Monday, October 13, 2008
စားပွဲထိုးလေးရဲ့ သူငယ်ချင်း.......( ဇာတ်သိမ်း)
မထင်မှတ်ခဲ့ သောစကားကိုကြားရတော့ အရမ်းဝမ်းသာမိသည်....။ အားလုံးပြောဆိုပြီးမှ ခင်မက ပန်းချီဆုရမယ့်အကြောင်းပြောပြတော့ အမားကရယ်နေသည်...။ မသိမသာနဲ့ အမားကိုစိုက်ကြည့်မိတော့ အသက်၅၀ကျော်အရွယ်ဆိုပေမယ့် အပြုံးများနှင့် ကြည်လင် အေးမြလှသည်...။ဆံပင်ဖြူလေးများနှင့် ခန့် သည်..။
နောက်တော့ အမား၏ သားသမီးတွေ ရောက်လာပြီး အမားက မိတ်ဆက်ပေးသည်...။ ကိုဘာဘူ၊ ကိုဝင်းနိုင်၊ မိုးမိုး(ရွယ်တူ) ၊နှင့်
အငယ်မလေးတိုးတိုး အားလုံးက မောင်နှမ အရင်းလို ဆက်ဆံကြပါတယ်....ကိုဝင်းနိုင်ဆို တခါထဲ အိမ်ပြန်သွားပြီး သူ့ အ၀တ်အစားတွေ ယူလာပြီး ရေချိုးပြီး ဒါတွေ လဲဝတ် ရော့ယူထားတဲ့ ..။ ဂျင်း အကောင်းစားတွေ။
ခင်မကလည်း ပျော်နေသည် ။ နောက် ပြန်မယ် ...နောက်တော့ လာလည်မယ်ဟုနုတ်ဆက်သည်..၊ကိုအိတေကလည်းနုတ်ဆက်သည်...ဆိုင်ကို လာလည်ဘို့ ၊အမြဲ ၀င်ထွက်ဘို့ ခေါ်သည်...။
နွေးထွေးလိုက်ကြတာ.......။
အဲဒီညက စတိုခန်းလေးထဲမှာ အိပ်ရတာ...ဒါတောင် အစောကြီးမအိပ်ရပါဘူး...အမားရဲ့ မောင် ကိုပေါက်က စကားပြောရအောင်ဆိုပြီး ဆိုင်မှာ လက်ဘက်သုပ်တွေ စားရင်း ညနက်သည်အထိ ပြောနေကြတာပေါ့.......။
နောက်နေ့ အိပ်ယာက ၉နာရီလောက်မှနိုးတော့ ဆိုင်ကို သွားတာပေါ့.....။ တခုတော့ရှိတယ်ဗျ...၅နှစ်လောက်လုပ်လာတဲ့  စားပွဲထိုးအကိုတစ်ယောက်က ကျနော့်ကို မကြည်မလင်နဲ့ ...ကိုယ်ကနုတ်ဆက်လဲ သူစကားမပြောပါဘူး...။ ကျနော်အခြေအနေကို နားလည်ပေးနိုင်ပါတယ်..။ သူလဲ လူဘဲလေ...။ နေရတာကလဲ သူနဲ့ တစ်ခန်းမှာ ၂ယောက်ပါ...။
ဆိုင်ကို စားပွဲထိုးစလုပ်တော့ ကိုဝင်းနိုင်နဲ့ အမားက ကြည့်ထားဦး...နားနားနေနေလုပ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်က
သေချာမှတ်သားပြီး ၀ိုင်းလုပ်ပါတယ်...။
ကျနော်က စားသောက်သူတစ်ယောက် ကမုန့် ချပေးပါဟေ့....ဆေးလိပ်ဟေ့....ပိုက်ဆံရှင်းမယ်ဟေ့....
ခေါ်သံကြားရင် ကျနော်သွားတာပေါ့....သူတို့ က ဘာပြောတယ်မှတ်လဲ.....
“ ဟာ...ညီလေး မလုပ်ပါနဲ့ စားပွဲထိုး လာပါလိမ့်မယ်...နေပါ”တဲ့ ။။
ကျနော်က ကျနော်စားပွဲထိုးပါဆိုတော့.....ကောင်တာဘက်လှည့်ပြီး “ ကိုဝင်းနိုင်ညီက နောက်တတ်တယ်နော်” တဲ့ ..။
ကျနော်စဉ်းစားတယ်..ဘာမှားနေလဲပေါ့...။
တဟစ်ယောက်လဲ မဟုတ် ၊ လာသောက်သူတွေက အပြောများလာတော့...ဦးပေါက်ကို ပြောရတာပေါ့.
ကျနော်သွားရင် သူတို့ က နေပါစေဘဲ ပြောနေတယ်ဦးပေါက်....ဘာဖြစ်လို့ လဲမေးတော့ ဦးပေါက်က ကျနော့်ကို ကြည့်ပြီး....
ရယ်ပါတယ်....နောက်မှ ဘယ်ခိုင်းရဲမလဲ ကွာ.....မင်းဝတ်စားထားတာလဲ ပြန်ကြည့်ပါဦးကွာတဲ့..။
အဲဒီကျမှ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတာ...ကိုဝင်းနိုင် ဆင်ပေးထားတာလေ.......။
ရှပ်လက်ရှည်အဖြူနဲ့  စတိုင်လ်ဘောင်းဘီ အနက်ရောင်နဲ့  ရှုးဘိနပ် အနက်နဲ့ ....။ ခေသူမဟုတ် ဖြစ်နေတာ..။
ကိုဝင်းနိုင်ကလဲမရဘူး ၀တ်ကိုဝတ်ရမယ်တဲ့ ....။
၂ရက် ၃ရက်က ခိုင်းမယ့်လူ ခေါ်မယ့်လူကို မရှိဘူး....နောက်မှ ဆရာလေးက ( ဆိုင်ပိုင်ရှင် ဦးတင်ရွှေပါ....ဆရာလေး လို့ ခေါ်မှ
ကြိုက်တာ...သဘောကောင်းတယ်...ကျနော့်ဆို အားကြီးစ”တယ်) ၀င်ဆုံးဖြတ်ပေးတာ....။ ၀တ်ချင်ရင် ညဘက် ကိုဝင်းနိုင်တို့ ကိုဘာဘူတို့ နဲ့  အပြင်တွေ ဘာတွေ ထွက်မှဝတ်...ဆိုင်မှာ စားပွဲထိုးလိုဝတ်တဲ့ ...။
အဲဒါနဲ့ ဘဲ ဆိုင်က အခန်းတူနေတဲ့ အကိုကြီး ပုဆိုးဟောင်းအကျီဟောင်းကို ၀ယ်ဝတ်ရပါတယ်..လူတွေများရယ်ဘို့ ကောင်းတယ်ဗျာ....အဲလိုလဲ အ၀တ်အစားလဲလိုက်ရော...ခေါ်ခိုင်းလိုက်ကြတာဗျာ...လက်တောင်မလည်ဘူး....။
( ဒါကျနော့်ဘ၀အတွက်တော့ လူတန်းစားတစ်ခုဘက်ကနေ ခံစားမှု အသစ်တစ်ခုကို မြင်ခွင့်ရခဲ့တာပါ).....ကျနော်ပျော်ပါတယ်။
နောက်ပြသနာက ကျနော်က စကားတိုးတိုး ပြောတတ်တာ...။ အဲဒီတော့သူများက လ္ဘက်ရည်မှာရင် ဆရာလေး အဖျော်ခုံထိ
ပြေးပြောရတာ...အဲဒါဆို ဆရာလေးက နားကို လက်လေးကာပြီး ...“.အင်း ပြော တိုးတိုးပြော...ဘေးလူတွေ ကြားသွားမယ်...ဒါအရေးကြီးတယ်...”လို့ စပါတယ်။
နောက်တော့ ကျနော့်ကို ဘာမှမလုပ်နဲ့ ...ဟိုးဆိုင်ထောင့်ကနေ....ငါ့ အဖျော်ခုံကို မင်းပြောချင်တာ လှမ်းပြီးအော်ပြော....
ငါကကြားရင် အကြောင်းပြန်မယ်တဲ့ ..ကြည့်ပါဦး။ လူတွေရှုပ်နေချိန် ဆိုင်လူကျချိန်ဆို ထိုင်ပြီးအော်ရတယ်....
ဆရာလေး ပေါ့ကျဝမ်း။
ချိုစိမ့်ဝမ်း.....တူးတီး...၀မ်းကော်..ပဲနံတစ်..။
မလိုင်စားမယ်...အို..စုံနေတာဘဲ...။
ကြာတော့ မောလာတာပေါ့....ဆရာလေး...အော်ရတာ မောပြီဆို....
ဆရာလေးက လ္ဘက်ရည်ဖျော်တိုက်ပါတယ်...။ အမားကတော့ကြည့်ပြီးရီလိုက်တာ...မျက်ရည်ပါထွက်တယ်...။
နောက်ပြသနာက လ္ဘက်ရည်မှာရင် တစ်ခွက်ပါ...ကျနော်သွားပို့ ရင် ဟိုရောက်တော့ တစ်ဝက်ဘဲ ရှိတော့တာ...လက်တွေတုန်ပြီး ဖိတ်ကျတာလေ..။
နောက်တော့ အမားက ညဘက် ဆိုင်သိမ်းပြီးရင် ကျနော့်ကို အတူနေခိုင်းပြီး လ္ဘက်ရည်ခွက်တွေမှာ ရေထည့်ပြီး စားပွဲတွေကြားမှာ လူးလားခေါက်ပြန် သွားခိုင်းပါတယ်...။ အဓိက..က ဟန်ချက်ကိုနားမလည်တာပါ..။
နော် ၃ည လောက်ကျင့်တဲ့ အခါ လက်တစ်ဖက်မှာလ္ဘက်ရည်၃ ခွက်နဲ့ ပေါင်း၆ခွက်ကို နိမ့်မြင့် ဝေ့၀ိုက်ပြီး....အမြန်သွားလာနိုင်ပါတယ်...
ဆရာလေးမသိအောင် ခိုးသင်ပေးတာ...။
ဂျက်လီ ရဲ့ ထိုက်ချိမာစတာကားကို ကြည့်ရတော့ အဲဒီပုံတွေ မျက်စိထဲ ပြန်မြင်ယောင်ပြီး အမားကို သတိရတယ်....
တစ်ကယ်တော့ ကျနော့်ရဲ့ စားပွဲထိုး ထိုက်ချိဆရာက အမားပါ..။
၎ရက်မြောက်ပြီးတော့ ဆရာလေးတောင်ချီးကျူးပါတယ်...ချီးကျူးစကားကလဲ လှတယ်...
“ အေး...မင်းမှာ စားပွဲထိုးပါရမီ ပါတယ်ကွ” တဲ့.။။ ဖြစ်နိုင်တယ် သူ့ စကားက။
တော်ရုံလူ မခံနိုင်ပါဘူး....စားပွဲထိုးတစ်ယောက်ဟာ တစ်နေ့ ကို ဘယ်နှစ်မိုင် လမ်းလျှောက်သလဲ ဆိုတာ ၊လုပ်ဘူးမှ သိမှာ၊
ကျနော်က ပိုပင်ပန်းပါတယ်....အမားသားသမီးတွေက ညဆို ပျောက်ကုန်ပြီ...ဆရာလေးက အိပ်ပြီ..ဆိုင်သိမ်းရတာ အမား တစ်ယောက်ထဲ။ ဟိုစားပွဲထိုးကဗျာ...တစ်ကယ်ဘဲ နေနိုင်တယ်...အချိန်၁ မိနစ် ကျော်လို့ တောင် မရဘူး....ဆိုင်မှာ လူဘယ်လောက်ကျနေပါစေ...ကောက်ပြန်သွားတာ..။
ကိုယ်ကတော့ ကိုယ့်အမေအရွယ်ဖြစ်နေတော့ မနေရက်ဘူး...အမားကိုဝိုင်းလုပ်ပေးတာ...။
အမားက ညတိုင်ဆို မလိုင်ချက်တာ...အကြာကြီးဘဲ...ကျနော့်ကို လျှို့ ဝှက်နည်းတွေပါ သေချာပြောပြပြီး...မလိုင်ချက်သင်ပေးတာ
( အဲဒီ ထဲက ကျနော် မလိုင်မစားတော့တာ...ဟဲဟဲ၊ နောက်မှ ရှင်မင်းညိုကို နည်းပေးမယ်)။
မနက် ၄း၀၀ အိပ်ယာထ အလုပ်ဆင်း...၁၂နာရီနား...နေ့ ၁း၀၀နာရီကနေ အလုပ်ပြန်ဆင်း တာ ည ၁၀ ဆိုင်ပိတ် အမားနဲ့ ဆိုင်ထဲမှာ ဆိုင်သိမ်း မနက်အတွက်လုပ် ည ၂း၃၀မှာ ပြန်အိပ်...မနက် ၄း၀၀ ပြန်ထ။
ဒါကြောင့်ပင်ပန်းတယ်လို့ ပြောတာပါ....။
နောက်ပန်းချီဆွဲရာကနေ လူသိသွားပြီး သူငယ်ချင်းတွေ ထပ်ရလာပါတယ်...ကဗျာတွေ ရေး လက်လှည့် ဖယောင်းနဲ့ စာအုပ်ထုတ်ပါတယ်....။ ကဗျာရေးဖော် အခင်ဆုံးသူငယ်ချင်းက အားစိုက် လို့ ခေါ်ပါတယ် တရုပ်ပါဘဲ..။ တော်တော်ခင်တာ။
ပန်းချီရေး၊ ကဗျာရေးနဲ့  လူလဲ ပိန်လာပါတယ်...။
ဆိုင်မှာလည်း ညနေတိုင်ဆို ကိုအောင်သာငယ်စကားနဲ့ ပြောရရင် ကသာမြို့ မှာ ပထမဆုံး လ္ဘက်ရည်ဆိုင်တိုင်တဲ့ မိန်းကလေးတွေ
များလာတာ...ညနေတိုင်ဆို လ္ဘက်ရည်လာသောက်ရင်း အော်တိုရေးခိုင်း၊ ကဗျာတိုရေးခိုင်းနဲ့ ။
ဆရာလေးက နားလည်ပေးပါတယ်...သူကတော့ ပြောတယ်...
“ တို့ ကသာတော့ ရာဇ၀င်ပျက်ပြီ”တဲ့ ...စ”တာပါ။
ကြားရက်လေးတွေမှာ ခင်မ လာခေါ်ပြီး သူ့ အိမ်မှာ ထမင်း ဖိတ်ကျွေးပါတယ်...
သူက တစ်ဦးတည်းသောသမီးပါ...သူ့ မိဘတွေက တော်တော်ချစ်တာ...အရမ်းလဲ အေးဆေးကြတယ်...။
အိမ်သွားလည်မှ ခင်မကို ကျနော် အံ့သြလေးစားရတော့တာ......။
ထမင်းစားပြီးတော့မှ ဧည့်ခန်းထဲ ခေါ်သွားပြီး စန္ဒယားတီးပြတာ...စုံတောမြိုင်သီချင်းကို ကိုယ်တိုင်ဆိုတီးတာ...။
နောက်စောင်းတီးတတ်တယ်ဗျ....။ အဲဒါ ကျနော့်ရဲ့ သူငယ်ချင်းခင်မ ပေါ့...။
သူကိုယ်တိုင်အနုပညာသမားမို့ ကျနော့်ကို ကူညီပေးခဲ့ တာပါ...ဆုခွဲတာကတော့ လူငယ်ကိုး....။
နောက် ညီငယ်လေးတစ်ယောက် ကျနော့်ဆီမှာ ပန်းချီ လေ့လာ သင်ယူဘူးပါတယ်...ကျနော်ကတော့ ညီအကို သဘောနဲ့ ဘဲ လိုအပ်တာ သင်ပြပေးခဲ့ တာပါ....ဆရာ သဘောမဟုတ်ပါဘူး...သူက ကာတွန်းရေးတဲ့  ညိုကိုနိုင်( ကသာ) ပါဘဲ..။
..............
အဲဒီဘ၀လေးမှာဘဲ ပျော်နေရာကနေ အိမ်က သတင်းကြားပြီး အတင်းလာခေါ်တော့...သူငယ်ချင်းတွေ ငိုတယ်...
အမားဆို ငိုလိုက်တာ...မင်းငါ့ကို သံယောဇဉ်ဖြစ်အောင်လာလုပ်တယ်ဆိုပြီး ပြောပြောငိုတာ...ကျနော်လဲ ငိုတာပါဘဲ...။
ကျန်တဲ့ ကိုဝင်းနိုင်တို့ ဆို ပြန်မယ့်နေ့ က ရှောင်နေကြတာ...။မောင်နမတွေ အားလုံးပါဘဲ...။
ဦးပေါက်က “ မင်း နောက်တစ်ခါ သံယောဇဉ်တွယ်အောင် လာမလုပ်ပါနဲ့ တော့ကွာ...သွားတော့”တဲ့ ..။
ကျနော် ရင်ထဲမှာလဲ ငိုနေပါတယ် ...အပြင်မှာလဲ ငိုနေပါတယ်ဗျာ...။
ရှင်ကြီးဝမ်းမှာ ခင်မင်ကြတဲ့ သူငယ်ချင်းတွေ ရှိပါတယ်...
အခု သူတို့ က ကျနော့် ဘ၀အမှန်ကို ဘာမှ မသိဘဲ ရှင်ငယ်ဝမ်းမှာ ၀င်စားခဲ့ တဲ့  စားပွဲထိုးလေးကို ခင်ကြတဲ့ သူငယ်ချင်းတွေကို ကျနော် ပိုပြီး ခင်တွယ်မိပါတယ်....။
ကျနော်ခင်တဲ့ ...ဖုန်တွေနဲ့ ညစ်ပတ်နေတဲ့ အိမ်ပြေးလေးရဲ့ ပထမဆုံးသူငယ်ချင်းကတော့၊ သတင်းကြားပေမယ့် လုံးဝ လာမတွေ့ တော့ပါဘူး....။
ကသာမြို့ ထွက်တဲ့ အထိ စက်ဘီးလေးနဲ့ များ ရောက်လာမလားလို့ မျှော်မိခဲ့ ပေမယ်......
ခင်မ ရောက်မလာခဲ့ ပါဘူး.......
ခင်မရယ် ငါက နင်ခင်တဲ့ စားပွဲထိုးလေးပါ.....ငါ့ အသိုင်းအ၀ိုင်းကို နင်ဘာလို့ ကြည့်ခဲ့ တာလဲ...
နင့်ရဲ့ စားပွဲထိုးလေးကိုဘဲ နင်ခင်ပါဟာ....။
ခင်မတို့ ရေ...ငါဘယ် ဘ၀ရောက်ရောက် ၊ ဘ၀ အခြေ ဘယ်လောက်မြင့်မြင့် နင့်နာမည်ကို တွေးမိတာနဲ့ ငါက စားပွဲထိုးလေးပါ...
ငါနင့်ကို လွမ်းတယ်...။
နင့်ကို တွေ့ ချင်တယ် ခင်မရယ်.......။
ငါကော်ဖီ နေ့ တိုင်းသောက်ပါတယ်....မသေခင်ထိ သောက်မှာပါ...
အဲဒီ ကော်ဖီထဲမှာ နင်ရှိတယ် ခင်မရေ....။
သစ်နက်ဆူး
သူငယ်ချင်း ခင်မ၊ ကိုအိတေ၊ အားစိုက်၊ ညိုကိုနိုင်နှင့် စတားလိုက်မိသားစုကို သတိရခြင်းများစွာဖြင့်။
( ပို့ စ်ထဲမှာပါသော အမည်များမှာ နာမည်ရင်း အတိုင်းအမှန်ဖြစ်ပါတယ်)...။
Subscribe to:
Post Comments (Atom)
အရမ်းကောင်းတယ်။ ဒါက အိမ်ပြေးဘဝပထမပေါ့နော်..။
ReplyDeleteလူကောင်းတွေနဲ့ ဘ၀မှာ ဆုံဆည်းခွင့်ရတာ ကံကောင်းတာပေါ့။ နောက် ကြီးတော့ရော ကသာကို မသွားဘူးလား။ သူတို့နဲ့ ထပ်ဆုံဖြစ်သေးလား။
ReplyDeleteအဆုံးသတ်ဖတ်ပြီး မျက်ရည်ဝဲတယ်း(
ReplyDeleteညီမ နိုင်ငံခြား တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတယောက်ရဲ့ အိမ်မှာ စားအိမ် သောက်အိမ်လို ဖြစ်ဖူးတယ် ။ ညီမ ဘွဲ့ ရပြီး စင်္ကာပူကိုပြန်တော့ သူ့ အမေက သူငယ်ချင်းကို ဘာပြောလည်းဆိုရင် ... နောင် အဲလို သံယောဇဉ်တွေ ခေါ်မလာပါနဲ့တဲ့ ။ သူ မခံစားနိုင်တော့လို့တဲ့ ။
အဲဒီ အန်တီနဲ့ ခုတော့ အနေဝေးတော့ အဆက်အသွယ်မရှိပေမယ့် သူတို့မိသားစုကို ခုထိ သတိရနေတုန်းပဲ ။ မြန်မာနည်းတဲ့ နေရာမှာ သူတို့ကြောင့် မြန်မာအစားအစာ မြန်မာအသိုင်းအ၀ိုင်းနဲ့ မလှစ်ဟင်းပဲ နေနိုင်ခဲ့တာလေ ။ နောက် နွေးထွေးတဲ့ မိသားစုခံစားချက်မျိုး ရခဲ့တယ် ။
သူတို့ကိုတခါမှသွားပြန်မတွေ့ဖြစ်ဘူးလားဟင်...?
ReplyDeleteစိတ်မကောင်းစရာပဲ....
အကိုကြုံရင်မလိုင်လုပ်နည်းလေးပေးပါအုံး
မြန်မာပြည်ပြန်ပြီး လက်ဖက်ရည်ဆိုင်ဖွင့်မလားစဉ်းစားနေတာ...
မအားတာနဲ့ ခုမှပဲ ဖတ်လိုက်ရတယ်။
ReplyDeleteမမိုးချိုသင်း ပြောသလိုပဲ လူကောင်းတွေနဲ့ ဆုံရတာ ကံကောင်းတာပဲနော်။ နောက်ပိုင်းရော ... ခင်မကို ဆက်သွယ် မကြည့်ဘူးလားဟင်။
ခင်မ သာ ဒီစာလေး ဖတ်ရရင် ... ဆိုပြီး ကျွန်မ တွေးနေမိတယ် ... ။
ကိုသစ်နက်ဆူးရေ… အရမ်းကို အလုပ်များနေတာနဲ့  ဒီနေ့ မှ လာလည်ဖြစ်တယ်… စားပွဲထိုးလေးရဲ့ သူငယ်ချင်းကို အစအဆုံးခံစားသွားတယ်… ခင်မ ကို ပြန်တွေ့ သေးလားဟင်… ကိုယ်ဒုက္ခရောက်နေတဲ့ အချိန်မှာ ကယ်တင်ခဲ့တဲ့ တကယ့်စစ်မှန်တဲ့ သူငယ်ချင်းလေးပါ… ကိုသစ်နက်ဆူးရဲ့ ရှေးဘ၀က အတိတ်ကံရော ခုဘ၀က စေတနာ၊မေတ္တာတွေကြောင့် သူတော်ကောင်းတွေနဲ့ တွေ့ ရတာ အတော်ထူးခြားပါတယ်… ကသာနောက်ပိုင်း ဇာတ်လမ်းလေးတွေလဲ စောင့်ဖတ်နေမယ်နော်…
ReplyDeleteစားပွဲထိုးလေးရဲ့ သူငယ်ချင်းကို....
ReplyDeleteဖတ်ရှုအားပေးကြတဲ့  ....
မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ....
ကျနော့်ဘ၀ဖြတ်သန်းမှုမှာ....
လူကောင်းသူကောင်းတွေနဲ့ တွေ့ ရသလို....
ဘ၀နဲ့ ရင်နဲ့ ရင်းပြီး ထမ်းတင်ပေးတာတောင် ကိုယ့်အပေါ်မှာ ကောက်ကျစ်တဲ့ သူတွေနဲ့ လည်း ဆုံခဲ့ ဘူးပါတယ်...။
နောက်ပိုင်းတွေမှာ ရေးဘို့ လည်း စိတ်ကူးရှိပါတယ်....
ကသာကိုတော့ ကျနော်ပြန်မရောက်သလို...
သူငယ်ချင်းတွေနဲ့ လဲ အဆက်အသွယ် မရခဲ့ ပါဘူး...။
ကျနော်အရမ်းသွားချင်ပါတယ်...
သွားဘို့ အခွင့်မသာခဲ့ပါဘူး....။
တစ်နေ့ နေ့ ပေါ့....ရောက်အောင်သွားမှာပါ..။
ကသာနောက်ပိုင်း အတွေ့ အကြုံလေးတွေကိုလဲ ရေးသွားမှာပါ....။
ထူးထူးခြားခြားအနေနဲ့ ကတော့ ကသာမှာ စားခဲ့ ဘူးတဲ့ ထမင်းတစ်နပ် အကြောင်းလေး...ရေးဦးမှာပါ...။
ရေးဘို့ အကြောင်းတွေက အများကြီးဘဲ....
ဒါပေမယ့် နည်းပညာတွေ ပေါင်းကူးနေတဲ့ ဘလော့ဂ် ရေစီးကြောင်းမှာ...ကိုယ်က လိုင်းကွဲနေတော့ ချင့်ချိန်နေတာပါ...
ဥပမာ..ကျနော် ကြုံတွေ့ ခဲ့ ရတဲ့  ၀ိဥာဉ်လောကနဲ့ ပရအကြောင်း....။
စိတ်စွမ်းအင်ရဲ့ ထူးခြားမှုတွေ၊ စကြာင်္ဝဠာထဲမှာ လည်ပါတ်နေတဲ့ သံလိုက်ဓါတ် ဆက်သွယ်မှုတွေ...
ကြုံရင်တော့ ရေးမှာပါ...။
အားပေးသူများကို ကျေးဇူးတင်ပါတယ်ဗျာ..။
ဆရာဆူးစာဖတ်ရတာ ကျွန်တော့်မှာ တဟားဟားအော်ရယ်လိုက်၊ ကြက်သီးထသွားလိုက်၊ စိတ်မကောင်းဖြစ်သွားလိုက်နဲ့ ရသအမျိုးကိုစုံနေတာပဲ။
ReplyDeleteကိုအိတေ ကလည်းပါသေးတယ်။း) ဒါကတော့ ဘာရသမြောက်လဲ မသိဘူး ;D
ဘလော့မှာ လိုင်းကွဲအောင်ရေးမှ ကောင်းတာ။ ကျွန်တော်လည်း ရအောင်ခွဲထွက်နေတာပဲ။ ကျွန်တော့်ခေါင်းစဉ်မှာကိုက ကြေငြာပြီးသား။ ဒါပေမယ့် ရေစီးသန်တော့လည်း တစ်ချက်တစ်ချက် လွတ်ပြီး မျောသွားမိတာပေါ့။ ဆက်ချစမ်းပါဗျာ။
ဆရာဆူး မြန်မာအလည်ပြန်ပြီး ကသာတကယ်သွားသင့်တယ်။ အင်း ပြောသာပြောရတယ်။ ဆရာဆူးအကြောင်းက အစပဲရှိသေးတော့ နောက်ဘယ်မြို့ဘယ်ဒေသတွေရောက်ဦးမယ်မသိဘူး။ တော်နေ တပြည်လုံးအနှံ့နီးပါး အလည်ထွက်နေရဦးတော့မယ်။း)
မေတ္တာဖြင့်
အ၀တ်လဲလိုက်လို့ စားပွဲထိုး ပီသသွားတာရယ်စရာ တစ်မျိုးပဲနော်..
ReplyDeleteပြီးတော့ ငယ်သူငယ်ချင်းလေးတွေကို အရမ်းသတိရသွားတယ်။ သူတို့လည်း သတိရမှာပါ။
ကိုသစ်နက်ဆူးရေ...
ReplyDeleteအခုမှပဲ ၁.၂.၃.၄.ဇာတ်သိမ်းကိုဖတ်ပြီးတော့တယ်..
ဖတ်ပြီးတော့..ကသာကိုတောင်သွားလည်ချင်
စိတ်ပေါက်လာပြီ
အောက်တိုဘာ..Post တွေကိုအခုဘဲဖတ်သွားပါတယ်..တော်တော်တော်ပြီးတော်တော်ကောင်းတယ်လို့ဘဲ..ချီးကျုးပါရစေ..ဘာပြောရမှန်းကိုမသိတာပါ..တကယ်ပါ..သူငယ်ချင်း..ဆိုတဲ့သံယောဇဉ်ကိုလေးစားလို့အဲဒါနဲ့ပါတ်သက်တဲ့ဒီနေရာလေးမှာဘဲ..post အားလုံးအတွက် comment ရေးခွင့်ပြုပါ..post တခုမှာပြထားတဲ့ဓါတ်ပုံတွေ့ဘူးသလိုဘဲ..ဘယ်မှာလဲတော့မသိဘူး..ပန်းချီတွေကတော့တော်တော်လက်ရာမြောက်တယ်လို့တော့ပြောတတ်ပါတယ်..ဂုဏ်ယူပါတယ်..
ReplyDelete