Wednesday, November 12, 2008

“ လရောင်ရိပ်က ထန်းလျှက်ဖို ”



ကျနော့်ဘ၀မှာ အမှန်တရားတွေရှာဖွေရင်း....မှန်ကန်အောင်ပြုမူနေထိုင်ရင်း...အလွဲတွေ လုပ်ခဲ့တာ အလွဲတွေ ဖြစ်ခဲ့တာတွေ ရှိတယ်ဗျ... တည့်ပြီဆိုလဲ သူများနဲ့ တောင် မတူ...အင်း...လွဲပြီဆိုရင်တော့လား....
ပြန်တောင် မပြောချင်လောက်အောင်ကိုလွဲတော့တာ..။
ကိုဌက်ကြီးဆိုထားတယ်လေ....နည်းနည်းလေးတော့ လွဲနေမယ်...သီချင်း။ ဒီထက်ဆိုးတယ်..။

မော်လမြိုင်ဇာတ်မှာ ကပြခဲ့တုန်းကပေါ့....ကရမှာက ကျိုက်ကော်...မရမ်းကုန်း။ အမှန်က မရမ်းကုန်းရွာ၊ကျိုက်ကော်အပိုင်ပေါ့....။
ဇာတ်ပွဲကူးလာခဲ့တာက ရေး ဘက်ကလား မမှတ်မိဘူး...မုတ္တမကမ်းကူးနေတာနဲ့ ကားတင်ကားချနဲ့ တော်တော်ကြာတယ်...။
ကပြမယ့် ရက်က နောက်ည ဆိုပေမယ့်...ဒီညနေစောစောရောက်ရင် နည်းနည်းပါးပါး...ရှိုးလေး ဘာလေး လုပ်ပေးဘို့ ကန်ထရိုက်က ပြောထားတာဆိုတော့ ပစ္စည်းအတင်အချ အဖွဲ့ လဲ ကျိုးစားပမ်းစား လုပ်ပေမယ့် အချိန်ကတော့ မနည်းလုရတာ..။
မုတ္တမနဲ့ သထုံတောင်မိုင်၅၀...ဟိုဘက်ကိုက ထပ်မောင်းရဦးမှာ....။
ပစ္စည်းတင်ချပြီး ဒါရိုက်မောင်းတာပါဘဲ....ဒါပေမယ့် မလွယ်ဘူး...။ ကားတွေပေးကျော်ရတာနဲ့  ဂိတ်တွေ ဖြတ်နေတာနဲ့ 
နေစောင်းတာတောင် ကျိုက်ကော်မရောက်သေးဘူး...။
ကျနော်က အစ အဖွဲ့ သားတွေ တော်တော်ဆာလောင်နေကြပြီ...ဒါတောင် မုတ္တမမှာ လ္ဘက်ရည်နဲ့ မုန့် စားထားလို့ ...အလုပ်သမားနဲ့ အဖွဲ့ သားတစ်ချို့ ဆို ဘာမှ စားရတာ မဟုတ်ပါဘူး.....။
ကန်ထရိုက်ကို ကတိပေးထားတာဆိုတော့ မန်နေဂျာက အဖွဲ့ သားတွေကို မေတ္တာရပ်ခံပြီး...မနားဘဲ ဆက်မောင်းမယ်...ဗိုက်ဆာနေရင်လဲ ခဏသီးခံပေးဘို့ ...။ အဖွဲ့ သားကလဲ ပွစိပွစိ ဆိုပေမယ့် သီးခံပေးပါတယ်...။
ကျနော်တွေ့ ဘူးတဲ့ အနုပညာသည်တွေထဲမှာ သဘင်သည်တွေဟာ တော်တော်ဒါဏ်ခံနိုင်တယ်..ချီးကျူးတယ်...။
ကျိုက်ကော်ရောက်တော့ မှောင်နေပြီ...ကျိုက်ကော်ကတစ်ဆင့် အတွင်းထဲ ထပ်မောင်းရဦး မှာ...။
မောင်းကွာ...ဆက်သာမောင်း...။ လမ်းက မြေနီလမ်း....လမ်းဆိုးတယ်...။
အပြင်က ကတ္တရာ လမ်းတောင် မကောင်းတာ မြေနီလမ်းဆိုတော့ ဘာပြောကောင်းမလဲ၊ ဘာမှကိုပြောမကောင်းတာ...။
မရမ်းကုန်း ၀င်ကတည်းက ဘာအလင်းမှ မရှိတော့ဘူး...လရောင်ကလဲ ရေးရေး လေးမှ တစ်ကယ့်ရေးရေးလေး။
ဇာတ်ရုံကိုရောက်တော့ မှောင်နေပြီ...ဈေးဆိုင်တစ်ချို့ နဲ့ မီးစက်မီးတော့ ရုံရှေ့ မှာ ရှိနေတယ်..။ ကန်ထရိုက်လဲ အပြေးရောက်လာတာပါဘဲ...။ ပရိတ်သတ်တွေ များလို့ ဇာတ်နောက်ကျနေတာနဲ့ ရုံထဲမှာ သူတို့ ကျေနပ်အောင် ဗီဒီယိုပြပေးထားပါတယ်.
ပစ္စည်းတွေဘာတွေ ချပြီး အမောဖြေပြီးမှ အချိန်မှီရင် ကြည့်လုပ်ကြတာပေါ့....ဘာညာ ငြှိပြီးတော့ အလုပ်သမားတွေက ပစ္စည်းချပေါ့...အဖွဲ့ သားတစ်ချို့ တွေက စားဘို့ အတွက် ဇာတ်ထမင်းအိုး ဟင်းအိုးတွေ ၀ိုင်းချပေါ့...။
ပွဲဈေးတန်းမှာ ဆိုင်တစ်ချို့ ရှိပေမယ့် ကျနော်မသွားတော့ပါဘူး...ကိုယ့်ကိုလည်းလာမေးတာကိုး...။
အဲဒီိတော့ ကိုယ်ကဘဲ စီစဉ်ပေးရတာပေါ့...။
ဇာတ်ရုံမှာ စားမယ်ဆိုလဲပစ္စည်းချနေတာနဲ့ မလွတ်မလပ်....ဒါနဲ့ ဇာတ်ရုံနောက်ဘက်ဘေးကိုကြည့်တော့ နေရာလွတ်ရှိနေတယ်...ဟိုဘက်နားလေးမှာက ဇာတ်ကား အတင်အချလုပ်နေတာ...။
နေရာလေးက ကောင်းတာပါဘဲ...သိပ်အဆင်မပြေပေမယ့် မြေကွက်လပ်ဖြူဖြူလေးနဲ့  လရောင်ရေးရေးနဲ့ ဆိုတော့ကာ.....
ကဲဟေ့....ဒီမှာဘဲ စားလိုက်ကြရအောင်...ဒီမှာ တင်စားဘို့ အတော်ဘဲ ..ထန်းလျှက် ချက်တဲ့ ထန်းညက်ဖိုလေးတွေ ရှိတယ်...။
ထန်းလျှက်ဖိုတွေကလဲ တန်းစီနေတာပါဘဲ...ကိုယ့် အစီအစဉ်နဲ့  အားလုံး ထန်းလျှက်ဖိုလေးတွေပေါ်မှာ ပန်းကန်လေးတွေတင်ပြီး...
ညအမှောင်လေးထဲမှာ ဆာနေတာနဲ့ စားလိုက်ကြတာ...မြိန်၇ည် ယှက်ရည်ပါဘဲ..။
စကားတစ်ပြောပြောနဲ့ စားနေကြတုန်း ကန်ထရိုက်ေ၇ာက်လာပြီး ...ဒီလိုစားနေတာ အားနာတယ်လို့ ပြောပါတယ်...တစ်ဆက်တည်း...ဒီည ဘာမှ ကပြပေးစရာ မလိုတော့ပါဘူး...စိတ်အေးအေးဘဲ နေကြပါ...နောက်ညမှဘဲ ကတော့မယ်လို့  လာပြောပါတယ်...။
အဖွဲ့ သားတွေလဲ ၀မ်းသာကြတာပေါ့...ခရီးပန်းနေတာကိုး..။
ဒိတော့လည်း ကျနော်စီစဉ်နေရာချပေးတဲ့ နေရာလေးမှာဘဲ အားလုံးစားကြသောက်ကြပေါ့...။
တစ်ချို့ များ စားပြီးတာနဲ့  ထန်းညက်ဖိုနိမ့်နိမ့်လေးတွေပေါ်မှာ ခေါင်အုံးပြီး...အိပ်ဘို့ လုပ်နေပြီ...။
စ..တာကကျနော်စ တာ..လေတစ်ဖြူးဖြူးနဲ့ တို့ ဒီမှာ အိပ်ရင်ကောင်းမယ်ဆိုတာလေ...။
တစ်ချို့ က မင်းသား အိပ်လို့ ရပါ့မလား...တော်တော်ကြာထန်းညက်ဖို ပိုင်ရှင်နဲ့ စကားပြောနေရဦးမယ်...ဘာညာ...။
ကိုယ်ကလည်း စိတ်မပူနဲ့ အိပ်မှာသာအိပ်...ပြောလာရင် ငါရှင်းမယ်...ဆိုပြီး.အာမခံလိုက်တာ...။
ကျနော်ကိုယ်တိုင်လဲ လှဲအိပ်နေရင်း...မှေးမှေးလေးဖြစ်နေမှ ကန်ထရိုက်က စကားပြောရင်းလ္ဘက်ရည်သောက်ဘို့ လာခေါ်တော့ ပါသွားတာဘဲ...လ္ဘက်ရည်ဆိုရင်တော့ ၂၄ နာရီ...လာထားဘဲ။
နောက်တော့လဲ ကန်ထရိုက်ပြောတာနဲ့ မသင့်တော်လို့ အပြင်မှာ မအိပ်ဘဲ၊ ရုံထဲမှာဘဲ အိပ်ဖြစ်ခဲ့ တော့တာပါ...အပြင်မှာ အိပ်နေသူတွေကိုတော့ သွားမနှိုးတော့ဘူး...။ အိပ်လက်စနဲ့ အိပ်ကြပါစေတော့...။
အနက်မိုးလင်းမှ ဆူညံဆူညံအသံတွေကြောင့် အိပ်ယာကနိုးလာတာ...။
ကျနော်အိပ်ယာက နိုးတာမှန်းသိတာနဲ့  လူရွှင်တော် ပေါ်ဦး ရောက်လာဘဲ..။
“ ကျေးဇူးရှင်....အားလုံးကတော့ မွှန်နေတယ်...”
“ ဘာဖြစ်လို့ လဲ...”
“ အော်...ကျေးဇူးရှင်...ညက ထန်းညက်ဖိုလေးတွေလေ...အဲဒါကိုအဖွဲ့ သားတွေမွှန်နေကြတာ...ထွက်ကြည့်ပါဦး...ကျေးဇူးရှင်...လုပ်ရက်တယ်”
“သြော်...မိုးလင်းကာဘဲရှိသေး...ဘယ်လို အဘိဇ္ဇျာ လာပွားနေတာလဲ”
ကျနော်လဲ ထထွက်လာရော...တစ်ချို့ ကလဲ
“ မင်းသားနော်...ယဉ်ယဉ်လေးနဲ့ ထည့်သွားတယ်...”
“ တို့ ကိုကြီး...ရက်စက်တယ်ကွာ...”
“ သူမို့ လို့ ....စားခိုင်းရက်တယ်...” စုံနေတာဘဲ...၊ ကျနော့်နေရာမှာသူများဆို သူတို့ မလွယ်ဘူး...။
ဘာလို့ ဒီလောက်တောင်ဖြစ်နေတာလဲ၊ သိချင်စိတ်နဲ့ ဇာတ်ရုံနော်ဘက်ထွက်လိုက်တာနဲ့ ...တစ်ချက်တော့ ကျနော်လဲငေးပြီး....
ဘာပြောရမှန်းမသိဘူး....
အားလဲနာတယ်..။
ခေါင်းလေးကုတ်ပြီး...အင်း...အဲနဲ့ ဘာမှဆက်မပြောတတ်တော့ဘူး....။
စားတဲ့သူတွေ၊ အိပ်တဲ့သူတွေ ဒေါသဖြစ်ချင်စရာပါဘဲ..။
ကျနော် လရောင်ရေးရေးထဲမှာ ရမ်းသမ်းပြောခဲ့တာလေ...။
ဟုတ်ပါလိမ့်မယ် ထန်းညက်ဖို...။
ဝါးတိုင်လေးတွေ ၊သစ်သားတိုင်လေးတွေနဲ့  သချိုင်္င်းကုန်းမြေပုံလေးတွေ စီနေတာဘဲ..။
တစ်ချို့ ဆို အမည် အသက်။ စာတန်းလေးတွေတောင်ပါသေး..။
ဒီတော့လဲ စပ်ဖြဲဖြဲနဲ့  အားလုံးကိုတောင်းပန်ပြီး တစ်ဖွဲ့ လုံးကို လ္ဘက်ရည်နဲ့ ချော့မော့ရတာပေါ့ဗျာ...။
အော်...လရောင်ရိပ်က ထန်းညက်ဖို..ပိုက်ဆံတော်တော်ထိသွားခဲ့တာပါလား...။
ရွာရောက်တော့ မကျေနပ်လို့ မဒမ်ဆူးကို သူတို့ ရွာက ထန်းညက်ဖို လိုက်ပြခိုင်းရတာ..။
ဇာတ်အဖွဲ့ကို ရမ်းသမ်းပြီးတာ ပြောခဲ့တာ ဒီအရွယ်ထိ ကိုယ်မှ ထန်းညက်ဖို မတွေ့ ဘူးတာ...။ ထန်းညက်ဖိုရောက်မှ သေချာကြည့်တော့
ထန်းညက်ဖိုဆိုတာ မီးခိုး ထွက်တဲ့ ခေါင်းတိုင်နဲ့ ဒယ်အိုးတင်တဲ့အပေါက်နဲ့  မြင့်လဲမြင့်၊ ကြီးလဲကြီးတယ်...။
အင်း...ကျနော်က ရမ်းတုတ်တာ...
ဘာထူးလဲ...သူတို့ လဲရမ်းယုံတာဘဲ...။
သေချာကတာတော့ ကျနော်တို့ ဇာတ်တစ်ဖွဲ့ လုံး ဘယ်သူမှ ထန်းညက်ဖို မမြင်ဘူးတာပါဘဲ..။

သစ်နက်ဆူး

16 comments:

  1. ဟားဟား ကိုဆူးလွဲချက်ကတော့ .. သင်းချိုင်း မြေပုံကနေ ထန်းလျက်ဖို ဖြစ်သွားပါရောလား။
    ကျွန်မတို့လည်း ကားနဲ့ခရီးထွက်တုန်းက အရိပ်ကောင်းတဲ့ နေရာ ထမင်းစားဖို့ရပ်လိုက်တော့ သင်းချိုင်းဖြစ်နေတာ။ မထူးဘူးဆိုပြီး အုတ်ဂူလေးတွေပေါ် ထိုင်စားလိုက်ကြတယ်။
    ဒါလဲ အမှတ်တရပဲပေါ့။ :)

    ReplyDelete
  2. သူ့ ထန်းလျက်ဖို ကလဲ ကြောက်စရာကြီးပါလား။ :)

    ReplyDelete
  3. ဟားဟား.....
    ရီရတယ်

    ReplyDelete
  4. ဒါပေါ့ကိုယ်ထင်ကုတင်ေ၇ွှနန်းဆိုတာ
    ဟားဟား..ကိုဆူးလွဲချက်ကတော့


    kk

    ReplyDelete
  5. ဟားဟား
    လွဲချက်ကတော့ လက်လန်တယ်..ကျောတော့ချမ်းစရာရယ်..
    ထမင်းတောင်စားလိုက်သေး..
    ဟင်းက အသားဟင်းဟုတ်ပုံမရဘူးထင်တယ်.အဟိ.

    အကို..ကျိုးစား ဟုတ်ဘူး ကြိုးစား ပါ
    စာလုံးပေါင်းကို သိသလောက်ပြောပြတာပါ ဆရာလုပ်တာမဟုတ်ပါ

    ReplyDelete
  6. :)

    လေးလေးဆူး တစ်ယောက်ထဲ အမှားမဟုတ်ဘူးနော်
    ကိုယ်က ရွာခံလူ မဟုတ်တော့ ဘယ်သိမလဲနော့ ကန်ထရိုက်တာတို့ ရွာသားတွေမှာလဲ ပြောပြဖို့ တာဝန်ရှိတာပဲနော်

    ဒါပေသိ အမှတ်တမဲ့ မှ အမှတ်တရ ဖြစ်သွားတာပေါ့နော်

    ခင်မင်စွာဖြင့်
    တင်ဇာ

    ReplyDelete
  7. ကိုသစ်ရေ ဖြစ်တတ်တယ်နော

    ReplyDelete
  8. အင်း... လွဲတတ်ပါပေ့တော်...

    ReplyDelete
  9. ဖြစ်ရမယ်.... မြင်မှမမြင်ဖူးပဲကိုး....ဟီးးးး

    ReplyDelete
  10. ကိုဆူးရေ---
    "“ လရောင်ရိပ်က ထန်းလျှက်ဖို ”"
    ကို
    လာဖတ်ပါတယ်--စာရေးကောင်းလို့--
    ရသ ကောင်းကိုဖတ်ပြီး ရင်ထဲ ထည့်ယူသွားပါတယ်ရှင်---

    ReplyDelete
  11. နော်ဝေးက ထန်းလျှက်ဖိုလေးတွေက လှမယ်နော်..

    ReplyDelete
  12.့အကိုဆူးရဲ့အဖြစ်အပျက်ကအရမ်းရီရတာပဲ သိုက်ဟာသတုံးကလိုပဲ

    ReplyDelete
  13. ပုံရိပ် / Pon YateNovember 15, 2008 at 6:14 PM

    ဖြစ်မှ ဖြစ်ရလေ...။

    ReplyDelete
  14. ဆရာသမားရယ်...။ အိပ်တဲ့သူကလဲ အိပ်သေးဆိုတော့ ညက ငါ့နေရာ ဖယ်ပေးဆိုတာတွေ မကြားမိဘူးလား...။ ဟားဟား

    ReplyDelete