Monday, September 8, 2008


ဒီကားလေးက PhotoshopCS2 မှာ ကိုယ်ပိုင်စုတ်လေးတွေ လုပ်ပြီး ရေးထားတာပါ...နာမည်တော့ မပေးထားပါဘူး.....
ကြုံရင်တော့ ကိုယ်ပိုင်စုတ်တံ လုပ်နည်းလေး ရေးပါဦးမယ်..။


“ရေခပ်ဆင်းချိန်”
ဒီပန်းချီကားလေးကို ရေခပ်ဆင်းချိန်လို့ အမည်ပေးထားခဲ့ ပါတယ်....တိုင်းရင်းသားတွေရဲ့ ဘ၀နဲ့ အလှကို ဖော်ကျူးထားတာပါ..။
ဆီဆေးနဲ့  ကင်းဗတ်ပေါ်မှာ ရေးခဲ့ တာပါ....အမေရိကန်တွေ ၀ယ်ယူပြီးသွားပါပြီ..။ တိုင်းရင်းသားပုံတွေ ရောင်းခဲ့ တာများပါတယ်..
သူတို့ ဘ၀တွေက မပြည့်စုံ ပေမယ့် သူတို့ ရိုးသားပါတယ်.....
အဲဒီရိုးသားမှုကဘဲ တိုင်းရင်းသားတွေရဲ့ အလှဖြစ်နေပါတော့တယ်...။
နောက်ပို့ စ်တွေမှာ ခဲပန်းချီ အကြောင်းလေးတွေ တင်ပြပါဦးမယ်....။
သစ်နက်ဆူး

3 comments:

  1. ခင်ဗျားကတော့ ကျနော်တို့ တောင်ခြစ် မြောက်ခြစ် မလုပ်ရဲအောင် လုပ်နေပြီ။ မရဘူး သင်ပေးမှ ဖြစ်မယ်နော်။

    ReplyDelete
  2. မဟုတ်ရပါဘူးပန်ဒိုရယ်......
    ဝေးကွာနေတဲ့ လက်လေးတွေ လှမ်းချိတ်တဲ့..
    စေတနာပါ...။
    သင်ပေးမှာပါ...။

    ReplyDelete
  3. ကိုဆူး
    ပန်းချီအခြေခံအကြောင်း စရေးပေးပါလား။
    ဖြည်းဖြည်းချင်း နည်းနည်းချင်းပါပဲ။

    ReplyDelete