Sunday, October 19, 2008

လွမ်းမိတဲ့ သာသနာ့မြေ



မူရင်းက ကိုသိန်းဇော်(မန္တလေး)ပါ....။ ကျနော်အလွမ်းဆုံး ဒေသကို အလွမ်းဖြေထားတာပေါ့....
ကျနော့်ရဲ့ karaoke လေးပါ....။
တခါတလေ ပို့ စ် အပြောင်းအလဲလေးပေါ့..။

8 comments:

  1. ကိုသစ်နက်ဆူးရဲ့ ပရိုဖိုင်းမှာ
    ကဗျာရေးတယ် .. စာရေးတယ် .. ပန်းချီရေးတယ် ... တဲ့ ...
    ထပ်တိုးလိုက်ပါဦး ကိုသစ်နက်ဆူး ...
    သီချင်းလည်း ဆိုတယ်လို့ ...
    စွယ်စုံရ အနုပညာရှင်ပဲ ... လေးစားပါတယ်ရှင်။

    ကျွန်မ အခု သီချင်း နားထောင်ရင်းနဲ့ ကွန်မန့်ရေးနေတာ .. ၀င်းဒိုး ၂ ခုဖွင့်ပြီးတော့လေ ..
    သီချင်းဆုံးမှ ရေးရင် နောက်ကျသွားမှာစိုးလို့ :P

    ReplyDelete
  2. ဟုတ်ပ အကိုရာ..

    ရေရေလည်လည် တော်တယ်ဗျာ.
    ဘက်စုံ အနုပညာရှင်ပီသပါပေရဲ့..။
    မြတ်နိုးလည်း မဗေဒါရီလိုပဲ။

    သီချင်းနားထောင်ရင်း ကော်မန့်ရေးတာ။

    ReplyDelete
  3. မင်းသားဆိုကတည်းက သီချင်းဆိုတာပါ စွယ်စုံရတော့မယ် လို့ ထင်ပြီးသားပါ။
    မနက်စောစောမှာ ကျက်သရေရှိတဲ့ မြန်မာသီချင်းလေးကို နားထောင်သွားတယ်။
    အမြဲအားပေးနေတယ် ကိုဆူး...။

    ReplyDelete
  4. အံ့သြစရာပဲ.. အသံက ကလေးသံနော်....
    မြန်မာသံစဉ်မို့လို့...အံ့သြတကြီး နားဆင်သွားပါတယ်...

    ReplyDelete
  5. ညီမလေး ဟိုးငယ်ငယ်လေး ကတည်းက သဘောကျ နှစ်သက်ခဲ့ရတဲ့ မန္တလေး သိန်းဇော် ရဲ့ "ချစ်ပြုံးနှင်းဆီ" သီချင်းကို ဆိုပြပေးပါလား ...။

    ReplyDelete
  6. မန္တလေးသိန်းဇော်အသံနဲ့ ဆင်ပေမယ့် ကိုသစ်နက်ဆူးအသံက ဂရုဏာသံပိုပါသလိုပဲ… မြန်မာသံစဉ်တွေလဲ ကြိုက်တော့ နားထောင်လို့ ကောင်းလိုက်တာ… ကိုသစ်နက်ဆူးကလေးတွေကတော့ အဖေ့ဆီက အနုပညာအမွေတွေ ယူပေတော့ပဲ…ကောင်းလိုက်တာ…

    ReplyDelete
  7. အဲလိုသီချင်းတွေ တစ်ခါမှနားမထောင်ဖြစ်ဘူး။ Hip hop နဲ့ဘဲအချိန်ကုန်နေလို.။ ဒါပေမယ့် ကောင်းတယ်ဆိုတာတော့ ခံစားလို.ရလိုက်တယ် အစ်ကို။

    ReplyDelete
  8. သီချင်းဆိုလဲကောင်းတယ်ဗျို့

    ReplyDelete