Thursday, October 9, 2008

စားပွဲထိုးလေးရဲ့ သူငယ်ချင်း(ဒု)



စစ်ဗိုလ်ပြောပြသောပုံစံအတိုင်းဆို...ဖောက်ခွဲဘို့ (ကချင်အဖွဲ့ များက ရထားကိုခဏခဏ မိုင်းခွဲသည်)အတွက် ကျောင်းသားတစ်ယောက်လွှတ်ထားပြီး..အ၀တ်အစားက စစ်အကျီ်၊ဂျင်းဘောင်းဘီ၊ စစ်လွယ်အိတ်နှင့် ဆိုတော့....
“ အဲဒါ ကျနော် မဟုတ်ပါဘူး...ဗိုလ်ကြီးတို့ ကျနော့်ကို ဘယ်အချိန်မှာတွေ့ တာလဲ”
“ မင်းက ငါ့ ကို ပြန်မေးရဲတယ်...ကဲ ငါတို့ တွေ့ တာ ဇီးကုန်းဘူတာဝင်ကာနီးမှ...ဘာဖြစ်လို့ လဲ”
“ ကျနော်တက်လာတာ...ရွှေဘို အလွန် .....မြို့ က၊ အဲဒီကနေ ဇီးကုန်းကြားမှာ...အချိန်တွေ အများကြီးဘဲ....ဒီလောက်တောင်ချမ်းနေတာ
မိုင်းခွဲမယ်ဆို အစောကြီးခွဲပြီး ဆင်းနေခဲ့ မှာပေါ့....စဉ်းစားကြည့်ပါဦး...ကျနော်မဟုတ်ဘူး...နောက်ပြီး ကျနော်က ၀န်ကြီးမြေးနော်...
ဝန်ကြီး သူရ ဦး............ဆိုတာ ကျနော့်အဘိုး”
“ သြော်...ငါလဲစဉ်းစားမိလို့ မင်းကို ကော်ဖီတောင် တိုက်တာပေါ့ကွ....နေပါဦး..မင်းက ၀န်ကြီးမြေးမို့ ငါ့ကို မကြောက်မလန့် ပြန်ပြော
နေတာလား”
“ မဟုတ်ပါဘူး...ကျနော်အမှားမလုပ်ရင်...ကျနော့်အဖေကိုတောင် ပြန်ပြောရဲတယ်”
စစ်ဗိုလ်က အားရပါးရပြုံးလျှက်( ဟိုတုန်းက စစ်ဗိုလ်နော်....)........
“မင်းက တစ်ကယ့်ကောင်လေးဘဲကွ...နေပါဦး၊ အိမ်ကဘာလို့ ထွက်ပြေးလာတာလဲ”
“ ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ လေ...စာဖြေပြီးသွားလို့ ကျနော့်ရှေ့ က ကောင်မလေးရဲ့  ကျစ်ဆံမြီးလေးကို လှလို့ မေးခွန်း
နောက်ကျောမှာ ဆွဲနေတာ...ဆရာမကတွေ့ သွားပြီး မာမီ့( အမေ)ကိုတိုင်လိုက်တာ...အိမ်ပြန်ရောက်တော့ မာမီက ကျနော့်ပါးကို
ရိုက်တာ...သွေးတွေပါထွက်တယ်...အဲလောက် ရိုက်စရာမှ မလိုတာ”
“မင်းကို ချစ်လို့ စာတော်စေချင်လို့ ဖြစ်မှာပေါ့ကွာ”
“ စာမေးပွဲက ပြီးပြီလေ”
“အေးကွာ....ငါလဲ မပြောတတ်တော့ဘူး....ခု မင်းဘယ်ကိုသွားမှာလဲ“
“ ကသာ”
“ အသိတွေရှိလား”
“ မရှိပါဘူး”
“ငါလဲ မင်းကို ခေါ်သွားလို့ မရဘူးကွ...မင်းသွားချင်သွားလေ....အပေါင်းအသင်းမမှားစေနဲ့ ”
“ဟုတ်ကဲ့ ”
“ ကဲ...မင်းလဲ နားနေတော့ ...ဒီထဲမှာဘဲ နေနော်...ကြိုက်တဲ့ ခုံမှာ ထိုင်....လှုပ်လှုပ်လှုပ်လှုပ်တော့ မလုပ်နဲ့ နော်...ဟေ့ ရဲဘော်တို့ ရပြီ..လက်နက်တွေ ပြန်သိမ်းထား...သူမဟုတ်ဘူး”
........
ခဏလေး ထိုင်ကာဘဲ ရှိသေး လက်မှတ်စစ် ၀င်လာပြီး.....
“ သြော်...အက်စ်ကော့တွဲဘဲ”
ထို့ နောက်စစ်ဗိုလ်နှင့်  စကား ပြောဆိုနေပြီး ကျနော့်ဆီကိုရောက်လာပါတော့သည်...
“လူစီးတွဲ မဟုတ်ဘဲနဲ့ ဒီမှာ တစ်ယောက်...ကဲ၊ လက်မှတ်” ( သူစကားပြောတာတော်တော်ဝဲတယ်...ကချင်လူမျိုး ထင်ပါတယ်)
“ ကျနော် လက်မှတ် မ၀ယ်ခဲ့ ရပါဘူး.....ကျနော့်မှာ တစ်ဆယ်ဘဲပါတယ်...ယူပါ”..
“ လက်မှတ်မ၀ယ်ရင် မရဘူးလေ”
ကျနော်လဲ ဘာပြောရမှန်း မသိဖြစ်နေတုန်း...စစ်ဗိုလ်ရောက်လာပြီး အကျိုးအကြောင်းပြောပြပြီး....ကျနော်ကို ပိုက်ဆံမယူဘို့ သူပြောပါသည်..။
လက်မှတ်စစ်မှာလည်း ဘာမှ မပြောဘဲ...အကြာကြီး ကြည့် နေပြီးမှ....
“ နင် တော်တော်ချမ်းနေတယ်ထင်တယ်”
“ ဟုတ်ကဲ့  ချမ်းတယ်”
“ ရော့...ဒါဆို ငါ့အနွေးထည်ယူဝတ်ထား...ပြန်ဆင်းရင်တော့ ပြန်ပေးခဲ့ နော်...ဒါပြန်မပါသွားရင် ငါ့ မိန်းမဆူမှာ...ဟားဟား”
“ ဟုတ်ကဲ့ ကျနော်ပြန်ပေးပါ့မယ်...ကျေးဇူး အများကြီးတင်ပါတယ်”
လက်မှတ်စစ်ကျေးဇူးကြောင့်  အခုမှ နွေးနွေးထွေးထွေး နေ၇တော့သည်။ လက်မှတ်စစ်ကြီးမှာတော်တော်ချစ်ခင်စရာကောင်းပြီး
၀၀ဖိုင့်ဖိုင့်နှင့် ပါးနှစ်ဘက်မှာနီရဲနေသည်...။ နောက်ပြီး သွေးမတော်သားမစပ် ကြင်နာစွာဆက်ဆံသောကြောင့် တွေးပြီး ၀မ်းနည်းသလိုဖြစ်လာသည်..။
ဘယ်လိုဘယ်လို အိပ်ပျော်သွားမှန်းမသိ..ဆူညံသောအသံများကြောင့် နိုးလာတော့ နဘားဘူတာကိုရောက်ပြီ။
အောက်ခဏဆင်းပြီး မေးကြည့်တော့... ကသာကိုရထားလမ်းမရှိ..နဘားမှ ကားဖြင့်သွား၇မည်ကို ခုမှ သိ၇တော့တာ...။
ရထားကတော့ မထွက်သေးပါ...အနွေးထည်ပြန်ပေးဘို့ လက်မှတ်စစ်ကို လိုက်ရှာသည် မတွေ့ ၊ ကိုယ်ထိုင်ခဲ့ သော တွဲပေါ်
ပြန်တက်ပြီး စစ်ဗိုလ်ကို နုတ်ဆက်...ပြီးတော့ လက်မှတ်စစ်ကို လိုက်ရှာ...။
ရထားရှေ့ ဆုံးတွဲမှ နောက်ဆုံးတွဲထိ အပြန်အလှန်ရှာရသည်...ဘယ်လိုမှ မတွေ့ တော့ ဘူတာရုံကိုဝင်မေးမျ အလုပ်များနေသောသူ့ ကို တွေ့ ရသည်။ အကျီ်ကို ချွတ်ပေးပြီး ကျေးဇူးတင်ကြောင်းပြောတော့...
“ ငါက မင်းယူသွားပြီ ထင်နေတာ...”
“ ကျနော်မယူပါဘူး”
“ သိတယ်..စ တာပါကွာ...ကောင်းကောင်းသွား”
ပြီးတာနဲ့  ဘူတာ လက်ဘက်ရည်ဆိုင်လေးမှာ လက်ဘက်ရည်နဲ့ ကောက်ညှင်းထုပ် ၀ယ်စား လိုက်တာ ၅ကျပ်ကျော်ကျော် ကုန်သွား
ခဲ့ ပြီ...လဘက်ရည်က မသောက်ဘဲ မနေနိုင်...။
ဆိုင်ကလူကို ကသာကို ဘယ်လိုသွားရမလဲမေးတော့ ..
“ရထားဆိုက်ချိန်မှာ ကြိုတဲ့ ကားရှိတယ်...ခုလောက်ဆို ထွက်သွားလောက်ပြီ”
အဲဒါမှ ခက်ပြီ..။
“ခြေချင်(လျှင်) လျှောက်ရင် ဘယ်လောက်ဝေးလဲ”
“အာ...မိုင်နှစ်ဆယ်လောက်ရှိတယ်..လမ်းကြမ်းတယ်၊ သွားလို့ မရဘူး”
သူက မသွားရန်ပြောပေမယ့် မသွားလို့ တော့ မရပါ....။
နှင်းတွေ ဝေနေသော ဖုန်လမ်းလေးအတိုင်း လျှောက်လာခဲ့ ရာ...တော်တော်ဝေးဝေး ရောက်မှ..
ဟေ့ဟေ့ နှင့် ခေါ်သံကြားလို့ ဇဝေဇ၀ါနဲ့ လှည့်ကြည့်တော့...ပြောပြလို့ မတတ်သော.တိုင်းရင်းသားအကျီ င်္နှင့် ရွယ်တူ ကောင်မလေး တစ်ယောက်။
ဆံပင်အညိုရောင်လေးနှင့် ပါးလေးတွေ နှုတ်ခမ်းလေးတွေက ရဲစိုနေတာဘဲ..။
“ ဘာဖြစ်လို့ လဲ”
“ နင်ဘယ်သွားမှာလဲ” (စကားသံ တော်တော်ဝဲသည်၊ မနည်းနားထောင်ယူရတယ်)
“ ကသာ”
“ လမ်းလျှောက်မှာလား”
“အေး”
“ နင် မသွားနဲ့ ...လမ်းမကောင်းဘူး...ကျားတွေ ဆင်တွေရှိတယ်၊ နောက်ပြီး နင့်ကိုသူပုန်တွေ သတ်မယ်...ကျားကိုက်မယ်”
“ငါ ..မသွားလို့ မရဘူး....”
“ နောက်ရက်မှ ကားနဲ့ သွား...ငါတို့ အိမ်မှာနေလေ”
“ကားခလဲ ပေးစရာ မရှိဘူး”
“ဟမ်...နင်ဘာပြောလဲ”
“ ပိုက်ဆံ မရှိတော့ဘူးလို့ ပြောတာ”
“ အေး...ငါ့မှာလဲမရှိဘူး....နင်ငါတို့ နဲ့ နေပါလား”
“ မရဘူး...”
“ဒါဆိုလည်း...ရော့၊ယူသွား လမ်းမှာဆာရင်စား”
သူမလက်ထဲမှ ကောက်ညှင်းထုပ်လေး၃ထုပ်ကိုပေးပါသည်..။
“ငါ...မယူချင်ဘူး”
“ယူမှရမယ်...ရော့”
လက်ထဲကို အတင်းထိုးပေးပြီး ပလိုင်းလေးလွယ်လျှက် ထွက်ပြေးသွားသည်...။
ကျေးဇူးတင်စွာနဲ့ သူ အဝေးကြီးရောက်တဲ့ အထိ ကြည့် နေမိပြီး...လမ်းဆက်လျှောက်လာခဲ့ သည်...။
......
မြူနှင်းငွေ့ များကြားမှ မြင်မြင်သမျှ ရှုခင်းတိုင်း လှနေသည်..။တောင်တန်းတွေ၊ သစ်ပင်ညို့ ညို့ မြင့်မြင့်ကြီးတွေ၊လှချင်တိုင်းကို
လှနေသည်။
ဒါမျိုးမြင်ကွင်းတွေ၊ရှုခင်းတွေ တစ်ခါမှ မမြင်မတွေ့ ဘူးပါ...။
စိတ်လွတ်ကိုယ်လွတ် သီချင်းတွေ ဘာတွေ အော်ဆိုပစ်သည်....လူဆို တဦးတစ်ယောက်မှ မတွေ့ တော့...ပြေးလိုက် ကစားလိုက်...တောင်ကြီးတွေကို စကားတွေ အော်ပြောလိုက်...နှင့် ထူးထူးခြားခြား ပျော်နေမိတာ..။
တံတားတွေ တွေ့ လို့  တံတားပေါ်ကငုံ့ ကြည့်လျှင် တော်တော်နက်သော ချောက်ကြီး ၊ လျှိုကြီးတွေကိုတွေ့ တော့....
ကျောက်ခဲလေးတွေကို ပစ်ချရင်း ကစားနေမိသည်...။
နောက်မှ သတိရပြီး အိတ်ထဲက ကျောင်းစာအုပ်တွေကို တစ်အုပ်ခြင်းပစ်ချတဲ့ အခါ ဝေ့၀ိုက်ပြီး ဆင်းသွားသည်မှာ တော်တော်ကြည့်ကောင်းသည်....။
ခရီးအတော်ပေါက်လာပေမယ့် ခုထိနေရောင်မတွေ့ ၇သေး...။
ဆင်တွေထွက်လာမလား.....ကျားများထွက်လာပြီး...ဆွဲမလားတွေးမိတော့ နဲနဲကြောက်ပေမယ့် ...
ပါးနီနီကောင်မလေးကို သတိရရင်း ကောက်ညှင်းထုပ်စားဘို့ သတိရသည်....။
လမ်းဘေးမှာထိုင်ပြီး ကောက်ညှင်းထုပ်စားကာ....
“ ငါ့ညီမလေးသာ ငါ့ကိုဒီလောက်ချစ်ရင် တော်တော်ကောင်းမှာ”လို့ တွေးပြီး...မျက်ရည်က ကျမိသေးတယ်..။

ဆက်ပါဦးမယ်
(တော်တော် ပင်ပန်းနေလို့ ပါ)

7 comments:

  1. အေးအေးဆေးဆေးရေးပါ ကိုဆူး။ နားလည်ပါတယ်။ ဖတ်လို့တော့ အင်မတန်ကောင်းပဲ။
    ကိုယ်မရောက်ဖူးတဲ့ အရပ်ကို တယောက်တည်း စွန့်စား သွားရဲတာ ယောကျာင်္းလေးတွေရဲ့ သဘာဝပဲ ထင်ပါရဲ့။

    ReplyDelete
  2. ဖတ်လို့ကောင်းတယ်အကိုရေ....
    ဟဲဟဲ.... မမိုးပြောလိုပဲအေးအေးဆေးဆေးရေးပါ...
    စောင့်ဖတ်နေပါတယ်...

    ReplyDelete
  3. အယ် ဆရာဆူး
    လုပ်ပြန်ပြီ ပါပြန်ပြီ တစ်မျိုး

    ReplyDelete
  4. ရှေ့ဆက်မှာကို မျှော်နေပါတယ်။
    ပင်ပန်းနေရင် ဖြည်းဖြည်းရေးပါ။

    အားပေးလျက်...

    ReplyDelete
  5. အော် ပင်ပန်းတယ်ဆိုတော့လည်း ရေးပါ ပြောရဖို့ အခက် ။ ဒါပေမယ့် ဖတ်ချင်လွန်းလို့ ပြောလိုက်မယ် .. မြန်၂လေး ရေးပါဗျား)

    ReplyDelete
  6. စိတ်ဝင်စားစွာ ဖတ်ရှု အားပေးနေပါကြောင်း

    နားနားနေနေ ရေးပါလေ

    ReplyDelete
  7. စောင့်နေတယ်ခင်ည။

    ReplyDelete