Tuesday, December 30, 2008

“အလှည့် ”



အတုန့်အလှည့်ဆိုတဲ့စကားထက်စာရင်အလှည့်ဆိုတဲ့စကါးကပိုပြီး နီးစပ်ပါလိမ့်မယ်။ အတုန့်အလှည့်ဆိုတာသူတစ်ပြန်ကိုယ်တစ်ပြန်သဘောတရားပါပေမယ့်
အလှည့်ဆိုတာကတော့သူ့ဘက်ကဘာမှမလုပ်ပေမယ့်ကိုယ့်အလှည့်ဆို
တာကိုမလွဲမသွေ ကိုယ်တိုင်တွေ့ ရတာကို ကျနော်ဖော်ကျူးချင်တာပါ
လူတစ်ယောက်အတွက်မိမိကိုးကွယ်ရာဘာသာတရားနဲ့မိမိကိုယ်တိုင်
ယုံကြည်ဆည်းကပ်သောဘုရားရှင်ရဲ့အဆုံးအမကိုဘယ်လောက်ထိလိုက်
နာသလဲ၊ဘုရားရှင်ရဲ့ဟောပြောမှုတွေကိုဘယ်လောက်လေးစားသလဲဆို
တာ၊ကိုးကွယ်ဆည်းကပ်သူရဲ့ပြုမူပြောဆိုနေထိုင်မှုကိုကြည့်ပြီးကိုးကွယ်
ဆည်းကပ်သူရဲ့ စိတ်ကိုမြင်နိုင်ပါတယ်…။
ကျနော်က အခုအချိန်မှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့်
ကျနော်လူ့ ဘ၀ထဲကို တိုးဝင်ရာဘ၀ကတော့ ဘာသာခြားမိခင်ရဲ့ 
ဝမ်းမှာဝင်စားပြီးမှ ဘာသာခြားမိခင်ရဲ့ ကျေးဇူးနဲ့ လူဖြစ်လာခဲ့ရပါတယ်။
ဒီအသိုင်းအ၀ိုင်းမှာ လူဖြစ်လာတော့လည်းဒီအသိုင်းအ၀ိုင်းမှာ နေထိုင်
ခဲ့ရပါသေးတယ်….။
သိတတ်တဲ့အရွယ်ကတည်းက ထာဝရဖန်ဆင်းရှင်အတွက်ဆိုပြီး
ပူဇော်တဲ့အခါမထင်မှတ်ဘဲ ပန်းတွေဝေနေအောင်ပန်ထားတဲ့နွား
တစ်ကောင်ရဲ့ မျက်ရည်ကို ကျနော်တွေ့ ခဲ့ဘူးတယ်။
ကျနော်၈တန်းအောင်တဲ့နှစ် ကျနော့်အောင်မြင်မှုအတွက်ဆိုပြီး
ဆိတ်တစ်ကောင်ကို သတ်ပြီိးအောင်ပွဲခံဘို့ အဖေက စီစဉ်ထားတယ်..
ကျနော်ကအပြင်ထွက်နေတော့ မသိလိုက်ပါဘူး။အပြင်ကပြန်ရောက်
တော့ မှောင်ရီပျိုးနေပါပြီ…။


ဆိတ်တွေ အကောင်၁၀၀ ကျော်မွေးထားတဲ့ထဲကမှထူးထူးခြားခြား
ဆိတ်တစ်ကောင်ကအဆက်မပြတ် အော်နေလို့ အိမ်အောက်ကို
ဆင်းကြည့်တဲ့အခါ တိုင်မှာချည်ထားတဲ့ဆိတ်ငယ်လေးက ကျနော့်
ကိုမြင်တာနဲ့ ပိုပြီးအော်ပါတယ်…။
ဆိတ်ကလေးနားကိုကပ်သွားတဲ့ အခါ ကျနော့်ခြေထောက်ကိုခေါင်းနဲ့ 
အတင်းတိုးဝှေ့ပြီး နေပါတယ်..။
ဆိတ်ကလေးမှာမျက်ရည်တွေနဲ့ ပါ…။အဖေတို့ ကိုပြေးပြီးဆိတ်ကလေး
အော်နေတယ်နေမကောင်းလို့ လားမသိဘူးလို့ ပြောတော့
“မင်းအောင်မြင်မှုအတွက် ဂုဏ်ပြုဘို့ သူ့ ကိုရွေးထားတာ” လို့ အဖေ
ပြောလိုက်တော့….
ကျနော့်ရင်ထဲမှာအောင့်သွားဘူးတယ်…..။ အဖေ့ကိုမတားရဲခဲ့ပါဘူး…။
အဖေရယ်…ကျနော် ၈တန်းအောင်တဲ့အောင်မြင်မှုလေးနဲ့ များဆိတ်ငယ်
လေးရဲ့ အသက်နဲ့ ရင်းရက် လဲရက်လိုက်တာ…။
ဆိတ်ကလေးရဲ့ မျက်ရည်တွေ ကျနော် မမေ့ခဲ့ပါဘူး…။
ကျနော်ဗုဒ္ဓဘာသာကိုဆည်းကပ်ကိုးကွယ်ကျင့်ကြံနေဆဲကာလမှာလဲ
လူအမျိုးမျိုးတွေ့ ခဲ့ဘူးပါတယ်…။
“ အခုလုပ်ချင်တာလုပ်၊ နောက်ဘ၀ နောက်ခန္ဒာဘဲ”
“ဘာဘဲလုပ်လုပ်သေကာနီးစိတ်ထားတတ်ဘို့ဘဲလိုတယ် ”
ဒီလိုပြောဆိုလုပ်ကိုင်နေသူတွေကို တွေ့ တဲ့ အခါ ကျနော်ကနောက်မှ
ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ပေမယ့်….ကြားထဲကနေပြီးဗုဒ္ဓဘုရားရှင်ကို မျက်နှာ
ပူပြီး အားနာတတ်ခဲ့တယ်။
မသိလို့မိုက်မှားခြင်း၊သိပါလျှက်နဲ့မိုက်မှားခြင်းဆိုပြီး နှစ်မျိုးခွဲထားပေမယ့်….
“ မီးကျီးခဲမှန်းမသိလို့ လက်နဲ့ ကိုင်လဲ ပူမှာဘဲ”
“မီးကျီးခဲမှန်း သိပါရက်နဲ့ ကိုင်လဲပူမှာပါဘဲ” ။
တစ်ပါးသူကိုအပြစ်ပြောချင်လို့ဒီလောက်စာပျိုးနေတာမဟုတ်ပါဘူး..။
ကိုယ့်ကိုကိုယ်ပြောချင်လို့ ပါ..။
ကျနော်တို့ မိသားစုက ကြောင်မမွေးပေမယ့် ဘယ်ကလာမှန်းမသိတဲ့ 
ကြောင်လေးတစ်ကောင်ကို သံယောဇဉ်ဖြစ်ပြီး အိမ်မှာဘဲ ကျွေးမွေးထား
ခဲ့ကြပါတယ်…။
ကြောင်တွေခွေးတွေကိုမချစ်တတ်ပေမယ့်ကိုယ့်အရိပ်မှာလာနေတဲ့
အချိန်မှာတော့ သူ့ရဲ့ ဝမ်းတစ်ထွာရဲ့ ဆာလောင်မှုနဲ့ လုံခြုံရေးကိုတော့
ကျနော်ကမြင်ပေးခဲ့ပါတယ်….။
ကိုယ်ဆာလောင်သလို သူဆာမှာပါဘဲဆိုပြီး ကျွေးမွေးပါတယ်…။
စောင်လေးတွေနဲ့ အိပ်ယာလုပ်ပေးပါတယ်…။ မဒမ်ဆူးကပြောတယ်
“တော်သေးတာပေါ့၊ကြောင်မချစ်တတ်ဘူးဆိုလို့ ဘဲ…
ချစ်များချစ်တတ်ရင်တော့ ….” လို့ စ ခဲ့ရင်
“ ဒါချစ်လို့ မဟုတ်ဘူး…ကိုယ်ချင်းစာ လို့ ပါ” လို့ ကျနော်ပြောခဲ့တယ်..။
ဒီလောက်သတိထားတဲ့ကြားကတစ်နေ့ ထမင်းဝိုင်းမှာ စကားတစ်ခွန်း
မှားမှုအတွက်နဲ့ မဒမ်ဆူးနဲ့ စကားအခြေအတင်ဖြစ်နေခဲ့တယ်…။
ဒီအချိန်မှာကြောင်လေးက အစာလာတောင်းတော့ ပန်းကန်နဲ့ ထည့်ပေး
ထားပေမယ့် စားနေတဲ့ ငါးအတုံးကို စားပွဲပေါ်မှာဘဲ ချကျွေးခဲ့တယ်…
၃ကြိမ်မြောက်အစာတောင်းလို့ချကျွေးချိန်မှာကျနော်ချကျွေးနေတဲ လက်
ကို သူကိုက်လိုက်တဲ့အခါ ကျနော့်ဒေါသစိတ်က သူ့ ဘက်ရောက်သွားပြီး
ကျန်လက်တစ်ဖက်နဲ့ဆွဲယူပြီး ကျနော့်လေး၃ပေအကွာလောက်ကအိမ်နံ
ရံဘက်ကို လွှဲပစ်လိုက်ပါတယ်…။ ဒေါသစိတ်အလျှောက်လုပ်ပြီးတာနဲ့ 
သတိစိတ်က၀င်လာပေမယ့် နောက်ကျသွားပါပြီ..။
ကြောင်ကလေးကိုကြည့်လိုက်တော့ နံရံမှာဘဲ ကပ်ပြီးခွေနေပါတယ်…။
မျက်စေ့လေးမှိတ်ပြီးခွေနေပေမယ့် သူ့ စိတ်ကို ကျနော်မြင်ရသလိုပါဘဲ။
ထမင်းဆက်မစားတော့ဘဲ ကြောင်ကလေးကိုပွေ့ ယူပြီး ခြံထဲက
မင်းကွတ်ပင်အောက်မှာ ကျနော်သွားထိုင်နေခဲ့ပါတယ်..။
စကားတွေတစ်တွတ်တွတ်ပြောရင်း သူ့ ခေါင်းလေးကိုပွတ်ပေးရင်း…
ကျနော်စိတ်မကောင်းဖြစ်ခဲ့ရတယ်…။
ကြောင်ကလေးကဘာမှမပြောခဲ့ပါဘူး၊ လက်စားခြေဘို့ လည်း မကျိုးစား
ခဲ့ပါဘူး…။
………………………
ဒီအဖြစ်အပျက်လေးကမေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ပြီး တစ်နှစ်ကျော်
လောက်မှာ ရန်ကုန်ကိုကိစ္စလေးတစ်ခုအတွက်နဲ့ လနဲ့ ချီပြီးနေခဲ့ပါတယ်။
တာမွေကအစ်မအိမ်မှာတည်းနေရင်းပေါ့လေ..။
တစ်ရက်တော့ နော်နော်လေးကိုထိန်းပေးနေရင်း သားအဖ၂ယောက်…
အတူဆော့နေခဲ့ပါတယ်..။နော်နော်က ၁နှစ်မပြည့်တတ်သေးပါဘူး..။
သူဆော့ရင်းဘောလ်ပင်န်ကိုကုတင်အောက်ပစ်ချလိုက်ပါတယ်…။သူ့ ကို
လက်တစ်ဖက်ကထိန်းရင်း ကုတင်အောက်က ဘောလ်ပင်န်ကိုလှမ်းပြီး
ကောက်ယူလိုက်ချိန်မှာ ကျနော့်နံစောင်းက အောင့်တက်ပြီးခွေကျသွား
ခဲ့တယ်…။
အသက်လုံးဝရှုလို့ မရပါဘူး…အော်ခေါ်ဘို့ လဲ ပါးစပ်တောင်မဟနိုင်ခဲ့ဘူး
ဒီအချိန်မှာအစ်မကနော်နော့်ကိုမုန့်လာပေးရင်း ကျနော်ခွေကျနေတာကို
တွေ့ ပြီး…ကျနော်ဖြစ်တာကိုမေးပါတယ်…။
လက်ဟန်ခြေဟန်နဲ့ ဘဲပြောနိုင်ပါတယ်။စကားလုံးဝမပြောနိုင်အောင်ကို
အောင့်နေတာပါ..အသက်ရှုရခက်နေတာပါ။ အစ်မကသူ့အသိတွေနဲ့ ခေါ်ပြီး
အောက်ကိုတွဲချရတယ်..။နေတာက ၄လွှာမှာပါ။
အားချင်းဘဲ အငှားကားခေါ်ပြီး ကန်တော်လေးဘက်က တရုပ်ဆေးခန်း
ကိုသွားရပါတယ်…လိုအပ်တဲ့ဆေးစည်းပေးပါတယ်..။
သူတို့ ကတော့ဆေးပညာအမြင်နဲ့ ဘဲဆုံးဖြတ်ပါတယ်…။ ဒါပေမယ့်
ကျနော်ခံစားရတာမသက်သာပါဘူး..။ အိမ်ကိုဘြဲပန်ခေါ်လာပြီးတော့….
အိပ်ယာပေါ်တင်ထားပေးပါတယ်…။
ကျနော်ဇောချွေးတွေထွက်လာပြီး အသက်ရှုပြန်ခက်လာပါတယ်…။
အစ်မနဲ့ မဒမ်ဆူးကို ခေါ်ပြီး ဘုရားခန်းပို့ ပေးဘို့ ပြောရပါတယ်…။
ကျနော် အသက်ရှုလို့ မရသလောက်ဖြစ်နေပါပြီ..။
တစ်ကယ်လို့  သေခြင်းတရား ကိုရင်ဆိုင်ရတော့မယ်ဆို ဘုရားကိုဘဲ
အာရုံပြုပြီး သေမယ်လို့ စိတ်ကူးခဲ့တာပါ…။
ဘုရားစင်ရှေ့ နားမှာ ချထားပေးပြီိး အကုန်ဘုရားခန်းအပြင်ထွက်ပေးဘို့ 
ပြောရင်း ခပ်စောင်းစောင်းလေးနံရံကို မှီနေခဲ့ရပါတယ်..။
ရုပ်နာမ်ရဲ့ ဖြစ်ပျက်မှု၊ရုပ်တရားရဲစတင်ဖြစ်တည်မှုနဲ့ အတူပိုင်ဆိုင်ထားတဲ့
ခန္ဒာရဲ့ ဖောက်ပြန်ဆင်းရဲခြင်းကို သေခြာစူးစိုက်ပြီး ဖြစ်ပျက်ခြင်းနဲ့ ဆင်းရဲ
ခြင်းကို မှတ်နေခဲ့ပါတယ်…။
မျက်စေ့ကိုမှိတ်ရင်း မှတ်နေစဉ်မှာ လက်မ၅၀လောက်ရှိတဲ့မြင်ကွင်းတစ်
ခုလုံးမှာ ရောင်စဉ်ကြိုးမျှင်တွေလူးလားခတ်နေပါတယ်…
တီဗွီရုပ်သံလှိုင်းတွေလိုရှုပ်ယှက်ခတ်နေရာကနေတစ်ဖြည်းဖြည်းမြင်ကွင်း
တွေ ကြည်လင်လာပါတယ်…
အကောင်းစားရောင်စုံဖလင်နဲ့ရိုက်ထားသလိုကြည်လင်လှတဲ့မြင်ကွင်းကို
ကျနော်အံ့သြစွာ တွေ့ ရပါပြီ..။
ကြောင်တစ်ကောင်ကိုလက်တစ်ဖက်ကဆွဲယူပြီးအိမ်နံရံဆီကိုလွှဲပစ်
လိုက်တဲ့မြင်ကွင်း….အိမ်နံရံကို တိုက်ပြီးခွေကျသွားတဲ့ ကြောင်ကလေး..
မျက်စေ့မမှိတ်ခင်လေးမှာ လွှဲပစ်လိုက်သူကို လျှပ်တစ်ပျက်လှမ်းကြည့်
လိုက်တဲ့ ကြောင်ကလေးရဲ့ အကြည့်…။
ကျနော် နားလည်သွားခဲ့ပါပြီ။
ကျနော့်မှာ ဖြစ်ခဲ့တဲ့ ဒေါသစိတ်ကိုပြန်ဆန်းစစ်ရင်း ဆင့်ပွားဖြစ်ပျက်နေ
တဲ့ ၃၁ဘုံ..။
အတုံ့ အလှည့်။
ကျနော့်ရဲ့အပြစ်ကိုကျနော်သေချာဇစ်မြစ်လိုက်ပါတယ်…။
ကြောင်ကလေးကိုလဲစိတ်ထဲက တောင်းပန်ရင်း မေတ္တာပို့ နေခဲ့ပါတယ်…။
မေတ္တာကိုစူးစူးစိုက်စိုက်ပို့ နေရင်း၊ ဝေဒနာကိုမှတ်နေရင်းကနေဘဲ…
မြင်နေရတဲ့ ရောင်စုံမြင်ကွင်းကရုတ်ချည်းပျောက်ကွယ်သွားပါတယ်။
မြင်ကွင်းပျော်ကွယ်သွားတာနဲ့  တစ်ပြိုင်တည်း၊ ကျနော်ရဲ့ အောင့်နေတဲ့
ဝေဒနာဟာ လုံးဝပျောက်သွားပါတယ်…။
၅မိနစ်လောက်သာကြာတဲ့အချိန်လေးအတွင်းမှာဖြစ်ပျက်သွားတာပါ..။
ဒါပေမယ့် ၅မိနစ်လောက်အတွင်းမှာ မြင်တွေ့ ပြီး ပွင့်သွားတဲ့ အသိဥာဏ်
ကတော့ ဘ၀တစ်သက်တာအတွက်ပါဘဲ..။
ဗုဒ္ဓထားခဲ့တဲ့ဘာသာတရားတော်က ဦးချရုံ၊ ကန်တော့ရုံနဲ့ပါးစပ်ကသာ
တတွတ်တွတ်ပြောရသော၊ ဘုရားစေတီတို့ ကိုသာတည်ထားရသော
ရုပ်ဝါဒီသက်သက် ကိုးကွယ်မှုဘာသာ မဟုတ်ပါဘူး…။
ဥာဏ်ပညာကိုအရင်းခံပြီး ကြိုးစားကျင့်ကြံအားထုတ်ရတဲ့ဘာသာပါ..။
ကျနော်အံ့သြတာက ကျနော် ကြောင်လေးကို ပစ်ထုတ်လိုက်ချိန်မှာ
ဘယ်သူမှ မှတ်တမ်းဓါတ်ပုံ မရိုက်ခဲ့ဘူး..။
ဘယ်သူမှ မှတ်တမ်းတင် ဗီဒီယို မရိုက်ခဲ့ပါဘူး…။ဒါပေမယ့် အဲဒီအဖြစ်
အပျက်တွေက မှတ်တမ်းတစ်ခုအဖြစ်ပီပြင်စွာရှိနေခဲ့တယ်…။
ဒီနေ့ မြန်မာပြည်မှာ….
သင်္ကန်းတွေ…သွေးစက်တွေ…လက်နက်တွေ၊ကျောင်းသူ၊ကျောင်းသား
တွေ၊ မျက်ရည်တွေ……။
ရောင်စုံမြင်ကွင်းတွေမှတ်တမ်းသတင်းတွေ တစ်ကမ္ဘာလုံးပျံ့ နှံ့ နေတယ်.
ဘာမှတ်တမ်းမှ မရှိခဲ့တဲ့ကျနော်တောင်…..
ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုကို ကိုယ်တိုင်မြင်ရပြီး “အလှည့်” ဆိုတာကို
ကြုံခဲ့ရပါတယ်…။
ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ လှုဒါန်းခြင်း၊ ဘုရားစေတီတည်ထားခြင်းမျှနဲ့ 
တော့….မှတ်တမ်းပျောက်လိမ့်မယ်လို့ တော့ လျှော့မတွက်နဲ့ …။
လည်နေတဲ့ သံသရာက အချိန်မကျသေးလို့ ပါ…။
အလှည့်ဆိုတာရှိတယ်…။

သစ်နက်ဆူး

17 comments:

  1. မသိလို့မိုက်မှားခြင်း၊သိပါလျှက်နဲ့မိုက်မှားခြင်းဆိုပြီး နှစ်မျိုးခွဲထားပေမယ့်….
    “ မီးကျီးခဲမှန်းမသိလို့ လက်နဲ့ ကိုင်လဲ ပူမှာဘဲ”
    “မီးကျီးခဲမှန်း သိပါရက်နဲ့ ကိုင်လဲပူမှာပါဘဲ” ။

    သိပ်မှန်တာပဲ. ဝဋ်ကတော့ အချိန်တန်ရင် လည်မှာပါ.

    ReplyDelete
  2. ဟုတ်တယ် ကိုဆူးရေ..
    အဲဒီ အလှည့်က အင်မတန် ကြောက်စရာကောင်းတယ်နော်။

    ကိုဆူးလဲ စိတ်ဆိုးရင် အတော် ဒေါသကြီးပုံပဲ။ အခုလို ကိုယ့်ဖာသာကိုယ် ပြန်ဆင်ခြင် သင်ယူတတ်တော့ ကောင်းတာပေါ့။ ကိုယ်က အိမ်ထောင်ဦးစီးပဲ။ ကိုယ့်မျက်နှာကို တမိသားစုလုံးက အရိပ်လို ကြည့်နေတာမို့ သူတို့ စိတ်ချမ်းသာဖို့ စိတ်ကို တတ်နိုင်သမျှ လျှော့ ပေါ့နော်။ စိတ်အေးချမ်းတာ ကိုယ့်အတွက်လဲ ကောင်းပါတယ်။
    မောင်နှမလို ခင်နေမိလို့ ပြောတာပါ။

    ReplyDelete
  3. မမိုးေ၇...
    ကျနော်က စိတ်မြန်တာပါ...
    ဒေါသမကြီးပါဘူး...။
    မမိုးကိုနေမကောင်းဖြစ်နေတာလားလို့ စိတ်ပူနေတာ...
    ကြောင်ကလေးထိတာနဲ့ ပေါ်လာတာဘဲ..။

    ReplyDelete
  4. ကိုဆူးရေ မှတ်သားစရာပါ။

    ကိုယ်ချင်းစာတရားလည်းမရှိ ရှက်ရ ကြာက်ရမှန်းလည်း မသိသူတွေ ဘယ်လိုဇာတ်သိမ်းမလဲမသိဘူး။

    ReplyDelete
  5. ကိုမင်းသားကကံကောင်းတယ်ဆိုရမှာပေါ.။
    ကြောင်ကိုပြုလိုက်တဲ.ကံကချက်ချင်းဒီဘ၀မှာတင်
    လာပြန်ပြီးအကျိုးပေးလို.လေ။နို.မို.ဘယ်ဘ၀အထိ
    လိုက်မှန်းကသိလိုက်နေယင်ဒုက္ခ။
    ကျွန်တော်တို.တစ်တွေဆီမှာအပရာပရိယဝေဒနိယ
    ကံတွေဘယ်လောက်ရှိပြီးဘယ်အထိလိုက်နေဦးမလဲ
    ဆိုတာသေချလေးလေးနက်နက်စဉ်းစားမိယင်နေ
    ၀ံ.စရာမရှိတော.ဘူးဗျာ။အယင်ပို.စ်မှာကိုမင်းသား
    ရေးခဲ.သလိုပေါ.။
    မှော်ရုံတောမှာမောသင်.လှပါပြီ။
    ဒါပေမယ်.လည်း .....

    ReplyDelete
  6. ဟုတ်တယ်ကိုဆူးရေ... မသိရင် မကြောက်ကြဘူး.. ။ ဘာမဟုတ်တဲ့ သေးသေးလေးတွေတောင် ပြန်ခံရရင် မသက်သာဘူး..။ ဒါကြောင့် ဘုရား ရဟန္တာတွေက သံသရာမှာ လည်နေရမှာကို ကြောက်ကြတာ။ မသိလို့ပြုမိလဲ.. ခံရမှာဘဲ။ သိရက်နဲ့ ပြုမိရင်ပိုဆိုးတာပေါ့..။ မကောင်းမှုတွေနဲ့ အကျိုးပေးနေတဲ့သူတွေကတော့ ဘယ်အထိများ မိုက်တွင်းဆက်နက်နေကြမလဲ.. မသိပါဘူးနော်...

    ReplyDelete
  7. အလှည့် ဆိုတာ ကြောက်စရာ အင်မတန်ကောင်းမှန်း
    ပိုပြီး သဘောပေါက်လာတယ် အကိုကြီးရေ။

    ReplyDelete
  8. ပုံရိပ် / Pon YateDecember 30, 2008 at 6:59 PM

    ကံဆိုတာ အရိပ်လို အမြဲ ကပ်ပါနေတာပါပဲ။ ဆင်ခြင်စရာပါ။

    ReplyDelete
  9. တကယ့်ကို အတွေးကောင်း အရေးကောင်းပါလားဗျာ။
    မသိပဲကိုင်တာ ပိုပူတယ်လို့ မှတ်ဘူးတယ်ဗျ သိတဲ့ မောင်က ဖွဖွကိုင်လေ့ရှိတော့  မသိသူလောက်မဆိုးဘူးပေါ့။
    အခုမောင်တွေက မသိတာရဲ့ ဟိုဘက်ကမ်းကို ဇွတ်ခတ်နေတာ ဗျာ။

    ချမ်းမြေ့ ပါစေ။

    မင်းဒင်

    ReplyDelete
  10. Ko Sue,

    တွေးစ၇ာလေးတွေချန်ထားခဲတဲ့post ပါပဲ။ညီemail ကိုလည်းcomment လေးတကြောင်းလောက်ပြန်ပေးပါအုံး။အားတွေတက်အောင်။ အားဆေးလေးလိုနေလို့။

    Happy New Year for Sue's family

    ReplyDelete
  11. သိပ် ကြောက် ဖို့ ကောင်း ပါ တယ်။ ငယ် ငယ် က ဆို အကောင် သေး လေး တွေ ကို အစ် မ တွေ အ တွက် သတ်နေ ကြ ၊ အဖေ က လည်း ဝဋ် လည် ခံ ရ မှာ ဆိုး ပြီး သူ ပဲ သတ် ပေး ခဲ့ တော့ -
    အဲဒီ အလှည့်ကို စောင့် ရင်း မိဘ တ္တော ကို ပါ ခံစား ရပါတယ်။

    ReplyDelete
  12. သိပ်ကောင်းတဲ့ပို့စ်ပဲ။ ညီမလည်း ကံ ကံရဲ့အကျိုးတရားကို အရမ်းယုံကြည်ပါတယ်။ ကိုယ်ပြုတဲ့ကံဟာ ကိုယ့်နောက်ကအရိပ်လိုလိုက်နေမှာပါ။ ဒါပေမယ့်တခါတလေတော့လည်း တချို့လူတွေခံရမယ့် အလှည့်ဘာလို့မရောက်သေးတာလဲဆိုပြီး ကံတရားကို ငြိုငြင်မိတယ်။ သူတို့ကျတော့ ၀ဋ်လည်ဖို့ကြာလိုက်တာ။

    ReplyDelete
  13. အစ်ကိုရေ ဒီ post လေးကို အရမ်း သဘောကျတယ်ဗျာ။ ဒီလို ဖော်ပြပေးတဲ့ အတွက် ကျေးဇူးလည်း တင်ပါတယ်။

    ReplyDelete
  14. ကိုဆူးရေ...
    ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့  စစ်မှန်တဲ့ အသိ၊ အတွေးနဲ့  အရေးပါ...။ သိပ်ကောင်းပါတယ်...
    ကံ ကံ၏အကျိုးကို တကယ်ပဲ လက်ခံယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်မို့  သူတို့ တွေအတွက် အလှည့် ဆိုတာ ဘယ်လိုများဖြစ်လေမလဲလို့  လူပီပီ သိချင်စိတ်ကလေးတော့ ရှိနေမိတယ်...

    ReplyDelete
  15. “ အခုလုပ်ချင်တာလုပ်၊ နောက်ဘ၀ နောက်ခန္ဓာဘဲ”
    “ဘာဘဲလုပ်လုပ်သေကာနီးစိတ်ထားတတ်ဘို့ဘဲလိုတယ် ”
    ဒီလိုပြောဆိုလုပ်ကိုင်နေသူတွေကို တွေ့ တဲ့ အခါ ကျနော်ကနောက်မှ
    ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ပေမယ့်…. ကြားထဲကနေပြီးဗုဒ္ဓဘုရားရှင်ကို မျက်နှာ
    ပူပြီး အားနာတတ်ခဲ့တယ်။

    အဲဒီစကားက ဒီပို့ထဲမှာ ကျွန်တော့စိတ်ထဲ အထိခိုက်ဆုံးပဲ ဗုဒ္ဓဘာသာရဲ့ အငွေ့အသက်ကို အမိဝမ်းတွင်းမှာကတည်းက ရလာပြီး သေခြာမလေ့လာတော့ မိစ္ဆာဒိဋ္ဌိ ဖြစ်မှန်မသိဖြစ်ကုန်ကြတာတွေလေ။

    အချို့ကလည်းပြောတတ်ကြတယ် “ငါတို့ကတော့ နိဗ္ဗာန်မလိုချင်ဘူး” တဲ့။ အဲလိုတွေကြားရရင် ကျွန်တော်လည်း ကိုဆူးလိုပဲ ခံစားမှုတွေဖြစ်ရတယ်။ သာသနာ့တာဝန်ထမ်းဆောင်နေတဲ့ ဆရာတော်ကြီးတွေကို အားနာသလိုမျိုးဖြစ်ရတယ်။

    ကိုဆူးခုလို ရဲရဲဝံ့ဆုံးဖြတ်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့တာ ဝမ်းသာပါတယ်။ သာဓုလည်းခေါ်ပါတယ်။ ဖြစ်နိုင်ရင် ဘာသာတရား ပြောင်းလွှဲကိုးကွယ်ခါစ မှာကြုံရတဲ့ စိတ်ထဲကအပြောင်း အလဲလေးတွေ၊ လူမှုရေး အခက်အခဲလေးတွေ ပို့စ်တစ်ခုရေးပါလား။ အကျိုးကြောင်း ညီညွတ်မှပါ။ အားပေးနေပါတယ်။

    လေးစားစွာဖြင့်
    ရွက်ဝါ

    ReplyDelete
  16. “ဝဋ်” ဆိုတာ လည်တတ်တဲ့သဘောရှိတယ် ဆိုတာကို ကျမယုံကြည်ပါတယ်..။
    အကို့လိုပဲ ကျမတခုခုဖြစ်တိုင်း တိုက်ဆိုင်တဲ့ အတိတ်က အကြောင်းတွေကို ပြန်ပြန်မြင်မိတတ်တယ်...။
    ပြီးတော့ အကို့လိုပဲ ပြန်တွေးရင်း ဆင်ချင်တုန်အသိတရားတွေရခဲ့
    တယ်..။
    တခါတလေ...မရည်ရွယ်ပဲ ဖြစ်ပျက်ခဲ့တာလေးတွေကလည်း ကိုယ့်အလှည့်ကို ကြမ္မာတပတ်လည်လာတတ်စမြဲပါပဲ...။
    “ဝဋ်” ဆိုတာ ဘယ်တော့မှ ခွင့်လွှတ်ရိုး ထုံးစံမရှိဘူး..ဆိုတာပါပဲ။

    ReplyDelete
  17. ဗုဒ္ဓသာသနာတွင်းသား တစ်ယောက်ရဲ့ စိတ်ဓါတ်မျိုး အပြည့်ရှိနေတယ်လို့ ယုံကြည်မိတယ်.. ပွင့်ပွင့်လင်းလင်း ၀န်ခံရလျှင် ကျွန်တော်လဲပဲ ဘာသာခြားကနေ မျိုးဆက်တစ်ခုမှာ ကူးပြောင်းယုံလေးနဲ့ ဗုဒ္ဓသာသနာဝင် ဖြစ်ခဲ့တာပါ.. ဘာသာခြားတွေရဲ့ စည်းလုံးမှုနဲ့ ၀တ်ပြုမှန်တာတွေကိုအားကျမိလို့ အဘိုးတွေရဲ့ အရင်ယုံကြည်မှုကို ပြန်စူးစမ်းပေမယ့် နှလုံးသားက လက်မခံပဲ..အခုတော့ ဗုဒ္ဓသာသနာဝင် စစ်စစ်ဖြစ်အောင်ကြိုးစားနေဆဲ လူ။ အယူအဆတွေကို အစွန်းတစ်ဖက်နားကပ်ချင်နေတဲ့ လူတစ်ယောက်အဖြစ်ပါ ကိုဆူးရေ။

    ReplyDelete