သား နော်နော် ပါ...ကျနော်ငယ်တုန်းက ၅တန်းလောက်မှ ဂျွမ်းဘားစ ကစားခဲ့ တာ ၁၆နှစ်အရွယ်မှာမှ နောက်ဂျွမ်းစထိုးနိုင်ခဲ့ တာ...
သားက ဘယ်သင်တန်းမှ မတက်ပါဘူး...ကျနော် လေ့ကျင့်ရင်သူကြည့်နေတာ...လွန်ခဲ့ တဲ့ ၃ရက်ကမှ ကျနော်တို့ မသိခင်သူ့ အခန်းထဲမှာ စကျင့်တာ...ညက မှသူ့ ကို youtube မှာ wallflip ကိုပြပေးတော့ ဒီမနက်ကျင့်ပြီး သူ့ အမတွေက ရိုက်ပေးထားတာ...။
သူ့ ဆရာတွေကတော့ TV ၊ video နဲ့ youtube က သူ့ ဆရာတွေပေါ့...
အဖေထက်သားက တစ်လပိုကြီးသွားပြီ...။
ကလေးက ချစ်စရာကောင်းသလောက် တော်လိုက်တာ။ ဘယ်လိုများ လေ့ကျင့်ထားပါလိမ့်။ အသည်းတော့ယားတယ်။ ထိခိုက်မိမှာစိုးလို့။
ReplyDeleteခုခေတ်ကလေးတွေက သင်လွယ် တတ်လွယ်ကြတယ်နော်။ ကိုဆူးသားက ဥာဏ်ကောင်းပုံပဲ။ ပြီးတော့ တော်တော်လည်း ဆော့မယ့်ပုံ။ အမတွေကလည်း မောင်ကလေးကို သိပ်ချစ်ကြတယ် ထင်ပါရဲ့။ အခုလို မှတ်တမ်းကလေး ယူထားတော့ နောင် အမှတ်တရဖြစ်တာပေါ့ ... ။
ReplyDeleteကိုဆူးသားလေးကို ကြည့်ပြီး ကျွန်မ ရဲ့ တဦးတည်းသော မောင်လေးကို သတိရနေမိတယ်။
ကိုဆူးရေ
ReplyDeleteသားနော်နော်ကို ကြည့်ပြီး သဘောကျလိုက်တာ။ သန်လဲ သန်လိုက်တဲ့ သားပါလား။
ဘာစကားတွေလဲမသိ၊ ပြောပြောပြီး လုပ်နေလိုက်တာ ကြည့်ရင်း ရယ်မိတယ်။
ဥာဏ်ကောင်းတဲ့ ကလေး။ ထူးချွန်မဲ့ကလေးပဲ။ ကလေးပီပီ ဆော့လိုက်တာလဲ နံရံပေါ်တောင် ပြေးတက်တယ်။ ဟားဟားဟား။
ကိုဆူးတော့ ခံရအုံးမယ်။
Hi, Naw Naw
ReplyDeleteI saw your video on your dad's blog. I like how you
did that flip. I also want to do it !
သားလေးရဲ့ ဂျွမ်းဘားကစာတဲ့ video ကိုကြည်ပြီး သမီးတွေက အံ့သြနေတယ်.. သူတို့ဒီလိုမလုပ်နိုင်ဘူးတဲ့.. တော်လိုက်တာနော်.. အဖေထက်တော်သွားပြီဆိုတော့... မျိုးဆက်သစ်အတွက် ဂုဏ်ယူစရာပေါ့....
ReplyDeleteအကိုရေ....ကြည့်ပြီးသဘောတွေကျလို့သူများတွေကိုတောင်ကြည့်ခိုင်းသေးတယ်...ရီလဲရီရတယ်
ReplyDeleteနော်နော်ကိုပြောလိုက်ပါ အရမ်းတော်တာပဲလို့.. ဒါပေမဲ့
တော်တယ်ပြောလို့အရမ်းအလေ့ကျင့်နေနဲ့အုံးလို့....
တစ်လမဟုတ်ဘူး...ကိုဆူးရ... တစ်နှစ် တစ်နှစ်... ဟဟ
ReplyDeleteအန်.. အတွင်းအား နဲ့ နံရံတောင် တက်တာပါလား။ ၃လှမ်းတောင် တက်နိုင်တာ အံ့သြတယ်။ ဆရာက ဂျွမ်းဘားရောတတ်တာဘဲလား။ သိုင်းရော တတ်သလား။ နော်နော်လေးက သိုင်းကွက်နဲ့ ဗရုစလီပုံစံ ကီသွင်းပြီးမှ နံရံပေါ် တက်တာ။ တကယ် သွက်တာဘဲ။ ဆံပင်လည်း သန်ပါ့။ တစ်ယောက်ဆို တစ်ယောက် ဂုဏ်ယူစရာ ဘဲနော်။ ကလေးကို မြန်မာနိုင်ငံက ဘာသာစကား တွေ အိမ်မှာ ပြောပေးပါလား။ ကျွန်မ အသိ (ကုလားမွတ်ဆလင်) မိသားစုဆိုရင် ဗမာ ကုလားလို အင်္ဂလိပ်လို ပြင်သစ်လို မွှတ်နေတာဘဲ။ တချို့ ဗမာ စစ်စစ် မိဘက မွေးပြီး အသက်ကြီးမှ နိုင်ငံခြား ထွက်လာတဲ့ ကလေးတွေ ဗမာလို မပြောတတ်ဘူး ဆိုတာ ဇီးသီးသည် မဗျိုင်းလို့ သတ်မှတ်သင့်တယ်။ ဘာသာစကားနဲ့ ဓလေ့ဆိုတာ မပျောက်သင့်ဘူးလို့ ထင်တယ်။ တခု ပိုတတ်ရင် တခု အကျိုးရှိတာဘဲ။ အထူးသဖြင့် စင်္ကာပူရောက်တဲ့ ဗမာ စစ်စစ်မိသားစု ရဲ့ သားသမီးတွေ ဗမာလို မတတ်ဘူးတဲ့။ အနောက် နိုင်ငံ ရောက် မိသားစုတွေက ဗမာလို ပိုပြောရေး တတ်ကြတာ များတယ်။ အဖြူတွေကြားထဲရောက် တော့ ဗမာလို ပိုအလေးထား ပြောတာလား မသိဘူး။ မြန်မာပြည် ပြန်မနေပေမဲ့ စကားတော့ တတ်သင့်တယ် မဟုတ်လား
ReplyDeleteအမ အမျိုးသားကိုပါ နော်နော့်ပုံကို ထပ်ပြနေတာ။ သဘောကျလွန်းလို့။ သူက ကီတွေဘာတွေ သွင်းလိုက်သေးတာ။ မောပဲ မမောနိုင်ဘူး။ အတော်ဆော့တဲ့ ကလေးလေး။ ပေးမလား :))
ReplyDeleteသားလေးက ချစ်စရာလေး။
ReplyDeleteကလေးက အတော်ချစ်ဖို့ကောင်းတယ်။ မျက်နှာကြည့်လိုက်တာနဲ့ ဥာဏ်ကောင်းပြီး သွက်မဲ့ပုံပေါ်တယ်။
ReplyDeleteအိုး အို… သားကို မပြရဲဘူး… သဘောတွေကျပြီး လိုက်လုပ်နေမှာ ငယ်သေးတော့ မထိန်းနိုင်သေးဘူးလေ… ကိုသစ်နက်ဆူးသားလေးက တကယ့် ကိုသစ်နက်ဆူးအသေးစားလေး… တော်တော်တူတယ်… ကျစ်လစ်နေတဲ့ သူ့ ကိုယ်လေးက ကျွမ်းဘားကို အတော်ရမယ့်ပုံ… သင်တန်းတက်ခိုင်းကြည့်ပါလား… မေ့လို့ .. အဖေသင်ပေးလို့ ရတာပဲနော်… ဒီလိုအဖေမျိုးတွေပဲဆို သင်တန်းတွေ မွဲတေကုန်မှာ… စွယ်စုံရလို့ လေ….
ReplyDeleteကိုသစ်နက်ဆူးရေ..
ReplyDeleteသားက သွက်လိုက်တာနော်..
သမီးကပြောတယ်..အရမ်းအဆော့သန်တဲ့ကောင်လေးတဲ့
အဟီးး
အရမ်းတော်တဲ့ ကောင်လေးတဲ့..
သူကို တိုက်ကွမ်တိုပေးကစားခိုင်းပါတဲ့...
ကျွန်တော့်ဘေးမှာထိုင်ကြည့်ရင်းပြောနေတယ်..
ဒီလိုဖြစ်တာကောင်းတယ် ။ နှစ်လလောက်ကြီးသင့်တယ် ။
ReplyDeleteဟုတ်ပ ကလေးကို ကြည့်နေတာ သဘောကျတာရယ်။
ReplyDeleteသူဘာစကားတွေ ပြောနေမှန်းတချို့ဟာတွေက သေချာမသိတာရယ်။
ရီချင်တာရယ်နဲံ ၃ခါလောက်ကြည့်ဖြစ်တယ်။အဟီး
အသက်က၆နှစ် အရပ်ကအတော်ရှည်တယ်နော်။
ကီကလည်းသွင်းလိုက်သေးတယ်။
နောက်ဆုံးက အဖေ့ကိုပြမယ်ဆိုပဲ..။
မွေ့ယာပေါ်မှာပဲ ဆော့ပါစေ..။ ဒါမှ မထိခိုက်မှာ
အားလုံးဘဲဗျာ....
ReplyDeleteပြောပြပါဦးမယ်...သူပထမပါးစပ်ထဲတွေ့ တဲ့ 
eng နဲ့ ပြောနေတာ....နောက်မှ နော်ဝေ စကားနဲ့ ပြောတာ...သူကတော်တယ်တဲ့ ....ကျောကလဲ အရေးထဲ ယားနေသေးတယ်တဲ့...ကျနော်ဒီလိုကျင့်တာ ထရိန်နင်းဆင်းတာ အကြိမ် ၁၀၀ တဲ့ ...သူ့ အမတွေကိုမြင်တယ်မဟုတ်လားတဲ့...နောက်ဂျွမ်းထိုးပြီး အရှိန်လွန်ဖင်ထောင်နေတော့ ဒါကတော့ သိပ်မကောင်းဘူးလို့  သူ့ ဘာသာပြောနေတာ...
နောက်နံရံပေါ်ပြေးတက်ပြီး...အိုး မြင်လား...ဒါသိပ်မိုက်တယ်...တဲ့...။
မြန်မာစကားလဲမွှတ်နေတာပါဘဲဗျာ...။
ပြောလွန်း မေးလွန်းလို့ တခါတလေ...ဘယ်လိုဖြေရမှန်းတောင်မသိပါဘူး....။
အော်..။
ReplyDeleteအဖေ့ ကို ပြ... တဲ့  ။
ကိုယ်ကတော့ ဗမာပြည်ကြီး မင်းလို ကြံ့ခိုင်သန်စွမ်း
လာအောင် တိုင်းပြည်ကြီးကို ပြချင်တာ...။
အကျယ်ချုပ်ကျနေတဲ့ 
မြန်မာလေးတွေ အတွက် ရင်လေးလွန်း လို့ ။
သက်ခိုင် အကြောင်းရေးနေတဲ့  မင်းဒင်ပါ။
ဒီကလေးလည်း ရည်းစားများလိမ့်မယ်ဗျ။ နော်ဝေးသူလေးတွေ ၀ိုင်းဝိုင်းလည်နေလိမ့်မယ်။ အိမ်ထောင်ရေးကံ ကောင်းပါစေလို့ ဆုတောင်းပေးရမှာပဲ။
ReplyDelete