သိမ်းထားခွင့်ပြုပါနော်… အိမ်မှာ ချိတ်ဆွဲထားချင်လို့ ပါ… ဂျိုလီပုံကလဲ အတော် အသက်ဝင်လွန်းလို့  ဘရက်ပစ်များ ဆွဲထားသလား အောင့်မေ့ရတယ်…

    ReplyDelete
  3. ပုံရိပ်ရေ...
    ပန်းချီဆရာတော်တာ မဟုတ်ဘူး...
    ဒေါ်အောင်ဆန်းစုကြည် မျက်လုံးတွေက
    ဖမ်းစားလိုက်တာ....။

    ReplyDelete
  4. မတန်ခူးရေ ...
    ကြိုက်တဲ့ ပုံကို ယူပါဗျာ...။
    မတန်ခူးသားလေးအတွက်လည်း နောက်မှ ဆွဲပေးပါဦးမယ်...။
    မောင်နှမချင်း သိပ်မမြှောက်နဲ့ ...
    ဘရက်ပစ်နဲ့ တူတာဆိုလို့  မုတ်ဆိတ်မွှေးငုတ်တိုဘဲ
    ရှိမယ်..။

    ReplyDelete
  5. ပုံလေးတွေကို ဘာမှကို အထူးမပြောလိုတော့ပါဘူးဗျာ

    မောက်စ်နဲ့ ဆွဲတာကတော့ သိတယ်
    ကျနော် ဒစ်ဂျစ်တယ်ပုံ တွေ အားလုံး မောက်စ်နဲ့ဆွဲတာချည်းပဲ.။ paint ထဲမှာဆွဲတယ် အခုနောက်ပိုင်းမှ ဖိုတိုရှော့ထဲ နည်းနည်းစမ်းဆွဲတယ်။ ဖန်ရှင်တွေ မသုံးတတ်လို့ လုပ်တာ မှန်သမျှ လက်နဲ့လုပ်ထားတဲ့ manual တွေချည်းပါပဲ။

    ReplyDelete
  6. angelina jolie ရဲ့ ပုံက အရမ်း တူတာပဲ ။

    ဒေါ်စုပုံကတော့ ... သူ့ ရှိရင်းစွဲထက် ပို ရင့်နေသလိုလို ၊ အိုစာ နေသလိုလိုပဲ ။ တကယ်က ဒေါ်စုမျက်နာမှာ အမြဲမြင်နေရတဲ့ မျှော်လင့်ချက်တွေ ခွန်အားတွေနဲ့ တောက်ပနေတဲ့ မျက်ဝန်းတွေကို မမြင်ရဖူး လို့ ထင်မိတယ် ။

    ခု ပုံက မျက်နှာပေါ်မှာ စိုးရိမ်မှုတခုခုကို မြင်နေရသလိုပဲ ။ ကျမမြင်တာ ပြောကြည့်တာပါ ။

    ReplyDelete
  7. ပန်ဒို.....
    ကျိုးစားဟေ့....
    ကျနော်တို့ လည်းကျိုးစားတုန်းဘဲ..။
    ဂျစ်တူး..ရေ့ ...။
    ကျနော်လိုတာဖြစ်နိုင်ပါတယ်...
    ကျနော်ရှိရင်းစွဲ အလင်းအမှောင်ထက် ပိုတင်ထားပါတယ်...။။
    ဒေါ်စုကတော့ မြန်မာပြည်သူပြည်သားတွေအတွက်
    စိုးရိမ်နေတာကတော့ အမှန်ဘဲလေ...။

    ReplyDelete
  8. ကိုသစ်ရေ့ ကျနော်ကတော့ ကြွက်နဲ့ ခက်လို့ ၀ါကွန်တက်ဘလက်နဲ့ဆွဲတာ ကိုသစ် လက်ရာတွေက မာစတာပိစ်တွေချည်းပါပဲ ဂုဏ်ယူပါ၏

    ReplyDelete
  9. အန်တီစုပုံဆွဲတာတော်လိုက်တာ
    ပန်းချီခန်းထဲက မဟုတ်ပေမယ့်
    လာရောက်ခံစားသွားပါတယ်။ ဂျိုလီပုံ အမိုက်ဆုံးပဲ

    ReplyDelete
  10. ပုံတူတွေကောင်းလိုက်တာ၊ အန်တီစု မျက်လုံးလေးလည်း အ၇မ်းအသက်ဝင်တယ်၊ နော်ဝေအမျိုးသမီးပုံလည်း အလင်းနဲ့ အရိပ်ကျတာ ပြတ်သားတယ်၊ တော်လိုက်တာ၊ မောက်စ်နဲ့ ဆွဲတာ နားလည်ပါတယ်၊ ညီမကိုယ်တိုင်လည်း ငယ်ငယ်က ဆွဲတယ်၊ တချိန်လုံးပဲ၊ အဲဒီတုန်းကဆို layer ထပ်ပြီးဆွဲဖို့တောင်နားမလည်ဘူး၊ software စကိုင်ကာစ၊ ပုံကိုဘေးမှာထားပြီးကြည့်ဆွဲတာ၊ pen tool နဲ့ ခု CS5 မှာ brush တွေကလည်း အရမ်းကြီးကောင်းလာပြီ၊ ဆံပင်ဆွဲတာတွေ lesson file ကြည့်ဖူးတယ်၊ ဂျိုလီပုံကလည်း မျက်လုံး၊ နှုတ်ခမ်း၊ အသားတွေ ဆွဲထားတာ အားကြီးကောင်းတယ်၊ မောင်နှမ နှစ်ယောက်လည်း မျက်နှာလေးတွေ အလင်းများများနဲ့၊ တော်လိုက်တာ၊ ညီမက မဆွဲတတ်ဘူး၊ အဲလိုဆွဲတတ်ချင်ပေမယ့် အလုပ်က ဘာရှုပ်မှန်းကိုမသိပါဘူး၊

    ကိုသစ်နက်ဆူး ပျော်ရွှင်ချမ်းမြေ့ပါစေ
    ခင်မင်လေးစားတဲ့

    ReplyDelete