Thursday, October 16, 2008

“ သစ်နက်ဆူး...ဘာလဲ...ဘယ်လဲနှင့် ယုံကြည်မှု”



သစ်နက်ဆူး...ဘာလဲ..ဘယ်လဲနှင့် ယုံကြည်မှု.....။
ကျနော့်ရဲ့ ဘလော့ဂ်လေးက လူသိပ်မသိသော ဘလော့ဂ်လေးတစ်ခုမျှသာ...။ ကိုယ်ဖြတ်သန်းခဲ့ ရသော ဘ၀အတွေ့ အကြုံများကို သာ အမှတ်တရ ရေးသားခြင်းပင်..။
အဓိက ပြောချင်တာက ဘာသာရေး ဘလော့ဂ်မဟုတ်..အယူအဆငြင်းခုံ သောနေရာမဟုတ်။ ငြင်းလဲ မငြင်းချင်......၊
ပြောလဲမပြောချင်၊ မပြောချင်သော်လဲ ကိုယ့်ငယ်ဘ၀ကို ပြန်ရေးသည့်အခါ ကိုယ့်ဘ၀တော့ ပါလာလိမ့်မည်။
ဘလော့ဂ်ရေးလို့  ပိုက်ဆံမရ၊ အချိန်ပေးရသည်...။ ၁၀ ရက်လုပ်လျှင် ကားတစ်စီး ၀ယ်နိုင်သော ကျနော့်အလုပ်နှင့် ကျနော် မအားပါ..။ ဒါပေမယ့် စာရေးချင်သော ကဗျာရေးချင်သော စိတ်နဲ့ မအားတဲ့ ကြားထဲက လုပ်နေတာဘဲဖြစ်သည်...။
၁၀ရက်လုပ်လျှင် ကားဝယ်နိုင်တာကို ကြွားချင်လို့ မဟုတ်...အလကားပဲတင်း ဘလော့ရေးရတာကို ယှဉ်ပြောချင်လို့ သာဖြစ်သည်.။
သစ်နက်ဆူးဆိုတာ ဘာသာပြောင်းလာသူဖြစ်ကြောင်း ပို့ စ်များတွင်ရေးခဲ့ သည်...ငယ်ဘ၀ အမြင်တွေ ချရေးခဲ့ သည်..။
ဘယ်ဘာသာကိုမှ စော်ကားချင်လို့ မဟုတ်။ ကိုယ့်မိသားစု အတွင်းရေးကို ရေးခြင်းပင်.။ သာစေလိုသောစိတ်လဲ မရှိ၊
နာစေလိုသောစိတ်လဲမရှိ။ ဗုဒ္ဓ ဘာသာဝင်တစ်ချို့ ရဲ့ ချီးကျူးမှု၊ အားပေးမှုကို ခံချင်လို့ မဟုတ်....။
အလကားပဲတင်းနှင့် ရေးသော စာကိုပင်လိမ်ညာရေးနေမှတော့ ဘာသုံးစားလို့ ရမှာလဲ....။
ဒါကြောင့် အဖြစ်မှန်တွေကို ချရေးသည်။
ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်အောင် ၁၆ နှစ် မပြည့်ခင်ကတည်းက အသိုင်းအ၀ိုင်းကို စွန့် လွှတ်၊ ရပိုင်ခွင့် ၊ပိုင်ဆိုင်ခွင့်တွေကို စွန့် လွှတ်ပြီး၊ ဗုဒ္ဓကို ရှာဖွေခဲ့ သည်...ဗုဒ္ဓ၏တရားကို လေ့လာသည်...တတ်နိုင်သမျှ ကျင့်ကြံသည်....။
မိဘ အသိုင်းအ၀ိုင်းနှင့် ၁၈နှစ်နီးပါး ခြေရာဖျောက်ပြီး နေသည်၊ သေမလို ဖြစ်အောင် မကျန်းမာသော်လဲ မဆက်သွယ်ခဲ့ ၊
ဆေးရုံပေါ်မှာ နောက်ဆုံး ဆရာဝန်လက်လျှော့သည့်အတွက် ငိုငိုယိုယိုနှင့် ဇနီးဖြစ်သူက မိဘလိပ်စာတောင်းတာတောင် မပေးခဲ့ ဘဲ၊
“ငါ...ဗုဒ္ဓဘာသာဝင်တစ်ယောက်လိုဘဲ သေချင်တယ်...ဘာမှ မဆက်သွယ်နဲ့ ” လို့  ယတိပြတ် ပြောနိုင်ခဲ့ တဲ့ ကျနော်...
အခုကျမှ ဘာကို တွေဝေ စဉ်းစားနေမည်လဲ...။
ကိုယ်က အကူအညီ လိုချိန်မှာတောင် ဒီဘာသာနဲ့ ကင်းချင်လို့  မဆက်သွယ်ခဲ့ တာ...
ယခုကိုယ်က သိန်းပေါင်းများစွာ ပြန်ထောက်ပံ့ နေချိန်မှာ ဘာကိုများပြန်ပြီး လွမ်းဆွတ်စွာ ဆွေးနွေးနေရဦးမှာလဲ...။
ဒါကြောင့် ကျနော် ဘာသာရေးကို မဆွေးနွေးချင်တာ..။
ပြောရမှာ အားနာတတ်တာက....ပြောလိုက်ရင် တစ်ဘက်လူ နစ်နာစေမှာမို့ မပြောတာပါ...။
.......
Noor လို့ အမည်ရှိသူက ဘာသာရေးကို ဆွေးနွေးချင်တယ်...ဘာကြောင့် ပြောင်းတာလဲ ဆိုတာ......
မေးလ်နှင့်ဖြစ်စေ ပို့ စ်တစ်ခု အနေနှင့်ဖြစ်စေ ၊ ရေးတင်ပါ...ဆွေးနွေးမယ်လို့  စီဘောက်မှာ ..၀င်လာသည်.
သူ့ ကို စိတ်မဆိုးပါ...သူ့ ဘာသာထဲက လူတစ်ယောက် ဘာသာပြောင်းသွားတဲ့ အတွက် ပြောခြင်းဖြစ်ချင်ဖြစ်မည်...။
သို့ မဟုတ် ကျနော်ရေးလိုက်သော စာကို မကျေလည်လို့ ဖြစ်ချင်ဖြစ်မည်...သူ့ စိတ်ကိုကျနော်မသိ..။
ကျနော့်စိတ်ကို ကျနော်သိသည်.....။
ကျနော့်စိတ်ကို အဖေသိသည်.....။
ကျနော့်စိတ်ကို အမေသိသည်....။
အဓိက“က လူဆိုတာ ကိုယ့်ကိုကိုယ်သိဘို့ ပင်။
ကိုယ့်စိတ်ကိုမျှ ကိုယ်မသိလျှင် ကိုယ့်ကိုကိုယ်လိမ်နေမှန်းတောင် ကိုယ်တိုင်သိမှာ မဟုတ်....။
တစ်ချို့ က လိမ်နေသည်...ညာနေသည်...ဒါပေမယ့် အသိုင်းအ၀ိုင်းတစ်ခုထဲမှာတော့...ဟန်ကျနေသည်..။
ကျနော့်ဇနီးရဲ့ တူမလေးတစ်ယောက် အစ္စလာမ်ဘာသာနှင့် ယူထားသည်...အလည်ခေါ်တော့သွားပါသည်...သူယူလိုက်တာ အကြောင်းရှိသည်..တူမလေးလို မိန်းကလေး( မြန်မာ၊ကရင်နှင့် အခြားလူမျိုးများ) တွေ ထိုင်းနိုင်ငံ မဲဆောက်မှာ အများကြီး။။
ထိုင်းပုလိပ်နှင့် တောမောဖမ်ျးွှာကြောက်လို့  ဘာသာခြားအမာခံ ထိုင်းလက်မှတ်ရှိသူကို လင်တော်ကြသည်..ပြီးတော့ မဲဆောက်ဈေးထဲက အလွန်ဆုံး ဘတ်၅၀ လောက်ပေးရသော ပုဝါလေး ခေါင်းပေါ်တင်လိုက်သည်....အသိုင်းအ၀ိုင်းကလဲ လက်ခံကြသည်..။
ယုံကြည်ချက်နှင့်စိတ်ကို ဘယ်လို လေဆာ ရောင်ခြည်ပုံရီပ်ဖမ်းတာနဲ့  အဖြေရှာမလဲ...ဘယ်လို အဖြေထုတ်မလဲ။
ပါးစပ်က အလ္လာ လို့ တ” တာလေးနဲ့  ၁၀၀% ယုံရမှာလား...။
ကျနော့်ကို ဆွေးနွေးစစ်မေးမယ်ဆို အဲဒီ တောမော ခါတော်မှီလေးတွေကို အရင် မေးဘို့ ကောင်းသည်...။
သုသေတန လုပ်ဘို့ ကောင်းပါသည်...။
ကျနော့်ကို မေးလျှင် ကျနော်က ပမွှား။
ဆရာတော်ဦးဥာနိဿရ က ခွေထုတ်ပြီး ပေါ်တင် ဟောသည် ပြောသည်...ဆွေးနွေးပါ..။ ဆက်သွယ်ပါ..။
ကျနော့်ကို စိတ်ပူစရာမလိုပါ....။
ကျနော်က အဖြေမပေးနိုင်သော ဆရာထံ ကျောင်းမတက်ချင်..။
နောက်က ချောင်းရိုက်လို့ ခေါင်းကွဲလာသော သိုင်းဆရာထံမှာ တပည့် မခံချင်.။
ဖောင်ဒေးရှင်း မခိုင်သော ကွန်ဒိုမီယမ် တိုက်ခန်းတွေ ၀ယ်ဘို့  စိတ်မကူး...။
မြေပုံလမ်းညွှန်မပါသော လမ်းကို စမ်းတ၀ါးဝါး အချိန်ကုန်ခံပြီး ခရီးမသွား။
လက်စားခြေ၀ါဒရှိသော အယူအဆကို မကြိုက်။
ဖန်ဆင်းရှင်အမည်နာမတော်ကိုရွတ်ပြီး သူများအသက်သတ်တာမကြိုက်။
ကိုယ်ချင်းစာတရားဖြင့်ကြည့်လျှင် သတ္တ၀ါ တိရိစ္ဆန်တိုင်း သေမှာ ကြောက်ကြသည်..။
ဖန်ဆင်းရှင်အတွက်လို့ ကြေညာပြီး ..လူပေါင်းများစွာကို သတ်ပြီး ၊ ကိုယ့်အသက်ကိုတော့ တောတောင်တွေ ကြားမှာ ပုန်းနေရသော
ယုံကြည်မှုမျိုးကို မကြိုက်။
သူများအသက်( ဘာသာတူချင်း) ရက်ရက်စက်စက် သတ်ပြီး ကြိုးစင်ပေါ် ကိုယ့်အလှည့်ရောက်တော့ တုန်တုန်ရင်ရင် ဖြစ်နေသော
လမ်းစဉ်ကို မကြိုက်..။
ကျနော့်ဦးလေး အမျိုးသမီးက ဗုဒ္ဓဘာသာ၊ ဦးလေးက ရောဂါသည်...ဥိးလေးက အဘွားအိမ်မှာပင် ထမင်းစားသည်။ ပုံမှန်ဗလီတက်သည်။ ဇနီးဖြစ်သူက သားသမီး၅ယောက်နှင့်စားဝတ်နေရေး ခက်ခဲသောကြောင့် ၀က်မွေးသည်..။
ဒါပေမယ့် ဦးလေးကို ဘုရားကျောင်းလူပုံအလယ်မှာ ခွေးပြောသလို ပြောပြီး ဘာသာက ပယ်ကာ မောင်းထုတ်လိုက်သော
ဘာသာရေး အုပ်စုကို မကြိုက်( ဘုရားလူကြီး ၁။ သမီးနှင့် မြေးမလေးက ဗုဒ္ဓဘာသာနှင့် အိမ်ထောင်ပြုထားသည်.။ ဘုရားလူကြီး၂။
ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို မယားငယ်အဖြစ်ယူထားသည်.။
သူတို့ ခေါင်းမှာ ဘာသာရေးဆိုင်ရာ ဦးထုပ်လေးတွေ၊ ပုဝါလေးတွေ တင်ထားသည်...။
အဲဒီ ပိုက်ဆံပေးဝယ်လျှင် လိုသလောက်ရသော ပစ္စည်းများက ဘာသာဝင်စစ်စစ်လို့  ဆုံးဖြတ်နိုင်လျှင်....ခက်ပါသည်။
ဘာသာရေး၏ အနှစ်သာရမှာ ယုံကြည်မှု စိတ်ပင် ဖြစ်ပါသည်....။
ဘာသာတိုင်းက ကောင်းသည်ဟု လက်ခံပါသည်..။
ကိုယ်ယုံကြည်ရာ ကိုယ်လုပ် ၊ လိပ်ပြာသန့် ဘို့ တော့ လိုပါသည်...။
ကျနော် ဘယ် ဘုရားမှ မညာချင်...။
ကျနော် ဘာသာရေး ဦးထုပ်လေးဆောင်းပြီး၊ ညာနေရင်ရော...။ ကျနော့် ကို ဘယ်လိုစက်နဲ့ မှ ကျနော့် မိဘတွေ စစ်လို့ မရပါ။
ဒါပေမယ့် ကျနော် လူကိုသာ လိမ်ချင်လိမ်မယ်....ဘုရားကို မလိမ်။
စကားမစပ် ထိုင်းမှာနေတုန်းက ကျနော့်မှာ လက်မှတ်မလုပ်ရသေး၊ ပုလိပ်ဖမ်းခံထိပြီး...အချုပ်ထဲမှာ နေရသည်...တစ်ညပေါ့။
သူငယ်ချင်းတွေက အကြံပေးသည် ...အစ္စလာမ်အဖွဲ့ ကို သွားပြီး လက်မှတ်လုပ် ၊ ပုလိပ် မဖမ်းဘူးလို့  အကြံပေးသည်။
တောမောရုံးမှာ အစ္စလာမ်တစ်ယောက်က လူကြီး ဖြစ်နေတာကိုး။
ဒါပေမယ့် ကျနော်ကငြင်းသည်.။
“ တောမောဖမ်းလို့ တော့ မသေနိုင်ပါဘူး....နှစ်ဘုရားတော့ တစ်ပြိုင်တည်း မလိမ်ပါရစေနဲ့ ” လို့ သာ ပြောခဲ့ သည်။
ပြောချင်တာက ဘယ်ဘာသာမဆို လေးစားပါသည်၊ ယုံကြည်မှုကတော့ ကိုယ်တစ်ဦးချင်းနှင့်သာ သက်ဆိုင်ပါသည်..။
Noor ကို ခင်မင်ပါသည်..လေးစားပါသည်။ နစ်နာစေလိုသော စေတနာ လုံဝ မရှိပါ. ဒါ ငါ့ ဘလော့ဂ်ဘဲ ငါရေးချင်တာ
ရေးလိုက်မယ်ဆိုတဲ့ စိတ်လဲ မရှိပါ...။
Noor ဆိုသူက “ ဘာဘဲပြောပြော ဒီအပင်က ပေါက်လျှင် ဒီအသီးပါဘဲ” ဟု ပြောပါသည်..။စိတ်မဆိုးပါ။။။
အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးသည် ပုဏ္ဏေးမ မိခင်၏ ၀မ်းကြာတိုက်မှ မွေးဖွားလာသူဖြစ်သော်လဲ ဒီအပင်မဖြစ်ခဲ့ ပါ.။
အရှင်ဥာနိဿရ လဲ ဒီအပင် မဖြစ်ခဲ့ ပါ...။
မိုက်ကယ်ဂျက်ဆင်လဲ လူဖြူမိခင်က မွေးခဲ့ လို့ ဖြူ ခြင်းမဟုတ်ပါ..။
လူ၏ ကိုယ်ခန္ဒာနှင့်  စိတ်ကို ပြောင်းလဲလို့ ရပါသည်...။
မကြောက်ဘို့ သာ လိုပါသည်...ရဲမှ မင်းဖြစ်၊ ကိုယ်ဖြစ်ကိုယ်ခံပင်။
........။.........
ဒီအပင်နှင့် မျိုးရိုးနှင့်ပါတ်သက်ပြီး ကျနော့် တစ်သက် ဘယ်သူ့ ကိုမှ မပြောခဲ့ သော....
ကျနော့် အသိုင်းအ၀ိုင်း ၊ အယူအဆပြင်းသော ကျနော့်ညီတို့ နှင့် အပြင်းအထန် ဆွေးနွေးစဉ်က..
ကျနော့်ကို “ မျိုးမစစ်”လို့ ရက်ရက်စက်စက် စွပ်စွဲ စဉ်ကပင်...ဒီစကားလုံး ထုတ်ပြောလျှင် တဘက်သား လှုပ်လို့ မရ ဘဲ ရှုံးနိမ့် သွားမှာ
သိပေမယ့်...အားလုံးကို သနားစိတ်ဖြင့် ပြန်မပြောခဲ့ ပါ..။
ကျနော်ပြောမယ့် သက်သေခံက ကျနော့်အဘွားဖြစ်နေသောကြောင့် အဘွားကိုလဲ ညှာသည်၊ ကိုယ်ပြောလိုက်လို့ ဖြစ်ပျက်သွားမယ့်
သူတို့ ရဲ့ မျက်နှာများကိုလဲ မကြည့်ရက်ပါ....။
ကျနော် အခု ပြောပါမည်...။
ကျနော် ငယ်စဉ်က မိဘတွေ မချစ်တဲ့ သားမို့  အဘွားက ခေါ်ထားပြီး အဘွားနဲ့ အတူတူ အိပ်ရပါသည်...။အဘွားက စည်ပုတ္တရာရွာအနီးက ဌက်ပျောရွာသူ၊ မြန်မာ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်သော်လည်း ၊ အဘိုးနှင့် ဂျပန်ခေတ်မှာ အိမ်ထောင်ကျပြီး
အစ္စလာမ် ဘာသာယူထားသူ ဖြစ်ပါတယ်..။
ကျနော်က ကလေးဆိုတော့ တစ်နေ့ လုံးကစားပြီး ညတိုင်ဆို မောမောနဲ့ အိပ်တာပါဘဲ...အဘွားပုတီး စိတ်တာတောင် မဆုံးဘူး...ကြည့်ရင်းနဲ့ အိပ်ပျော်ခဲ့ တာပါ...။
တစ်ညတော့ အိပ်မပျော်လို့ မျက်စေ့လေးမှေးပြီး အဘွားပုတီးစိတ်ပြီးရင်ပုံပြင်ပြောခိုင်းမယ့် အကြံနဲ့ စောင့်ကြည့်နေတာပါ.။။
ဒါကို ကျနော်အိပ်နေပြီ ထင်တဲ့ အဘွားက ပုတီးစိပ်ဆုံးတော့ လက်အုပ်လေးချီပြီး ဦး၃ ကြိမ် ချပါတော့တယ်....။
တစ်ခါမှ မတွေ့ ဘူးတဲ့ ဦးချခြင်းမျိုးကိုတွေ့ တော့ အံ့သြသွားတာပေါ့...။
ပြီးတာနဲ့  တိုးတိုးလေး အဘွားဦးချတာ ဘယ်လိုလဲ...ဗလီမှာနဲ့ လဲ မတူပါလားလို့ မေးတော့....
အလန့် တကြားနဲ့ ကျနော့်ကို ကြည့်ပါတယ်...နောက်မှ ကျနော့်ကို ....
“ ငါ့မြည်းရယ်...ဘယ်သူ့ မှ မပြောပါနဲ့  အဘွားမုန့် ဘိုးပေးပါ့မယ်”လို့ တိုးတိုးလေး ချော့ပါတယ်..။
ကျနော်(၇)နှစ်လောက်ဘဲ ရှိဦးမယ်ထင်ပါတယ်...။ အဘွားကျနော့်ကို ချော့ရင်းနဲ့  မျက်ရည်ကျနေပါတယ်..။
သိပ်နားမလည်သေးပေမယ့် အဘွားငိုတာ ကျနော်မကြည့်ရက်ဘူး....။
အဘွားမျက်ရည် ကျနော် မမြင်ရက်ဘူး....ဒါကြောင့်“ မငိုပါနဲ့ အဘွားရယ်၊ ကျနော့်ကို မုန့် ဘိုးပေးစရာ မလိုပါဘူး၊ ကျနော်ဘယ်သူ့ မှ မပြောပါဘူး” လို့ ကတိပေးခဲ့ ပါတယ်..။
နောက်ညတွေကျ အဘွားက ကန်တော့ကာနီးရင် လူ အရီပ်အခြေ ကြည့်ခိုင်းထားပါတယ်...ကျနော်က ခြင်ထောင်ထဲကနေဘဲ...
အဘွားစိတ်ဖြောင့်ဖြောင့် ကန်တော့ရအောင် ကင်းစောင့်ပေးခဲ့ပါတယ်..။
နောက်တော့ အဘွားဆိုတာလေးက နားထောင်ရတာ တစ်မျိုးဘဲ ကျနော့်ကိုသင်ပေးပါလို့ ပူဆာတော့၊ အဘွားက ဘယ်သူ့ ရှေ့ မှာမှ မဆိုပါနဲ့ ၊ အဘွားမသေခင်လဲ ဒီအကြောင်းတွေ ဘယ်သူ့ ကိုမှ သင်မပေးပါနဲ့ လို့ ကတိတောင်းပြီး ကျနော့်ကို တရားစာလေး၃ ခုသင်ပေးခဲ့ ပါတယ်...။
“ဗုဒ္ဓ့ သရဏံ ဂစ္ဆာမိ”
“ဓမ္မံ သရဏံ ဂစ္ဆာမိ”
“သံဃံ သရဏံ ဂစ္ဆာမိ” ဆိုတဲ့  စာလေး၃ ကြောင်းပါ...။
အဘွားကွယ်လွန်သွားတာ ကြာပါပြီး....မှတ်မှတ်ရရ အဘွားရယ်၊ အဒေါ် တစ်ယောက်ရယ်က ကျနော်အိမ်ကထွက်သွားလို့ လွမ်းစိတ်နဲ့ ဘဲ အိပ်ယာထဲ လဲပြီး ကွယ်လွန်ခဲ့ တာပါ...သေခါနီး အသက်ငင်တာတောင် ကျနော့် နာမည်တ”ပြီး သေဆုံးခဲ့ တယ်လို့ ..ညီဝမ်းကွဲ(
ယခု ရဟန်းဝတ်) ကပြန်ပြောပြပါတယ်...။
အဘွားရေ ခွင့်လွှတ်ပါ...တစ်သက်လုံး ထားခဲ့တဲ့ကတိကို အခု ချိုးဖောက်မိပါပြီ...ဒါပေမယ့် အဘွားသားသမီးတွေ မရှက်ရအောင်
ကျနော် သစ်နက်ဆူး အဖြစ်နဲ့  ဖော်လိုက်တာပါ...။
ကျနော်က အဖွားမျိုးဆက်ပါ...။
ကျနော့်ကို နာကျင်အောင် အဘွားသားသမီးတွေက “ မျိုးမစစ် ၊ သာသနာဖျက် အမျိုးသိက္ခာ ကျအောင်လုပ်တဲ့ ကောင်၊ မင်းဘာသာပြောင်းရအောင်၊ ဘာခိုင်မာမှု တစ်ခု သက်သေရှိလ”ဲလို့  ပြောတုန်းက ပြုံးရုံဘဲပြုံးနေခဲ့ပြီး ၊ကျနော် ကတိထိမ်းခဲ့ တာ အဘွားသိပါတယ်နော်....။
အဘွားက ပါတ်ဝန်းကျင်ကို ကြောက်နေခဲ့ တယ်...။
သားသမီးနဲ့ အသိုင်းအ၀ိုင်းကို ကြောက်နေခဲ့တယ်...။
ပညတ်ချက်တွေ ကြောက်နေခဲ့ တယ်..။
ဒါပေမယ့်...အဘွား ကျနော့်ကို သွေးတစ်စက်၊ မျိုးစေ့တစ်ခု ရင်ထဲကိုထည့်ပေးခဲ့တယ်။
ကျနော် အဘွားကြောက်တဲ့ အရာတွေကို ဖောက်ထွက်ပစ်ခဲ့ တယ်...။
အားလုံးကို စိန်ခေါ်ခဲ့ တယ်....။
အဘွားအတွက်ကောင်းမွန်ရာ ဘုံဘ၀တစ်ခု ရောက်ဘို့  ပထမဆုံးအကြိမ်ရဟန်းဝတ်စဉ်က ကောင်းမှုတွေ လုပ်ပေးခဲ့တယ်..။
အဘွားယုံကြည်မှုနဲ့ အဘွားသားသမီးတွေ ရွတ်ဖတ်နေတာနဲ့ က လမ်းလွဲနေတာဆိုတော့ အဘွားသိရမှာမှ မဟုတ်တာ..။
အဘွားရေ...မျိုးစေ့ မှန်မှ အပင်သန်တာပါ..။
ကျနော်တို့ က အဘွားသွေးကနေ ဆင်းသက်လာတဲ့ မျိုးစေ့တွေပါ။
ဒီအပင်ကမို့ ဒီအသီးသီးခဲ့ တာပါ...။
.................................................................................................
အားလုံးကိုလေးစားပါတယ်၊ ဘယ်သူ့ ကိုမှ မနာကျင်စေချင်ပါ.....။
ပြောမှ ရှင်းသွားမှာမို့ ပြောရတာပါ...။
ကျနော့်ကို လာပြောလျှင် တန်ဘိုးရှိသော အချိန်တွေ ကုန်နေပါလိမ့်မယ်...။
ကျနော်အရောင်ပြောင်းစရာ မရှိတော့ပါ...
ကျနော့်အဘွားဆန္ဓ ဖြည့်ဆီးဘို့ နဲ့  ကျနော်ယုံကြည်တာလုပ်နေချိန်မှာ အဖေအ၇င်းတောင် တားမရ၊ နားချလို့ မရခဲ့ ပါ။
ဘာသာရေးဘွဲ့ ရထားပြီး ဘာသာရေးဆရာလုပ်နေသောညီအရင်းနဲ့ ပင် မဆွေးနွေးပါ...ဆွေးနွေးရင်လဲ...သူအလွတ်ကျက်ထားသော စာအုပ်ထဲက စာတွေဘဲ ပြန်ရွတ်ပြနေရိုးရိုး မိုးလင်းသွားပေမယ့် အဖြေမရခဲ့ ပါ...။
စာအုပ်ထဲကစာကိုရွတ်လို့ ကောင်းကင်ဘုံရောက်တာ...မယုံနိုင်ပါ..။
ပြောချင်တာက ကိုယ်ယူထားသောဘာသာထဲမှာဘဲ ကိုယ့်ကိုကိုယ် အကောင်းဆုံး ကျင့်ကြံနေထိုင်ပါ။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပါလိမ့်မယ်..။
တစ်ဘ၀စာမဟုတ်ဘဲ သံသရာ တစ်ခုလုံးအတွက် အားကိုးရှာတဲ့ အခါ ၊ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ရမှာပါ...။
ကျနော်ယုံကြည်ရာ ကျနော်လုပ်နေပါတယ်...။
ဒီလိုရေးလို့  မကျေနပ်ရင်လဲ မောက်စ်လေး တစ်ချက် ကလစ်ပြီး ကျနော့် ဘလော့ဂ်ကို ဖျက်ပစ်လိုက်ယုံပါဘဲ..။
စိတ်ရှုပ်၇မယ့် အလုပ် မလုပ်ချင်ပါဘူး.။။
ငြင်းခုံရမယ့် ၊အခြေအတင်ပြောရမယ့် အလုပ် မလုပ်ချင်ပါဘူး...။
ဘလော့ဂ် ရေးလို့ ပိုက်ဆံမရပါဘူး...။
အလုပ်များတဲ့ ကြားက ဘလော့ဂ်ကို တစ်နာရီ ထိုင်လုပ်ရင် ကျနော် တရားထိုင်ချိန် တနာရီ နစ်နာ နေတာပါ...။
.......


အားလုံးချမ်းမြေ့ပါစေ။
( ရှင်မင်းညိုရေ...ကဗျာလေးက တိုက်ဆိုင်လို့ ယူသုံးလိုက်ပါတယ်၊ ခွင့်ပြုပါ)

17 comments:

  1. အကို.သစ်နက်ဆူး..
    အကို လို့ပဲ လေးလေးစားစား ခေါ်ပါရစေ။ ကျနော်တော်ယုံလူကို အကို မခေါ်တတ်ပါဘူး။
    အခုက တကဲ့ကို လေးစားလို့ပါ။

    အကိုရေ..
    ဓမ္မကထိက ဦးဆန်းလွင်
    ဆရာတော် ဦးဇောတိက အစရှိတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ အများကြီး ပါ..

    ReplyDelete
  2. ကိုဆူးရေ
    ကိုယ်ယုံကြည်တာကို ယုံကြည်ပိုင်ခွင့် လူတိုင်းမှာ အခွင့်အရေး အပြည့်အ၀ ရှိကြပါတယ်။
    ကိုဆူးက လူဆိုတဲ့တန်ဖိုးကို ကောင်းကောင်း နားလည်တဲ့သူတယောက်ပဲ။
    ဘာကိုမှ စိတ်အနှောက်အယှက် မဖြစ်ပါနဲ့လေ။ ကြည်ကြည်လင်လင် ပျော်ပျော်ရွှင်ရွှင်နဲ့ စာရေးတာကိုပဲ လာဖတ်ချင်ပါတယ်။ အမတို့က မမြင်ဖူး၊ မသိဖူးပေမဲ့ စာကို ခင်လို့ လာနေတာပါ။ ရွှင်လန်းချမ်းမြေ့ပါစေနော်။

    ReplyDelete
  3. အကို...
    အရမ်းကိုလေးစားပါတယ်...
    ရှင်းရှင်းကဗျာလေးက အကို့ခံစားချက်တွေနဲ့တိုက်ခိုင်ပြီး
    အကို ပြန်လည်အသုံးပြုလို့ရတဲ့အတွက် ဝမ်းသာပါတယ်...
    အကိုတို့မိသားစုလေးအေးချမ်းပါစေ

    ReplyDelete
  4. ကိုသစ်နက်ဆူး

    ကိုယ်ယုံကြည်ရာကို သတ္တိရှိရှိ လုပ်ရဲတာကို အရမ်းချီးကျူးပါတယ်... လူတိုင်းမှာ အရေးကြီးတာက.. ကိုယ်စိတ်ပါတာ..ကိုယ်ယုံကြည်ရာကို... ပြတ်ပြတ်သားသားလုပ်တတ်ဖို့ပဲလို့ ထင်ပါတယ်.... အင်တာနက် ပြတ်သွားလို့ ကွန်မန့်ရေးတာ နောက်ကျသွားတယ်... ပထမဆုံးရေးချင်တာကိုး......
    အတတ်နိုင်ဆုံး ကူညီပြီး စာအုပ်တွေဖတ်ဖို့ ကူညီပါ့မယ်.....

    စိတ်အေးချမ်းမှုနဲ့ ပြည့်စုံပါစေ......

    ReplyDelete
  5. စာကိုခင်လို.လာနေတာပါဆိုတဲ့ မမိုးချိုရဲ့စကားလိုပါဘဲ၊ အကို.စာကိုလေးစားတယ်။ ယုံကြည်တယ်။ ဆက်အားပေးနေဆဲပါ။

    ReplyDelete
  6. ကိုသစ်နက်ဆူးရေ ...
    ဒီစာကို ဖတ်ပြီး တကယ်ကို လေးစားမိပါတယ်။
    ကိုယ်ယုံကြည်ရာကို ထုတ်ဖော်မပြရဲတဲ့ သူတွေ တော်တော်များများ ကျွန်မတွေ့ဖူးပါတယ်။
    ကျွန်မ အဖေရဲ့ မိတ်ဆွေ အစ္စလာမ်ဘာသာဝင် ဦးလေးကြီးဟာ ဗုဒ္ဓဘာသာကို ယုံကြည်ပြီး ဗုဒ္ဓသာသနာပြု လုပ်ငန်းတွေကို လုပ်ကိုင် ဆောင်ရွက်နေတာ မြင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့အသိုင်းအ၀ိုင်း ရှေ့မှာတော့ သူဟာအစ္စလာမ် ဘာသာဝင်တယောက်လိုပဲ နေထိုင်နေခဲ့တယ်။
    ကိုသစ်နက်ဆူးရဲ့ စာကိုဖတ်ပြီးတဲ့အခါ အဲဒီလို လူမျိုးတွေ ဘယ်လောက်ရှိနေမလဲ လို့ ကျွန်မ စဉ်းစားနေမိပါတယ်။

    ကိုသစ်နက်ဆူး .. ခုလို အမှန်တရားကို ရှာဖွေနိုင်ခဲ့ပြီး ယုံကြည်ချက်အတိုင်း ရဲရဲဝံ့ဝံ့ လျှောက်ရဲတဲ့ သတ္တိနဲ့ စိတ်ဓာတ်ကို သိပ်လေးစား ဂုဏ်ယူမိပါကြောင်း ပြောပါရစေ ... ။

    ReplyDelete
  7. ပုံရိပ် / Pon YateOctober 16, 2008 at 7:25 PM

    ကိုသစ်နက်ဆူးရေ တကယ်တော့ ဘာသာရေးဆိုတာ ကိုယ်ကိုတိုင်က သက်ဝင်ယုံကြည်လို့ ရွေးချယ်ရတာ အကောင်းဆုံးပါ။ ကိုသစ်နက်ဆူးက ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင် နားလည်လို့ ရွေးခဲ့တာ ဘာမှ စိတ်အနှောက်အယှက် မဖြစ်ပါနဲ့။ သူတပါးကို မထိခိုက်ရင် ကိုယ်ယုံကြည်ရာ ကိုယ်ရွေးချယ်ခွင့် ရှိပါတယ်။ အများအပေါ်မှာ မေတ္တာထားနိုင်တဲ့ စိတ်ရှိရင် ဘယ်ဘာသာ ရယ်လို့ မရှိတော့ပါဘူးလေ။
    စာတွေများများရေးနိုင်ပါစေ။

    ReplyDelete
  8. ဖတ်ပြီးတော့ ကိုသစ်နက်ဆူးကို ပိုလေးစားသွားပြီ။ ရှင်မင်းညို ကဗျာလေးလည်း ကြိုက်တယ်ဗျာ။

    ReplyDelete
  9. ကိုယ်ယုံကြည်တဲ့ လမ်း ခိုင်ခိုင်မာမာ ကိုယ် လျှောက်နိုင်တာ ယောင်္ကျားကောင်း တယောက်ပါ ကိုသစ်နက်ဆူး၊ ကျနော်ခဏခဏ လာလည်လေ့ ရှိပေမဲ့ ကွန်မန့် မပွတ်ခဲ့ဖူး၊ ဒီပို့(စ်)က ရသတမျိုးပေးတယ် ထင်လို့ ကွန်မန့် တခုတ်တရ ပွတ်ခဲ့ပါတယ်။ Peace of mind to u & ur family too.

    ReplyDelete
  10. ကိုဆူး ..
    ဘာသာရေးဖြစ်ဖြစ် နိုင်ငံရေးဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ်ပါ။
    ယုံကြည်ချက်တခုဆိုတာ တည်ဆောက်ဖို့မလွယ်ဘူး
    တခုခုကို သိနားလည်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ဆိုတာလည်းမလွယ်ဘူး
    ခက်ခဲတာတွေကို လုပ်နိုင်ခဲ့တဲ့ ကိုဆူးရဲ့ ခိုင်မာတဲ့စိတ်ကို လေးစားပါတယ်။

    ReplyDelete
  11. ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တာ ဘယ်သူ့မှ ဂရုစိုက်ရန် မလိုပါဗျာ။ ဘယ်သူ ဘာပြောပြော ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ရမှာပါ...။
    ထောက်ခံ သဘောတူပါတယ်ဗျာ။
    လေးစားလျှက်

    ReplyDelete
  12. KO SUE YAY,

    The best way is no explanation coz sometimes it makes argument on two different knowledge. Our Buddha said, patient is the way for sucess...

    Nyi

    ReplyDelete
  13. ကျွန်တော့အနေနဲ့ပီတိဖြစ်ရတယ်။ အဲဒီပီတိ ကို သေချာ တွေးကြည့်တော့ ဘာသာပြောင်းလို့ဖြစ်တဲ့ပီတိ မဟုတ်တာတွေ့ရတယ်။ .... တကမ္ဘာလုံးအပေါ် စာနာစိတ်နဲ့ မေတ္တာ ထားရင် ဘယ်လိုဘာသာဝင်ဖြစ်ဖြစ် အပြုသဘောဆောင်တယ်လို့ထင်တယ်။ ကမ္ဘာကြီးအပေါ်မေတ္တာထားမယ့်သူတစ်ယောက်တိုးတိုင်း ဒီလိုပီတိမျိုး အားလုံးခံစားရမယ်လို့လည်းယုံကြည်တယ်။ မိသားစု အသိုင်းအ၀ိုင်းနွေးထွေးမှုမျိုးလည်း ဖြစ်နိုင်ရင် တည်ဆောက်စေချင်ပါတယ်ဗျာ။ တကမ္ဘာလုံးအပေါ်မေတ္တာ ထားနိုင်ပြီး ကိုယ့်မိသားစု ကိုယ့်အသိုင်းအ၀ိုင်းလေး ကွက်ကျန်သွားမှာကို တော့ စိုးရိမ်မိတယ်ခင်ဗျ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ခင်ဗျားကိုလေးစားတယ် ... ခင်ဗျား အစ္စလာမ်ပြန်ပြောင်းသွားရင်လည်း ဒီလိုမေတ္တာ စိတ်နဲ့ ကိုယ်ချင်းစာတရား ... ပြီးတော့ ...ကိုယ်လုပ်မှ ကိုယ်ရမယ် ဆိုတဲ့ ယုံကြည်မှုမျိုး ရှိနေသ၍ ကျွန်တော် လေးစားနေမှာပါ အကိုရေ ... အစ်ကို့စာကိုဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်

    ReplyDelete
  14. ကိုယ်ယုံကြည်တာကို ရဲရဲဝံ့ဝံလုပ်ရဲတာကိုလေးစားပါတယ်။
    အလွယ်ဆုံးနည်းနဲ့ သရဏဂုံတည်အောင် သင်ပေးခဲ့တဲ့ အဖွားကို ပိုပြီးလေးစားပါတယ် ။
    အဖွားရေ အမျှ အမျှ အမျှ ရောက်ရာဘဝကသာဓုခေါ်ပါ

    ReplyDelete
  15. တော်လိုက်တာအကိုရရ်
    အရမ်းလေးစားတရ်

    ReplyDelete
  16. လေးစားပါတယ် အကို
    အေးချမ်းသော
    ဘဝကိုပိုင်
    ဆိုင် နိုင်​ ပါစေ

    ReplyDelete
  17. လေးစားပါတယ်ရှင်
    အကိုကျန်းမာ၊ချမ်းသာပါစေ

    ReplyDelete