Tuesday, November 11, 2008

“ ငြိမ်းချမ်းရေး ဖခင်ကြီး ဂန္ဒီ ”



ငြိမ်းချမ်းရေးဖခင်ကြီး ဂန္ဒီ ရဲ့ ပုံတူကားကြီး ရေးဆွဲလို့ ပြီးသွားခဲ့ပါပြီ...။ အရင်က ခဲမှုန့် ကို အသုံးပြုပြီး စက္ကူပေါ်မှာဘဲ
ရေးဆွဲခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ပုံကို ဆွဲရင်း ကင်းဗတ်စ ပေါ်မှာ ရေးဆွဲလို့ ကောင်းတာကို သိခဲ့ပါတယ်...ပုံဆွဲစက္ကူတွေက
တခါတခါလိုချင်တဲ့ ဆိုက် ကိုဝယ်ရတာ ခက်ခဲတာရယ်..ကြာရှည်မခံတာရယ်..သူ့ ကို မှန်ဘောင်သွင်းဘို့ မှန်အရွယ်အစားကြီးလွန်းရင် ဂရုစိုက်၇တာတွေကြောင့် စမ်းဆွဲကြည့်ရင်း....ခဲမှုန့် ကို ကင်းဗတ်စပေါ်မှာ ရေးဆွဲလို့ တော်တော်ကောင်းတာကို သိခဲ့ပါတယ်...။
ဒိတစ်ပုံမှာတော့ အဆင့်ဆင့် မှတ်တမ်းလုပ်မထားလိုက်ရလို့ ပါ...။ ၀ါသနာတူသူ လေ့လာချင်သူတွေပါ လေ့လာလို့ ရအောင်၊
နောက်ပုံတွေဆွဲရင်တော့ အဆင့်ဆင့် ပုံလေးတွေနဲ့ တင်ပြပေးပါ့မယ်...။
ပြပွဲဆိုတာ ကျနော့်ပန်းချီပြပွဲမဟုတ်ပါဘူး...ငြိမ်းချမ်းရေးအဖွဲ့ ရဲ့ ပြပွဲပါ...ပြပွဲမှာ မြင်ကွင်းရဲ့ တစ်ဖက်ဆီမှာ ညာဘက်က ဂန္ဒီ၊
ဘယ်ဘက်က ဒေါ်အောင်ဆန်းစုကြည်ပုံကို သူတို့ ချိတ်ဆွဲပြီး အခမ်းအနားပြင်ဆင်မယ်လို့ သိရပါတယ်...။
ပြပွဲရက်ကျမှ သွားပြီး မှတ်တမ်းဓါတ်ပုံ ရိုက်ပါဦးမယ်...။
ပုံပြီးသွားပြီဆိုတော့ ကျနော် စာရေးနိုင်ပြီပေါ့...။

သစ်နက်ဆူး

13 comments:

  1. အကိုပန်းချီ လက်ရာက အရမ်းကောင်းတယ်ဗျာ။

    ReplyDelete
  2. ဘုရားပေးတဲ့ လက်ပါပဲ။

    ReplyDelete
  3. အရမ်းအသက်ဝင်တာပဲ

    ReplyDelete
  4. ကိုသစ်ရဲ့ masterpiece နောက်တခုပါဗျို့...

    ReplyDelete
  5. အပေါ်က ပြောတာတွေ အားလုံး ထောက်ခံပါတယ်။

    စာလုပ်နေတာနဲ့ ဘလော့မလည်သေးဘူး စိတ်ကူးထားတာ မနေနိုင်လို့ လာကြည့်မိ၊ ကွန်မန့် ရေးမိသွားတယ် :P

    ReplyDelete
  6. အလွန် သဘောကျပါသည်။

    ကိုယ်ဝါသနာပါတာ စိတ်ရှိတိုင်း လုပ်နိုင်တာ ပျော်စရာကောင်းမှာပဲ။

    ReplyDelete
  7. အားကို.. ရေလည်တော်တယ်ဗျာ..
    မီးမီးပုံလည်း ဆွဲချင်လာပီ အဟီး

    ReplyDelete
  8. အစ်ကိုဆူး..
    ငြိမ်းချမ်းရေးအဖွဲ့ရဲ့ပန်းချီပြပွဲဆိုတာ ဘယ်သူတွေကဦးစီးပြီးဘာရည်ရွယ်ချက်နဲ့ဆိုတာမသိပေမယ့်...ပြပွဲရဲ့အခမ်းအနားအပြင်အဆင်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ပြင်ဆင်မှာအတွက်ရော.. ဒီပုံကိုအစ်ကိုဆွဲခွင့်ရတဲ့အပေါ်မှာရော ၀မ်းသာဂုဏ်ယူပါတယ်.. ဂန္ဒီရဲ့ပုံတူကတော့အရမ်းအသက်ဝင်တယ်ဆိုတာထက် ပိုမပြောနိုင်ပါဘူး..မြင်းထိန်းချီးကျူးသလိုဖြစ်နေမှာဆိုးလို့..
    အစ်ကိုရေ...အန်တီစုပုံတူလေးတင်ပေးပါလားဗျာ..

    ReplyDelete
  9. လက်ရာ အရမ်းမြောက်တယ်ဗျာ။

    ReplyDelete
  10. ပန်းချီ ကား မိုက်တယ် ၊ ကိုသစ် ။

    ReplyDelete
  11. မမိုးချိုပြောသလိုတကယ်ဘုရားပေးတဲ့ လက်ပါပဲ။
    ကျွန်တော့နယ်ကဦးလေးတယောက်ဆိုလဲ
    အဲလိုပုံတူတွေဆွဲတာအရမ်းလက်ရာ
    မြောက်တယ်.. ဒါပေမယ့်တို့ကတော့ဘာမှ
    မရဘူး...

    ReplyDelete
  12. ကောင်းလိုက်တဲ့ လက်....

    ReplyDelete